people

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။

ကိုယ်နဲ့ အလုပ်လုပ်တဲ့သူတိုင်းကိုယ်နဲ့ ပတ်သတ်တဲ့သူတိုင်းကိုယ်အကျိုးရှိတာထက်သူတို့အကျိုးပိုရှိရမယ်။ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Phyo Paing @ Derek

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Read More »

အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့ဆိုတာ

အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့ဆိုတာကိုယ့်ရဲ့ အဆိုးဆုံးအကျင့်တွေသူမျက်ဝါးထင်ထင်မြင်ဖူးပြီးလက်ခံနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့ဆိုတာ Read More »

အတွေး၊ အကြံ၊ အလုပ်က
ကူးစက်တတ်တယ်။

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကကိုယ်နဲ့အမြဲတွေ့နေတဲ့လူငါးယောက်ရဲ့ ပျဉ်းမျှပဲ။ ဒါကတော့ ဂျင်ရွန်း Jim Rohm ပြောတဲ့You are the average of five people you spend the most time with. သင်ကသင်နဲ့အမြဲတွေ့တဲ့လူငါးယောက်ရဲ့ ပျဉ်းမျှပဲဆိုတဲ့အဆိုအမိန့်ကို နောက်တစ်ဆင့်ပြန်စဉ်းစားကြည့်တာ။ ကိုယ်နဲ့ နေ့စဉ်တွေ့နေတဲ့သူတွေကိုဂရုသေချာပြု ရွေးချယ်ဖို့လိုတယ်။ အတွေး၊ အကြံ၊ အလုပ်က ကူးစက်တတ်တယ်။ Phyo Paing @ Derek #drphyopaing

အတွေး၊ အကြံ၊ အလုပ်က
ကူးစက်တတ်တယ်။
Read More »

လူတွေရဲ့ ဦးနှောက်မှာ
focus mode နဲ့ diffuse mode ရှိတယ်။

ပြဿနာတစ်ခုကို အာရုံစိုက်ပြီး အဖြေရှာတာကဦးနှောက်ရဲ့ focus mode ကိုသုံးတာ။ တစ်ခုတည်းကိုအာရုံစိုက်နိုင်တာသမာဓိကောင်းတာဆို စဥ်းစားမှုဥာဏ်ရည်ကတိုးတက်တယ်။ ရေချိုးတဲ့အချိန် အိုင်ဒီယာပေါ်တာ။နောက် ညနေပိုင်းအနားယူတဲ့အချိန်၊ဝိုင်သောက်တဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ စကားပြောအာလာဘ သလာဘ ပြောတဲ့အချိန်ဦးနှောက်ရဲ့ ရောက်တတ်ရာရာတွေးတဲ့diffuse mode က အလုပ်လုပ်တယ်။ ဒီနှစ်ခုကို သေချာအသုံးပြုနိုင်ရင်ဦးနှောက်စဥ်းစားနိုင်စွမ်းကတော်တော်လေးကြီးသွားတယ်။ နောက်တစ်ခုက ဘာမှမစဥ်းစားတာ။ ဒါကကျတော့ မသိစိတ်ရဲ့intuition ရဲ့စွမ်းအားကိုယူတာ။ သူကလဲ တော်တော်လေး ပါဝါကြီးတယ်။ Phyo Paing @ Derek

လူတွေရဲ့ ဦးနှောက်မှာ
focus mode နဲ့ diffuse mode ရှိတယ်။
Read More »

လူတွေမှာ အချိန်တစ်ချိန်ပဲရှိတယ်။

အတိတ်ဆိုတာ မှတ်ဥာဏ်။အနာဂတ်ဆိုတာ စိတ်ကူး။ပစ္စုပ္ပန်ဆိုတာ အခုအချိန်။ တချို့ လူတွေက အတိတ်ရဲ့မှတ်ဥာဏ်တွေထဲကရုန်းမထွက်နိုင်ကြဘူး။ တချို့တွေက မရောက်သေးတဲ့အနာဂတ်ကို စိတ်ကူးနဲ့ရူးကြရတယ်။ ပစ္စုပ္ပန်ရဲ့ စွမ်းအားကိုအသုံးပြုပြီးခေါင်းထဲက အတိတ်ရဲ့ မှတ်ဥာဏ်တွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေပြောင်းလဲလို့ရတယ်။ အနာဂတ်စိတ်ကူးတွေကိုလက်တွေ့ဖြစ်လာအောင်အကောင်အထည်ဖော်လို့ရတယ်။ လူတွေမှာ အချိန်တစ်ချိန်ပဲရှိတယ်။ Phyo Paing @ Derek

လူတွေမှာ အချိန်တစ်ချိန်ပဲရှိတယ်။ Read More »

BIP က မဟာဗျူဟာတစ်ခုပဲ

လူတွေယုံစေချင်ရင်ပြောပဲ မပြောနဲ့ “ပြ”။ ပြောပြီးလဲ ပြလို့ရသလိုပြပြီးမှ ပြောလဲရတယ်။ တချို့က ပြရင်းပြောသလိုတချို့က ပြောရင်းပြတယ်။ ဒါကို “Building in Public” လို့ခေါ်တယ်။ ဒီ BIP ကိုအသုံးပြု”လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့” စမ်းသပ်မှုအတွက်မြင်သာတဲ့ ပေါင် ၄၀ ချပြတယ်။တစ်ရက်စာတစ်အုပ်ဖတ် video ရိုက်ပြတယ်။မြန်မာစာကောင်းကောင်း မရေးတတ်ပဲအရောင်းရဆုံးစာအုပ်ဖြစ်အောင် စမ်းသပ်ပြတယ်။ BIP က မဟာဗျူဟာတစ်ခုပဲအားတီ၊ အားမေတို့။ Phyo Paing @ Derek

BIP က မဟာဗျူဟာတစ်ခုပဲ Read More »

လူအများစုဘာကြောင့်မပျော်ကြသလဲ။

ပထမတစ်ချက်ကတော့အားလုံးသိပြီးသား။ ဒုတိယတစ်ချက်က မစဥ်းစားတတ်လို့။ဘာလို့ မစဥ်းစားတတ်သလဲ။စာသင်ကျောင်းတွေက စာကျက်နည်းပဲသင်ပေးလိုက်တယ်။စဥ်းစားနည်း သေချာ မသင်ပေးလိုက်ဘူး။ Phyo Paing @ Derek

လူအများစုဘာကြောင့်မပျော်ကြသလဲ။ Read More »

ဂရုမစိုက်ဖို့ မလွယ်ဘူး။

ကိုယ်ဂရုမစိုက်တဲ့သူတွေကကိုယ့်ကို ဒုက္ခပေးဖို့မလွယ်သလိုကိုယ့်ကိုဒုက္ခပေးတဲ့သူတွေကိုလဲဂရုမစိုက်ဖို့ မလွယ်ဘူး။ 😆 Phyo Paing @ Derek

ဂရုမစိုက်ဖို့ မလွယ်ဘူး။ Read More »

ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။

လူကို ဓာတ်တစ်ခုလိုမြင်တယ်။မတူညီတဲ့ လူတွေနဲ့တွေ့ရင်မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။ ဒါကို chemistry လို့ခေါ်တယ်။ မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ရင်မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။ “ငါ” ဆိုတဲ့ အရာက အမြဲပြောင်းနေတဲ့အရာ။ အချိန်ပေါ်မူတည်ပြီး ပြောင်းတယ်။ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးပြောင်းတယ်။ကိုယ်နဲ့တွေ့တဲ့လူတွေ အပေါ်မူတည်ပြီးပြောင်းတယ်။ခေါင်းထဲထည့်တဲ့ အိုင်ဒီယာအပေါ်မူတည်ပြီးပြောင်းတယ်။ လူဆိုတာ ရေလိုပဲသံပုရာသီးနဲ့ သကြားပေါင်းရင် သံပုရာရည်ဖြစ်တယ်။ကော်ဖီမုန့်၊ ရေနဲ့ အပူပေါင်းရင် ကော်ဖီဖြစ်တယ်။ရေခွက်ထဲထည့်ထားရင် ရေခွက်ထဲကရေရေကန်ထဲထည့်ထားရင် ရေကန်ထဲကရေ။ ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကိုဂရုစိုက်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။
Read More »

သိရုံနဲ့ မရဘူး။
တကယ်ထိမှ ရမှာ။

လူတွေက ခန္ဓာကိုယ်အထိအတွေ့ဒွါရခြောက်ပါးနဲ့ စိတ်ပိုင်းဆိုင်ရာ သာယာမှုလူသားတွေရဲ့ အာရုံငါးပါးသာယာမှုHuman-like experience တွေမှာယစ်မူးနေတတ်ကြတယ်။ နိရောဓသစ္စာ equanimityလောကဓံအခက်အခဲတွေကြားမှာမတုန်မလှုပ် တည်တည်ငြိမ်ငြိမ်အိန္ဒြေရရဖြတ်သန်းနိုင်စွမ်းGod-like experience တွေကအာရုံငါးပါးသာယာမှုတွေနောက်ပဲလိုက်ရုံနဲ့ မရနိုင်လောက်ဘူး။ Buddhism ဆိုတာ ချက်ချင်းအလင်းပွင့်တဲ့Sudden awakening ကိုသွားတာမဟုတ်ဘူး။သူက gradual awakening ဖြေးဖြေးမှန်မှန် ဥာဏ်အလင်းပွင့်ဖို့ငါးပါးသီလ၊ သမာဓိနဲ့ ပညာတည်ဆောက်ဖို့မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။ဒါမှ သစ္စာလေးပါးကို တကယ်နှလုံးသားနဲ့ခံစားသိမြင်နိုင်မှာ။ စာတွေ့အဆင့်ပဲဆိုတော့သိရှိခံစား နားလည်ကျင့်သုံးဖို့ကသိရုံနဲ့ မရဘူး။တကယ်ထိမှ ရမှာ။ Phyo Paing @ Derek

သိရုံနဲ့ မရဘူး။
တကယ်ထိမှ ရမှာ။
Read More »