mindset

နေ့စဥ် တည်ဆောက်နေပါ။

“ဆောက်တည်” ရာရဖို့နေ့စဥ် “တည်ဆောက်” ပါ။ ဆောက်တည်တယ်ဆိုတာ “စိတ်ကိုတည်ကြည်ခိုင်မြဲစွာထားခြင်း” ဖြစ်တယ်။ စိတ်တည်ကြည်ခိုင်မြဲနေဖို့၁။ ကျန်းမာကြံ့ခိုင်ရေးတည်ဆောက်၂။ စီးပွားရေး၊ အလုပ်အကိုင်၊ ငွေကြေးအတွက် တည်ဆောက်၃။ မိသားစုနဲ့ ပေါင်းသင်းဆက်ဆံရေးတည်ဆောက်၄။ စိတ်ငြိမ်းချမ်းမှု၊ တိုးတက်မှုအတွက် တည်ဆောက်။ နေ့စဥ် တည်ဆောက်နေဖို့လိုတယ်။ ဘဝမှာ အခြေအနေအပြောင်းအလဲကြားမှာဆောက်တည်ရာရဖို့နေ့စဥ် တည်ဆောက်နေပါ။ Phyo Paing @ Derek

နေ့စဥ် တည်ဆောက်နေပါ။ Read More »

စိတ်ထဲက အမှိုက်တွေရှင်းဖို့
ခွင့်လွတ်ပါ။

ဗုဒ္ဓဆိုဆုံးမမှုအရစေတသိတ်ကို ဒီလိုခွဲလို့ရပါတယ်။ ၁။ သဗ်ဗစိတ်တသာဓာရဏ စတေသိကျ – စိတ်တိုင်းနှင့် ယှဉ်တွဲဖြစ်ပေါ်သော စေတသိက်များ။ ဥပမာ – ဖဿ (တွေ့ထိမှု)၊ ဝေဒနာ (ခံစားမှု)၊ သညာ (မှတ်သားမှု)။ ၂။ ပကိဏ္ဏက စေတသိက် – တစ်ခါတစ်ရံ ဖြစ်ပေါ်သော စေတသိက်များ။ ဥပမာ – ဝိတက် (ကြံစည်မှု)၊ ဝီရိယ (အားထုတ်မှု)။ ၃။ အကုသိုလ် စေတသိက် – မကောင်းသော စိတ်နှင့်ယှဉ်တွဲဖြစ်ပေါ်သော စေတသိက်များ။ ဥပမာ – လောဘ (တပ်မက်မှု)၊ ဒေါသ (အမျက်ထွက်မှု)၊ မောဟ (တွေဝေမှု)။ ၄။ သောဘဏ စေတသိက် – ကောင်းသော စိတ်နှင့်ယှဉ်တွဲဖြစ်ပေါ်သော စေတသိက်များ။ ဥပမာ – သဒ္ဓါ

စိတ်ထဲက အမှိုက်တွေရှင်းဖို့
ခွင့်လွတ်ပါ။
Read More »

ဒီလိုအချိန် ဒီ အမူအကျင့် ၃ ခု နေ့စဉ်ကျင့်ပါ။

၁။ ကိုယ့်ကိုယ်ကိုယ် အားပေးပါ– အပြုသဘောဆောင်စကားများပြောပါ– အောင်မြင်မှုသေးငယ်များကို ဂုဏ်ယူပါ– မိမိအားသာချက်များကို အသိအမှတ်ပြုပါ ၂။ ခေါင်းကြည်အောင်ထားပါ– တရားထိုင်ပါ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ– ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ– စိတ်ဖိစီးမှုလျှော့ချရန် ဝါသနာပါရာလုပ်ပါ ၃။ အတွေးကိုရှင်းအောင်ထားပါ– ဦးစားပေးအရာများ သတ်မှတ်ပါ– ရည်မှန်းချက်များကို အဆင့်ဆင့်ခွဲပါ– တစ်ခုချင်းစီအပေါ် အာရုံစိုက်ပါ Phyo Paing @ Derek

ဒီလိုအချိန် ဒီ အမူအကျင့် ၃ ခု နေ့စဉ်ကျင့်ပါ။ Read More »

စိတ်မထားတတ်ရင်

လောလို့မရဘူး။တချို့ ကိစ္စတွေကသည်းခံရတယ်။ လုပ်ရင်းစောင့်လုပ်ရတတ်တယ်။မိုးရွာတဲ့အချိန်တော့ရခံဖို့ အဆင်သင့်ဖြစ်ဖို့လိုတယ်။စိတ်မထားတတ်ရင်ဒီနေ့ခေတ်က ရူးသွားလိမ့်မယ်။ Phyo Paing @ Derek

စိတ်မထားတတ်ရင် Read More »

ဘဝမှာ အရာရာပိုကောင်းဖို့
ဖြစ်လာတာပါလို့ နှလုံးသွင်း။

လောကဓံက မရိုက်ရင်လဲမရိုက်ရိုက်ရင်လဲ ကျောကော့အောင်ခံရတာ။ဒူပေဒါပေခံပြီးအရေးမပါတော့တာတွေကိုချန်ခဲ့နိုင်လို့။ကိုယ်မကြိုက်တာ သူများမလုပ်နဲ့။ဘဝမှာ အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့ နှလုံးသွင်း။ Phyo Paing @ Derek

ဘဝမှာ အရာရာပိုကောင်းဖို့
ဖြစ်လာတာပါလို့ နှလုံးသွင်း။
Read More »

ဘဝမှာ ကိုယ်တစ်ယောက်တည်း
တော်နေရုံနဲ့ မပြီးသွားဘူး။

ပါတနာကောင်းတွေလိုတယ်။ ဘဝလက်တွဲဖော်၊စီးပွားရေးလုပ်တွဲဖော်၊လုပ်ငန်းမှာ ဝန်ထမ်းကောင်း။ မြန်မြန်သွားချင်ရင်တစ်ယောက်တည်းသွား။ ဝေးဝေးပြေးချင်ရင်အဖွဲ့နဲ့သွား။ မြန်မြန်သွားဖို့ တစ်ယောက်တည်း။ဝေးဝေးသွားဖို့ ဝန်ထမ်းကောင်းတွေနဲ့။ဝေးဝေးကိုကြာကြာသွားနိုင်ဖို့လုပ်ငန်း ပါတနာကောင်းတွေလိုတယ်။ Phyo Paing @ Derek

ဘဝမှာ ကိုယ်တစ်ယောက်တည်း
တော်နေရုံနဲ့ မပြီးသွားဘူး။
Read More »

မဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။

ကိုယ့်အာရုံကို အမှိုက်သရိုက်တွေပေါ်မစိုက်ဘဲ လျစ်လျူရှုနိုင်ပြီးကိုယ့်အလုပ်ပေါ်ကိုယ် အာရုံစိုက်နိုင်တာမဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။ Phyo Paing @ Derek

မဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။ Read More »

အရေးမပါတာကို
အရာမပေးဖို့လိုတယ်။

စဥ်းစားတာရှင်းတယ်။အရေးပါလား။ အရေးမပါလားခွဲတယ်။အရေးပါတာကို အာရုံစိုက်တယ်။ ကိုယ့်အတွက်အရေးပါတာ၁။ တော်စေ၂။ ပျော်စေ၃။ ငွေပိုပွားစေ၄။ ပိုပေးချင်တာကို ပေးချင်သူတွေကို ပေးစေဒီအလုပ်တွေက ကိုယ့်အတွက်အရေးပါတယ်။ ကိုယ့်ကို မတော်စေ။မပျော်စေ။ငွေမပွားစေ။ကိုယ်မပေးချင်တဲ့သူတွေကိုမျှဝေပေးနေရတာ အရေးမပါဘူး။ အရေးမပါတာကို အရာမပေးဖို့လိုတယ်။ ကိုယ့်အတွက် အရေးပါတဲ့အလုပ်ကိုလုပ်။အရေးပါတဲ့သူတွေနဲ့တွေ့။အရေးပါတဲ့ နေရာမှာနေ။အရေးပါတဲ့ အရာတွေကိုမျှဝေ။ Phyo Paing @ Derek

အရေးမပါတာကို
အရာမပေးဖို့လိုတယ်။
Read More »

အဲ့အယူအဆပဲထားတယ်။

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်လို့ ယုံကြည်ထားဖို့လိုတယ်။ခေါင်းထဲမှာ ယုံကြည်တဲ့အတိုင်းအပြင်လောက ဖြစ်လာတာပဲ။ ကိုယ်ကတော့ အဲ့အယူအဆပဲထားတယ်။ ကိုယ့်မိသားစု၊ ဝန်ထမ်း၊ client နဲ့ စီးပွားရေးပါတနာအကောင်းဆုံးကို အကောင်းဆုံးပေးသလို ကိုယ်ကလဲ အကောင်းသူတွေhigh quality people နဲ့ပဲထိုက်တန်တယ်လို့အကြွင်းမဲ့ယုံကြည်ထားတယ်။ Phyo Paing @ Derek

အဲ့အယူအဆပဲထားတယ်။ Read More »