people

လူတွေကို မသိလိုက် မသိဖာသာ
လွမ်းမိုးနေတာ
လူမှု အဖွဲ့အစည်းပဲ။

လူတွေကို မသိလိုက် မသိဖာသာလွမ်းမိုးနေတာလူမှု အဖွဲ့အစည်းပဲ။ ကိုယ့်ဘေးနားက လူတွေကကိုယ့်ကို သိပ်လွမ်းမိုးမှုရှိတယ်။ မသိလိုက်ပဲ သင်ယူနေတယ်။ ဒါကို immersion လို့ခေါ်တယ်။ စိတ်နစ်ပြီး လူမှုအဖွဲ့အစည်းထဲဝင်လေလေကိုယ့်အပေါ်လွမ်းမိုးမှုရှိလေလေ။ ဒါကြောင့် ဘယ်လူမှုအဖွဲ့အစည်းကိုစိတ်နစ်ရမလဲ၊ ဘယ်လူမှုအဖွဲ့အစည်းနဲ့ ခပ်ခွာခွာနေရမလဲစဥ်းစားဖို့လိုနိုင်တယ်။ Phyo Paing @ Derek

လူတွေကို မသိလိုက် မသိဖာသာ
လွမ်းမိုးနေတာ
လူမှု အဖွဲ့အစည်းပဲ။
Read More »

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။

လူတွေကို ဂုဏ်ယူစေတဲ့အရာတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ကိုယ့် client တွေ အောင်မြင်ရင်ဂုဏ်ယူတယ်။ကိုယ်ထုတ်တဲ့ကုန်ပစ္စည်းတွေကအသုံးပြုသူတွေရဲ့ ဘဝတိုးတက်ပြောင်းလဲစေရင်ဂုဏ်ယူတယ်။မစဥ်းစားမိတဲ့ ရှုထောင့်ကရေးလိုက်တဲ့စာတခြားသူတစ်ယောက်က အကျိုးရှိသွားရင်ဂုဏ်ယူတယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့အခက်အခဲဖြစ်ဖြစ်အထာကျကျ ဖြေရှင်းနိုင်တာ ဂုဏ်ယူတယ်။ Phyo Paing @ Derek

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
Read More »

လူတွေကို နားလည်ရင်
ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာ
လွယ်ကူသွားနိုင်တယ်။

ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူတွေကသူများကိုလဲ အထင်သေးတတ်တာများတယ်။ အပြင်ပန်းမှာ ဟန်ဆောင်ထားတာဖြစ်ရင်ဖြစ်မယ်။ တခါတလေ လူမှုကွန်ယက်မှာဖြစ်ဖြစ်၊ဘဝမှာဖြစ်ဖြစ် ကိုယ့်ကိုအထင်သေးတဲ့ပုံစံစကားပြောတဲ့အခါ စိတ်မတိုလိုက်နဲ့။ လူတွေရဲ့ စိတ်ထဲမှာ မလှုံခြုံတဲ့စိတ်တစ်ခုရှိတယ်။ကိုယ်က နောက်ကောက်ကျန်ခဲ့မှာ ကြောက်တယ်။ တခါတလေ ကိုယ့်ကိုယ်မေးခွန်းထုတ်တဲ့မေးခွန်းကသူ့ကိုယ်သူ ရှာနေတဲ့ အဖြေလဲဖြစ်နိုင်တယ်။ လူတွေကို နားလည်ရင် ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာလွယ်ကူသွားနိုင်တယ်။ Phyo Paing @ Derek

လူတွေကို နားလည်ရင်
ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာ
လွယ်ကူသွားနိုင်တယ်။
Read More »

လူတွေကို ခွဲခြားဆက်ဆံပါ။

လူတွေကို ခွဲခြားဆက်ဆံပါ။ လူတွေကို ပျော်စေတာလဲ လူတွေ။လူတွေကို နာကျင်စေတာလဲ လူတွေ။ တချို့လူတွေက ကိုယ့်ဘဝအတွက်အရေးပါတယ်။တချို့လူတွေက အရေးနည်းနည်းပါတယ်။တချို့လူတွေက အရေးမပါဘူး။ ဘဝမှာ ဒဏ်ရာ trauma တွေရတာနည်းချင်ရင် လူတွေကို ခွဲခြားဆက်ဆံကြည့်ပါ။ လူတိုင်းကို ကိုယ့်အပေါ်အရေးပါတဲ့အရေးပါမှုနှုန်း မတူကြဘူး။ သူတောင်းစားတစ်ယောက်က ကိုယ့်ကို ဆဲသွားတာနဲ့၊ ကိုယ်လေးစားတန်ဖိုးထားတဲ့ သူတစ်ယောက်ကကိုယ့်ကို အပြစ်တင်တာနဲ့ ခံစားချက်ခြင်း မတူဘူး။ ဒီနေ့လို လူမှုကွန်ယက်ခေတ်မှာ လူတိုင်းရဲ့ အထင်အမြင်ကို ခံစားနေရင်ဒဏ်ရာတွေ နာကျင်မှုတွေ ကုစားလို့နိုင်မှာကို မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာ အရေးပါတဲ့လူနဲ့ အရေးမပါတဲ့သူခွဲသိဖို့လိုသလိုအရေးမပါတဲ့လူတွေရဲ့ စကားကြောင့်စိတ်ညစ်ခံမနေပါနဲ့။ Phyo Paing @ Derek

လူတွေကို ခွဲခြားဆက်ဆံပါ။ Read More »

တူရာ တူရာပဲစုတယ်။

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာ အသက်မွေးကြတယ်။ အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေကခံစားချက်တွေကို လွမ်းမိုးတယ်။ အကောင်းဆုံး ဖောက်သည်တွေရချင်ရင်အကောင်းဆုံးဖြစ်အောင် လုပ်နေဖို့လိုတယ်။ ဓာတ်တူရာစုဖြစ်တဲ့အတွက်တူရာ တူရာပဲစုတယ်။ Phyo Paing @ Derek

တူရာ တူရာပဲစုတယ်။ Read More »

Alignment လွဲတတ်ကြတယ်။

လူတွေက လောကကြီးကိုကိုယ့်ပုံပြင်ထဲ ဝင်စေချင်ကြတယ်။ ကိုယ့်မိဘရဲ့ ပုံပြင်နဲ့ကိုယ့်ပုံပြင် မတူတဲ့အခါ။ ကိုယ်ချစ်တဲ့သူနဲ့ကိုယ့်ရဲ့ ပုံပြင်မတူတဲ့အခါ။ ဝန်ထမ်းတွေနဲ့အုပ်ချုပ်သူရဲ့ ပုံပြင်မတူတဲ့အခါ။ Alignment လွဲတတ်ကြတယ်။ ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ဖို့ပုံပြင်နဲ့ မြင်ကြတဲ့အခါပြောနေတဲ့ ပုံပြင်တွေ တူဖို့တော်တော်အရေးကြီးတယ်။ ဒါမှ ဘဝရဲ့ အခန်းဆက်တွေမှာတူတူရှေ့ဆက်လို့ရမှာ။ Phyo Paing @ Derek

Alignment လွဲတတ်ကြတယ်။ Read More »

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။ တချို့သူတွေနဲ့ တွေ့ရင်စိတ်ညစ်တာတွေကို နားထောင်ပေးတာမျိုး။ healer ကုသပေးတဲ့ အင်နာဂျီမျိုး။ တချို့ကျတော့ ဒါဆို ဒါလုပ်ဆိုတဲ့ဦးဆောင်တဲ့နေရာက command ပေးတဲ့သူမျိုး။ တချို့ကျတော့ အကြောက်တရား fear နဲ့ခြိမ်းခြောက်ပြီး တွန်းအားပေးနိုင်တဲ့သူများ။ တချို့ကျတော့ မော်တီပေးပြီးmotivator လုပ် ခဏတာအင်နာဂျီတွေပေးအလုပ်လုပ်စေတဲ့သူမျိုး။ တချို့ကျတော့ မတွေးမိတဲ့ အမြင်သစ်က စဥ်းစားစေပြီးရှုထောင့် perspective ပြောင်းစဥ်းစားစေတဲ့သူမျိုး။ တချို့ကျတော့ မခံချင်အောင်ပြောပြီးဒေါသကိုဆွ သက်သေပြ proof လုပ်အောင်နှိုးဆွတဲ့သူမျိုး။ သူတို့နဲ့တွေ့ရင် စိတ်ထဲက ကသိကအောင့်ဖြစ်စေမည့်အရာတွေကို ထုတ်ဖော်တတ်တယ်။ တချို့ကျတော့ စိတ်ချလိုက်ကျန်တဲ့ လုပ်စရာရှိသာကိုသလာလုပ်ဒီလို peace of mind ပေးတဲ့သူမျိုး။ တချို့ကျတော့ သူပြောတဲ့စကားကဟုတ်သလို၊ မဟုတ်သလိုလိုမသေချာမရေရာမှု uncertainty ကိုပေးတဲ့သူမျိုး။ တချို့ကျတော့ မင်းကဘာကောင်မို့လဲပြိုင်ဆိုင်မှု comparison လုပ်တတ်တဲ့အင်နဂျီမျိုး။ ကိုယ်နဲ့တွေ့တဲ့သူတွေရဲ့ အင်နာဂျီအရေးကြီးတယ်။

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။ Read More »

အနာဂတ်မျိုးဆက်အတွက်ပဲ။

လူတွေက ဘာကြောင့်တရုတ်စွန့်ဦးတီထွင်တွေထက်အမေရိကန်စွန့်ဦးတီထွင်တွေကို ပိုလေးစားအားကျကြသလဲ? ဘာကြောင့်လဲဆို သူတို့ဖန်တီးလိုက်တဲ့ တီထွင်ဆန်းသစ်မှုတွေကလူသားမျိုးနွယ်တစ်ခုလုံးကို သက်ရောက်မှုရှိစေလို့ဖြစ်တယ်။ တရုတ်ရဲ့ Baidu AI ထွက်တယ်။ တရုတ်အတွက်ပဲ။ Antropic ရဲ့ Claud,OpenAI ရဲ့ Chatgpt, Google ရဲ့ Gemini Perplexity အကုန်လုံးက တစ်ကမ္ဘာလုံး သုံးလို့ရတယ်။ ဘာကြောင့်လဲဆို နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်တဲ့အခါ အခြေခံတဲ့အိုင်ဒီရော်လော်ဂျီကြောင့်။ ဒီနေ့ခေတ်ဖြစ်နေတဲ့ အိုင်ဒီရော်လော်ဂျီကကိုယ့်ခေတ်မှာ ချခဲ့တာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ အတိတ်ကမျိုးဆက် ပေးခဲ့တဲ့ အမွေးတစ်ခုဖြစ်နိုင်တယ်။ ဒီနေ့လုပ်တာက ကိုယ့်မျိုးဆက်အတွက်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ အနာဂတ်မျိုးဆက်အတွက်ပဲ။ ဒီသာဓကကို အမေရိကန်၊မြောက်ကိုရီးယား၊ တရုတ်ပြည်မ၊ထိုင်ဝမ်၊ စလုံးကိုကြည့်ရင်သိနိုင်တယ်။ အရင်မျိုးဆက်တည်ဆောက်ထားတာကိုဒီနေ့မျိုးဆက်က ဆက်ခံရတာမျိုး။ Why do people value American innovations more than Chinese ones?

အနာဂတ်မျိုးဆက်အတွက်ပဲ။ Read More »