mindset

လူတိုင်း ကြည့်တိုင်း မမြင်ဘူး။

ခန္ဓာကိုယ် အပြင်ကြည့်ချင်ရင်မျက်စိကို ဖွင့်ရတယ်။ခန္ဓာကိုယ်ထဲ ကြည့်ဖို့ကျမျက်စိမှိတ်ရတယ်။လောကရဲ့ အမှန်တရားကို သိပ္ပံနဲ့သက်သေပြဖို့အာရုံငါးပါး တွက်ချက်မှုဥာဏ်တရားလိုတယ်။လောကရဲ့ အမှန်တရားကိုအာရုံငါးပါးတွေရဲ့ အလွန်ကိုသွားချင်ရင်ကျအာရုံငါးပါး တွက်ချက်မှုဥာဏ်တရားကိုပိတ်အရှိကို မြင်ကြည့်ဖို့ပဲ လိုတယ်။ လူတိုင်း ကြည့်တိုင်း မမြင်ဘူး။မြင်တိုင်းလဲ နားမလည်ဘူး။ Phyo Paing @ Derek

လူတိုင်း ကြည့်တိုင်း မမြင်ဘူး။ Read More »

အရှိကိုအရှိအတိုင်းလက်မခံနိုင်တာ
အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။

ဒီနေ့ရမည့်ကောင်းကျိုးထက်အနာဂတ်မှာရမည့်ကောင်းကျိုးပိုအရေးကြီးတယ်လို့ပဲခံယူတယ်။ဒီစိတ်နဲ့ပဲ အလုပ်လုပ်နေတာ။ ငယ်ငယ်တုန်းက မုန့်ကောင်းကောင်းစားစရာရှိရင်နောက်ဆုံးမှစားတယ်။ အနာဂတ်မှာက ဘာဖြစ်မယ်မှန်းသေချာမသိဘူး။ဒါကြောင့် အမြဲ အိုစာမင်းစာ အမြဲစဥ်းစားထားတယ်။ အသုံးစရိတ်လုပ်ရင်တောင် သုံးဆင့်လုပ်တယ်။ ပထမ သုံးတဲ့ budget ကုန်သွားရင်၊ဒုတိယထားတဲ့ budget အဆင့်၊ ဒါကုန်သွားမှ တတိယအဆင့်။ စီမံကိန်းချထားတာ မှန်သမျှကပထမအဆင့်နဲ့ ပြီးသွားအောင်အမြဲလုပ်သလို အဆိုးဆုံးအခြေအနေအတွက် အမြဲတမ်းခေါင်းထဲ စဥ်းစားထားတတ်တယ်။ ကိုယ့်ကို မသိတဲ့သူအများစုကအကောင်းမြင်တယ်လို့ ထင်ကောင်းထင်တယ်။ တကယ်တော့ ကိုယ်က အဆိုးအကုန်စဥ်းစားထားတဲ့အတွက်ဖြစ်နေတဲ့အခြေအနေကကိုယ်ထင်ထားတာထက် ပိုကောင်းနေတာမျိုး။ ဒီတော့ စိတ်ထားတတ်သွားတယ်။ တစ်ခုခုဖြစ်တိုင်းမှာ အဆိုးဆုံးကို စဥ်းစားထားတဲ့အခါဘဝအကျိုးပေးက ကိုယ်စဥ်းစားထားတဲ့ အဆိုးဆုံးလောက်မဆိုးတဲ့အတွက်ဘဝကို လက်ခံလို့ရတယ်။ တကယ်တမ်း သွေးပျက်ပြီးအရှိကိုအရှိအတိုင်းလက်မခံနိုင်တာ အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။ Phyo Paing @ Derek

အရှိကိုအရှိအတိုင်းလက်မခံနိုင်တာ
အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။
Read More »

လောကအမြင်မတူ

လောကအမြင်မတူ၊တန်ဖိုးထားမှုမတူ၊စဉ်းစားဆုံးဖြတ်တဲ့ပုံစံမတူ၊ခံယူချက်မတူ၊ယုံကြည်ချက်မတူ၊အမူအကျင့်မတူဘဝတွေ မတူဖြစ်သွားကြတယ်။ Different perspectives on life,Different values,Different ways of thinking and deciding,Different beliefs,Different behaviorslead to the divergence of lives. Phyo Paing @ Derek

လောကအမြင်မတူ Read More »

ဘဝမှာလဲ အဲ့လိုပါပဲ။

ကျွန်တော့် page ကို မှတ်စုရေးထားတဲ့နေရာလိုပဲစဥ်းစားတယ်။ တွေးမိတာတွေ ရေးထားတယ်။ တခြားသူတွေလဲ ကိုယ်နဲ့အတွေးတူတဲ့သူတွေရှိရင်ကြည့်လို့ရအောင် ကိုယ့်ဘဝ ဖြတ်သန်းမှုခရီးစဥ်ကိုအဓိကရေးတယ်။ လူတွေကြည့်လို့ရတဲ့ မှတ်စုလို့ပြောရင်ရမယ်။ အမှားတွေလဲပါနိုင်မယ်။ အယူအဆပြောင်းလဲသွားတာတွေလဲဖြစ်နိုင်တယ်။ကိုယ်နဲ့ ကိုက်ညီတာတွေ့နိုင်သလဲ၊ကွဲလွဲတာတွေလဲ တွေ့နိုင်တယ်။ ကိုက်ညီရင်ယူ၊ မကိုက်ညီရင် ကျော်သွားဘဝမှာလဲ အဲ့လိုပါပဲ။ ကိုယ်လဲ စင်းလုံးချောသူတော်ကောင်းကြီးမဟုတ်ဘူး။ နေ့တိုင်းတော့ ပိုကောင်းအောင် ကိုယ့်အချိန်နဲ့ စွမ်းအင် ကိုအကောင်းဆုံးအသုံးပြုပြီး ကိုယ့်အတွက်၊ ကိုယ်နဲ့နီးစပ်တဲ့ မိသားစုအတွက်၊ ကိုယ့်အတွင်းလူအပေါင်းအသင်းတွေအတွက်၊ ကိုယ့် client တွေအတွက်၊ ကိုယ်နဲ့သိသူတွေအတွက်၊ ကိုယ့်ကိုသိသူတွေအတွက်၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်ကိုယ်ကျွမ်းကျင်ရာ၊ လိမ္မာရာကအနည်းနဲ့အများ နေ့တိုင်းကူညီပေးနိုင်အောင်လုပ်ဆောင်နေတာ နေ့တိုင်းဂုဏ်ယူစေတဲ့အချက်ပဲ။ I consider my Facebook page as a place to jot down notes, just like

ဘဝမှာလဲ အဲ့လိုပါပဲ။ Read More »

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။

ကမ္ဘာကို မြင်တဲ့အမြင်၊ ပိုက်ဆံကို မြင်တဲ့ အမြင်၊ပညာရေးကို မြင်တဲ့အမြင်၊လူတွေကို မြင်တဲ့အမြင်ဒီ မိဘတွေရဲ့ World view တွေကသားသမီး အများစုကို လွမ်းမိုးမှုရှိတယ်။ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေစာအုပ်မှာပဲ ကြည့်ကြည့်။ ချမ်းသာတဲ့သူ ငွေကြေးကိုမြင်တဲ့ပုံနဲ့ဆင်းရဲတဲ့သူ မြင်တဲ့ပုံမတူဘူး။ စာအုပ်က ပုံပြင်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်တကယ့်လောကမှာလဲ အဲ့လိုပဲ။ ဒီအမြင်ပြောင်းနိုင်ဖို့ကိုယ့်အထင်အမြင်ကို အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။ The perspectives from which parents view the world, money, education, and people often deeply influence the majority of their children. Take a look at Rich Dad Poor Dad

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။
Read More »

စိတ်ဘယ်နားမှာရှိလဲ။

စိတ်ဘယ်နားမှာရှိလဲ။ ခန္ဓာကိုယ်မှာ ဦးနှောက် (brain) က ဟတ်ဝဲ (hardware)၊စိတ် (Mind) က ဆော့ဝဲ (software) လို့စဥ်းစားကြည့်။ ဦးနှောက်မှာ ဦးနှောက်ဆဲလ် (neuron) တွေရှိပြီးတစ်ယောက်နဲ့ တစ်ယောက်စကားပြောဆက်သွယ်နေကြတယ်။ ဒီလိုဆက်သွယ်တဲ့မက်ဆေ့တွေကိုneurotransmitter လို့ခေါ်တယ်။ ပျော်တဲ့အခါ ပို့တဲ့ မက်ဆေ့နဲ့၊ရင်ခုန်တဲ့အခါ၊ ကြောက်တဲ့အခါ၊တက်ကြွတဲ့အခါ၊ နွေးထွေးတဲ့အခါပို့တဲ့ မက်ဆေ့တွေမတူညီကြဘူး။ ဒီမက်ဆေ့တွေပေါ်မူတည်ပြီးခံစားချက်တွေဖြစ်ပေါ်လာတယ်။ နောက်တစ်ခုကတော့စိတ် (Mind) ဆိုတဲ့ အရာကြီးကတရစပ် မရပ်မနားအလုပ်လုပ်နေတယ်။သိစိတ် (conscious mind) နဲ့ မသိစိတ် (unconscious mind) ကနိုးနေတဲ့အချိန်သာမကအိပ်စက်နေတဲ့အချိန်မှာလဲ အလုပ်လုပ်နေကြတယ်။ စိတ်ဆိုတဲ့အရာကို လာခြယ်လည်တဲ့အရောင်ဆိုးတဲ့ စေတသိက် (mental factors) တွေမှာအထင်အမြင်၊ ခံစားချက်၊ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေဒါတွေပါဝင်တယ်။ ဒီလို စိတ်အလုပ်လုပ်တာကိုmental activity လို့ခေါ်ပြီးစဥ်းစားတာ၊ တွေးခေါ်၊ သင်ယူတာတွေပါဝင်တယ်။ ဒီလိုဖြစ်နေပျက်နေတာကို သေချာသိရှိဖို့

စိတ်ဘယ်နားမှာရှိလဲ။ Read More »

စဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။

တစ်ရွာမပြောင်းသူကောင်းမဖြစ်။သေချင်တဲ့ ကျားတောပြောင်း။ တစ်ရွာမပြောင်း သူကောင်းမဖြစ်မှာအခြေခံယူဆချက်က သူကောင်းမဖြစ်သေး၊ မတိုးတက်သေး၊ အဲ့လိုလူမျိုးက ပြောင်းရမှာမကြောက်သင့်ကြောင်းအကြံပေးတဲ့ အဆိုအမိန့်တစ်ခုဖြစ်နိုင်တယ်။ ကျားဆိုတာ အင်အားကြီးတဲ့သူပေါ့။ နေရာတစ်ခု၊ နယ်ပယ်တစ်ခုမှာ ဆရာကြီးဖြစ်ပြီးသားဒါကို ကိုယ့်နေရာကိုယ်၊ ကိုယ့်နယ်မြေကိုကိုယ်မသိပဲနေရာပြောင်းရင် သေသွားနိုင်တယ်။ကိုယ့်ရဲ့အဓိကနေရာ၊ ကျက်စားရာနေရာကိုလုံးဝပြစ်ပယ်ပြီး နောက်တစ်နေရာကိုသွားတာမလုပ်ဖို့ အကြံပေးတာဖြစ်တယ်။ မော်ဒယ်တင်းကင်း (Model Thinking) အသုံးပြုစဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။ “တစ်ရွာမပြောင်းသူကောင်းမဖြစ်။” – “A person who doesn’t change villages won’t be successful.”“သေချင်တဲ့ ကျားတောပြောင်း။” – “A tiger that wants to die changes its forest.”In the context of model thinking, as discussed in

စဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။ Read More »

စိတ်ခံစားမှု

အရင်နှစ်ကထက် ဒီနှစ်ရည်မှန်းချက်ကြီးကြီးထားတဲ့အခါစိတ်ခံစားမှု အပြောင်းလဲတစ်ခုကဖြစ်တတ်တဲ့ အလေ့အထတစ်ခုပဲ။ အစပိုင်းမှာ ရင်ခုန်မယ်။ ကွာဟချက်ကို စဥ်းစားရင်စိုးရိမ်ပူပန်မှုလိုမျိုး ခံစားရတတ်တယ်။ ဒီအချိန်မှာ အကောင်းဆုံးနည်းတစ်ခုကကိုယ့်ဘဝရဲ့ အအောင်မြင်ခဲ့ဆုံးအချိန်တစ်ခုမှာခံစားခဲ့ရဖူးတဲ့ အကောင်းဆုံးစိတ်ခံစားမှုဒီခံစားချက်ကို ပြန်ပြီးစဥ်းစားတူးဆွနိုင်ဖို့ပဲ။ စိတ်ခံစားမှုဆိုတာ လိုချင်တာရဖို့လျှို့ဝှက်ချက်ပါလို့ 1944 မှာNeville က feeling is the secret ဆိုပြီးဆိုခဲ့တယ်။ Phyo Paing @ Derek

စိတ်ခံစားမှု Read More »

ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။

တခြားသူရဲ့အထင်အမြင်မှာကောင်းဖို့ကိုယ့်ဘဝနေထိုင်မှုကိုပြင်ပေးစရာမလိုပါဘူး။ ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။အပြင်မှ အမြင်လှဖို့ပေးဆပ်ခဲ့ရတဲ့ ဘဝတွေနည်းမှ မနည်းတာ။ ဘဝဆိုတာ ကိုရီးယားကားလိုပဲ။ကိုယ်ကသာ မင်းသား၊ မင်းသမီးကိုအားကျနေတာ။သူက သူ့ကိုယ်သူ သတ်သေချင်နေတာမျိုးလဲဖြစ်ကောင်းဖြစ်နေနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။ Read More »