နားမလည်ရင် မှားမယ်။
လူတွေရဲ့ဘဝကရွေးချယ်မှုတွေကြောင့်ကွာသွားတယ်။ ဘယ်မှာနေ၊ ဘာအလုပ်လုပ်၊ ဘယ်လိုတွေး၊ဘယ်လိုကြံစီ၊ဘယ်လို အကောင်အထည်ဖော်၊ဘယ်သူတွေနဲ့ပေါင်းဒီရွေးချယ်မှုတွေလုပ်ရတယ်။ ဘယ်အရာကို ရပ်ပြီး၊ဘယ်အရာတွေကို စရမယ်။ ဘယ်အရာတွေကို အာရုံစိုက်ပြီးဘယ်အရာတွေကို လျစ်လျူရှုရမယ်။ ဒီရွေးချယ်မှုတွေပြုလုပ်ရတယ်။ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ဖို့မှန်ကန်တဲ့ အမြင်လိုတယ်။ မှန်ကန်တဲ့အမြင်ရှိဖို့မှန်ကန်တဲ့ နားလည်မှုလိုတယ်။ နားလည်ဖို့ လေ့လာရတယ်။စဥ်းစားသုံးသပ်ရတယ်။သင်ခန်းစာယူတတ်ရတယ်။ စီးပွားရေးအကြောင်းနားမလည်ရင်စီးပွားရေးမှာ မှားတဲ့ဆုံးဖြတ်ချက်တွေအများကြီးချမိမယ်။ မားကတ်တင်းအကြောင်းနားမလည်ရင်မားကတ်တင်းမှာ မှားတဲ့ဆုံးဖြတ်ချက်တွေအများကြီးချမိမယ်။ ကိုယ့်ကိုကိုယ် နားမလည်ရင်ကိုယ့်ဘဝရဲ့ဆုံးဖြတ်ချက်အမှားကြီးတွေ အများကြီးချမိမယ်။ နားမလည်ရင် မှားမယ်။ Phyo Paing @ Derek
