success

စေတနာ

ဖက်ထုတ်ကြော်ရောင်းတဲ့ အဒေါ်ကြီးသည် Customer Service မလေ့လာဖူးပေမယ့် အပြုံးနဲ့ လုပ်ရပ်မှာစေတနာပါတယ်။ သူ့ဆိုင်အောင်မြင်တယ်။ အလားတူ ဆံသဆရာလေးဟာ ဆံပင်ညှပ်သူစိတ်တိုင်းကျကို သူ့ဆံပင်တွေအတိုင်း မမောနိုင်မပန်းနိုင်ပြင်ပေးရှာတယ်။ ကျောင်းဆရာမလေးဟာ တပည့်တွေကို မပြောနိုင်မပန်းနိုင် သင်ပြပေးရှာတယ်။ စျေးသည်ကြီးဦးချိုသည် စျေးဝယ်သူတွေကို ညီအစ်ကိုအရင်းပမာ အပြုံးနဲ့ စေတနာအပြည့်နဲ့ ရှင်းပြရှာသည်။ စားပွဲထိုးကောင်လေးသည် ဧည့်သည်ကို အပြုံးနဲ့ဆီးကြိုပြီး လိုရာကိုအဆင်ပြေစွာသုံးဆောင်နိုင်ဖို့ဆောင်ရွက်ပေးသည်။ လောကမှာ စေတနာပါတဲ့လုပ်ငန်းတွေ အောင်မြင်ဖို့မခက်သလို၊ အလုပ်အပေါ်စေတနာထားသူအတွက် အလုပ်ကလည်းမရှားပါဘူး။ အောင်မြင်ဖို့စေတနာထားတာထက်၊ စေတနာထားလို့အောင်မြင်ကြသည်။ Phyo Paing @ Derek

စေတနာ Read More »

သင်ဘာလို့ မအောင်မြင်သေးသလဲ?

၁. တိကျတဲ့ရည်မှန်းချက်ပန်းတိုင်မရှိလို့။ ၂. ပြင်းပြတဲ့ စိတ်ဆန္ဒမရှိလို့။ ၃. ပြင်းပြတဲ့ စိတ်ဆန္ဒကို မထိန်းထားနိုင်လို့။ ၄. ပြင်းထန်တဲ့ လှုပ်ရှားမှုတွေမရှိလို့။ ၅. ဘ၀အတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိလို့။ ၆. သူများစကား အမြဲနားယောင်လို့။ ၇. မိမိကိုယ်ကို ယုံကြည်မှုမရှိလို့။ Phyo Paing @ Derek

သင်ဘာလို့ မအောင်မြင်သေးသလဲ? Read More »

မင်္ဂလာနံနက်ခင်းပါ။

နောက်ဆယ်နှစ်မှာ ကိုယ်လိုချင်တဲ့ရည်မှန်းချက်တွေအကုန်ပြည့်စုံနေပြီလို့ စဉ်းစားကြည့်ပါ။ …ဟုတ်ပါတယ်။ ..မြင်ယောင်ကြည့်၊ ကြားယောင်ကြည့်၊ ခံစားကြည့်ပါ၊ ခံစားမှုတွေ ကောင်းနေပါလိမ့်မယ်။ သင်ပြုံးမိလိမ့်မယ်။ အဲ့ဒါအရမ်းကောင်းတယ်။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ်တိုးတိုးလေး Yes လို့ပြောလိုက်ပါ။ YES! You are awesome! နောက် ဆယ်နှစ်ကို ကြိုရောက်နေတဲ့ ကိုယ့်အနေနဲ့ လက်ရှိကိုယ့်ကို အကြံဉာဏ်တွေပေးကြည့်ပါ။ နောက်ဆယ်နှစ်မှာ ခုလိုဖြစ်လာဖို့ ဘာတွေလုပ်ရမလဲ? စာရွက်တစ်ရွက်မှာ ချရေးပါ။ ဆယ်ခုအနည်းဆုံးထွက်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာ ဘယ်တစ်ခုကို ဆက်လုပ်မလဲ?Comment မှာရေးခဲ့ပါ။ ဒါဟာ ပြောင်းလဲခြင်းအစပါ။ ဒီ Post ကနေ မိတ်ဆွေတစ်ခုခုရသွားမယ်ဆိုတာသိတယ်။ အဲ့ဒါကောင်းတယ်။ ဒါေ့ကြာင့် တခြားသူတွေလည်း တစ်ခုခု အကျိုးရှိသွားအောင် ပြန် share ပေးပါအုံး။ Phyo Paing @ Derek

မင်္ဂလာနံနက်ခင်းပါ။ Read More »

အောင်မြင်မှုဟာ အောင်မြင်မှုကို မွေးဖွားတယ်။

လူတွေမှာ အခက်ခဲဆုံးက ပထမဆုံးအောင်မြင်မှုဖြစ်တယ်။ ပထမဆုံး အောင်မြင်မှုကို ကြုံပြီးနောက် မိမိကိုယ်ကို ပိုယုံကြည်မှုရှိလာတယ်။ နည်းနည်း လူရိုသေရှင်ရိုသေ ဖြစ်လာမယ်။ စိတ်မများပါနဲ့။ ပထမလုပ်ငန်းတစ်ခုကိုစတင်ပြီး အောင်မြင်အောင်လုပ်ပါ။ နှင်းဘောလုံးလို ကြာလေပိုအောင်မြင်လေ ဖြစ်လာပါလိမ့်မယ်။ Phyo Paing @ Derek

အောင်မြင်မှုဟာ အောင်မြင်မှုကို မွေးဖွားတယ်။ Read More »

ဥယျာဉ်စတင်တည်ဆောက်ပါ။

အောင်မြင်တဲ့သူတွေဟာ ဥယျာဉ်ကြီးတစ်ခုဖြစ်အောင်ကြိုးစားရင်း သူဘေးမှာ လိပ်ပြာတွေဝဲကြတယ်။ သင်ဘေးမှာ အားပေးသူလိပ်ပြာတွေဝဲဖို့ ဥယျာဉ်စတင်တည်ဆောက်ပါ။ Phyo Paing @ Derek

ဥယျာဉ်စတင်တည်ဆောက်ပါ။ Read More »

အိမ်မက်တွေနောက်လိုက်နေဖို့ထက် သင့်မှာအလုပ်ဖြစ်တဲ့ Process တစ်ခုလိုပါတယ်။

အရင်ကအောင်မြင်မှုနောက်ကိုပဲ မလိုက်နဲ့လို့ပြောခဲ့ပါတယ်။ကျွန်တော်တို့မှာများစွာသော အောင်မြင်မှုများအတွက် အိမ်မက်တွေရှိပါတယ်။စိတ်ပညာရှင် Victor Franklrက အောင်မြင်မှုဆိုတာ By-product ပါတဲ့။ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့1.Passion2.Process3.Peopleသုံးခုအပြင် Missionကို Focusလုပ်သင့်တယ်။Bill Gates, Elon Musk,Jack Ma အစရှိသူများဟာ Billionaire ဖြစ်ဖို့ထက်အပြောင်းအလဲတစ်ခုလုပ်ဖို့ လုပ်ငန်းစခဲ့ကြတာဖြစ်တယ်။Phyo Paing @ Derek

အိမ်မက်တွေနောက်လိုက်နေဖို့ထက် သင့်မှာအလုပ်ဖြစ်တဲ့ Process တစ်ခုလိုပါတယ်။ Read More »

Success is a lifestyle.

အောင်မြင်မှုဆိုတာ ခက်ခက်ခဲခဲ လိုက်ရှာနေတာထက် ဘ၀နေထိုင်မှုပုံစံ တစ်ခုလို့ ယူဆပါတယ်။ ချမ်းသာပြီး ပူလောင်နေတာ အောင်မြင်မှုမဟုတ်ပါဘူး။ Phyo Paing @ Derek

Success is a lifestyle. Read More »

ပျော်ရွှင်မှ အောင်မြင်မှာပါ။

အောင်မြင်ရင် ပျော်ရွှင်မယ်ထင်ကြတယ်။ တကယ်တော့ပျော်ရွှင်မှ အောင်မြင်မှာပါ။ ဒါ့ကြောင့်ပျော်တဲ့ အလုပ်လုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ပျော်ရွှင်မှ အောင်မြင်မှာပါ။ Read More »

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ?

၁။ တိကျတဲ့ရည်ရွယ်ချက်မရှိလို့။ ၂။ ခိုင်မာတဲ့ဆုံးဖြတ်ချက်မရှိလို့။ ၃။ ကိုယ့်ကိုကိုယ် အလိုလိုက်လို့။ ၄။ အမြဲမပြတ်လေ့လာမှုအားနည်းလို့။ ၅။ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားမှုဇွဲမရှိလို့။ Phyo Paing @ Derek

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ? Read More »