personal development

ကိုယ့်ကိုကိုယ် နားလည်ချင်ရင်
တီးမိခေါက်မိတော့ရှိဖို့လိုတယ်။

လောကမှာ အခက်ဆုံးအလုပ်တစ်ခုက“ကိုယ့်ကိုကိုယ် နားလည်အောင်” လုပ်တာပဲ။ ကိုယ့်ကိုကိုယ် နားလည်အောင်“စိတ်” နဲ့ “ခန္ဓာ” ကိုလေ့လာကြတယ်။ စိတ်ကိုလေ့လာဖို့ တချို့က အဘိဓမ္မာကိုလေ့လာကြတယ်။တချို့က သိပ္ပံစိတ်ပညာကိုလေ့လာတယ်။တချို့က နှစ်ခုစလုံးကို အမြင်ကျယ်ကျယ်ထားပြီးလေ့လာတယ်။အတွေ့အကြုံရအောင် လုပ်ကြည့်တယ်။ နောက်တစ်ခုက ခန္ဓာ။ သေချာစဥ်းစားကြည့် ကိုယ်ကလူသာဖြစ်နေသာကိုယ့်ခန္ဓာကိုယ်မှာ အရိုးဘယ်နှစ်ချောင်းရှိလဲ၊ဘယ်ကြွက်သားက ဘာအလုပ်လုပ်လဲ၊ဘာအင်္ဂါတွေရှိလဲ၊တစ်မိနစ်ကို ပုံမှန် အသက်ဘယ်လောက်ရှူသလဲ၊တစ်မိနစ်နှလုံးခုန်နှုန်းဘယ်လောက်ရှိသလဲ၊ခန္ဓာကိုယ်ကြီး ဘယ်လိုလည်ပတ်နေလဲ၊သိထားဖို့လိုသလား။ ကိုယ့်ကိုကိုယ် နားလည်ချင်ရင်တီးမိခေါက်မိတော့ရှိဖို့လိုတယ်။ တကယ်တမ်းက လောကမှာကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးတာ၊သူများဘဝအခြေအနေတွေကိုအပေါ်ယံအမြင်နဲ့ အကဲခတ်ဆုံးဖြတ်လောက်တဲ့ဥာဏ်ရှိဖို့ အများကြီး ကြိုးစားရအုံးမယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်ရင်
တီးမိခေါက်မိတော့ရှိဖို့လိုတယ်။
Read More »

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့”ကိုယ်စိတ်ချမ်းသာရေး” ပဲ။ဒါထက် ဘာမှ အရေးမကြီးဘူး။ ကိုယ်ဘယ်မချိန် စိတ်ချမ်းသာလဲစဉ်းစားကြည့်ရင် “တိုးတက်”နေရင်စိတ်ချမ်းသာတယ်။ကျန်းမာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ၊စိတ်ငြိမ်းချမ်းမှု၊ ဥာဏ်ပညာ၊အသစ်တွေ စွန့်စားမှု ဒီအပိုင်းတွေတိုးတက်နေရင် စိတ်ချမ်းသာတယ်။ ဒီတော့ တိုးတက်နေဖို့ ဘာလိုလဲ။ဥာဏ်ရှိရှိနဲ့ အလုပ်လုပ်နေဖို့လိုတယ်။အလုပ်လုပ်လေလေ အင်အားပိုကြီးလေ။ဘဝရဲ့ ပြဿနာလေးတွေသေးသွားလေ။ ဥာဏ်မပါရင် ကံကြမ္မာက ရန်ရှာတဲ့အခါဒဏ်ရာတွေပဲ ကျန်နေမယ်။ ဥာဏ်ပါတဲ့ အလုပ်တွေလုပ်ရမယ်။ဒါမှ တိုးတက်မယ်။ဒါမှ စိတ်ချမ်းသာမယ်။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့ Read More »

ကိုယ့်ကိုကိုယ် နားလည်ချင်တော့

ကိုယ့်ကိုကိုယ် နားလည်ချင်တော့အတိတ်ကို ပြန်ကြည့်တယ်။ တရားရှာတော့ ပစ္စုပ္ပာန်ကိုကြည့်တယ်။တိုးတက်မှုကိုရှာတော့ အနာဂတ်ကို ကြည့်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်တော့ Read More »

Stop, Slow down, Start

ကိုယ့်ကိုယ်ကို ဖျက်စီးနေတဲ့သူက မှန်ထဲမှာ မြင်တဲ့ ကိုယ်တိုင်ပဲ။ လူတွေက ဆန္ဒတွေရှိနေလို့ လောကီမှာ နေနေကြတာပေါ့။ ကိုယ့်ဆန္ဒ ရည်မှန်းချက်ပန်းတိုင်တွေပြည့်ဖို့၁။ ဘယ်အရာတွေက ရပ်တန်းကရပ်ရမယ်။Stop လုပ်ရမည့်အရာတွေကို သိရမယ်။ ၂။ ဘယ်အရာတွေကို လျော့ရမယ်။ Slow down လုပ်ရမည့်အရာတွေကိုသိရမယ်။ ၃။ ဘယ်အရာတွေကို စတင်လုပ်ဆောင်ရမယ်။Start ရမည့်အရာတွေကို သိဖို့လိုတယ်။ Phyo Paing @ Derek

Stop, Slow down, Start Read More »

ဘဝမှာ အရေးအကြီးဆုံးက

မွေးကတည်းက တစ်ယောက်နဲ့တစ်ယောက်ဘဝပေးထားချက် မတူကြဘူး။ဘဝမှာ အရေးအကြီးဆုံးက”ကိုယ့်ရဲ့အကောင်းဆုံးပုံစံBest Version ဖြစ်အောင် တည်ဆောက်ဖို့ပဲ။” Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးက Read More »

ကိုယ့်ရဲ့အကောင်းဆုံး version ကို
တည်ဆောက်ဖို့ အချိန်တန်ပြီ။

လမ်းပျောက်နေတာတွေ။ စိတ်ခဏခဏ ညစ်နေတာတွေ။တွေဝေနေတာတွေ။ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျတာတွေ။ အချိန်ဆွဲတတ်တာတွေ။ဒါတွေကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ။ နောက်ပြီး ကိုယ့်ရဲ့အကောင်းဆုံး version ကိုတည်ဆောက်ဖို့ အချိန်တန်ပြီ။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ အချိန်တန်ပြီ။ ဘာတွေစလုပ်ရမလဲ?၁။ ကိုယ့်ကိုကိုယ် သေချာလေ့လာဖို့အချိန်တန်ပြီ။ Find your flow၂။ ကိုယ်ဘဝကိုယ် သေချာ ဒီဇိုင်းလုပ်ဖို့ အချိန်တန်ပြီ။ Design your destiny၃။ ဘဝကို အထာကျဖို့ စနစ်တစ်ခုထည့်ဖို့ အချိန်တန်ပြီTWR စနစ်ဆိုတာ တစ်ရက်တာကို သုံးပိုင်းခွဲပြီးမနက်ကို Train နေ့လည်ကို Work ညနေကို Recharge လုပ်တဲ့စနစ်။

ကိုယ့်ရဲ့အကောင်းဆုံး version ကို
တည်ဆောက်ဖို့ အချိန်တန်ပြီ။
Read More »

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်

ကိုယ်ဖန်တီးလိုက်တဲ့အရာတွေကြောင့်လူတွေဘဝ ပိုပျော်၊ ပိုတော်၊ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်လို့ခံယူထားတယ်။ Creators create ဆိုသလို၊ကိုယ့်ကိုကိုယ် ဖန်တီးသူတစ်ယောက်လို့သတ်မှတ်တဲ့အတွက် နေ့တိုင်းဖန်တီးမှုအသစ်တစ်ခု အနည်းဆုံးလုပ်တယ်။ ဖန်တီးမှုလုပ်တိုင်းမှာလူတွေ ကိုယ့်ကြောင့် အဆိပ်အတောက်မဖြစ်စေရဘူးလို့ အမြဲစဥ်းစားတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ ကုန်ပစ္စည်းဝန်ဆောင်မှုတွေကြောင့်လူတွေ “မဒူ”၊ “မဘူ” စေရဘူးဆိုတဲ့အဆောင်ပုဒ်ထားထားတယ်။ ဥပမာ ကိုယ်က မူးယစ်စေတဲ့အရာရောင်းတယ်။လူတွေပိုဒူသွားမယ်။ဥာဏ်တွေထုံထိုင်းဒူသွားမယ်ဆို မလုပ်ဘူး။လူတွေရဲ့ သိမ်ငယ်တဲ့အငုံ့စိတ်inferiority complex ကိုအသုံးချပြီးnegative အဆိပ်အတောက်ဖြစ်စေတဲ့အကြောင်းအရာတွေပဲတင်ရင်လူတွေ ပိုဘူသွားမယ်။ဒီနှစ်ခုမဖြစ်အောင် ရှောင်ရမယ်လို့ကျွန်တော်တို့ Team YEC ခံယူထားတယ်။ ကျွန်တော်တို့ ဖန်တီးတဲ့ ကုန်ပစ္စည်း၊ဝန်ဆောင်မှုတိုင်း “မဒူ”၊ “မဘူ”စေဖို့ခံယူချက်ထားတယ်။ နောက်ကိုယ့်ဖန်တီးမှုတိုင်းက လူတွေကို“ပိုပျော်၊​ ပိုတော်၊ ပိုသိ၊ ပိုလွယ်ကူ၊ပိုချိပ်ဆက်” ဘယ်အရာကိုလုပ်ပေးလဲအမြဲပြန်သုံးသပ်ကြည့်မိတယ်။ Phyo Paing @ Derek

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်
Read More »

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
တိုးတက်ရေး (Personal Development) မှာ
ရင်းနှီးမြုပ်နှံပါ

လူတိုင်း တချိန်မဟုတ်တစ်ချိန်စိတ်ဓာတ်ကျဖူးတတ်ကြတယ်။ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ဖူးတယ်။လူတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ဖူးတယ်။ အချိန်တွေ ဘာမှန်းမသိကုန်ဖူးတယ်။လူရှေ့သူရှေ့စကားပြောဖို့ ကြောက်ဖူးတယ်။ကိုယ့်ဘဝမှာ ဘာစိတ်ဝင်စားမှန်းမသိလမ်းပျောက်ဖူးကြတယ်။ ရည်မှန်းချက်ပန်းတိုင်တွေ ချပြီးမဖြစ်တဲ့အချိန်တွေအများကြီးရှိဖူးတယ်။ ကိုယ့်ဘဝ ကိုယ်နဲ့ဆိုင်တဲ့အတွက်ကိုယ့်ကိုကိုယ် ၁၀၀ ရာခိုင်နှုန်းတာဝန်ယူဖို့ကကိုယ်နဲ့ပဲဆိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကူညီဖို့အတွက်self-help တက်ကျမ်းဆိုတဲ့စာအုပ်အမျိုးအစား category တစ်ခုပေါ်လာတယ်။​ တက်ကျမ်း self-help ဆိုတာလူတွေ ကိုယ့်ဘဝကိုယ်တာဝန်ယူတတ်ဖို့၊အချိန်စီမံခန့်ခွဲတတ်ဖို့၊စွမ်းဆောင်ရည်မြင့်ဖို့၊​ပေါင်းသင်းဆက်ဆံတတ်ဖို့လမ်းညွန်ပေးတဲ့ စာအုပ်တွေဖြစ်တယ်။ ကမ္ဘာ့သူကြွယ်ကြီး ဘီရီယံနာဝါရင်းဘာဖက် Warren Buffett ကသူ့ဘဝမှာ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုကဒေးကာနဂျီ Dale Carnegie ရဲ့လူရှေ့ထွက်စကားပြောနည်းသင်တန်းPublic speaking ဖြစ်တယ်လို့ဆိုတယ်။ တက်ကျမ်း self-help ကိုကိုးတန်း၊ ဆယ်တန်းမှာ ဆရာကြီးပီမိုးနင်းရဲ့ အားလပ်သောအချိန်ကလေးများမြန်မာစာမှာ စတွေ့တယ်။အဲ့မှာ အမေရိကန်ရဲ့နိုင်ငံတည်ဆောက်သူလဲဖြစ်၊သိပ္ပံပညာရှင်လဲဖြစ်တဲ့ဘင်ဂျမင်ဖလင်ကလင် Benjamin Franklinအကြောင်းနဲ့ အချိန်မဖြုန်ဖို့လူတွေရဲ့ ဘဝအပြောင်းအလဲလုပ်ပေးတာကညနေ အလုပ်က အိမ်ပြန်ရောက်တဲ့အချိန်ဖြစ်ကြောင်း ရေးထားတယ်။ ဒီတက်ကျမ်း self-help ဆိုတာလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
တိုးတက်ရေး (Personal Development) မှာ
ရင်းနှီးမြုပ်နှံပါ
Read More »

အချိန်ရဲ့ကန့်သတ်မှုကို ကျော်လွန်ပြီး
စဥ်းစားကြည့်ဖို့လိုတယ်။

လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အကန့်အသတ်သုံးခုရှိတယ်။ ၁။ ပတ်ဝန်းကျင်၂။ ခန္ဓာကိုယ်၃။ အချိန် ၁။ ပတ်ဝန်းကျင် ကျွန်တော်၊ ကျွန်မက အင်္ဂလိပ်လိုကောင်းကောင်းမသင်ခဲ့ရလို့ အားနည်းတယ်ရှင့်။ ဒီလိုနိုင်ငံမှာနေတာ ဘာများဖြစ်နိုင်မှာလဲ။သားကြီး ဒီနိုင်ငံနေပြီးဘာများဖြစ်ဖို့ မျှော်လင့်နေမှာလဲ။ ဒီကောင်တွေ ဒီလိုတက်တာ နိုင်ငံခြားမှာ ကျောင်းတက်ခဲ့လို့ဟ။ ဒါတွေက ကိုယ့်အတွေးအခေါ်က ပတ်ဝန်းကျင်ထက်မကြီးသေးလို့။ 1999 တုန်းက တိုက်ခန်းအစုတ်လေးမှာ သူ့ဝန်ထမ်းဆယ်ယောက်ကျော်ကို ကုတ်အင်္ကျီကြီးဝတ်ပြီး ငါတို့ တရုတ်တွေရဲ့ ဦးနှောက်ကအမေရိကန်တွေထက်ပိုကောင်းတယ်။Ebay ပြီးရင် Yahoo သူပြီးရင်Google ဒါပြီးရင် Alibaba မဖြစ်နိုင်ဘူးမပြောနိုင်ဘူးဆိုပြီးဝန်ထမ်းတွေကို လစာပေးတာတောင်ငတ်တလှည်ပြတ်တလှည့်အချိန်မှာဂျက်မာ တရုတ်လိုပြောထားတဲ့ ဗီဒီယိုကြည့်ရင် ဒီတရုတ်ဗေလုဝက အဲ့အချိန် တရုတ်လိုအစုပ်အပြတ်နိုင်ငံလေးကနေသူ့ပတ်ဝန်းကျင်ထက်အများကြီးကြီးအောင်တွေးနိုင်တာကိုတွေ့လိမ့်မယ်။ သူများတော့မသိဘူး။ ကိုယ်တော့ အဲ့ဒါကြည့်ပြီး ကြက်သီးတောင်ထတယ်။ 2014 IPO လုပ်တော့ ယူအက်သမိုင်းမှာ အကြီးဆုံး IPO ဖြစ်ခဲ့တယ်။ နောက်တစ်ယောက်က

အချိန်ရဲ့ကန့်သတ်မှုကို ကျော်လွန်ပြီး
စဥ်းစားကြည့်ဖို့လိုတယ်။
Read More »

ဘဝမှာ နေ့စဉ်အကြည်ဓာတ်အပြည့်နဲ့
ဖြတ်သန်းနိုင်ဖို့

၁။ အကြွေးမထားနဲ့ (personal debt)၂။ ဘူကောင်တွေရှောင် (association) ၃။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ဂရုစိုက် (health) ၄။ နေ့စဉ်ငွေဝင်တဲ့ စနစ်သို့ လုပ်ငန်းဖန်တီးထား (income)၅။ နေ့စဉ်တစ်ခုခု ဖန်တီးနေ (impact)၆။ အပေါင်းအသင်း သို့ ချစ်သူရည်းစား၊ လင်မယား နဲ့ ပုံမှန်စကားပြော (social needs)၇။ နေ့စဉ်တိုးတက်နေအောင် အချိန်တစ်ခုထားပြီး ကိုယ့်ကိုကိုယ် လေ့ကျင့်နေ (progress) Phyo Paing @ Derek

ဘဝမှာ နေ့စဉ်အကြည်ဓာတ်အပြည့်နဲ့
ဖြတ်သန်းနိုင်ဖို့
Read More »