ဘာတွေ ကြည့်ပြီး သိနိုင်မလဲ?
အစွမ်းအစရှိတဲ့လူတစ်ယောက်ဟုတ် မဟုတ်ကို ဘာတွေ ကြည့်ပြီး သိနိုင်မလဲ?
လူသား အတွေ့အကြုံ သံသရာဆိုတဲ့ simulation မှာ လူသားအတွေ့အကြုံကို အသက်ရှည်ရင်နှစ် ၁၀၀ လောက် ရလာတာပဲ။နောက် နှစ်ပေါင်း ၇၀ ဆိုရင်ကျွန််တော်တို့အားလုံး ရှိချင်မှရှိတော့မယ်။ လူဖြစ်တုန်း လူသားအတွေ့အကြုံကိုယူတဲ့အခါ ကောင်းတာဆိုးတာ ဒါရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။ စိတ်၊ စေတသိတ်တွေမှာခံစား၊ စံစား သလို အလုပ်ထဲစျာန်ဝင် ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ စကြာဝဌာနဲ့တစ်သားတည်းဖြစ်နေတဲ့ ခံစားမှုမျိုးမတူညီတဲ့ အတွေ့အကြုံတွေကလူသားတွေရဲ့ ဖြစ်တည်မှုကို လတ်ဆတ်စေတာပဲ။ ဒဏ်ရာတွေ၊ နာကျဥ်မှုတွေ၊ မသေချာမှုတွေ၊ မရေရာမှုတွေ၊ ဝမ်းနည်းပူဆွေး၊ တွေ့ဆုံကြုံကွဲဒါတွေကလဲ ဘဝပဲ။ Phyo Paing @ Derek
လူတိုင်းမှာ အကန့်အသတ်တွေရှိတယ်။အချိန်၊ အင်နာဂျီ၊ အစွမ်းအစ။ဒါကြောင့် နေရာတိုင်းဝင်ပါလို့မရဘူး။ ရွေးချယ်မှု ပြုလုပ်ရတယ်။ငါဘာလုပ်မလဲ၊ ဘာမလုပ်ဘူးလဲ။ Phyo Paing @ Derek
ကိုယ့်အပေါင်းအသင်းတွေရဲ့အောင်မြင်မှုကို မုဒိတာ မပွားနိုင်ရင်အဲ့လူတွေနဲ့ သူငယ်ချင်းမလုပ်နဲ့။ ကိုယ့်အတွက် မုဒိတာ မပွားနိုင်ရင်လဲသူငယ်ချင်း မလုပ်နဲ့။ Phyo Paing @ Derek
လူတွေရဲ့ အငုံစိတ်ထဲမှာတခြားသူတွေထက် သာတယ်ဆိုတဲ့Superiority ဖြစ်ချင်တဲ့ စိတ်ရှိတတ်တယ်။ဒါကိုတော့ စိတ်ပညာရှင် Alfred Adler က ဆိုတယ်။ အဲ့လို သာတယ်ဆိုတဲ့ စိတ်ဖြစ်ဖို့နည်းလမ်းနှစ်မျိုးရှိတယ်။တစ်မျိုးက ကိုယ့်ရဲ့တိုက်ကို အမြင့်ဆုံးတည်ဆောက်တာ။နောက်တစ်မျိုးက တခြားတိုက်တွေကိုဖြိုတာ။ လူတစ်မျိုးက ကိုယ်လိုချင်တဲ့အိမ်မက်တွေ အကောင်အထည်ဖော်ဖို့လုပ်တယ်။နောက်တစ်မျိုးက တခြားသူတွေရဲ့ဆွတ်ခူးမှုကို ဘာမှမဟုတ်ပါဘူးကွာဖြစ်အောင်ဟာသလုပ်တယ်။တဖက်လူကို ပြောတာတစ်မျိုးလုပ်တာတစ်မျိုး hypocrite ဖြစ်အောင်ပုံဖော်ဖို့ကြိုးစားတတ်တယ်။ လူတွေရဲ့ Psycho နားမလည်ရင်ကိုယ်ကြီးခံနေရမည့်ခေတ်မှာလူတွေရဲ့ ရွေ့မည့်အကွက်တွေကိုကြိုသိနေဖို့ လူ့အကြောင်းတော့သေချာသိထားဖို့လိုတယ်။ Phyo Paing @ Derek
လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။ Read More »
လကမ္ဘာပေါ် တစ်နေ့သွားနိုင်ရမယ်။ ဒီကောင် အရူးပဲ။အရူးကို အင်္ဂလိပ်လို lunatic လို့လဲခေါ်တယ်။ Luna ဆိုတာ လ။လမ္ဘာပေါ်ရောက်အောင်သွားမယ်။ဒါဆို ဒီကောင်အရူး။He is a lunatic. ဒါ ဆရာတစ်ယောက်ပြောဖူးတဲ့အဓိပ္ပာယ်။ လူအများမဖြစ်နိုင်ဘူးထင်တာကိုဖြစ်နိုင်တယ်ထင်တဲ့ တချို့သူတွေကိုအရူးလို့ ခေါ်ခဲ့တတ်ကြဖူးတယ်။ ဒီအရူးတွေကြောင့်ပဲလေပေါ်ပျံနိုင်တဲ့ လေယာဉ်တွေပေါ်လာတယ်။စမတ်ဖုန်းတွေပေါ်လာတယ်။ ကိုယ့်ကို ဆွဲချချင်တဲ့ အတွေးအခေါ်ရှိသူတွေကိုသေချာဂရုပြုဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ကို ဆွဲချချင်တဲ့ အတွေးအခေါ်ရှိသူတွေကို
သေချာဂရုပြုဖို့လိုတယ်။ Read More »
လူတစ်ယောက် ဘာတွေပြောသလဲထက်ဘာတွေကို ဘယ်လိုလုပ်ပြီးဘာတွေရနေလဲသာ ကြည့်လိုက်။ ခန္ဓာကိုယ် ပုံစံကို ကြည့်လိုက်ကျန်းမာကြံ့ခိုင်ရေးကို ဘယ်လိုတန်ဖိုးထားလဲတွေ့လိမ့်မယ်။ စီးပွားရေးကို ဘယ်လိုလုပ်နေလဲကြည့်လိုက်မဟာဗျူဟာ အကြောင်း ဘယ်လောက် နားလည်လဲသိလိမ့်မယ်။ လုပ်ငန်းလည်ပတ်မှု ပုံစံကြည့်လိုက်စီမံခန့်ခွဲမှု အကြောင်းဘယ်လောက် အသုံးချနိုင်လဲသိလိမ့်မယ်။ ဖောက်သည်တွေ ဘယ်လိုရအောင်လုပ်လဲကြည့်လိုက်မားကတ်တင်း လုပ်တဲ့ပုံကို သိလိမ့်မယ်။ ပြောတဲ့ အတိုင်းလုပ်နေတဲ့သူတွေရှိသလို၊ ဖောရှောပဲ လုပ်တဲ့သူတွေလဲ ရှိမယ်။ အရေးကြီးတာ How you do anything is how you do everything ပဲ။ Phyo Paing @ Derek
အရေးကြီးတာ How you do anything is
how you do everything ပဲ။ Read More »
လူတိုင်းမှာ စူပါပါဝါရှိတယ်။ ဒီစူပါပါဝါ မထွက်လာတာကိုယ့်ကိုယ်ကို နားမလည်သေးလို့။ တခြားသူရဲ့ စူပါပါဝါကို အတုခိုးရမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ စူပါပါဝါကို တူးဖော်အသုံးပြုရမှာ။ ဒါကို နားလည်သွားတဲ့အခါဘဝမှာ မြန်နှုန်းမြင့်သွားလိမ့်မယ်။ Phyo Paing @ Derek
အာရုံနောက်စေပြီး အသုံးမဝင်တဲ့ကောင်ဆို unfriend လုပ်၊မျက်နှာ နာစရာဆို unfollow လုပ်။ အရေးမပါရင် လျစ်လျူရှု။ 🌝 Phyo Paing @ Derek
နားလည်ပုံမတူကြဘူး။ ကျွမ်းကျင်အဆင့်ထိပ်တန်းပညာရှင်၊သာမာန်အဆင့်၊အခုမှစလေ့လာသူအကြောင်းအရာတစ်ခုကိုနားလည်ပုံ မတူကြဘူး။ Garyvee ရဲ့ NFT ကိုနားလည်ပုံနဲ့သာမာန် ဒီဂျစ်တယ်ပိုင်ဆိုင်မှုစုဆောင်းရေးကိုစသူတွေရဲ့ နားလည်မှုမတူကြဘူး။ ဥာဏ်စဉ်မတူရင်အမှန်မြင်တာလဲ မတူနိုင်ဘူး တချို့လူတွေက ကိုယ်ထင်တာအမှန်လို့ထင်တတ်ကြတယ်။ Phyo Paing @ Derek