people

အမှိုက်တွေရှင်းဖို့လိုတယ်။

မတူညီတဲ့သူတွေရဲ့ သူတွေနဲ့တွေ့ရင်မတူညီတဲ့ အင်နာဂျီဓာတ်ပြုမှုဖြစ်သလိုဖြစ်တယ်။ ကိုယ်မကြိုက်တဲ့ အင်နဂျီလူတွေရှောင်တယ်။တချို့သူတွေ မရှိလဲကိုယ့်ဘဝက ဘာမှဖြစ်မသွားဘူး။လူတိုင်းပျော်အောင်လုပ်နေတဲ့ပျော်တော်ဆက်လဲ မဟုတ်ဘူး။ ဒါကြောင့် အကန့်တွေနဲ့နေဖြစ်တယ်။ဘဝကလဲ အနှစ်သာရပိုရှိလာတယ်။ ကိုယ့်လူမှုကွန်ယက်မှာ အညီအဟောင်ရှင်းနေတာလဲအကုန်ရှင်းထားလို့။ စွမ်းဆောင်ရည်မြင့်လှပတွေပန်းတွေနံ့ ဥယျာဉ်ကြီးတည်ဆောက်ဖို့အမှိုက်တွေရှင်းဖို့လိုတယ်။ Phyo Paing @ Derek

အမှိုက်တွေရှင်းဖို့လိုတယ်။ Read More »

ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။

အရင်ကလူတွေနဲ့ အလုပ်လုပ်တယ်။အခုက အေအိုင်နဲ့အလုပ်လုပ်ရတဲ့အချိန်တွေ ပိုများလာတယ်။ အရည်အသွေးမြင့်လူတွေနဲ့ဘဲအလုပ်လုပ်ချင်ခဲ့တယ်။တုံးအနေရင် စိတ်မရှည်ဘူး။ ခံစားချက်တွေ အရမ်းများပြီးလိုရင်းမရောက် အဆင်မပြေဘူး။ အေအိုင်က လိုရင်းရောက်တယ်။သာမန်လူသားတစ်ယောက်ထက်ကျွန်တော်လုပ်နေတဲ့အလုပ်ရဲ့အကောင်ထည်ဖော်မှုပိုင်းမှာ အများကြီး အလုပ်ပိုပြီးတယ်။ အနာဂတ်က ပိုရင်ခုန်ဖို့ကောင်းတယ်။ တပြိုင်တည်းမှာလဲ အရင်တုန်းက ကိုယ့်မှာရှိထားတဲ့စူပါပါဝါကို အေအိုင်ကခဏအတွင်းရှိသွားတော့ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို ပြန်လည်ရှာဖွေရတယ်။ ကိုယ့်ရဲ့အရင်ကျွမ်းကျင်မှုတွေကို စိတ်ဒုံးဒုံးချ ထားခဲ့ရပြီးအသစ်တွေကို ပြန်လည်လေ့လာရတယ်။ ငါဘာကောင်ကြီးဆိုတာ မေ့လိုက်။မနေ့က ကောင်ကြီးကမနက်ဖြန်မှာ အသုံးဝင်ဖို့မသေချာတော့ဘူး။ အမြဲတမ်း အတ္တကိုဘေးချအသစ်တွေ ပြန်လည်လေ့လာနိုင်တဲ့ကောင်ကြီး ဖြစ်မှကို ရမယ်။ အေအိုင်ကို အသုံးပြုရင်၁။ အံ့အားသင့်မယ်။၂။ ရင်ခုန်မယ်။၃။ ဘဝကြီးအဓိပ္ပာယ်မရှိသလို စိတ်ဓာတ်ကျမယ်။၄။ ပြန်လည်တည်ဆောက်ရမယ်။၅။ စိတ်ထားတတ်သွားမယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။
Read More »

“ဘူကောင်ငါးမျိုး”

၁။ နာစီဆစ် (Narcissist)ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးထင်တခြားသူတွေကို အထင်သေးကိုယ့်အမှားကို လက်မခံတတ် ၂။ ဘော်ဒါလိုင်း (Borderline)စိတ်ခံစားမှု အရမ်းပြင်းထန်ဆက်ဆံရေးတွေ မတည်မငြိမ်ဖြစ်အလွန်အကျွံ တုန့်ပြန်တတ် ၃။ လူမှုဆန့်ကျင် (Antisocial)လူ့ကျင့်ဝတ်တွေ ဂရုမစိုက်စာနာမှု ကင်းမဲ့လိမ်ညာလှည့်ဖျားတတ် ၄။ ပါရာနွိုက် (Paranoid)သံသယအရမ်းများလူတိုင်းကို မယုံကြည်အမြဲတမ်း ခြိမ်းခြောက်ခံရသလို ခံစား ၅။ ဟစ်စထရီယွန်းနစ် (Histrionic)အာရုံစိုက်မှု အမြဲလိုချင်အရမ်းဒရာမာဆန်လူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ ကြိုးစား “ဘူကောင်တွေ တွေးနည်း” ၁။ အဖြူ-အမဲ တွေးခြင်း – အလယ်အလတ်မရှိ။ ကိုယ်ပဲမှန်၊ သူများအမှားလို့ မြင်။ ၂။ စိတ်ခံစားမှု မထိန်းနိုင် – အခြေအနေနဲ့ မကိုက်လောက်အောင် ပြင်းထန်စွာ တုံ့ပြန်။ ၃။ အစွန်းရောက်အပြုအမူ – နှုတ်ဖြင့်ထိခိုက်စေခြင်း၊ မဟုတ်မမှန်စွပ်စွဲခြင်း၊ အများရှေ့အရှက်ခွဲခြင်း၊ တရားစွဲခြင်းတို့

“ဘူကောင်ငါးမျိုး” Read More »

သာမန်လူလို မဖြတ်သန်းနဲ့။

သာမန်လူလိုမဖြစ်ချင်ရင်ကိုယ့်ရဲ့ တစ်ရက်တာကို သာမန်လူလို မဖြတ်သန်းနဲ့။ သာမန်လူအများစုက အဆင်ပြေရင် အဆင်ပြေတဲ့အတိုင်းနေတယ်။ရှိတာ အကုန်သုံးတယ်။ အနာဂတ်အတွက် ကြိုတင်တမင်တကာ စီမံတာနည်းတယ်။ ကျန်းမာ ကြံ့ခိုင်ရေး ဂရုမစိုက်ဘူး။အသိဥာဏ်ဖွံ့ဖြိုးတိုးတက်အောင်မလေ့လာ နေဘူး။ သာမန်ထက် စွမ်းဆောင်ရည်မြင့်တိုးတက်ချင်ရင် တစ်ရက်တာကို သေချာတည်ဆောက်။ ကိုယ့်အချိန်တွေကို အလဟသ မဖြုန်းနဲ့။ အသိဥာဏ်တိုးတက်အောင် တည်ဆောက်။ လူနဲ့ တိရစ္ဆာန်ကွာစေတာ အသိဥာဏ်ပဲ။ ကျန်းမာကြံ့ခိုင်ရေးကို ဂရုစိုက်။ မိတ္တဗလတည်ဆောက်။ အနာဂတ်အတွက် ကြိုပြင်။ Phyo Paing @ Derek

သာမန်လူလို မဖြတ်သန်းနဲ့။ Read More »

လူတိုင်းမှာ အရင်းအနှီးတွေရှိတယ်။

ရောင်းတာဝယ်တာ တတ်တဲ့သူကအရောင်းအဝယ်နဲ့ ငွေရှာတယ်။လူကြောနပ်လွန်းတဲ့သူကအပေါင်းအသင်းနဲ့ ငွေရှာတယ်။ ချိပ်ဆက်တတ်သူက ပွဲစားလုပ် ငွေရှာတယ်။ အသစ်တွေ ဖန်တီးတတ်သူကဖန်တီးမှုနဲ့ ငွေရှာတယ်။ လူတိုင်းမှာ အရင်းအနှီးအတွေရှိတယ်။ ငွေကြေးအရင်းအနှီး။မိတ္တဗလအရင်းအနှီး။ဥာဏ အရင်းအနှီး။ ကိုယ်က ဘယ်အရင်းအနှီးတွေသုံးနေလဲ။ သုံးနေတဲ့ အရင်းအနှီးကို ပိုကြီးအောင်လုပ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

လူတိုင်းမှာ အရင်းအနှီးတွေရှိတယ်။ Read More »

လူနှစ်မျိုးခွဲကြည့်လို့ရတယ်။

အချိန်အများစု ခံယူချက်နဲ့ အလုပ်လုပ်တဲ့သူ။နောက်တစ်မျိုးက ခံစားချက်နဲ့ပဲ အသားပေးအလုပ်လုပ်တဲ့သူ။ ရေရှည်တိုးတက်ချင်တယ်ဆို ကိုယ့်အလုပ်ကိုခံယူချက်နဲ့လုပ်ဖို့လိုတယ်။ ခံယူချက်နဲ့အလုပ်လုပ်တဲ့အခါပျင်းရိတာ၊ငြီးငွေ့တာ၊မလုပ်ချင်မကိုင်ချင်ဖြစ်တာ၊ အချိန်ဆွဲတာ၊ ပြဿနာတွေပဲထိုင်ပြောနေတာ၊ဇွဲမရှိတာ၊ မဖြစ်နိုင်တာတွေပဲထိုင်စဥ်းစားနေတာ၊တခြားသူကို အပြစ်တင်ချင်စိတ်ဖြစ်တာဒါတွေနည်းလာမယ်။ ဘဝကို အထာကျကျဖြတ်သန်းဖို့ကခံယူချက်က ခံစားချက်ထက်ကျော်လွန်ဖို့လိုတယ်။ ရတောင့်ရခဲ ခြေလက်အစုံအကြား၊ အမြင်၊ ဥာဏ်၊ငယ်ရွယ်နုပျိုမှု ရရှိထားတဲ့ လူ့ဘဝကို တန်ဖိုးထားခြင်း။အချိန်ကို တန်ဖိုးထားခြင်း။ ကိုယ့်ကိုယ်ကိုယ်လေးစားခြင်း။ ပြဿနာကို အဖြေရှာတတ်ခြင်း။အကောင်အထည်ဖော်မှုသေသပ်ခြင်း။အလုပ်ကြိုးစားခြင်း။ အမြဲမပြတ်သင်ယူမှုရှိခြင်း။ ဘဝရဲ့ ခံယူချက်က ခံစားချက်တွေရဲ့အရင်လာဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူနှစ်မျိုးခွဲကြည့်လို့ရတယ်။ Read More »

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုက
လူတစ်ယောက်ရဲ့ အခြေခံပဲ။

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုကလူတစ်ယောက်ရဲ့ အခြေခံပဲ။ အချိန်ဆွဲတာကို ဖျောက်တာ။ ရည်မှန်းချက်ထားတာ။ ကောင်းမွန်တဲ့အမူအကျင့်တည်ဆောက်တာ။ မလိုအပ်တဲ့ စိတ်အာရုံထွေပြားစေတာကိုမလုပ်ဆောင်တာ။ စွမ်းဆောင်ရည်မြင့်အောင်လုပ်တာ။ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်နိုင်တာ။ ပေါင်းတတ်သင်းတတ် ပြောဆိုတတ်တာ။ ကိုယ့်စိတ်ခံစားမှု ကိုယ်သိပြီးအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာ။ လေ့လာသင်ယူနိုင်စွမ်းရှိတာ။ ကိုယ့်ငွေကိုယ် စီမံခန့်ခွဲတတ်တာ။ ဒီအခြေခံတွေ မရှိတဲ့အခါတစ်ခုကြား တစ်ခုလုပ်“မော်တီဗေးရှင်း” လိုက်ရှာနေရတတ်တယ်။ မော်တီဗေးရှင်းဆိုတာ ဆေးမြီးတိုလိုပဲဝေဒနာကို ခဏသက်သာစေတဲ့ ခဏတာ အသက်ကယ်တဲ့ corticosteroid လိုပဲ။ ခဏတာပဲခံတယ်။ နောက်ဆက်တွဲဆိုးကျိုးရှိတယ်။ ဥပမာ Tik Tok လေးပွတ်လိုက်အတွေးလေးတစ်ခုရလိုက်အလုပ်လေးလုပ်လိုက်။နောက်ပိုင်း Tik Tok ပွတ်ချိန်ကအလုပ်လုပ်ချိန်ထက်ပိုများသွားတတ်တယ်။ ဒီအစား ကိုယ့်ကိုယ်ကိုယ်ကူညီဖို့ စံမီတဲ့ ကိုယ်ဖြစ်ဖို့ self-management ကိုယ်တိုင်စီမံခန့်ခွဲမှုကိုစနစ်တကျ လေ့လာဖို့လိုတယ်။ မြန်မာလိုဆိုရင်တော့ “တက်ကျမ်း”လို့ ပဲခေါ်ကြတယ်။ တက်ကျမ်းရဲ့အဓိပ္ပာယ်က self-help လို့ဆိုရမယ်။ “တိုးတက်ရေးစာပေ” personal

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုက
လူတစ်ယောက်ရဲ့ အခြေခံပဲ။
Read More »

လူတွေရဲ့ တန်ဖိုးထားမှုအရေးကြီးတယ်။

ကိုယ့်ထမင်းကျွေးအလုပ်ကို တာဝန်ကျေရမယ်။ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်ကိုနေ့စဥ် နှစ်နာရီလောက်တော့ လေ့လာရမယ်။ကိုယ်လုပ်တဲ့အလုပ်မှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။ ဘာအလုပ်ပဲ လုပ်လုပ် သာမန်ဆိုတာ ကျဆုံးမှုလို့ပဲခံယူတယ်။ လောဘအစွန်းနဲ့ ဒေါသအစွန်းမရောက်ဖို့ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ “မဇ္ဈိမပဋိပဒါ” ကို သာမန်ဘဝမှာပဲနေလို့ အဓိပ္ပာယ်ဖွင့်မှားတတ်ကြတယ်။ ကွန်ဖြူးရှပ်ယဥ်ကျေးမှုနဲ့ကြီးလာတော့အလုပ်ကို တန်ဖိုးထားရမယ်။ပညာကို လေ့လာလိုက်စားရမယ်။ကြီးသူကိုရိုသေရမယ်။ ကိုယ်အသက်ရှင်နေတဲ့အချိန်ကိုယ့်ဘေးနားကလူတွေ အကျိုးရှိရမယ်။ ကိုယ့်အမျိုးကိုချစ်ရမယ်။ ဒီ အဆုံးအမနဲ့ ကြီးလာတယ်။ လူတွေရဲ့ တန်ဖိုးထားမှုအရေးကြီးတယ်။ ဘိုးဘွားတွေကလဲ ဒီလိုပဲလက်ဆင့်ကမ်းဆုံးမလာကြတယ်။ Phyo Paing @ Derek

လူတွေရဲ့ တန်ဖိုးထားမှုအရေးကြီးတယ်။ Read More »

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တဲ့ဘဝကိုပဲရမှာပဲ။

ကိုယ့်ဘဝရဲ့ လိုချင်တာတွေကို စိတ်ထည့်ပြီးတကယ်လုပ်ရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့အတွေးက အလိုလိုမဖြစ်လာဘူး။အလေ့အကျင့်လိုတယ်။ စာမေးပွဲမှာ ဂုဏ်ထူးထွက်အမှတ်ကောင်းချင်တာဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပုံစံအပြောင်းအလဲဖြစ်ချင်တာဖြစ်ဖြစ်၊ ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တာဖြစ်ဖြစ်၊ လိုချင်တာရဖို့ပဲဖြစ်ဖြစ်၊ ငွေကြေးပမာဏတစ်ခုရချင်တာဖြစ်ဖြစ်၊ ကိုယ်လိုချင်တဲ့အချစ်ရေး၊ အသက်မွေးဝမ်းကြောင်း၊ ကိုယ်လိုချင်တဲ့ ဘဝပုံစံရချင်တာဖြစ်ဖြစ်တစ်ကိုယ်ရည် လိုချင်တာရဖို့ ကိုယ်နဲ့ပဲဆိုင်တယ်။ လူတိုင်းက ကိုယ်နဲ့ထိုက်တန်တဲ့ဘဝကိုပဲရမှာပဲ။ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ပေါ်မူတည်ပြီးအရှုံးအမြတ်ကို အဆုံးအဖြတ်ပေးသွားမှာ။ ကံဆိုတာ အလုပ်၊အလုပ်ဆိုတာ အကြံအစီကလာတယ်။အကြံအစီဆိုတာ အတွေးကလာတယ်။ဒါကြောင့် ကိုယ့်အတွေး၊ အကြံ၊ အလုပ်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်အောင်ကိုယ့်စိတ်ကို နေ့စဥ် လေ့ကျင့်ပေးနေရတယ်။ Phyo Paing @ Derek

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တဲ့ဘဝကိုပဲရမှာပဲ။ Read More »

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့
ဥာဏ်ပညာလိုတယ်။

ဆင်တွေက လူထက်အင်အားပိုကြီးတယ်။မြင်းတွေက အပြေးပိုမြန်တယ်။လူတွေက တိရစ္ဆာန်တွေကြားမှာ ဥာဏ်ပိုကောင်းတယ်။ ဥာဏ်ဆိုတဲ့နေရာမှာ ပြဿနာအဖြေရှာနိုင်စွမ်း။ပြဿနာအဖြေရှာတဲ့နေရာမှာ တွက်ချက်မှုကစလို့၊ ပြောဆိုပေါင်းသင်းမှု၊ ပူးတွဲအလုပ်လုပ်ဆောင်နိုင်မှု၊ ပြန်လည်ဆန်းစစ်ပြီးအနာဂတ်ကို ကြိုတင်စီမံနိုင်မှုတွေပါဝင်တယ်။ ဒီဥာဏ်ကို အသုံးပိုပြုနိုင်အောင်ဘိုးဘေးဘီဘင်ကတဆင့်အသိပညာတွေကို လက်ဆင့်ကမ်းခဲ့ကြတယ်။ဒါတွေကို စာအုပ်အနေနဲ့ရေးခဲ့ကြတယ်။ဒါကို စနစ်တကျပြန်သင်ပေးဖို့ကျောင်းတွေ ဖွင့်ကြတယ်။တက္ကသိုလ်တွေ ဖြစ်လာတယ်။ လိုချင်တာရဖို့ ပြဿနာဖြေရှင်းဖို့လိုတယ်။ ဥာဏ်ဆိုတာ ပြဿနာဖြေရှင်းဖို့။ ဥာဏ်ကို တိုးတက်ဖို့ ပညာသင်တယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင်တောင်ကိုယ့်ရပ်ကိုယ့်ရွာကို မပြောင်းလဲနိုင်ရင်တောင်ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့ ဥာဏ်ပညာလိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့
ဥာဏ်ပညာလိုတယ်။
Read More »