people

သူငယ်ချင်း မလုပ်နဲ့။

ကိုယ့်အပေါင်းအသင်းတွေရဲ့အောင်မြင်မှုကို မုဒိတာ မပွားနိုင်ရင်အဲ့လူတွေနဲ့ သူငယ်ချင်းမလုပ်နဲ့။ ကိုယ့်အတွက် မုဒိတာ မပွားနိုင်ရင်လဲသူငယ်ချင်း မလုပ်နဲ့။ Phyo Paing @ Derek

သူငယ်ချင်း မလုပ်နဲ့။ Read More »

လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။

လူတွေရဲ့ အငုံစိတ်ထဲမှာတခြားသူတွေထက် သာတယ်ဆိုတဲ့Superiority ဖြစ်ချင်တဲ့ စိတ်ရှိတတ်တယ်။ဒါကိုတော့ စိတ်ပညာရှင် Alfred Adler က ဆိုတယ်။ အဲ့လို သာတယ်ဆိုတဲ့ စိတ်ဖြစ်ဖို့နည်းလမ်းနှစ်မျိုးရှိတယ်။တစ်မျိုးက ကိုယ့်ရဲ့တိုက်ကို အမြင့်ဆုံးတည်ဆောက်တာ။နောက်တစ်မျိုးက တခြားတိုက်တွေကိုဖြိုတာ။ လူတစ်မျိုးက ကိုယ်လိုချင်တဲ့အိမ်မက်တွေ အကောင်အထည်ဖော်ဖို့လုပ်တယ်။နောက်တစ်မျိုးက တခြားသူတွေရဲ့ဆွတ်ခူးမှုကို ဘာမှမဟုတ်ပါဘူးကွာဖြစ်အောင်ဟာသလုပ်တယ်။တဖက်လူကို ပြောတာတစ်မျိုးလုပ်တာတစ်မျိုး hypocrite ဖြစ်အောင်ပုံဖော်ဖို့ကြိုးစားတတ်တယ်။ လူတွေရဲ့ Psycho နားမလည်ရင်ကိုယ်ကြီးခံနေရမည့်ခေတ်မှာလူတွေရဲ့ ရွေ့မည့်အကွက်တွေကိုကြိုသိနေဖို့ လူ့အကြောင်းတော့သေချာသိထားဖို့လိုတယ်။ Phyo Paing @ Derek

လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။
Read More »

ကိုယ့်ကို ဆွဲချချင်တဲ့ အတွေးအခေါ်ရှိသူတွေကို
သေချာဂရုပြုဖို့လိုတယ်။

လကမ္ဘာပေါ် တစ်နေ့သွားနိုင်ရမယ်။ ဒီကောင် အရူးပဲ။အရူးကို အင်္ဂလိပ်လို lunatic လို့လဲခေါ်တယ်။ Luna ဆိုတာ လ။လမ္ဘာပေါ်ရောက်အောင်သွားမယ်။ဒါဆို ဒီကောင်အရူး။He is a lunatic. ဒါ ဆရာတစ်ယောက်ပြောဖူးတဲ့အဓိပ္ပာယ်။ လူအများမဖြစ်နိုင်ဘူးထင်တာကိုဖြစ်နိုင်တယ်ထင်တဲ့ တချို့သူတွေကိုအရူးလို့ ခေါ်ခဲ့တတ်ကြဖူးတယ်။ ဒီအရူးတွေကြောင့်ပဲလေပေါ်ပျံနိုင်တဲ့ လေယာဉ်တွေပေါ်လာတယ်။စမတ်ဖုန်းတွေပေါ်လာတယ်။ ကိုယ့်ကို ဆွဲချချင်တဲ့ အတွေးအခေါ်ရှိသူတွေကိုသေချာဂရုပြုဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကို ဆွဲချချင်တဲ့ အတွေးအခေါ်ရှိသူတွေကို
သေချာဂရုပြုဖို့လိုတယ်။
Read More »

အရေးကြီးတာ How you do anything is
how you do everything ပဲ။

လူတစ်ယောက် ဘာတွေပြောသလဲထက်ဘာတွေကို ဘယ်လိုလုပ်ပြီးဘာတွေရနေလဲသာ ကြည့်လိုက်။ ခန္ဓာကိုယ် ပုံစံကို ကြည့်လိုက်ကျန်းမာကြံ့ခိုင်ရေးကို ဘယ်လိုတန်ဖိုးထားလဲတွေ့လိမ့်မယ်။ စီးပွားရေးကို ဘယ်လိုလုပ်နေလဲကြည့်လိုက်မဟာဗျူဟာ အကြောင်း ဘယ်လောက် နားလည်လဲသိလိမ့်မယ်။ လုပ်ငန်းလည်ပတ်မှု ပုံစံကြည့်လိုက်စီမံခန့်ခွဲမှု အကြောင်းဘယ်လောက် အသုံးချနိုင်လဲသိလိမ့်မယ်။ ဖောက်သည်တွေ ဘယ်လိုရအောင်လုပ်လဲကြည့်လိုက်မားကတ်တင်း လုပ်တဲ့ပုံကို သိလိမ့်မယ်။ ပြောတဲ့ အတိုင်းလုပ်နေတဲ့သူတွေရှိသလို၊ ဖောရှောပဲ လုပ်တဲ့သူတွေလဲ ရှိမယ်။ အရေးကြီးတာ How you do anything is how you do everything ပဲ။ Phyo Paing @ Derek

အရေးကြီးတာ How you do anything is
how you do everything ပဲ။
Read More »

လူတိုင်းမှာ စူပါပါဝါရှိတယ်။

လူတိုင်းမှာ စူပါပါဝါရှိတယ်။ ဒီစူပါပါဝါ မထွက်လာတာကိုယ့်ကိုယ်ကို နားမလည်သေးလို့။ တခြားသူရဲ့ စူပါပါဝါကို အတုခိုးရမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ စူပါပါဝါကို တူးဖော်အသုံးပြုရမှာ။ ဒါကို နားလည်သွားတဲ့အခါဘဝမှာ မြန်နှုန်းမြင့်သွားလိမ့်မယ်။ Phyo Paing @ Derek

လူတိုင်းမှာ စူပါပါဝါရှိတယ်။ Read More »

နားလည်ပုံမတူကြဘူး။

နားလည်ပုံမတူကြဘူး။ ကျွမ်းကျင်အဆင့်ထိပ်တန်းပညာရှင်၊သာမာန်အဆင့်၊အခုမှစလေ့လာသူအကြောင်းအရာတစ်ခုကိုနားလည်ပုံ မတူကြဘူး။ Garyvee ရဲ့ NFT ကိုနားလည်ပုံနဲ့သာမာန် ဒီဂျစ်တယ်ပိုင်ဆိုင်မှုစုဆောင်းရေးကိုစသူတွေရဲ့ နားလည်မှုမတူကြဘူး။ ဥာဏ်စဉ်မတူရင်အမှန်မြင်တာလဲ မတူနိုင်ဘူး တချို့လူတွေက ကိုယ်ထင်တာအမှန်လို့ထင်တတ်ကြတယ်။ Phyo Paing @ Derek

နားလည်ပုံမတူကြဘူး။ Read More »

ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်း
အင်မတန်အရေးကြီးတယ်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကြည့်ရင်သူ့ကိုယ်သူထားတဲ့ ကျန်းမာကြံ့ခိုင်ရေးရဲ့ စံနှုန်းကိုတွေ့လိမ့်မယ်။လူတစ်ယောက်ရဲ့ ဝင်ငွေကလဲသူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံနှုန်းပဲ။ကျွမ်းကျင်မှု တူတူပဲ။ကိုယ်နဲ့တွဲတဲ့သူ အတူတူပဲ။ပေါင်းတဲ့သူတွေ။အမှန်တရားက နည်းနည်းတော့ ခါးမလား မသိဘူး။ဒါကို နားလည်ပြီးတဲ့နောက်ကိုယ့်စံနှုန်းတွေကို မြင့်မြင့်ထားလိုက်တယ်။ ကုန်ပစ္စည်းဝယ်ရင်တောင်ဘယ်နိုင်ငံကထုတ်လဲဆိုပြီးနိုင်ငံတစ်နိုင်ငံရဲ့ အရည်အသွေးပေါ်ထားတဲ့စဲနှုန်းအတိုင်း ရွေးချယ်ကြတာ မဟုတ်လား။ ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်းအင်မတန်အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်း
အင်မတန်အရေးကြီးတယ်။
Read More »

လူတွေအပေါ် ဘာမျှော်လင့်ချက်မှသိပ်မထားတော့ဘူး။

ကိုယ့်လုပ်ရပ်နဲ့ စွမ်းဆောင်ရည်အပေါ်ပဲထားတယ်။ဆယ်နှစ်ကို အဆ ၁၀၀ ဖြစ်ဖို့ဘာတွေများထပ်လုပ်ဖို့လိုမလဲစဉ်းစားကြည့်မိတယ်။ Phyo Paing @ Derek

လူတွေအပေါ် ဘာမျှော်လင့်ချက်မှသိပ်မထားတော့ဘူး။ Read More »

စဥ်းစားရဲဖို့လိုတယ်။

လူတစ်ယောက်ကို ထိန်းချုပ်ဖို့မစဥ်းစားရဲအောင်လုပ်ကြတယ်။ ၁။ မသိအောင်လုပ်တယ်။ မစဥ်းစားမိအောင် သတင်းအချက်အလက်တွေကန့်သတ်တယ်။ ၂။ အပြစ်ပေးတယ်။ ပြောဆိုမိရင်၊ ရေးသားမိရင်အပြစ်ပေးတယ်။ ၃။ ဝေဖန်ရှုံ့ချတယ်။ လူတစ်ယောက်ကို မဖြစ်နိုင်ဘူးဝေဖန်ရှုံ့ချပြီး ဒီအတွေး မတွေးရဲအောင်လုပ်တယ်။ ဘာကြောင့် ဒီလိုလုပ်ကြလဲ?၁။ ထိန်းချုပ်လို့မရတော့မှာ စိုးရိမ်လို့။၂။ ကိုယ့်ထက်ကျော်သွားမှာစိုးလို့။ ၃။ သဘောတရားကို သေချာနားမလည်လို့။ ဒါကြောင့် လောကမှာကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့သူတိုင်းကို သတိနဲ့ ဆက်ဆံဖို့လိုတယ်။ Phyo Paing @ Derek

စဥ်းစားရဲဖို့လိုတယ်။ Read More »