success

စိတ်ကူးမယဉ်တာ ဘယ်လောက်ကြာပြီလဲ?

လူတစ်ယောက်ရဲ့ အနာဂတ်ကို ကန့်သတ်ချင်ရင်စိတ်ကူးယဉ်တာတွေကို ကန့်သတ်လိုက်ပါ။ကျွန်စနစ်သက်ဆိုးရှည်ခဲ့တာသူတို့ကို မစဉ်းစားရဲအောင် ကန့်သတ်ထားလိုက်လို့။နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ အဖွဲ့အစည်းတစ်ခု၊လူတစ်ယောက်ရဲ့ အနာဂတ်ကိုကန့်သတ်ချင်ရင်သူ့စိတ်ကူးယဉ်မှုကို ကန့်သတ်လိုက်ပါ။ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။စိတ်ကူးမယဉ်တာ ဘယ်လောက်ကြာပြီလဲ? Phyo Paing @ Derek

စိတ်ကူးမယဉ်တာ ဘယ်လောက်ကြာပြီလဲ? Read More »

မင်္ဂလာ နံနက်ခင်းပါ

လူအများ အိပ်စက်နေချိန်မှာကိုယ်က နိုးထတရားထိုင်၊ စာဖတ်၊ journal ရေး၊လေ့ကျင့်ခန်းလုပ်မယ်။လူအများ အိပ်ရာထဲကထဖို့ကြိုးစားနေတဲ့အချိန်ကိုယ်က ဘဝရှေ့ရေးအတွက်plan တွေစဥ်းစား ပြင်ဆင်နေမယ်။ လူအများစဥ်းစားချင်တာစဥ်းစားပြီးအတွေးဝင်္ဂဘာထဲ မှာခြာခြာလည်နေတဲ့အချိန်ကိုယ့် language skills တွေအတွက်App တွေနဲ့ လေ့ကျင့်နေမယ်။လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်။ လူအများစုအနေနဲ့တခြားသူတွေဘယ်လိုမြင်မလဲစဥ်းစားစိတ်ညစ်နေတဲ့အချိန်ကိုယ့်ရဲ့ သတ်မှတ်ဥပဒေသအတိုင်းဘူကောင်တွေကို ရှောင်မယ်။တစ်မိနစ်ထက်ပို စိတ်ညစ်စေတဲ့အရာမခံစားဘူး။ လူအများစု ဘဝရပ်တည်ရေးအတွက်ငွေကြေးကို ဦးတည်တဲ့အချိန်ကိုယ့်အနေနဲ့ ဘဝမှာကိုယ်ဖန်တီးချင်တဲ့အတ္တနဲ့ ပရအကျိုးသယ်ပိုးဖို့အဓိပ္ပာယ်ကို အာရုံစိုက်မယ်။ဒါတွေက ဒီစာကိုဖတ်နေတဲ့သူနဲ့လူအများစုနဲ့ ကွာခြားချက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာကြောင့်အလုပ်တွေလုပ်နေရတာလဲ?အကောင်းဆုံးကိုယ့်ကိုကိုယ်ဖန်တီးဖို့ ကိုယ့်မှာ တာဝန်ရှိသလိုသံသရာထဲမှာ တခြားသူတွေကိုအလင်းနဲ့ positive energyပြန်ပေးဖို့ ကိုယ်က energy sourceဖြစ်နေဖို့ ကိုယ့်ကိုကိုယ်အိုလံပစ် အားကစားသမားများလို trainနေဖို့လိုတယ်။ Phyo Paing @ Derek

မင်္ဂလာ နံနက်ခင်းပါ Read More »

Dream List ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။

၂၀၁၂ ဘွဲ့ရတယ်။ ABE Graduate Diploma ပြီးတယ်။၂၀၁၃ Roche မှာအလုပ်ဝင်တယ်။ Part-time သင်တယ်။၂၀၁၄ တစ်နိုင်တပိုင် ဖုန်းတွေကလိပေးရင်း တရုတ်က ပစ္စည်းမှာပေးနေရာက ကိုယ်တိုင်ဆိုင်စဖွင့်တယ်။၂၀၁၅ ဆိုင်လွဲခဲ့တယ်။ MBA ပြီးတယ်။ကိုယ်ပိုင်သင်တန်းကျောင်းစတင်တယ်။၂၀၁၆ City of Oxford College (UK) Diploma တွေ စတင်ပို့ချခွင့်ရတယ်။ Training တွေစတယ်။၂၀၁၇ Yangon မှာ Public & Corporate Training စတယ်။၂၀၁၈ Coaching ကို ပီပီပြင်ပြင်စတယ်။၂၀၁၉ ToeTet ကိုစတယ်။ MBA Program စတယ်။၂၀၂၀ Dreamlab နဲ့ Akyanpay ကိုစတယ်။၂၀၂၁ Sapwar, Nyan Htet, Mindmax, Thukha ကိုစတယ်။ ဒါတွေအကုန်လုံးရဲ့ဆုံမှတ်က ၂၀၃၀

Dream List ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ Read More »

Non-negotiable set point

တစ်ရက်စာတစ်အုပ်ပြီးအောင်ဖတ်ရမယ်။တစ်ရက် video တစ်ခု ဖန်တီးရမယ်။တစ်ရက် စာတစ်ပိုဒ်ရေးရမယ်။​တစ်ရက် pushups တစ်ရာလုပ်ရမယ်။မနက်တိုင်း ၁၅ မိနစ် တရားထိုင်ရမယ်။စိတ်ညစ်စရာတိုင်း ၁ မိနစ်ထက် ပိုမခံစားဘူး။နေ့တိုင်း ၁၅ မိနစ် အလုပ်အကြောင်း plan ရမယ်။Learning App နှစ်ခုအတွက် တစ်ရက်၃၅ မိနစ်အထက် အချိန်ပေးတယ်။ဒါတွေက ကိုယ့်ရဲ့ non-negotiable setpoint ပဲ။ ဒီနေ့ Vishen Lakhiani ရဲ့The Codes of Extraordinary Mind ကိုVideo လုပ်ဖို့ သူ့စာအုပ်ဖတ်နေရင်းကိုယ်နဲ့တူတဲ့ idea တစ်ခုတွေ့တယ်။ဒါကိုတော့ Vishen က non-negotiable setpointလို့ခေါ်တယ်။ ကျွန်တော်ကတော့Daily Feel-Good List လို့သုံးတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့တစ်ရက်တာအဓိပ္ပာယ်ရှိဖို့ အဲ့အချက်တွေက မရှိမဖြစ်လိုလို့။ Phyo Paing @ Derek

Non-negotiable set point Read More »

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။

ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာ သက်လုံမကောင်းတဲ့ သင့်ပြိုင်ဖက်တွေကကျန်ခဲ့လိမ့်မယ်။တစ်နှစ်၊ နှစ်နှစ် မစဉ်းစားနဲ့ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနည်းဆုံးစဉ်းစားထားဖို့လိုတယ်။ Phyo Paing @ Derek

သက်လုံမကောင်းတဲ့
သင့်ပြိုင်ဖက်တွေက
ကျန်ခဲ့လိမ့်မယ်။
Read More »

ဘေးထိုင်ဘုပြောတာနဲ့ ကြုံလာတဲ့ အခါ ကိုယ့် အလုပ်အပေါ်ထားတဲ့ စေတနာ မပျက်ပါစေနဲ့။

တခါတလေ ကျွန်တော်တို့ရဲ့ ခံယူချက်အရအလုပ်ကြိုးစား လုပ်ပေမယ့်ဘေးထိုင်ဘုပြောတာနဲ့ ကြုံလာတဲ့အခါကိုယ့်အလုပ်အပေါ်ထားတဲ့ စေတနာမပျက်ပါစေနဲ့။ လူတိုင်းမှာ အတ္တရှိကြတယ်။ဒီ အတ္တတောင်ကို မကျော်နိုင်တဲ့အခါစိတ်မထားတတ်ပဲ သူတပါးကိုဝေဖန်တတ်ကြတယ်။ဒါကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရမှာပါ။ ငါ့ကိုသူ ဘာကြောင့် ဒီလိုဝေဖန်လဲဆိုတာထက်သူလည်း လူသားပဲ သူ့မှာလည်းသူ့စဉ်းစားပုံရှိလိမ့်မယ်ဆိုတဲ့ဖြေတွေးလေးတွေးပေးလိုက်ပါ။ ဘေးထိုင်ဘုပြောသူတွေကြောင့်ကိုယ့်အလုပ်ပေါ်ထားတဲ့ စေတနာမပျက်စေပါနဲ့။ Phyo Paing @ Derek

ဘေးထိုင်ဘုပြောတာနဲ့ ကြုံလာတဲ့ အခါ ကိုယ့် အလုပ်အပေါ်ထားတဲ့ စေတနာ မပျက်ပါစေနဲ့။ Read More »

အခြေခိုင်ဖို့ အခြေခံလိုတယ်။

စီးပွားရေးတိုးတက်နေတဲ့အချိန်အောင်မြင်နေတာ စစ်မှန်တဲ့အောင်မြင်မှုလို့ ခေါ်လို့မရနိုင်ဘူးလို့ယူဆတယ်။ ဘယ်အခြေအနေဖြစ်ဖြစ်ရပ်တည်နိုင်တာမှ အောင်မြင်မှုလို့သတ်မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့Dotcom bubble ကွဲထွက်တဲ့အချိန်ကုမ္ပဏီတွေ အစီအရီ ဒေဝါလီခံရတယ်။Google, Amazon, Microsoft နဲ့လက်တစ်ဆုပ်စာ ကုမ္ပဏီကတော့တောင့်ခံပြီး ပြန်လည်ကြီးထွားနိုင်တယ်။ 2002 မှာ SIRS ရောဂါဖြစ်တယ်။​ကုမ္ပဏီတွေ မရှိတော့ဘူး။Alibaba ကြီးထွားလာတယ်။ 2008 recession ဖြစ်တယ်။လူတွေအလုပ်ပြုတ်ကြသလိုတချို့ကုမ္ပဏီတွေ မရှိတော့ဘူး။ပြဿနာအသစ်တွေနဲ့ အတူAugust 2008 မှာAirbnb တို့လို ကုမ္ပဏီတွေထွက်ပေါ်လာတယ်။March 2009 မှာUber ထွက်ပေါ်လာတယ်။ ဘာကြောင့် တချို့ကုမ္ပဏီတွေဒေဝါလီခံသွားတဲ့ အချိန်မှာတချို့တွေ ရှင်သန်ပြီး ပြန်လည်ကြီးထွားအသစ်တွေ ဖန်တီးနိုင်တာလဲဆိုရင်အခြေခံ ခိုင်တဲ့အတွက်ဖြစ်တယ်။​ ဒါကို Amazon ရဲ့ Founder Jeff Bezos ကရှင်းရှင်းလေး ရှင်းပြထားတယ်။လူတွေက အနာဂတ်မှာ ဘာတွေပြောင်းမလဲသူ့ကို လာမေးတယ်။​အနာဂတ်မှာ ပြောင်းလဲမည့်အရာတွေအများကြီး ရှိတယ်။အဲ့ဒါထက် အရေးကြီးတဲ့အရာကအနာဂတ်မှာ ဘာတွေ

အခြေခိုင်ဖို့ အခြေခံလိုတယ်။ Read More »

ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။

ကိုယ် စာတကယ်ဖတ်တတ်ရဲ့လား။ လူအများစုက စာဖတ်ကြပေမယ့်စာဖတ်တဲ့ နည်းစနစ်မမှန်ကြဘူး။ ဒါကြောင့် စာတစ်အုပ်ပြီးဖို့ တစ်ပတ်၊ ဆယ်ရက်ကြာတတ်သလို တချို့ဆို ဒီထက်ပိုကြာနိုင်တာတွေ့ရတယ်။ စာအုပ်အမျိုးအစားအများကြီးရှိပြီးဒီမှာတော့ non-fiction တွေအပိုင်းကို အဓိကထားပြောမယ်ဆိုရင် ငယ်ငယ်ကကျောင်းမှာ စာဖတ်နည်းသေချာ မသင်ပေးလိုက်ဘူး။ Elon Musk ငယ်ငယ်က တစ်ရက်ကိုစာနှစ်အုပ်လောက်ဖတ်တတ်တဲ့။ စလုံးထိပ်တန်းတက္ကသိုလ်တစ်ခုမှာကလေးတွေ note-taking လုပ်တဲ့ပုံသူတို့ကို train ထားတဲ့ပုံကြည့်လိုက်ပြီးငါတို့ နောက်နှစ်သုံးဆယ်လဲ မီမှာမဟုတ်ဘူး သိလိုက်တယ်။ စာတစ်အုပ်ဖတ်ရင်တော့ အခြေခံcomprehension လိုတာပေါ့။တရုတ်စာမတတ်ပဲ တရုတ်လို speed-reading ဘယ်လုပ်လို့ရမလဲ။ ဒီ comprehension နားလည်မှုအဆင့်အတွက်စကားလုံးတွေကိုနားလည်ဖို့လိုလာတယ်။ English လိုဖတ်ပြီဆိုရင် နားမလည်တဲ့စကားလုံးတွေကို လိုက်ရှာနေမည့်အစားအသုံးများတဲ့ စကားလုံးနဲ့ phrase သုံးလေးထောင်လောက်ကို တခါတည်းမှတ်လိုက်လို့ရတယ်။စကားလုံးနည်းနည်းမြင့်တာလေးသုံးချင်ရင်Princeton Review Word Smart တို့လို သုံးလို့ရတယ်။ နောက် စကားလုံးမှတ်နည်းကို memory

ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။ Read More »

ကိုယ်လိုချင်တာ ကိုယ်ရတာမဟုတ်ဘူး။
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရတာဖြစ်တယ်။

ဒါကြောင့် You don’t get what you want.You get what you deserve ဆိုတာမှန်တယ်။ကိုယ်လိုချင်တာပဲ စွဲလမ်းတမ်းတနေရုံနဲ့မရဘူး။ကိုယ်လိုချင်တဲ့အရာ ကိုယ့်ဆီလာအောင်လေ့လာပြင်ဆင်မှု၊ လေ့ကျင့်မှု၊ စည်းကမ်း၊ ဇွဲရှိမှ ကိုယ်လိုချင်တာနဲ့ ထိုက်တန်တဲ့ ကိုယ်ဖြစ်လာမှာ။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ကိုယ်ရတာမဟုတ်ဘူး။
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရတာဖြစ်တယ်။
Read More »

နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။

ဘာလို့ Body Transformation လုပ်လဲ မေးကြတယ်။ အဓိကကတော့ ToeTet – တိုးတက်Tagline ကို “လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ” လို့ ပြောင်းထားတယ်။ကိုယ်ပေးထားတဲ့ ကတိကိုယ်တည်အောင်တကယ်လုပ်ခဲ့တယ်။ နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။အများစုက စနစ်ကိုမလေ့လာပဲရမ်းသမ်းလုပ်နေလို့သာ လိုရာခရီးရောက်ဖို့ကြာနေတာလို့ မြင်တယ်။ Phyo Paing @ Derek

နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။ Read More »