success

ဘူကောင်တွေကို ရှောင်ပါ။

ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကိုလွမ်းမိုးတယ်။ ဒါကြောင့် စာရေးဆရာ Robert Greene ကဘူကောင်တွေကို ရှောင်ပါတဲ့။ကိုယ်ပါ လိုက်ဘူတတ်တယ်တဲ့။ နောက် ဂျပန် စာရေးဆရာ Haruki Murakami ကNorwegian Wood ဝတ္ထုမှာကိုယ့်ကိုကိုယ် အပြစ်တင်ပြီးစိတ်ညစ်မနေပါနဲ့။အသုံးမကျတဲ့တလွဲကောင်တွေပဲ ကိုယ့်ကိုကိုယ်အပြစ်တင်ကြတယ်တဲ့။ 2020 မှာဘူကောင်တွေကိုရှောင်ပြီးကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။ Phyo Paing @ Derek

ဘူကောင်တွေကို ရှောင်ပါ။ Read More »

အလုပ်လုပ်ပါ။

ဘ၀ရဲ့ အဓိပ္ပာယ်ရှာမရရင် အလုပ်လုပ်ပါ။ စိတ်ဓာတ်တက်ကြွချင်ရင် အလုပ်လုပ်ပါ။ တိုးတက်ချင်ရင် အလုပ်လုပ်ပါ။ ရည်မှန်းချက်တွေရောက်ချင်ရင် အလုပ်လုပ်ပါ။ အလုပ်မလုပ်ဘဲ ဘာမှဖြစ်မလာဘူး။ Phyo Paing @ Derek

အလုပ်လုပ်ပါ။ Read More »

ကိုယ့်ကိုကိုယ် ချစ်ပါ။

ငယ်ငယ်က ကိုယ့်ကိုကိုယ် အမြဲ အပစ်တင်တယ်။ တခြားသူတွေ နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ်ဘယ်တော့မှ အားမရခဲ့ဘူး။ အိမ်ကမေမေကလည်း တခြားသူတွေထက်သာအောင်အမြဲ နှိုင်းယှဉ်တယ်။ ဘဝဟာ တော်တော် နေမပျော်ခဲ့ဘူး။ နောက်ပိုင်း ဆုံးဖြတ်ချက်တစ်ခုချတယ်။ကိုယ့်ကိုကိုယ် အရင်ဆုံး အရမ်းချစ်လိုက်မယ်။ ကိုယ်ကိုကိုယ် ဒုက္ခခံရမည့် အရာတွေကို ရှောင်တယ်။အသဲကွဲရမှာတွေ၊ စိတ်ညစ်ရမှာတွေ သိပ်မတွေးဘူး။ ကိုယ့်ကို လာဝေဖန်ရင်လည်း လျစ်လျူရှုလိုက်တယ်။ အရင်းနှီးဆုံးသူတွေက ဘလိုင်းကြီးလာဝေဖန်နေရင်နားလည်ပေးလိုက်တယ်။ ဒါမှ မမှတ်သေးဘူးဆို သိပ်အဆက်အသွယ်မလုပ်တော့ဘူး။ ကျွန်တော်တို့လူတိုင်းမှာ ဦးနှောက်ရှိတယ်။ စဉ်းစားတတ်တယ်။ တွေးတတ်တယ်။ ကိုယ့်ကိုကိုယ် ဘာဖြစ်နေတယ်ဆိုတာ သိကြတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်လာပြီးနောက် အမြဲစဉ်းစားတာနှစ်ခုပဲ ရှိတယ်။ ၁. ကိုယ်အခုရချင်တဲ့ ရလဒ်ကဘာလဲ? ၂. အနာဂတ်မှာရချင်တဲ့ ရလဒ်ကဘာလဲ? Jay-Z ပြောသလို Nobody built like

ကိုယ့်ကိုကိုယ် ချစ်ပါ။ Read More »

လူသိတာဟာ အောင်မြင်တာ မဟုတ်ပါ။

လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ တရုတ်တွေရွာထဲ ဝင်လာရင်တောင်သူတို့ကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ ရင်းနှီးမြုပ်နှံမှု နဲ့ ကြော်ငြာတတ်ရုံတစ်ခုတည်းနဲ့ မရပါဘူး။ အများစုထင်တာ ကြော်ငြာတတ်ရုံနဲ့ လုပ်ငန်းအောင်မြင်ပြီထင်တယ်။လူတွေရဲ့ attention ကိုရတာ အောင်မြင်ဖို့ 30% ပဲမှန်တယ်။ လုပ်ငန်းတစ်ခုမှာ ရေရှည်ရပ်တည်နိုင်ဖို့ကတော့Industry အကြောင်းကို ဘယ်လောက်နားလည်သလဲ တခြားသူတွေထက် ဘာတွေ ပိုသိသလဲနဲ့ဆိုင်တယ်။ Marketing ဆိုတာ ဒီ industry အကြောင်းပိုသိအောင်လုပ်တာ။ Market Research, Marketing Research, Consumer Buying Behavior, Customer Profiling,ဒါတွေပြီးတော့မှ Market, Message, Media ဘာညာလာတယ်။ Electronic Gadget တွေရောင်းတော့ ကိုယ်တိုင်က စားသုံးသူ၊ superuser ဆိုတော့ consumer psychology ကိုနားလည်တယ်။ Education ပိုင်းလာတော့ ကိုယ်တိုင်က

လူသိတာဟာ အောင်မြင်တာ မဟုတ်ပါ။ Read More »

အောင်မြင်တဲ့သူတွေ ပြောတဲ့အောင်မြင်တဲ့ အကြောင်းတွေထဲမှာတူညီတဲ့အချက်တွေရှိတယ်။

၁. Think Big ကြီးကြီးစဉ်းစားပါ။ ၂. Love the process or Live with passion ကိုယ်လုပ်တဲ့အလုပ်ကိုချစ်ပါ။ ၃. Burning desire or be hungry ပြင်းပြတဲ့ စိတ်ဆန္ဒရှိပါ။ ၄. Solve problems ပြဿနာဖြေရှင်းပါ။ Billionaire ဖြစ်ချင်ရင် လူပေါင်း 1 billion ရဲ့ ပြသနာကိုဖြေရှင်းဖို့ကြိုးစားပါတဲ့။ ၅. Don’t do it for the money. ငွေအတွက်အလုပ်မလုပ်ပါနဲ့။ Do it for fun. Do it for sport.(Donald Trump) Money is the by-product တဲ့။ (Dan

အောင်မြင်တဲ့သူတွေ ပြောတဲ့အောင်မြင်တဲ့ အကြောင်းတွေထဲမှာတူညီတဲ့အချက်တွေရှိတယ်။
Read More »

အောင်မြင်မှု နှင့် ပျော်ရွှင်မှု

လိုချင်တာကို ရအောင်လုပ်နိုင်ရင် အောင်မြင်မှုရနိုင်တယ်။ စွန့်လွှတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို လုပ်နိုင်ရင်တော့ ပျော်ရွှင်မှုရနိုင်မယ်။ Phyo Paing @ Derek

အောင်မြင်မှု နှင့် ပျော်ရွှင်မှု Read More »

တော်တဲ့သူတိုင်းက အောင်မြင်ချင်မှအောင်မြင်မယ်။

အောင်မြင်တဲ့သူတိုင်းကတော့ တော်တယ်။ မအောင်မြင်ခင် တော်ဖို့အရင်လုပ်ဖို့လိုတယ်။Million နောက်မလိုက်ခင်Mastery နောက်လိုက်ဖို့လိုတယ်။ Phyo Paing @ Derek

တော်တဲ့သူတိုင်းက အောင်မြင်ချင်မှအောင်မြင်မယ်။ Read More »

အောင်မြင်မှုဆိုတာ

ပန်းလေးတွေပွင့်တာနဲ့တူတယ်။ပန်းတွေပွင့်လာဖို့ မျိုးစေ့ချဖို့၊ နေ့စဉ်ရေလောင်းပေါင်းသင်ဖို့ကို ချစ်မြတ်နိုးနေပြီး နေ့စဉ်လုပ်ကိုင်နေဖို့လိုတယ်။ ပန်းပွင့်ဖို့စဉ်းစားနေတာထက်စိုက်ပျိုးရတာကို ချစ်နေဖို့ပိုအရေးကြီးပါတယ်။ စိုက်ပျိုးရေးကိုသာ ချစ်ရင် တချိန်ပန်းပွင့်လာမှာပါ။ ၁. ကိုယ်ဘာအပင်စိုက်နေလဲသိဖို့လိုတယ်။ ၂. လိုအပ်တဲ့မျိုးစေ့နဲ့ ရေမြေအဆင်ပြေရဲ့လားသိဖို့လိုတယ်။၃. နေ့စဉ်ရေလောင်းဖို့လိုတယ်။ ဒါမှမဟုတ် နေ့စဉ်ရေလောင်းပေးနိုင်တဲ့ စနစ်တစ်ခုတည်ဆောက်ဖို့လိုတယ်။ Phyo Paing @ Derek

အောင်မြင်မှုဆိုတာ Read More »

ကြွားဖို့အတွက် ပညာမသင်ပါနဲ့။
ဘဝပြောင်းလဲဖို့အတွက် ပညာသင်ပါ။

ပထမနှစ် ဆေးကျောင်းတက်တုန်းက ဆရာကြီး ဦးအောင်မြင့်ဆီမှာ သင်တန်းတက်တယ်။ ဒါပေမယ့် တချို့ အရာတွေက အတန်းကြီးက အစ်ကိုတွေ ရှင်းပြတဲ့အခါ ပိုနားလည်သွားတယ်။ အဲ့ဒီအချိန်မှာ အတွေးတစ်ခုရလိုက်တယ်။ ဒါကို Knowledge gap လို့ခေါ်တယ်။ Professor နဲ့ ကိုယ့်ကြားမှာရှိတဲ့ knowledge gap က ကြီးနေတဲ့အခါ သူဆိုလိုတဲ့ တချို့အဓိပ္ပာယ်တွေကို နားမလည်တော့ဘူး။ ဒီတော့ textbook ဖတ်တယ်။ textbook ဖတ်ရင် စာပိုသိကောင်းသိနိုင်ပေမယ့် စာမေးပွဲမှာ အမှတ်များချင်မှ များမယ်။ စာမေးပွဲဖြေတယ်ဆိုတာ skill တစ်ခုဖြစ်တယ်။ Spoon-feeding နဲ့တော့ ပညာတတ်ကြီးဖြစ်မှာ မဟုတ်ဘူး။ လက်ထဲမှာရှိတဲ့ diploma က ပညာရှင်တွေနဲ့စကားပြောတဲ့အခါ ကိုယ်ဘယ်လောက်ပညာရေးအဆင့်ရှိလည်း နားထောင်တဲ့သူတိုင်းသိတယ်။ ဒါကြောင့်ကြွားဖို့အတွက် ပညာမသင်ပါနဲ့။ ဘဝပြောင်းလဲဖို့အတွက် ပညာသင်ပါ။ Phyo

ကြွားဖို့အတွက် ပညာမသင်ပါနဲ့။
ဘဝပြောင်းလဲဖို့အတွက် ပညာသင်ပါ။
Read More »