people

တချို့လူတွေကို
သင်ပေးဖို့အခက်ဆုံးအရာက
သင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်။

ဒီအတွေးအခေါ်ကို တော်တော်လေးသင်ပေးရခက်တယ်။ ငွေကြေးဘယ်လောက်ရှိရှိတချို့လူတွေအတွက်အကောင်းနဲ့မထိုက်တန်ဖူးလို့အမြဲတွေးနေတတ်တဲ့သူတွေရှိတယ်။ အဲ့လိုလူတွေအတွက် ကိုယ်ရှာပြီး ကိုယ်မသုံးလိုက်ရတာမျိုးတွေအမြဲဖြစ်တတ်တယ်။ ဘဝကို ကောင်းကောင်းဖြတ်သန်းဖို့ကိုယ့်ကိုကိုယ် အကောင်းဆုံးနဲ့ထိုက်တန်တယ်ဆိုတာအမြဲယုံကြည်ထားဖို့လိုတတ်တယ်။ ကိုယ့်ကိုကိုယ် ဆုလာဘ်လို့မြင်ပြီးအဲ့လိုဖြစ်အောင်လဲနေ့တိုင်းပြုမူနေထိုင်ဖို့လိုတယ်။ “သင်ဟာ တခြားသူတွေအတွက်ဆုလာဘ်တစ်ခုပဲ။” Phyo Paing @ Derek

တချို့လူတွေကို
သင်ပေးဖို့အခက်ဆုံးအရာက
သင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်။
Read More »

လူတွေကို သန်မာစေတာ
ဒုက္ခတွေပဲ။

လိုချင်တာမရတဲ့အခါ၊ရထားတာမလိုချင်တဲ့အခါ၊မလိုချင်တာရတဲ့အခါဒီခါးသီးမှုတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာ လူတစ်ယောက်ရဲ့ဘဝကိုအဆုံးအဖြတ်ပေးပါတယ်။ ဘဝဆိုတာ ဒုက္ခလို့ဗုဒ္ဓက သစ္စာလေးပါးရဲ့ပထမတစ်ပါးအနေနဲ့ဟောကြားခဲ့တယ်။ ဒုက္ခ ဆိုတဲ့ စကားလုံးကပါဠိဘာသာစကား (Pali) ကနေ ဆင်းသက်လာတာဖြစ်ပြီးဒီစကားလုံးရဲ့ ဇစ်မြစ်ကို ပိုင်းခြားကြည့်ရင် “du” – ဆိုးရွား၊ မကောင်း၊ ခက်ခဲ“kha” – လွတ်လပ်ခြင်း၊ လေဟာပြင်အဓိပ္ပာယ်ရပါတယ်။ လွတ်မြောက်မှု မရနိုင်သေးတဲ့ အခြေအနေ၊ ဆင်းရဲဒုက္ခနဲ့ ယှဉ်နေရတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ဒုက္ခကို အကြမ်းသုံးမျိုးခွဲလို့ရပါတယ်။ ၁။ ဒုက္ခဒုက္ခ (Dukkha-dukkha) ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေဥပမာ – နာမကျန်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဝမ်းနည်းခြင်းဒါကတစ်ဒုက္ခ။ ၂။ ဝိပရိဏာမဒုက်ခ (Viparinama-dukkha) ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခဥပမာ – ချစ်ခင်သူနဲ့ ကွဲကွာရခြင်း၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်းပျော်ရွှင်မှုတွေ၊ ကောင်းမွန်တဲ့အရာတွေ ပြောင်းလဲပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့

လူတွေကို သန်မာစေတာ
ဒုက္ခတွေပဲ။
Read More »

ကိုယ့်အတွက် အကျိုးစီးပွါး
အခုရော၊ ရေရှည်အတွက်ပါမရှိဘဲ
လာဘူနေတဲ့သူတွေကို
ဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။

လူမှုကွန်ယက် social media မှာအကြိုက်ဆုံးက ban လုပ်နိုင်တာ။ကိုယ့်အတွက် အကျိုးစီးပွါးအခုရော၊ ရေရှည်အတွက်ပါမရှိဘဲလာဘူနေတဲ့သူတွေကိုဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။X မှာတော့ block လို့ရတာဖယ်မယ်ပြောတယ်။ လူတွေက မွဲနေရင်မပျော်ဘူး။ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ရင်မပျော်ဘူး။အချစ်မရှိရင်လဲ မပျော်ဘူး။ပလစ်ခံရရင်လဲ မပျော်ဘူး။မပျော်ရင် ဒီအပူကိုတခြားသူကိုပေးချင်တယ်။ဂရုစိုက်ရတယ်။ ချစ်ကျွမ်းဝင် romantic ဖြစ်နေတဲ့သူနူးညံ့နေတာကြည့်ရင်ပျော်တဲ့သူက အပျော်တွေပေးနိုင်တယ်။ဘူမွဲက ဘူတာ၊ မွဲတာပေးနိုင်တယ်။ကိုယ့်အကြောင်းထက် သူများအကြောင်းပိုစိတ်ဝင်စားမယ်။လူတွေက အမှိုက်ရှိမှ အမှိုက်လိုက်ပစ်တာ။လက်မခံဖို့လိုတတ်တယ်။ Phyo Paing @ Derek

ကိုယ့်အတွက် အကျိုးစီးပွါး
အခုရော၊ ရေရှည်အတွက်ပါမရှိဘဲ
လာဘူနေတဲ့သူတွေကို
ဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။
Read More »

ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။

တစ်ရက်တစ်ရက် ကိုယ့်ရဲ့ ၂၄ နာရီမှာအာရုံ၊ အင်နာဂျီ၊ အတွေး၊ အကြံ၊ အလုပ်ဒီ “အ” ငါးလုံးကို ဘယ်မှာစုစည်းရမလဲတော်တော် အရေးကြီးတယ်။ အရေးမပါတာကို အရာပေးရင်အရေးမပါတဲ့သူ ဖြစ်လာမယ်။ အရေးပါတာကို အရာပေးမှအရေးပါအရာရောက်တဲ့သူဖြစ်လာမယ်။ ဒါကြောင့် အရေးမပါတာအရာမပေးမိဖို့လိုတယ်။ ကိုယ့်အတွက် တန်ဖိုးမရှိရင်ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။ Phyo Paing @ Derek

ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။
Read More »

လူနဲ့ အရင်းအနှီး

လူတစ်ယောက်ရဲ့ ဘဝအောင်မြင်မှုက သူ့မှာရှိတဲ့ အရင်းအနှီးတွေအပေါ် များစွာမူတည်ပါတယ်။ အရင်းအနှီးတွေ ပိုများလေ၊ ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုများလေပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဘဝမှာ အရင်းအနှီးတွေ တိုးပွားအောင် အမြဲကြိုးစားနေဖို့ လိုအပ်ပါတယ်။ ၁။ ပညာရေးနဲ့ အသိဉာဏ်ပညာ အရင်းအနှီး ဦးနှောက်ထဲမှာ သိုလှောင်ထားတဲ့ အသိပညာ၊ အတွေးအခေါ်တွေဟာ တန်ဖိုးရှိတဲ့ အရင်းအနှီးတွေပါ။ စာအုပ်စာပေတွေဖတ်ခြင်း၊ လေ့လာသင်ယူခြင်းတွေကနေ ရရှိလာတဲ့ ဗဟုသုတတွေက နောင်တစ်ချိန် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ အတတ်ပညာတွေကို အမြဲတိုးတက်အောင် လုပ်နေဖို့ လိုပါတယ်။ ၂။ ငွေကြေးဆိုင်ရာ အရင်းအနှီး ငွေကြေးချမ်းသာကြွယ်ဝမှုဟာ အရေးကြီးတဲ့ အရင်းအနှီးတစ်ခုဖြစ်ပါတယ်။ ငွေကြေးကောင်းမွန်စွာ စီမံခန့်ခွဲခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ စုဆောင်းခြင်းတွေက ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ စီးပွားရေး

လူနဲ့ အရင်းအနှီး Read More »

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို
သေချာရွေးချယ်ဖို့လိုတယ်။

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို သေချာရွေးချယ်ဖို့လိုတယ်။ အသိ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊အသိုင်းအဝိုင်း၊ မိသားစု၊ ကိုယ်နဲ့တွေ့တဲ့သူတွေရဲ့ interactions တွေက ကိုယ့်အပေါ်တော်တော်လွမ်းမိုးမှုရှိတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို
သေချာရွေးချယ်ဖို့လိုတယ်။
Read More »

ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။

ဖြစ်ချင်တာထက် ဖြစ်လာတာပိုအရေးကြီးတယ်။ လူတိုင်းက ဘာဖြစ်ချင်တယ်။ဘာရချင်တယ်။ဆန္ဒတွေ ရှိကြမယ်။ ဆန္ဒရှိတိုင်းဖြစ်လာမယ်ဆိုရင်လူတိုင်း ကြိုးစားကြံဆစရာတောင်လိုမှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေကို ၁၀% အချိန်ပေးပြီးရင်ဖြစ်လာတာတွေကို ၉၀% အချိန်ပေးဖို့လိုနိုင်တယ်။ နေ့တိုင်းက အသစ်တွေဖြစ်လာနေတယ်။ကောင်းတာရှိတယ်။ သိပ်မကောင်းတာရှိတယ်။ အရေးကြီးတာ ဖြစ်ချင်တာဖြစ်လာဖို့ဖြစ်ချင်တာထက်နေ့စဥ်ဖြစ်လာတာတွေကို ပိုအာရုံစိုက်ပါ။ ဒီနှစ်ခုကို ချိန်ငြိပါ။ အသေးစိတ်ထပ်ရှင်းပြပါရစေ။ အိပ်မက်နဲ့ လက်တွေ့ကျွန်တော်တို့ လူတိုင်းမှာ အိပ်မက်တွေရှိကြပါတယ်။ “ကားလှလှလေး တစ်စီးလိုချင်တယ်”“အိမ်ကြီးကြီးလေး ပိုင်ချင်တယ်”“စီးပွားရေးလုပ်ငန်းကြီး ထူထောင်ချင်တယ်”ဒါပေမယ့် အိပ်မက်ချည်းပဲ မက်နေလို့ မရပါဘူး။ လက်တွေ့မှာ နေ့တိုင်း ဘာတွေဖြစ်နေလဲ၊ ဘယ်လိုကိုင်တွယ်နေလဲက ပိုအရေးကြီးပါတယ်။ ဥပမာ –မနက်အိပ်ယာထ အလုပ်သွား၊ လုပ်ငန်းခွင်မှာ ကြိုးစား၊ ညနေအိမ်ပြန်၊ မိသားစုနဲ့အတူနေ။ဒါတွေက ပုံမှန်ဖြစ်နေတဲ့ အရာတွေပါ။တချို့ရက်တွေ ကောင်းမယ်။ တချို့ရက်တွေ မကောင်းဘူး။ဒါပေမယ့် ဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်မှ ရည်မှန်းချက်တွေ တဖြည်းဖြည်း ဖြစ်လာမှာပါ။

ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။
Read More »

အမှိုက်တွေရှင်းဖို့လိုတယ်။

မတူညီတဲ့သူတွေရဲ့ သူတွေနဲ့တွေ့ရင်မတူညီတဲ့ အင်နာဂျီဓာတ်ပြုမှုဖြစ်သလိုဖြစ်တယ်။ ကိုယ်မကြိုက်တဲ့ အင်နဂျီလူတွေရှောင်တယ်။တချို့သူတွေ မရှိလဲကိုယ့်ဘဝက ဘာမှဖြစ်မသွားဘူး။လူတိုင်းပျော်အောင်လုပ်နေတဲ့ပျော်တော်ဆက်လဲ မဟုတ်ဘူး။ ဒါကြောင့် အကန့်တွေနဲ့နေဖြစ်တယ်။ဘဝကလဲ အနှစ်သာရပိုရှိလာတယ်။ ကိုယ့်လူမှုကွန်ယက်မှာ အညီအဟောင်ရှင်းနေတာလဲအကုန်ရှင်းထားလို့။ စွမ်းဆောင်ရည်မြင့်လှပတွေပန်းတွေနံ့ ဥယျာဉ်ကြီးတည်ဆောက်ဖို့အမှိုက်တွေရှင်းဖို့လိုတယ်။ Phyo Paing @ Derek

အမှိုက်တွေရှင်းဖို့လိုတယ်။ Read More »

ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။

အရင်ကလူတွေနဲ့ အလုပ်လုပ်တယ်။အခုက အေအိုင်နဲ့အလုပ်လုပ်ရတဲ့အချိန်တွေ ပိုများလာတယ်။ အရည်အသွေးမြင့်လူတွေနဲ့ဘဲအလုပ်လုပ်ချင်ခဲ့တယ်။တုံးအနေရင် စိတ်မရှည်ဘူး။ ခံစားချက်တွေ အရမ်းများပြီးလိုရင်းမရောက် အဆင်မပြေဘူး။ အေအိုင်က လိုရင်းရောက်တယ်။သာမန်လူသားတစ်ယောက်ထက်ကျွန်တော်လုပ်နေတဲ့အလုပ်ရဲ့အကောင်ထည်ဖော်မှုပိုင်းမှာ အများကြီး အလုပ်ပိုပြီးတယ်။ အနာဂတ်က ပိုရင်ခုန်ဖို့ကောင်းတယ်။ တပြိုင်တည်းမှာလဲ အရင်တုန်းက ကိုယ့်မှာရှိထားတဲ့စူပါပါဝါကို အေအိုင်ကခဏအတွင်းရှိသွားတော့ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို ပြန်လည်ရှာဖွေရတယ်။ ကိုယ့်ရဲ့အရင်ကျွမ်းကျင်မှုတွေကို စိတ်ဒုံးဒုံးချ ထားခဲ့ရပြီးအသစ်တွေကို ပြန်လည်လေ့လာရတယ်။ ငါဘာကောင်ကြီးဆိုတာ မေ့လိုက်။မနေ့က ကောင်ကြီးကမနက်ဖြန်မှာ အသုံးဝင်ဖို့မသေချာတော့ဘူး။ အမြဲတမ်း အတ္တကိုဘေးချအသစ်တွေ ပြန်လည်လေ့လာနိုင်တဲ့ကောင်ကြီး ဖြစ်မှကို ရမယ်။ အေအိုင်ကို အသုံးပြုရင်၁။ အံ့အားသင့်မယ်။၂။ ရင်ခုန်မယ်။၃။ ဘဝကြီးအဓိပ္ပာယ်မရှိသလို စိတ်ဓာတ်ကျမယ်။၄။ ပြန်လည်တည်ဆောက်ရမယ်။၅။ စိတ်ထားတတ်သွားမယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။
Read More »

“ဘူကောင်ငါးမျိုး”

၁။ နာစီဆစ် (Narcissist)ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးထင်တခြားသူတွေကို အထင်သေးကိုယ့်အမှားကို လက်မခံတတ် ၂။ ဘော်ဒါလိုင်း (Borderline)စိတ်ခံစားမှု အရမ်းပြင်းထန်ဆက်ဆံရေးတွေ မတည်မငြိမ်ဖြစ်အလွန်အကျွံ တုန့်ပြန်တတ် ၃။ လူမှုဆန့်ကျင် (Antisocial)လူ့ကျင့်ဝတ်တွေ ဂရုမစိုက်စာနာမှု ကင်းမဲ့လိမ်ညာလှည့်ဖျားတတ် ၄။ ပါရာနွိုက် (Paranoid)သံသယအရမ်းများလူတိုင်းကို မယုံကြည်အမြဲတမ်း ခြိမ်းခြောက်ခံရသလို ခံစား ၅။ ဟစ်စထရီယွန်းနစ် (Histrionic)အာရုံစိုက်မှု အမြဲလိုချင်အရမ်းဒရာမာဆန်လူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ ကြိုးစား “ဘူကောင်တွေ တွေးနည်း” ၁။ အဖြူ-အမဲ တွေးခြင်း – အလယ်အလတ်မရှိ။ ကိုယ်ပဲမှန်၊ သူများအမှားလို့ မြင်။ ၂။ စိတ်ခံစားမှု မထိန်းနိုင် – အခြေအနေနဲ့ မကိုက်လောက်အောင် ပြင်းထန်စွာ တုံ့ပြန်။ ၃။ အစွန်းရောက်အပြုအမူ – နှုတ်ဖြင့်ထိခိုက်စေခြင်း၊ မဟုတ်မမှန်စွပ်စွဲခြင်း၊ အများရှေ့အရှက်ခွဲခြင်း၊ တရားစွဲခြင်းတို့

“ဘူကောင်ငါးမျိုး” Read More »