success

ကိုယ်ဘာကြောင့် မအောင်မြင်သလဲ?

1. Clarity   ဘဝမှာဘာဖြစ်ချင်သလဲ ရှင်းရှင်းလင်းလင်းမသိဘူး။2. Determination မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သန္နိဠာန်မချထားဘူး။3. Emotional quotient နည်းတယ်။စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘူး။ Phyo Paing @ Derek

ကိုယ်ဘာကြောင့် မအောင်မြင်သလဲ? Read More »

အရမ်းကြိုက်တဲ့ စကားလေးတစ်ခုရှိတယ်။

အောင်မြင်မှုဆိုတာ ပိုင်ဆိုင်လို့မရဘူး။အငှားပဲရှိတယ်။အချိန်တန်လို့ တန်ရာတန်ကြေးမပေးရင်နေရာရွှေ့ရမယ်တဲ့။Phyo Paing @ Derek

အရမ်းကြိုက်တဲ့ စကားလေးတစ်ခုရှိတယ်။ Read More »

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။

ကျွန်တော်တို့တွေ ခန္ဓာကိုယ်ကို သန်မာကြံ့ခိုင်အောင် ပြုလုပ်ဖို့ အရေးကြီးသလို စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် ပြုလုပ်ဖို့ကလဲ အရေးကြီးပါတယ်။ စီးပွားရေးလုပ်တဲ့နေရာမှာလဲ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတာဟာ အောင်မြင်ဖို့အတွက် တွန်းအားတစ်ခုပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အချိန်တွေ မကုန်ဆုံးတတ်ပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ကိုယ်အကောင်းဆုံး လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေ မဖြစ်မြောက်ရင်တောင် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အချိန်တွေ ကုန်ဆုံးတာမျိုး မလုပ်ကြပါဘူး။ အခြေအနေတွေ ဆိုးရွားသွားရင်တောင် သူတို့လုပ်ခဲ့တဲ့ အရာတွေ ရရှိလာတဲ့ ရလဒ်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ တာဝန်ယူဖို့ပဲ စဉ်းစားပါတယ်။ သူများတွေက ပေးတဲ့ negative energy တွေကို မယူတတ်ပါဘူး စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ တစ်ခြားသူတွေက ကိုယ့်ကို မကောင်းပြောတာတွေ စိတ်ဓာတ်ကျအောင် ပြောတာတွေ စတဲ့ စကားသံတွေကို လက်ခံလေ့မရှိပါဘူး။ သူတို့တွေဟာ

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ဒီအရာတွေကို မလုပ်ပါဘူး။ Read More »

Tony Robbins ရဲ့ အောင်မြင်ဖို့အတွက် top 10 rules

Tony Robbins ကတော့ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး success coachတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကမ္ဘာအနှံ့ ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ motivational speaker တစ်ယောက်လဲဖြစ်ပါတယ်။ စီးပွားရေးလောကရဲ့ အကြီးကျယ်ဆုံးနဲ့ အချမ်းသာဆုံး စီပွားရေးလုပ်ငန်းတွေကို အကြံပေးအဖြစ်လဲ လုပ်ဆောင်ပါတယ်။ အံ့သြစရာကောင်းတာကတော့ Robbins ဟာ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက လာခဲ့တာမဟုတ်ပါဘူး။ သူငယ်ငယ်ကတည်းက သူ့အဖေဟာ သူတို့မိသားစုကို စွန့်ခွာသွားခဲ့ပါတယ်။ Robbins ဟာ အသက် 17 နှစ်မှာ အိမ်က ထွက်ခဲ့ပြီး ကောလိပ်ကိုတောင် မတတ်နိုင်ခဲ့ပါဘူး။ ဒီလိုဘဝကနေ အခုဆိုရင် သူဟာ သူ့ရဲ့ motivational speech တွေ success worrkshop တွေ bestselling book တွေနဲ့

Tony Robbins ရဲ့ အောင်မြင်ဖို့အတွက် top 10 rules Read More »

Success or Failure?

လူတစ်ယောက်ရဲ့ အနာဂတ်အလားအလာကို ကြည့်ဖို့ အချက် ၄ ချက် ၁. Problem Thinking Vs Outcome Thinking ပြဿနာတွေကိုထိုင်စဉ်းစားနေသူလား? ဒါမှ မဟုတ်ရလဒ်တွေကို အဖြေရှာနေသူလည်း။ လုပ်ငန်းရှင်တစ်ယောက်ဆိုလည်း ဝန်ထမ်းတွေထဲမှာ ဒီလူက ပြဿနာတွေကို ထိုင်ပြောနေသူလား၊ အဖြေရှာသူလားကိုကြည့်ပြီး သူ့အနာဂတ်အလားအလာကို သိနိုင်သည်။ မဖြစ်ချင်တာတွေထိုင်စဉ်းစားစိတ်ညစ်မည့်အစား ငါဘာဖြစ်ချင်တာလည်းမေးခွန်းကိုမေးပါ။ ၂. Past-Orientated Vs Future-Orientated လူတစ်ယောက်ဟာ အတိတ်အကြောင်းပြန်ပြောတတ်သူလား၊ အနာဂတ်ကိုအာရုံစိုက်သူလား? အတိတ်ကိုသာပြန်ပြောနေရင် ကောင်းမွန်တဲ့အနာဂတ်တွေမဖန်တီးနိုင်ဘူး။ လူတစ်ယောက်နဲ့ စကားပြောကြည့်တဲ့အခါ အတိတ်ကရွှေထီးစောင်းခဲ့တဲ့အကြောင်းတွေကိုသာ ပြောနေရင် ဒီလူဟာ ကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်ဖို့ အားနည်းနိုင်တယ်။ ၃. Circle of non-Control Vs Circle of Control လူတစ်ယောက်ဟာ သူ့ရဲ့ထိန်းချုပ်မှုအပြင်မှာရှိတဲ့ အပြောင်းလဲလုပ်မရတာတွေကို အဓိက စဉ်းစားနေတာလား?

Success or Failure? Read More »

အောင်မြင်မှုဆိုတာ စွဲလမ်းတတ်တဲ့အကျင့်ရှိတယ်။

အတန်းထဲမှာ ပထမရဖူးတဲ့သူက ဒါကိုစွဲလမ်းသွားတယ်။လုပ်ငန်းစတဲ့အခါ အောင်မြင်ဖူးသွားရင်စီးပွားရေးလုပ်ရတာကို စွဲလမ်းသွားပြန်တယ်။အရေးကြီးဆုံးက ပထမဆုံးအောင်မြင်မှု တစ်ခုရဖို့ပဲ။ပြီးရင် အောင်မြင်မှုက အောင်မြင်မှုကို မွေးဖွားတယ်လို့ဆိုတယ်။Phyo Paing @ Derek

အောင်မြင်မှုဆိုတာ စွဲလမ်းတတ်တဲ့အကျင့်ရှိတယ်။ Read More »

တိုးတက်မှု = ပျော်ရွှင်မှု

Game ကစားတဲ့အခါ၊ တောင်တက်တဲ့အခါ၊Mission တစ်ခု၊ Goal တစ်ခုကိုအကောင်ထည်ဖော်တဲ့အခါ တောင်ထိပ်ရောက်မှ ပျော်ရတာမဟုတ်ပါဘူး။တောင်ပေါ်တက်ရင်း တောင်ထိပ်နဲ့နီးလာလေလေ ပျော်လာလေလေပဲ။ Phyo Paing @ Derek

တိုးတက်မှု = ပျော်ရွှင်မှု Read More »

အောင်မြင်မှုရဲ့ ခြေရာ

ဆယ်တန်းမှာ ဂုဏ်ထူးမထွက်တာမတော်လို့မဟုတ်ဘူး။ Formula မတွေ့သေးလို့။ ဘာ့ကြောင့် Top Ten ဝင်နေကျနေရာဂုဏ်ထူးထွက်များတဲ့နေရာတွေကပုံမှန်ဂုဏ်ထူးတွေထွက်နေရတာလဲဆိုရင်Formula ရှိလို့ပဲ။ ဆယ်တန်းတုန်းက သင်္ချာ ရှစ်ခန်း circle ထိကြည့်တယ်။ ကျန်တဲ့အခန်း ဥပမာ အခန်း ၁၂Differentiation လိုအခန်း ၁ မှတ်တန်ပဲကြည့်တယ်။တခြားဘာသာတွေလဲ အလားတူပဲ။ ဘဝမှာ အောင်မြင်တဲ့သူတွေကသဲလွန်စတွေချန်ခဲ့တယ်။ Success leaves clues ပါ။ ဒါ့ကြောင့် ဘာလုပ်လုပ် Formula ကိုတွေ့အောင်ရှာရမယ်။ Phyo Paing @ Derek

အောင်မြင်မှုရဲ့ ခြေရာ Read More »

စေတနာ

ဖက်ထုတ်ကြော်ရောင်းတဲ့ အဒေါ်ကြီးသည် Customer Service မလေ့လာဖူးပေမယ့် အပြုံးနဲ့ လုပ်ရပ်မှာစေတနာပါတယ်။ သူ့ဆိုင်အောင်မြင်တယ်။ အလားတူ ဆံသဆရာလေးဟာ ဆံပင်ညှပ်သူစိတ်တိုင်းကျကို သူ့ဆံပင်တွေအတိုင်း မမောနိုင်မပန်းနိုင်ပြင်ပေးရှာတယ်။ ကျောင်းဆရာမလေးဟာ တပည့်တွေကို မပြောနိုင်မပန်းနိုင် သင်ပြပေးရှာတယ်။ စျေးသည်ကြီးဦးချိုသည် စျေးဝယ်သူတွေကို ညီအစ်ကိုအရင်းပမာ အပြုံးနဲ့ စေတနာအပြည့်နဲ့ ရှင်းပြရှာသည်။ စားပွဲထိုးကောင်လေးသည် ဧည့်သည်ကို အပြုံးနဲ့ဆီးကြိုပြီး လိုရာကိုအဆင်ပြေစွာသုံးဆောင်နိုင်ဖို့ဆောင်ရွက်ပေးသည်။ လောကမှာ စေတနာပါတဲ့လုပ်ငန်းတွေ အောင်မြင်ဖို့မခက်သလို၊ အလုပ်အပေါ်စေတနာထားသူအတွက် အလုပ်ကလည်းမရှားပါဘူး။ အောင်မြင်ဖို့စေတနာထားတာထက်၊ စေတနာထားလို့အောင်မြင်ကြသည်။ Phyo Paing @ Derek

စေတနာ Read More »

သင်ဘာလို့ မအောင်မြင်သေးသလဲ?

၁. တိကျတဲ့ရည်မှန်းချက်ပန်းတိုင်မရှိလို့။ ၂. ပြင်းပြတဲ့ စိတ်ဆန္ဒမရှိလို့။ ၃. ပြင်းပြတဲ့ စိတ်ဆန္ဒကို မထိန်းထားနိုင်လို့။ ၄. ပြင်းထန်တဲ့ လှုပ်ရှားမှုတွေမရှိလို့။ ၅. ဘ၀အတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိလို့။ ၆. သူများစကား အမြဲနားယောင်လို့။ ၇. မိမိကိုယ်ကို ယုံကြည်မှုမရှိလို့။ Phyo Paing @ Derek

သင်ဘာလို့ မအောင်မြင်သေးသလဲ? Read More »