people

လူတစ်ယောက်ထဲမှာ အကောင်းဆုံးအရာတွေ
အကုန်လုံးရှိနေဖို့ မလွယ်ဘူး

ဒါကြောင့် ဘယ်အပိုင်းက ကိုယ့်အတွက်အရေးကြီးလဲ သတ်မှတ်ရတယ်။ လက်ရှိလိုအပ်ချက်၊ အနာဂတ်လိုအပ်ချက်။ Phyo Paing @ Derek

လူတစ်ယောက်ထဲမှာ အကောင်းဆုံးအရာတွေ
အကုန်လုံးရှိနေဖို့ မလွယ်ဘူး
Read More »

ငယ်ငယ်က ဖြတ်သန်းမှုက
လူတစ်ယောက်ဘဝကို
အကြီးအကျယ်လွမ်းမိုးမှုရှိတယ်။

တချို့အိမ်တွေမှာ မိဘတွေတကျက်ကျက် ရန်ဖြစ်တဲ့မိသားစုက ပေါက်ဖွားလာတဲ့အခါကလေးတစ်ယောက်မှာ စိတ်ခံစားမှုရှိတယ်။သူ့အနေနဲ့ မပြောပေမယ့် စိတ်ထဲ ခံစားရတတ်တယ်။ဒီအထဲမှာ အဖွားနဲ့ အမေမတည့်တဲ့အခါပိုစိတ်ညစ်ရတာမျိုးတွေဖြစ်တတ်တယ်။ ဒါကို ရှောင်လွဲဖို့ လူတွေနဲ့ကိုယ်နဲ့ စိတ်ခံစားချက်ကို ဖယ်ထားတာမျိုး ဖြစ်လာပြီး လူအများစုခံစားရတာနဲ့ကိုယ်ခံစားရတာ radar လွတ်နေတတ်တယ်။ အဖေနဲ့ အမေရဲ့ ဆက်ဆံရေးပေါ်မူတည်ပြီးအချစ်ရဲ့ strategy ဖြစ်ပေါ်လာတတ်တယ်။ အဖေက အမြဲခရီးထွက်နေတတ်တဲ့မိသားစုနဲ့ ဘေးနားမှာ ကျောင်းကြိုပို့လုပ်တဲ့မိသားစုမှာ မတူညီတဲ့love strategy တွေရှိကြတယ်။ လူတစ်ယောက်ရဲ့ love strategy ကိုသိိဖို့“ငယ်ငယ်က အဖေနဲ့ အမေ ဘယ်သူ့အချစ်ကိုပိုခုံမင်ခဲ့လဲ” ဆိုတဲ့မေးခွန်းမေးလို့ရတယ်။ အဖေ၊ ဒါမှ မဟုတ် အမေ့အချစ်ကိုရဖို့ဘယ်လို ကြိုးစားအားထုတ်ရလဲပေးကြည့်ကြည့်။ တချို့က ကိုယ်ချစ်တဲ့မိဘရဲ့အချစ်ကိုရဖို့လိမ်လိမ်မာမာ နေရတယ်။တချို့က ဂျီကျမှ ဂရုစိုက်ခံရတယ်။ ငယ်ငယ်ရဲ့ ဘဝဖြတ်သန်းမှုက တစ်ဘဝလုံးကို လွမ်းမိုးမှုရှိတယ်လို့ထင််တယ်။ Phyo Paing

ငယ်ငယ်က ဖြတ်သန်းမှုက
လူတစ်ယောက်ဘဝကို
အကြီးအကျယ်လွမ်းမိုးမှုရှိတယ်။
Read More »

ယောကျာ်းတွေကြုံတွေ့နေရတဲ့
ဒီနေ့ခေတ် စိန်ခေါ်မှုကကြီးတယ်။

ဒါကြောင့်လဲ Andrew Tate ရဲ့ကြီးထွားမှုက အရမ်းမြန်ခဲ့တာ။ အဓိက အကြောင်းအရင်းကဒီနေ့ခေတ် အမျိုးသမီးတွေက ပညာတတ်လာတာ၊ တော်လာတာကြောင့်Relationship dynamics မှာ လွမ်းမိုးရခက်လာတာလဲ ပါတယ်။နောက်တစ်ခုက ပညာတတ်လာတာနဲ့အမျှမျှော်မှန်းချက်တွေက များလာတယ်။ ဒီ စံနှုန်းတွေကို ဖြည့်ဆည်းဖို့အတွက်အမျိုးသားအများစုဟာ စိတ်ဖိစီးမှု ဒဏ်ကို ခံကြရတယ်။ အမျိုးသမီးအများစုက ကိုယ့်သမီးရည်စား၊ လင်မယားကိုနှိုင်းယှဉ်တဲ့အခါလဲတခြားအမျိုးသမီးတွေရဲ့ spouse တွေရဲ့top 10% နဲ့ ပဲ သွားနှိုင်းယှဉ်တဲ့အခါအခြေခံ bottom line 90% က စိတ်ဖိစီးမှု များနိုင်တယ်။ Phyo Paing @ Derek

ယောကျာ်းတွေကြုံတွေ့နေရတဲ့
ဒီနေ့ခေတ် စိန်ခေါ်မှုကကြီးတယ်။
Read More »

သူများနဲ့ မနှိုင်းယှဉ်နဲ့။

စေတနာထားပြီး အလုပ်လုပ်။ရလဒ်ရအောင်လုပ်။လိပ်ပြာလုံတဲ့ အလုပ်ကိုလုပ်။ပြဿနာကို ဖြေရှင်း။ပြဿနာကို ဒုက္ခအနေနဲ့ မပြောင်းလိုက်နဲ့။အားမနာနဲ့။လုပ်သင့်တာ အရင်လုပ်။ပြီးမှ လုပ်ချင်တာလုပ်။ Phyo Paing @ Derek

သူများနဲ့ မနှိုင်းယှဉ်နဲ့။ Read More »

လူဆိုတာ စနစ်တစ်ခုပဲ။

ဒီစနစ်တွေ သေချာလည်ပတ်မှခန္ဓာကိုယ် ဂေဟစနစ် ကောင်းမယ်။ အစားအသောက်၊ အတွေးအခေါ်၊ အမူအကျင့်နဲ့ အသက်အရွယ်အပြောင်းအလဲက ဒီစနစ်အပေါ်လွမ်းမိုးမှုရှိတယ်။ ဒီစနစ်ကြီးက အသက်အရွယ်တစ်ခုရောက်လာလေလေ ယိုယွင်းလာလေလေပဲ။ဒီ ယိုယွင်းမှု aging process ကိုစောစောကာကွယ်ထားမှယိုယွင်းတာ နှေးသွားမယ်။ နှစ်ပေါင်း ၈၀ နေရရင်ရက်ပေါင်း ၂၉၂၀၀ နေရမယ်။ အသက် ၃၃ နှစ်ဆိုရင်ရက်ပေါင်း ၁၂၀၄၅ နေပြီးပြီ။ ဘဝဆိုတာ တိုတိုလေးပဲ။ တစ်နှစ်ဆိုတာ ဖင်လှည့်ခေါင်းလှည့်နဲ့ ဘယ်လို ကုန်သွားမှန်းမသိတတ်ဘူး။ ကိုယ့် ခန္ဓာကိုယ် ဂေဟစနစ်ကိုပျက်စီးစေတဲ့အရာ ဘယ်အရာကိုမှ မလုပ်မိဖို့ သတိနဲ့ နေတာ ရက်ပေါင်း ၃၁၇ ရက်ရှိပြီ။ Phyo Paing @ Derek

လူဆိုတာ စနစ်တစ်ခုပဲ။ Read More »

လောကမှာ ကိုယ်ထိန်းချုပ်လို့မရတဲ့
တွန်းအားတွေ၊ အဖြစ်အပျက်တွေရှိတတ်တယ်။

Covid-19, Coup အပြင် ကိုယ် ထိန်းချုပ်မရတဲ့ အဖြစ်အပျက်တွေကြောင့်ဖြစ်ပေါ်တဲ့ ဒုက္ခတွေရှိတယ်။ ဗုဒ္ဓဘာသာမှာတော့ဒုက္ခ ဆိုတာ ဆင်းရဲခြင်းသဘော၊ ဝေဒနာ၊ ဝမ်းနည်းမှု၊ သောကဖြစ်စေသောအကြောင်းလို့ဆိုတယ်။ ဒုက္ခ(၈)ပါးရှိတယ်။ (၁)ဇာတိဒုက္ခ=ပဋိသန္ဓေနေရခြင်းဆင်းရဲ။(၂)ဇရာဒုက္ခ=အိုမင်းရင့်ရော်ရခြင်းဆင်းရဲ။(၃)ဗျာဓိဒုက္ခ=နာမကျန်းဖြစ်ရခြင်းဆင်းရဲ။(၄)မရဏဒုက္ခ=စုတေလွန်ရခြင်းဆင်းရဲ။(၅)အပိယေဟိသမ္ပယောဂဒုက္ခ=မချစ်မနှစ်သက်သောသတ္တဝါနှင့်အတူကြုံရခြင်းဆင်းရဲ။(၆)ပိယေဟိဝိပ္ပယောဂဒုက္ခ=ချစ်အပ်သူနှင့်ကွဲနေရခြင်းဆင်းရဲ။(၇)ယံပိစ္ဆံနလဘတိဒုက္ခ=လိုသည့်အရာကိုမရသောဆင်းရဲ။(၈)ပဉ္စုပါဒါနက္ခန္ဓဒုက္ခ=ခန္ဓာငါးပါးဖြစ်ပေါ်နေရခြင်းဆင်းရဲစသည်တို့ဖြစ်သည်။ ဒီဒုက္ခတွေကို ကျော်လွန်နိုင်ဖို့ စိတ်ထားတတ်ဖို့လိုတယ်။ နည်းစနစ်သေချာရှိဖို့လိုတယ်။ လောကဓံရှစ်ပါးကို ကြံ့ကြံံံ့ခံနိုင်ဖို့လိုတယ်။ လောကဓံရှစ်ပါးဆိုတာကတော့ (၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။

လောကမှာ ကိုယ်ထိန်းချုပ်လို့မရတဲ့
တွန်းအားတွေ၊ အဖြစ်အပျက်တွေရှိတတ်တယ်။
Read More »

လူတွေ အသိအမှတ်ပြုတဲ့အပေါ်
ဘဝလို့ထင်ပြီး မသာယာလိုက်နဲ့။

လူတွေရဲ့ အထင်အမြင်က အချိန်နဲ့အမျှ အပြောင်းအလဲဖြစ်နေတတ်တယ်။ ဒီအပေါ်မှာ သွားခံစားနေရင် မှားလိမ့်မယ်။ တစ်ယောက်တည်းနေနေလဲ စိတ်ငြိမ်းချမ်းအောင် နေနိုင်ဖို့ လေ့ကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek

လူတွေ အသိအမှတ်ပြုတဲ့အပေါ်
ဘဝလို့ထင်ပြီး မသာယာလိုက်နဲ့။
Read More »

ယောကျာ်းတွေ အိုလာရင် နူးညံ့လာတယ်။

ငယ်တုန်းကသာ ဆိုးမိုက်ခဲ့မယ်။အသက်ကြီးတော့ နူးညံ့သိမ်မွေ့သွားတာTestosterone level နဲ့လဲဆိုင်တယ်။40% သော ယောကျာ်းတွေကအသက် ၄၅ ကျော်ရင် Testosterone level နည်းလာတတ်တယ်။ အဲ့ဒါနည်းရင် ပြောချင်တာမပြောရဲသတ္တိတွေလျော့လာ၊ sex drive နည်းလာတာ၊ဒါတွေ ဖြစ်တယ်။များလွန်းရင်လဲ aggressive ဖြစ်ရန်တွေဖြစ်တတ်တယ်။ ဒါပေမယ့် ကိုယ့်က အသက် ၇၀ ကျော်ထိဂေါ်နေချင်ရင် တချို့ hormone တွေကိုထိန်းထားရသလို၊ muscle mass လဲတည်ဆောက်ထားဖို့လိုတယ်။ ယောကျာ်းစစ်စစ်တွေက ယောကျာ်းလို မစဉ်းစားလို့တချို့ပြဿနာတွေက မလိုအပ်ပဲဖြစ်တာ။တည့်ရှင်းရင် ပြေလည်ဖို့ လွယ်တယ်။အိညောင်အိညောင် လုပ်တာတွေကTestosterone နည်းတဲ့အတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

ယောကျာ်းတွေ အိုလာရင် နူးညံ့လာတယ်။ Read More »

တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။

တခါတလေ ကိုယ်နေတဲ့မြို့ကိုယ်ပေါင်းတဲ့ အပေါင်းအသင်ကြားကိုယ်လုပ်တဲ့အလုပ်ကိုယ့် အလုပ်နယ်ပယ်မှာတခြားသူတွေနဲ့ အတူပဲကိုယ်က တစ်ယောက်တည်းလွတ်နေတတ်တယ်။ လူတွေက စိတ်ဝင်စားတာကိုယ်က စိတ်ဝင်မစားတာမျိုး။သူများတွေ inspire ဖြစ်တာကိုယ်ကမဖြစ်။သူတို့ဖြစ်ချင်တာက တမျိုးကိုယ်ဖြစ်ချင်တာက တမျိုး။ သူများတွေ ပျော်နေတုန်းကိုယ်က အနာဂတ်အတွက်စဉ်းစားကြိုတင်တိုင်ပတ်နေတာမျိုးလဲဖြစ်ရင် ဖြစ်မယ်။ သူများတွေ တိုင်ပတ်နေချိန်အဲ့လို တိုင်ပတ်မှုအပေါင်းသရဖူဆောင်းပြီးကိုယ်တိုင်ပတ်တဲ့ အဆင့်ကနောက်တစ်ဆင့်ရောက်နေတာမျိုးလဲဖြစ်ချင်ဖြစ်မယ်။ အဲ့လိုမျိုး ပတ်ဝန်းကျင်နဲ့နည်းနည်းလွတ်နေတာမျိုးဖြစ်နေတတ်တယ်။ ဒါက ရူးတာ မဟုတ်ဘူး။အများလျှောက်တဲ့လမ်းနဲ့မတူတာ။အတွေးအခေါ်မတူတာ။အိမ််မက်တွေ မတူတာ။အနာဂတ်အမြင်မတူတာ။ တခါတလေ လွတ်နေတာမကောင်းဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။ Phyo Paing @ Derek

တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။
Read More »