personal development

တစ်သားတည်းဖြစ်နေခြင်းသည်
တိုးတက်ခြင်းပဲ

ကိုယ်လုပ်နေတဲ့အလုပ်၊နေ့စဥ်ကုန်သွားတဲ့အချိန်၊ကိုယ်နေတဲ့ နေရာ၊ကိုယ်နဲ့ပေါင်းသင်းဆက်ဆံတဲ့သူတွေ၊ ကိုယ့်ရဲ့လုပ်ငန်းအားလုံးတစ်သားတည်းဖြစ်နေဖို့လိုတယ်။ ဒီ တစ်သားတည်းဖြစ်နေခြင်းသည်တိုးတက်ခြင်းပဲ။ Work, time spent daily, the places inhabited, the people interacted with, and one’s business – all must align. This alignment is not just an arrangement, it is an evolution. Phyo Paing @ Derek

တစ်သားတည်းဖြစ်နေခြင်းသည်
တိုးတက်ခြင်းပဲ
Read More »

ကိုယ်နဲ့ကိုက်ညီတဲ့ စကားလုံးတွေ
သုံးတတ်ဖို့လိုတယ်။

ကိုယ့်ကိုယ်ကို အကောင်းဆုံးအသုံးချနိုင်ဖို့ကိုယ်နဲ့ကိုက်ညီတဲ့ စကားလုံးတွေသုံးတတ်ဖို့လိုတယ်။ သူများတော့မသိဘူး ကိုယ့်ကိုယ်ကိုကတော့ရည်မှန်းချက်ပန်းတိုင်တစ်ခုချပြီးရင်“ဒါကိုရအောင်ဘယ်လိုလုပ်မလဲ”ဒီလိုစဥ်းစားတဲ့အစား၊ဒါတော့ “ဒီရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်လုပ်ဖို့အဖြေက ဘာတွေဖြစ်မလဲ?”အဲ့လိုမေးကြည့်တဲ့အခါဦးနှောက်အလုပ်လုပ်ပုံမတူတော့ဘူး။ အဓိပ္ပာယ်က အတူတူပုံစံဖြစ်ပေမယ့်စကားလုံးမတူတဲ့အခါကိုယ့်အပေါ်သက်ရောက်မှုပုံစံက မတူဘူး။ To utilize oneself to the fullest, it’s important to use words that are suitable and resonate with oneself. Others may not know, but for oneself, when setting a goal, instead of thinking, “How can I achieve this?” it’s better to ask, “What are the solutions

ကိုယ်နဲ့ကိုက်ညီတဲ့ စကားလုံးတွေ
သုံးတတ်ဖို့လိုတယ်။
Read More »

ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေကို
နေ့စဥ်အလေ့အကျင့်ဖြစ်အောင်ပြောင်းပါ။

ကိုယ့်ဂုဏ်ယူရတဲ့ ထူးခြားဖြစ်စဥ်တွေကိုနေ့စဥ်အမူအကျင့်ဖြစ်အောင်ပြောင်း။ ဥပမာ ဒီတစ်ပတ်မှာ ငါးရက်လောက်လေ့ကျင့်ခန်းလုပ်ဖြစ်လို့ဂုဏ်ယူတယ်ဆိုရင်ဒါကို ပုံမှန်အလေ့အကျင့်ဖြစ်အောင်ပြောင်း။ ဒီတစ်ပတ် ကိုယ့်အတွက်အကျိုးရှိစေတဲ့စာအုပ်တစ်အုပ်ဖတ်ဖြစ်လို့ ဂုဏ်ယူတယ်ဆို ဒါကို ပုံမှန်အလေ့အကျင့်ဖြစ်အောင်ပြောင်း။ ဒီတစ်ပတ်ကို ကျန်းကျန်းမာမာစားဖြစ်တဲ့အတွက်ဂုဏ်ယူတယ်ဆိုရင် ဒါကို ပုံမှန်အလေ့အကျင့်ဖြစ်အောင်ပြောင်း။ ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေကိုနေ့စဥ်အလေ့အကျင့်ဖြစ်အောင်ပြောင်းပါ။ Phyo Paing @ Derek

ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေကို
နေ့စဥ်အလေ့အကျင့်ဖြစ်အောင်ပြောင်းပါ။
Read More »

ဒါတွေက အသိရှိလာတဲ့အခါ
ပိုသတိ ပြုမိလာမယ်။

ခန္ဓာရှိသ၍ ဒဏ်ရှာရှိမှာပဲ ဒုက္ခနဲ့ သုခ ကြားက လွတ်မြောက်မှုကိုခန္ဓာရှိနေသမျှ ရဖို့မလွယ်ဘူး။ဒုက္ခရှိတဲ့အခါ လွတ်မြောက်ချင်တယ်။သုခရှိတဲ့အခါ စွဲလမ်းမှုဖြစ်တယ်။ပျောက်ကွယ်သွားမှာကြောက်တယ်။ ဒါတွေက အသိရှိလာတဲ့အခါပိုသတိ ပြုမိလာမယ်။ ဒါဆို အရှိကိုအရှိအတိုင်းလက်ခံနိုင်လာမယ်။ Phyo Paing @ Derek

ဒါတွေက အသိရှိလာတဲ့အခါ
ပိုသတိ ပြုမိလာမယ်။
Read More »

ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီး
ဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။

ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကိုမဖြည့်ဆည်းနိုင်ရင် စိတ်ထွက်ပေါက်တွေရှာရင်းစိတ်ခံစားမှုတွေ ဖြစ်တယ်။ဒီမှာဆုံးဖြတ်ချက်မှားတွေ ချမိတတ်တယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုဆိုတာ ကိုယ့်အတွက် အရေးအကြီးဆုံးအရာတွေပဲ။ တချို့အတွက်က လှုံခြုံမှု၊တချို့အတွက်က လွတ်လပ်မှု၊တချို့အတွက်က တိုးတက်မှု၊တချို့အတွက်က ချစ်မြတ်နှိုးခံရမှု။လူတစ်ယောက်တည်းမှာ သုံးလေးငါးခုလောက်ဖြစ်နိုင်တယ်။ ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီးဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီး
ဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။
Read More »

ပညာရွှေအိုး လူမခိုး။
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံဖို့လိုတယ်။

ပညာသင်တယ်ဆိုတာ အမြင်ရှိဖို့။ မြင်ပြီးရင် နားလည်ဖို့။နားလည်ပြီးရင် အသုံးပြုတတ်ဖို့။ အသုံးပြုတတ်ပြီးရင် အသစ်ဖန်တီးဖို့။ ဘွဲ့တွေအိမ်မှာ ချိပ်ထားဖို့ထက်အများကြီးပိုတယ်။ Leonardo Da Vinci ဆို ရေးတတ်၊ ဖတ်တတ်တာအပြင်ကျောင်းတက်ခွင့်မရခဲ့ရှာဘူး။ ဒါပေမယ့် ကမ္ဘာ့ကျော် polymath ဖြစ်တယ်။ Edison လဲ စာဖတ်နှေးလို့ကျောင်းကနေထုတ်ပြီး အမေက သင်ပေးခဲ့တယ်။ Einstein က The only thing that interferes with my learning is my education တဲ့။ ပညာဆိုတာ ကျောင်းမှာတစ်ခုတည်းသင်ရတာမဟုတ်ဘူး။ ဒီနေ့ခေတ်လို့ MOOC (Massive Open Online Course)တွေဖြစ်တဲ့ cousera တို့online learning platform တွေအများကြီးပေါ်လာပြီး သင်ယူမှုကို ကန့်သတ်ထားတာကိုယ်ကိုယ်တိုင်ဖြစ်သွားပြီ။ AI တစ်ခေတ်ရောက်လာတော့ပိုတောင်ကြမ်းလာပြီ။

ပညာရွှေအိုး လူမခိုး။
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံဖို့လိုတယ်။
Read More »

အကောင်းဆုံးကိုယ်ဖြစ်မှ

မိုးလင်းတော့ ပြီးခဲ့တဲ့တစ်ရက်တာကို ပြန်လည်သုံးသပ်၊စာအုပ်ဖတ်၊ မှတ်စုထုတ်၊ စာရေး။အလုပ်နဲ့ပတ်သတ်တာလေ့လာ၊ဗီဒီယိုတစ်ပုဒ်ရိုက်။ကိုယ့်လုပ်ငန်းတွေအတွက် လုပ်စရာရှိတာဝန်ထမ်းတွေကို ညွှန်ကြား။အကြံပေးတဲ့ အလုပ်လုပ်။ညနေရောက်လေ့ကျင့်ခန်းလုပ်။ညရောက်တော့စာသင်စရာရှိတာသင်။သင်စရာမရှိရင်နား။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းနေ့စဉ်တည်ဆောက်နေတယ်။ အကောင်းဆုံးကိုယ်ဖြစ်မှတခြားသူတွေကို ပြန်လည်ကူညီနိုင်မှာ။ Phyo Paing @ Derek

အကောင်းဆုံးကိုယ်ဖြစ်မှ Read More »

သံဓိ ဌာန်ချပြီးရင်
မဖြစ်ဖြစ်အောင် လုပ်ဖို့ဖြစ်နိုင်တယ်။

တစ်ယောက်တည်း ဘဝမှာ လုပ်မယ်လို့ တကယ်သံဓိ ဌာန်ချပြီးရင်မဖြစ်ဖြစ်အောင် လုပ်ဖို့ဖြစ်နိုင်တယ်။ လုပ်ပြီးမဖြစ်တဲ့အရာတချို့ကတစ်ဖက်လူရဲ့ အားထုတ်မှုပါတဲ့ကိစ္စတွေ။ ဒါကြောင့် တဖက်လူပေါ်မှာမှီခိုပြီးမှအကောင်အထည်ဖော်နိုင်မယ့်ကိစ္စကတိပေးတဲ့အခါ တော်တော်စဥ်းစားရတယ်။ Phyo Paing @ Derek

သံဓိ ဌာန်ချပြီးရင်
မဖြစ်ဖြစ်အောင် လုပ်ဖို့ဖြစ်နိုင်တယ်။
Read More »

တစ်ရက််တာ ROI နဲ့ ကြည့်တာလား

လူတစ်ယောက်ရဲ့အကောင်အထည်ဖော်နိုင်မှုကိုစိတ်ရှည်မှုနဲ့ တိုင်းတာတယ်။ တစ်ရက််တာ ROI နဲ့ ကြည့်တာလား။တစ်လတာ Return On Investment နဲ့ကြည့်တာလား။တစ်နှစ်တာ ROI နဲ့ ကြည့်သလား။ဆယ်နှစ်တာ ROI နဲ့ ကြည့်သလား။ ရောမကို တစ်ရက်နဲ့တည်ဆောက်ထားတာမဟုတ်သလိုမဟာတံတိုင်းကလဲ တစ်ရက်နဲ့တည်ဆောက်ထားတာမဟုတ်ဘူး။ Phyo Paing @ Derek

တစ်ရက််တာ ROI နဲ့ ကြည့်တာလား Read More »