people

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။

လူတွေအကြောင်းပိုသိလာလေလေလူတွေကို ပိုစာနာတတ်လာလေလေ။ လူတိုင်းက ငယ်ဘဝနာကြင်မှုတွေနဲ့ကြီးပျင်းလာကြတာ။ဒါကို သတိမထားမိတော့ အသက်ကြီးလာတော့လဲ တိုင်ပတ်ကြတယ်။ ဒါကြောင့် NLP မှာ timeline therapy ဆိုတာရှိတယ်။ငယ်ဘဝ သို့ ပထမမှတ်ဥာဏ် SEE လို့ခေါ်တဲ့ Significant emotional event ကို သွားပြင်တာ။ လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Read More »

လူတွေက ကျွန်တော်တို့လုပ်ဆောင်တဲ့
တစ်စိတ်တစ်ပိုင်းကို အကုန်လို့ထင်တတ်ကြတယ်။

ကိုယ့်ကိုကိုယ် ဘောင်မခတ်နဲ့။ လူတွေက သူတို့ရတဲ့ ဘွဲ့ဖြစ်သွားကြတယ်။ ဘွဲ့တွေ၊ ရာထူးတွေ၊ ကျွမ်းကျင်မှုတွေ၊ကိုယ်လုပ်တဲ့အလုပ်တွေနဲ့ ကိုယ့်ကိုကိုယ် ဘောင်မခတ်လိုက်နဲ့။ ဘောင်မခတ်တဲ့ အနုပညာရှင်တွေထဲမှာRapper တွေပါတယ်။Jay-Z, Kanye West, Dr. Dre အစရှိတဲ့သူတွေကို ကြည့်ရင်Rapper နဲ့ စတယ်။ သူနဲ့ ဆက်စပ်တဲ့ Fashion နောက် Club အပြင်သိပ်မဆိုင်နဲ့ နည်းပညာဖက်လဲလုပ်တယ်။ လူတွေက ကျွန်တော်တို့လုပ်ဆောင်တဲ့တစ်စိတ်တစ်ပိုင်းကို အကုန်လို့ထင်တတ်ကြတယ်။ ကိုယ့်ဘဝရဲ့အကောင်းဆုံးအစိတ်အပိုင်းတွေကို ထုတ်ဖော်ဖို့မကြောက်ဖို့လိုသလို ဘူတွေ သတ်မှတ်ထားတဲ့ ဘောင်ထဲမှာပဲမနေပါနဲ့။ Phyo Paing @ Derek

လူတွေက ကျွန်တော်တို့လုပ်ဆောင်တဲ့
တစ်စိတ်တစ်ပိုင်းကို အကုန်လို့ထင်တတ်ကြတယ်။
Read More »

လူအများစုက မနားသင့်တဲ့အချိန်
နားလိုက်တတ်ကြတယ်။

လူတွေက နေရာလေးတစ်ခုရအောင်မြင်လာရင်ဘယ်အချိန်မဆို သူဒီနေရာပြန်လာပြီးလုပ်ရင် အောင်မြင်မယ်လို့ထင်တတ်ကြတယ်။​ အလုပ်တစ်ခုလုပ်တဲ့အခါအရှိန်လိုတယ်။​မြန်နှုန်းမြင့်နေတဲ့အချိန် မနားလိုက်နဲ့။မိုးရွာတုန်းရေခံ၊သံပူတုန်းရိုက်ဖို့ အရေးကြီးတယ်။​ လူအများစုက မနားသင့်တဲ့အချိန်နားလိုက်တတ်ကြတယ်။ဒါက ကိုယ့်ရဲ့ အကောင်းဆုံးအခွင့်အရေးကို ဖျက်ဆီးလိုက်တာနဲ့တူတူပဲ။ Phyo Paing @ Derek

လူအများစုက မနားသင့်တဲ့အချိန်
နားလိုက်တတ်ကြတယ်။
Read More »

လူတွေကို သုံး၊လေးလနဲ့ ကောက်ချက်မချမိဖို့ပဲ။

လူတစ်ယောက်ရဲ့ performance ကို ရေတိုနဲ့ ရေရှည်ကြည့်လို့ရတယ်။တချို့က တာထွက်တဲ့အချိန်အရမ်းကောင်းတယ်။တချို့က တာထွက်တော့ ပုံမှန်ပဲ။ တချို့က တာထွက်တဲ့အချိန် တော်တော်ရုန်းကန်ရတယ်။ ဒါပေမယ့် နှစ်အနည်းငယ်ကြာတဲ့အခါ အပြောင်းအလဲတွေ ဖြစ်လာတယ်။ တချို့က စွမ်းဆောင်ရည် တန့်သွားတယ်။တချို့က ကျသွားတယ်။တချို့က တိုးတက်လာတယ်။တချို့က တက်လိုက်ကျလိုက်။ တချို့က ဖြေးဖြေးမှန်မှန် တက်လာတယ်။ဒီကနေ ကောက်ချက်ချမိတာတစ်ခုကတော့လူတွေကို သုံး၊လေးလနဲ့ ကောက်ချက်မချမိဖို့ပဲ။ Phyo Paing @ Derek

လူတွေကို သုံး၊လေးလနဲ့ ကောက်ချက်မချမိဖို့ပဲ။ Read More »

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး

ကိုယ်တွေ့တဲ့သူတိုင်းက ပေးတဲ့Vibe ကိုမှတ်ထားလိုက်တယ်။ဘယ်သူ့ကိုရှောင်ရမယ်၊ဘယ်သူနဲ့ များများတွေ့ရမယ်၊ဘယ်သူနဲ့လျော့တွေ့ရမယ် ပြန်ချိန်ကြည့်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့ဓာတ်မတူကြဘူး။တချို့ အကြည်ဓာတ်၊တချို့က အပူဓာတ်၊တချို့က ပျော့ပျော့လေးနံတဲ့ ကြောင်ချီး၊တချို့က လေးလံတယ်၊တချို့ကတက်ကြွ၊တချို့ ရင်ခုန်မှုတွေနဲ့၊တချို့က လှုံခြုံမှု၊တချို့က တိုက်မယ်ခိုက်မယ်၊တချို့က အတွေးအခေါ်သစ်တွေနဲ့အဲ့လို တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ℙ𝕙𝕪𝕠 Paing @ Derek

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး
Read More »

ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်က
ဘာလဲ?

လူတစ်ယောက်နဲ့ တွေ့လိုက်တဲ့အခါဘဝကြီး အဓိပ္ပာယ်ပိုရှိလာတာမျိုးကြုံဖူးလား? ကိုယ့်ရဲ့ကလေးဖြစ်ရင်ဖြစ်မယ်၊ ချစ်သူ၊ ရည်းစား၊ လင်မယားဖြစ်ရင်ဖြစ်မယ်၊သူငယ်ချင်းတစ်ယောက်ဖြစ်ရင်ဖြစ်မယ်၊ကိုယ့်ကို အလင်းဖွင့်ပေးတဲ့ သူတစ်ယောက်ဖြစ်ရင်ဖြစ်မယ်။ ဒါက ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖွေတဲ့ပထမနည်း။ ဒုတိယနည်းကတော့ အရာတစ်ခုခုကို ဖန်တီးရင်းဘဝရဲ့ အဓိပ္ပာယ်ကို ရှာတာ။ ပညာရပ်တစ်ခု၊ ကောင်းမှုတစ်ခု၊ လူတွေကို ကူညီချင်တာတစ်ခုပေါ်မှာပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။ တတိယတစ်ခုကတော့ ဘဝကို ပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပေးဆပ်ပြီးသတ္တဝါတွေ ကယ်တင်ဖို့ဆိုတာမျိုး။ ဒီနေ့အောင်မြင်တဲ့ စင်္ကာပူဖြစ်လာတယ်။ဘာတွေပေးဆပ်လိုက်ရလဲ?ငါ့ဘဝတစ်ခုလုံးပေါ့တဲ့ သူဖြစ်ချင်တဲ့ ရှေ့နေအလုပ်ကိုစွန့်ပြီးသူ့နိုင်ငံကလူတွေ မလေးရှားကခွဲထုတ်လိုက်လို့ ဒုက္ခရောက်နေတာမကြည့်ရက်လို့နိုင်ငံရေးထဲ ဝင်ခဲ့တဲ့ လီကွမ်းယူ။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်က
ဘာလဲ?
Read More »

ကိုယ်မဖြစ်ချင်တဲ့ list

နာမကျန်းဖြစ်တဲ့အခါ အရည်အချင်းမရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းတဲ့နေရာမှာ ခံစားပြီး မသေချင်ဘူး။ အသက် ၇၀ လောက်မှာ အိုနာပြီး နာတာရှည်ရောဂါမဖြစ်ချင်ဘူး။ အသက်ကြီးတဲ့အခါ တစ်ယောက်တည်းအထီးမကျန်ချင်ဘူး။ အသက်ကြီးတဲ့အခါ လောကအတွက်အသုံးမဝင်တဲ့သူ မဖြစ်ချင်ဘူး။ အသက်ကြီးမှ ငွေကြေးဒုက္ခရောက်နေတာမျိုးမဖြစ်ချင်ဘူး။ ဘဝကို ပိုက်ဆံအတွက် ရုန်းကန်နေရတာမဖြစ်ချင်ဘူး။ ကိုယ်မကြိုက်တဲ့အလုပ်ကို ပိုက်ဆံအတွက်လုပ်နေရတာ မကြိုက်ဘူး။ လူအများသတ်မှတ်ထားတဲ့ အောင်မြင်မှုဆိုတာကို သက်သေပြဖို့ ကိုယ့်အချိန်တွေ ဖြုန်းပြီး အသက်မရှင်ချင်ဘူး။ တစ်နိုင်ငံထဲပေါ် မူတည်ပြီး တိုင်ပတ်တဲ့အခါ ပြေးပေါက်မဲ့တဲ့ဘဝ မဖြစ်ချင်ဘူး။ လူတွေရဲ့ အထင်အမြင်မှာအသက်မရှင်ချင်ဘူး။ ဘဝမှာ ဘာမလုပ်ရဘူး၊ ဘာပဲလုပ်ရမယ်ဆိုတဲ့ကန့်သတ်ချက်တွေနဲ့ မနေချင်ဘူး။ ဒီ မဖြစ်ချင်တဲ့ အရာတွေကို ကာကွယ်ဖို့ ၁။ အစားအသောက်၂။ ကျန်းမာရေး၃။ အချစ်ရေး၄။ အပေါင်းအသင်း၅။ အလုပ်အကိုင်၆။ စီးပွားရေး ၇။ အနာဂတ် plan

ကိုယ်မဖြစ်ချင်တဲ့ list Read More »

ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။

လူဆိုတာ အကျင့်ပါတာ မတရားလွယ်တဲ့ သတ္တဝါ။အထူးသဖြင့် မကောင်းတဲ့အကျင့်ပေါ့။ ငါဒီနေ့တော့ စားလိုက်ပါအုံးမယ်ဆိုတဖြဲနှစ်ဖြဲစားတော့ နောက်နေ့စားချင်ပြန်ရော။နောက်ရက်ဆက်သွားရော။ ငါဒီနေ့တစ်ရက် နားလိုက်ပါအုံးမယ်ဆိုပြီးတစ်ရက်တစ်ရက် မဖြစ်မနေလုပ်ရမည့် ဝတ္တရားတွေ မလုပ်ပဲအလေလိုက်ပြန်တော့ အကျင့်ပါသွားရော။ နားရမည့်အချိန်နားသလိုအလုပ်လုပ်ရမည့်အချိန် အချောင်ခိုရင်နောက်ဆုံး ဒုက္ခရောက်မှာ ကိုယ်ပဲ။ ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။ Read More »

လူတွေရဲ့ ဦးနှောက်က
အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စက်တစ်ခုပဲ။

meaning-making machine ဆိုပါတော့။ ဥပမာ လူတစ်ယောက် ကိုယ့် message ကိုseen ဖြစ်ပြီး reply ပြန်မလာတဲ့အခါ သူက ကြီးကျယ်တာလား၊ငါဘာအမှားများလုပ်မိလို့လဲ၊ငါ့ကို ကြည့်မရတာလား၊သူမအားတာလား အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုတတ်ကြတယ်။ ဒီလို အဓိပ္ပာယ်ဖွင့်တဲ့အခါ ပုံပြင်တွေဖန်တီးပြီးဖွင့်ကြတယ်။ဒီပုံပြင်တွေက လူတွေရဲ့ စိတ်ခံစားမှုကို လွမ်းမိုးမှုရှိတယ်။ တချို့ ငနဲတွေတွေ့ဖူးလိမ့်မယ်။သူဘယ်လောက် မှားနေပါစေ၊ မမှားဘူးပဲ။ သူ့ story နဲ့ သူ ဟုတ်နေတာမျိုး။ တချို့ကျတော့လဲ ကိုယ့်ကိုကိုယ်ပြောတဲ့ ပုံပြင်တွေကို မပျော်ပဲတိုင်အမြဲပတ်နေတာမျိုး။ ကိုယ့်ကိုကိုယ် ပြောနေတဲ့ပုံပြင်တွေ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေရဲ့ ဦးနှောက်က
အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စက်တစ်ခုပဲ။
Read More »

ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။

လူတွေက ပြဿနာမရှိအောင်ဆုတောင်းကြတယ်။ ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ ကျောင်းတွေမှာ ဒါမေးဒါကျက်ဒါဖြေနဲ့ ကြီးလာပြိး ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့အတွေးအခေါ် ကျွမ်းကျင်မှုထည့်မပေးလိုက်ဘူး။ ဒါကြောင့်လူအများစုဟာ စိတ်ခံစားမှုပေါ်မူတည်ပြီးဆုံးဖြတ်ကြရင် လမ်းကြောင်းတွေလွဲသွားခဲ့ကြရတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ဖို့flexibility လိုတယ်။ကိုယ်လိုချင်တာရဖို့ တစ်ဖက်လူဘာလိုချင်တာလဲဆိုတာ သိရမယ်။အဓိက အရင်းအမြစ်ကဘာလဲroot cause analysis လုပ်ရမယ်။ပြဿနာဖြေရှင်းနိုင်တဲ့option တွေကို ဆွဲထုတ်ပြီးလိုချင်တာရအောင် အားထုတ်ရမှာဒါ သဘာဝပဲ မဟုတ်လား။ ပညာသင်တယ်ဆိုတာ စဥ်းစားတတ်အောင်ပြဿနာတွေ ဖြေရှင်းတတ်အောင်သင်ပေးခြင်းတစ်မျိုးပဲ မဟုတ်လား။ Phyo Paing @ Derek

ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ Read More »