နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့
ကိုယ့်ဘဝကိုကိုယ်တန်ဖိုးထားတတ်လာတဲ့အချိန်ကစလို့ဖြစ်သလို မနေတော့ဘူး။ဖြစ်သလို မစားတော့ဘူး။ ကိုယ့်အတွက် အကျိုးမရှိစေတဲ့အတွေးအခေါ် ခေါင်းထဲမထည့်မိတတ်တော့ဘူး။မလိုချင်တာတွေပဲစဥ်းစားပြီးစိတ်ညစ် မနေတော့ဘူး။အချိန်ကို မလဟသ မဖြုန်းတော့ဘူး။ပစ္စုပ္ပာန် သာယာမှုတွေမှာပဲအချိန် မကုန်တော့ဘူး။ စည်းကမ်းတကျ နေလာတယ်။စနစ်တကျ စားလာတယ်။အတွေးအခေါ်ကို ဂရုပြုလာတယ်။ကိုယ်ဘာလိုချင်တာလဲကိုပဲအဓိက အာရုံပြုပြီးအချိန်ကို အကောင်းဆုံးအသုံးချတယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့အရာတွေ မလုပ်တော့ဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်ဖို့တန်ဖိုးထားဖို့ အရေးကြီးတယ်။ကိုယ့်ကိုကိုယ်မှ အရင်တန်ဖိုးမထားရင်ဘယ်သူမှ တန်ဖိုးလာထားမှာမဟုတ်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့ဆိုတာလဲအားလုံးကြားဖူးကြမှာပဲ။ Phyo Paing @ Derek
