people

အရေးမပါတဲ့ ဥပဒေသတွေ

သေးငယ်တဲ့ အသိပညာက ဘေးဥပုဒ်အကြီးအကျယ်ဖြစ်နိုင်တယ်။ ပညာရပ်တစ်ခုကို သေချာမသိပဲသေချာသိပြီလို့ထင်ပြီးကိုယ်ထင်တာကို အမှန်လို့ထင်လိုက်ရင်တိုင်ပတ်မှုအပေါင်း သရဖူဆောင်းပြီသာမှတ်။ ဒါကြောင့် ကိုယ်ထင်ထားတာကိုအမှတ်လို့အမြဲမယူဆပဲအမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့အရေးကြီးတယ်။ လူအများစုက ကိုယ့်အထင်အမြင်ကိုအမှန်လို့ပဲ ထင်နေတတ်ကြတယ်။ နာကျင်မှုအများစုကလဲ ဒီအထင်အမြင်တွေကပဲ လာတာပဲ။ ဒီအထင်အမြင်ကနေ အရေးမပါတဲ့ ဥပဒေသတွေဖြစ်လာတယ်။ Phyo Paing @ Derek

အရေးမပါတဲ့ ဥပဒေသတွေ Read More »

မြန်မာစကားတချို့က
လူမှုဘဝဖြတ်သန်းမှုမှာ
တော်တော်ဒုက္ခပေးတယ်။

လူတွေရဲ့ သဘောတရားအရတခြားသူတွေထက် သာနေမှပျော်တတ်တဲ့ ခံစားချက်superiority ရှိကြတယ်။ဒါက အော်စတိယျ စိတ်ပညာရှင်Individual Psychology ကိုဖန်တီးခဲ့တဲ့ဒေါက်တာ အဲလ်ဖက်အဒလာ Dr. Alfred Adler က ဆိုတယ်။ ကိုယ့်အဆောက်အဦးကို အမြင့်ဆုံးဖြစ်အောင်ဘေးကတိုက်တွေကို ဖြိုချဖို့ကြိုးစားတတ်တဲ့ သဘောတွေရှိတတ်ကြတယ်။ ဒီကောင်ကြည့်နေ။ဘယ်တော့ ပြုတ်ကျမလဲမသိဘူး။ ဒီကောင်အလကားပါကွာ။ ဘာများဖြစ်မှာမို့လို့လဲ။ သီအိုရီပဲသိတာတို့။ ဒီအဖျက်တွေ negativity တွေ၊ ဘူကောင်တွေရန်က အရင်ကျော်ရတယ်။ လီကာရှင်းပြောခဲ့သလိုလူတွေက သူတို့ထက်နည်းနည်းကျော်ရင်ကိုယ့်ကို မနာလိုဖြစ်ကြမယ်။အပုံကြီးသာသွားရင် အားကျကြလိမ့်မယ်တဲ့။ Phyo Paing @ Derek

မြန်မာစကားတချို့က
လူမှုဘဝဖြတ်သန်းမှုမှာ
တော်တော်ဒုက္ခပေးတယ်။
Read More »

Trauma တွေကြောင့်
အသက်ကြီးတဲ့အခါ
ဒရာမာ Drama တွေ အနေနဲ့
ပြန်ထွက်ပေါ်လာတယ်။

လူတော်တော်များများဟာ ငယ်ဘဝက ကြုံခဲ့တဲ့ထရာမာ Trauma တွေကြောင့်အသက်ကြီးတဲ့အခါ ဒရာမာ Drama တွေ အနေနဲ့ပြန်ထွက်ပေါ်လာတယ်။ Phyo Paing @ Derek

Trauma တွေကြောင့်
အသက်ကြီးတဲ့အခါ
ဒရာမာ Drama တွေ အနေနဲ့
ပြန်ထွက်ပေါ်လာတယ်။
Read More »

အချက်ငါးချက်ပဲလိုတယ်လို့ထင်တယ်။

အလုပ်လုပ်တဲ့ ယောကျာ်းတွေကိုယ်တွယ်ဖို့က အရမ်းရိုးရှင်းတယ်။အချက်ငါးချက်ပဲလိုတယ်လို့ထင်တယ်။ ၁။ အပြစ်မတင်နဲ့။ အဲ့အစား အကျိုးသင့်အကြောင်းသင့်လေးပြောပြ။သူ့ကိုယ်သူ အပြစ်တင်တဲ့စိတ်ဖြစ်ရင်တောင်သူကသာမာန်ပဲဆိုပြီး စိတ်ဖြေပေး။ ၂။ သူ့ရဲ့ဖြစ်တည်မှုကိုဂုဏ်ယူပေး။ သူများယောကျာ်းနဲ့ နှိုင်းယှဥ်ပြီးနောက်ကျစေပြီဆိုပြီး အားမလိုအားမရဖြစ်တာသွားမပြနဲ့။ ၃။ သူ့အလုပ်ကို စိတ်ဝင်စားမှုပြပေး။ ၄။ သူ့ရဲ့ တုန့်ပြန်မှုပုံစံတွေကိုလေ့လာထား။ဥပမာ စိတ်ဖိဆီးမှုများရင်ဘယ်လိုတုန့်ပြန်လဲ။ ၅။ သူ့ဖက်က ရပ်တည်ပေး။ သူများက သူ့မကောင်းကြောင်းပြောလာရင်နင်လာစမ်း၊ ဒါက ဘယ်လိုဖြစ်တာလဲအစားအရင် ကာကွယ်ပေး။ နောက်ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲတိုင်ပင်။ မနေ့က သာကောတွေကို ဘယ်လိုစီမံမလဲပြောရင်းနဲ့ စဥ်းစားမိတာလေး။ ယောကျာ်းဆိုတဲ့ သတ္တဝါအပေါ်ထားတဲ့ အမြင်လေးတွေကို သေချာပြန်ချိန်ကြည့်ဖို့လိုတယ်။ဘဝဆိုတာ ကိုရီးယားကားမဟုတ်ဘူးလေ။ Phyo Paing @ Derek

အချက်ငါးချက်ပဲလိုတယ်လို့ထင်တယ်။ Read More »

ဟီးရိုးနောက်တစ်ယောက်ရှိတတ်တယ်။

လူအများမြင်တဲ့ ဟီးရိုးတွေရဲ့နောက်မှာလူအများမမြင်တဲ့ ဟီးရိုးနောက်တစ်ယောက်ရှိတတ်တယ်။ တချို့တွေအတွက် အမေ။တချို့တွေအတွက်က အဖေ။တချို့တွေအတွက်က ချစ်သူ၊ ရည်းစား၊ စာနာတတ်တဲ့ လင်မယား။တချို့တွေအတွက်က ဝန်ထမ်းကောင်း။တချို့တွေအတွက်က ဆရာသမားကောင်း။ Phyo Paing @ Derek

ဟီးရိုးနောက်တစ်ယောက်ရှိတတ်တယ်။ Read More »

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။

ကိုယ်နဲ့ အလုပ်လုပ်တဲ့သူတိုင်းကိုယ်နဲ့ ပတ်သတ်တဲ့သူတိုင်းကိုယ်အကျိုးရှိတာထက်သူတို့အကျိုးပိုရှိရမယ်။ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Phyo Paing @ Derek

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Read More »

အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့ဆိုတာ

အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့ဆိုတာကိုယ့်ရဲ့ အဆိုးဆုံးအကျင့်တွေသူမျက်ဝါးထင်ထင်မြင်ဖူးပြီးလက်ခံနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့ဆိုတာ Read More »

အတွေး၊ အကြံ၊ အလုပ်က
ကူးစက်တတ်တယ်။

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကကိုယ်နဲ့အမြဲတွေ့နေတဲ့လူငါးယောက်ရဲ့ ပျဉ်းမျှပဲ။ ဒါကတော့ ဂျင်ရွန်း Jim Rohm ပြောတဲ့You are the average of five people you spend the most time with. သင်ကသင်နဲ့အမြဲတွေ့တဲ့လူငါးယောက်ရဲ့ ပျဉ်းမျှပဲဆိုတဲ့အဆိုအမိန့်ကို နောက်တစ်ဆင့်ပြန်စဉ်းစားကြည့်တာ။ ကိုယ်နဲ့ နေ့စဉ်တွေ့နေတဲ့သူတွေကိုဂရုသေချာပြု ရွေးချယ်ဖို့လိုတယ်။ အတွေး၊ အကြံ၊ အလုပ်က ကူးစက်တတ်တယ်။ Phyo Paing @ Derek #drphyopaing

အတွေး၊ အကြံ၊ အလုပ်က
ကူးစက်တတ်တယ်။
Read More »