success

ကိုယ်လိုချင်တာ ကိုယ်ရတာမဟုတ်ဘူး။
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရတာဖြစ်တယ်။

ဒါကြောင့် You don’t get what you want.You get what you deserve ဆိုတာမှန်တယ်။ကိုယ်လိုချင်တာပဲ စွဲလမ်းတမ်းတနေရုံနဲ့မရဘူး။ကိုယ်လိုချင်တဲ့အရာ ကိုယ့်ဆီလာအောင်လေ့လာပြင်ဆင်မှု၊ လေ့ကျင့်မှု၊ စည်းကမ်း၊ ဇွဲရှိမှ ကိုယ်လိုချင်တာနဲ့ ထိုက်တန်တဲ့ ကိုယ်ဖြစ်လာမှာ။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ကိုယ်ရတာမဟုတ်ဘူး။
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရတာဖြစ်တယ်။
Read More »

နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။

ဘာလို့ Body Transformation လုပ်လဲ မေးကြတယ်။ အဓိကကတော့ ToeTet – တိုးတက်Tagline ကို “လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ” လို့ ပြောင်းထားတယ်။ကိုယ်ပေးထားတဲ့ ကတိကိုယ်တည်အောင်တကယ်လုပ်ခဲ့တယ်။ နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။အများစုက စနစ်ကိုမလေ့လာပဲရမ်းသမ်းလုပ်နေလို့သာ လိုရာခရီးရောက်ဖို့ကြာနေတာလို့ မြင်တယ်။ Phyo Paing @ Derek

နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။ Read More »

ပညာသင်တယ်ဆိုတာ
သာမာန်မျက်စိနဲ့ မမြင်တာကို
ပညာမျက်စိနဲ့မြင်ဖို့။

ပညာသင်ဘွဲ့ရပြီးအမြင်မပြောင်းရင်အိမ်မှာ စာရွက်တစ်ရွက်ပဲပိုလာမှာ။ Level တစ်ခုတကယ်ရောက်သွားရင် သင်ဘာရှိလဲဆိုတာထက်ဘာလုပ်ပေးနိုင်လဲဆိုတာပဲလုပ်ငန်းရှင်တွေက စဉ်းစားတယ်။ Phyo Paing @ Derek

ပညာသင်တယ်ဆိုတာ
သာမာန်မျက်စိနဲ့ မမြင်တာကို
ပညာမျက်စိနဲ့မြင်ဖို့။
Read More »

ကိုယ့်ထက်အဆ တစ်ရာချမ်းသာတဲ့သူက
ကိုယ့်လို ပျော်နေချင်မှ ပျော်နေမှာ။

ကိုယ်လုပ်တဲ့အလုပ်မှာ စျာန်ဝင်ပြီးပျော်နေတာ ဘဝရဲ့ နိဗ္ဗာန်တစ်ခုပဲ။သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျစရာမလိုဘူး။ Phyo Paing @ Derek

ကိုယ့်ထက်အဆ တစ်ရာချမ်းသာတဲ့သူက
ကိုယ့်လို ပျော်နေချင်မှ ပျော်နေမှာ။
Read More »

လေမုန်တိုင်းထဲကထွက်လာနိုင်တဲ့အခါ
လေမုန်တိုင်းထဲမဝင်ခင် “သင်” မဟုတ်တော့ဘူး။ဒါဟာ မုန်တိုင်းရဲ့အဓိပ္ပာယ်ပဲ။

And once the storm is over, you won’t remember how you made it through, how you managed to survive. You won’t even be sure, whether the storm is really over. But one thing is certain. When you come out of the storm, you won’t be the same person who walked in. That’s what this storm’s

လေမုန်တိုင်းထဲကထွက်လာနိုင်တဲ့အခါ
လေမုန်တိုင်းထဲမဝင်ခင် “သင်” မဟုတ်တော့ဘူး။ဒါဟာ မုန်တိုင်းရဲ့အဓိပ္ပာယ်ပဲ။
Read More »

စိတ်မညစ်ပါနဲ့။ အခြေအနေက ဒီထက်ပိုဆိုးနိုင်ပါသေးတယ်။

ကမ္ဘာမှာ မြန်မာကအလှဆုံးဆိုပြီး ငယ်ငယ်ကဆရာမပြောတော့၊ တရုတ်ကျောင်းဆရာမက တရုတ်လို့ပြောတယ်ပြောလို့ အဆဲခံရဖူးတယ်။ နောက်ပိုင်းတခြားနိုင်ငံတွေရောက်ဖူးတော့မှ အမှန်အမှားသိလာတယ်။ ပညာရေးစနစ်က စူးစမ်းလေ့လာမှုကို ချိုးနှိမ်ထားတော့ မေးခွန်းမမေးရဲကြဘူး။ ဒါလုပ်နေကျ မင်းကဘာသိလို့လဲနဲ့ ပြီးသွားကြတယ်။ ဒါကြောင့် အခြေအနေကြည့်ပြီး တချို့မေးခွန်းတွေ ကိုယ့် ဒိုင်ယာရီထဲမှာပဲရေးထားလိုက်တယ်။ I နောက်မှာ am ပဲလိုက်တယ်လို့ ဆရာသင်တာကို အသေမှတ်ထားပြီး လူတွေနဲ့ လိုက်ငြင်းနေသူတစ်ယောက်လိုပေါ့။ စာမဖတ်တဲ့သူက I အနောက်မှာ were လိုက်လို့ရတဲ့အချိိန်တွေရှိတာသူမသိခဲ့ဘူး။ ဒါကြောင့် ဒီနောက်ပိုင်း လူတွေနဲ့ ပြိုင်မငြင်းဖြစ်တော့ဘူး။ ဟင်းတစ်မျိုးပဲစားဖူးသူအတွက် ဒီဟင်းက “သူ့အတွက်” အကောင်းဆုံးဖြစ်နိုင်တယ်။ တချို့အမှန်တရားတွေကလဲ အတူတူပဲ။ သူသိမြင်ထားတဲ့ “အသိဥာဏ်” အရ ဒါအကောင်းဆုံးဆိုတာဖြစ်နိုင်တယ်။ လူတိုင်းဟာ သူ့အသိဥာဏ်အလိုက် သူအကောင်းဆုံးထင်တာကို လုပ်သွားကြတာပဲ။ ဒီအယူအဆလေး ခေါင်းထဲထည့်ထားတော့ လူလိမ်၊ သူခိုး၊

စိတ်မညစ်ပါနဲ့။ အခြေအနေက ဒီထက်ပိုဆိုးနိုင်ပါသေးတယ်။ Read More »

အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကို
ပိုဆိုးစေတဲ့အချက်သုံးချက်

အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကိုပိုဆိုးစေတဲ့အချက်သုံးချက်က ၁။ အလုပ် ၂။ ဝင်ငွေ ၃။ တိုးတက်မှု အလုပ်နဲ့လက်နဲ့ မပျက်ရင် စိတ်ညစ်တာတွေ စဥ်းစားဖို့သိပ်အချိန်မရဘူး။ အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်နေရရင်စိတ်ညစ်စရာသိပ်စဥ်းစားမိမှာမဟုတ်ဘူး။ ဝင်ငွေမရှိရင် အော်တိုမစ်တစ် စိတ်ညစ်လိမ့်မယ်။ဝင်ငွေပိုတိုးအောင်လုပ်မလား၊ သေချာစီစစ်ပြီး သုံးစွဲမလား၊ နှစ်ခု စလုံးလုပ်မှာလား စဥ်းစားရမယ်။ တတိယတစ်ချက်မှ တိုးတက်မှုလာတယ်။ပထမနှစ်ခုမရှိရင် တတိယလဲမရှိဘူး။ တတိယမရှိရင် မပျော်ဘူး။ အနာဂတ်က စိတ်ဓာတ်ကျစရာပိုကောင်းလာမယ်။တိုးတက်နေဖို့ သင်တန်းပဲတက်နေလို့မရဘူး။ အလုပ်နဲ့ ဝင်ငွေရှိနေဖို့လဲ လိုတယ်။ ကိုယ့်ကိုကိုယ် ကယ်တင်ပြီးမှ တခြားသူတွေကို ကယ်တင်နိုင်မှာဖြစ်တဲ့အတွက်အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။ Phyo Paing @ Derek

အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကို
ပိုဆိုးစေတဲ့အချက်သုံးချက်
Read More »

Artist စစ်တွေကို လေးစားတယ်။

သူတို့က ခေတ်တစ်ခေတ်ရဲ့ ယဥ်ကျေးမှုကို ဖော်ပြပေးတယ်။ဖန်တီးမှုထဲမှာ စျာန်ဝင်နိုင်တယ်။ လက်ရှိမွန်းကြပ်မှုတွေထဲက ထွက်ပေါက်အနုပညာကမ္ဘာထဲမှာ စိတ်ကျက်စားနိုင်တယ်။ ဒီစိတ်ဓာတ်ကို လူတိုင်းကျင့်သုံးလို့ရတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို art တစ်ခုအဖြစ်မြင်လို့ရတယ်။ Content တွေဖန်တီးတာ၊ ကိတ်မုန့်ဖုတ်တာ၊ ဧည့်ကြိုတာ၊ ကိုယ်လုပ်တဲ့အလုပ် တိုင်းကို art တစ်ခု အဖြစ် ခံယူမယ်ဆို ပိုကောင်းတဲ့ အရာတွေ ဖန်တီးနိုင်မှာမလွဲပဲ။ စောစောကြွေလွင့်ခဲ့တဲ့ ဒိုးလုံးတို့လို၊ ရေမွန်တို့လို artist တွေက ကမ္ဘာပေါ်မှာ မရှိတော့ပေမယ့် သူတို့ဖန်တီးမှုတွေ လူသားတွေရဲ့နှလုံးသားကိုရိုက်ခတ်မှု ဆက်ရှိနေအုံးမှာပဲ။ Phyo Paing @ Derek

Artist စစ်တွေကို လေးစားတယ်။ Read More »

ပြိုင်ဖက်ကြောင့်လမ်းမှားမရောက်စေနဲ့။

ကိုယ်က ရန်ကုန်-မန်းလေးလမ်းမောင်းလာရင်းကိုယ်က မန္တလေးသွားမယ်။ကိုယ့်လာပြိုင်တဲ့သူကတောင်ကြီးသွားရင်သွားမယ်။ လမ်းမှာကားပြိုင်မောင်းရင်းပြိုင်ဖက်လမ်းကြောင်းအတိုင်းလိုက်ပြီးကိုယ့်ပန်းတိုင်မပျောက်သွားဖို့လိုတယ်။ ကိုယ့်ခရီးကိုယ်နင်တယ်။ပြိုင်ဖို့လဲစိတ်မဝင်စားသလိုကိုယ့်ပြိုင်ဖက်လို့လဲမသတ်မှတ်ထားဘူး။ဘာလို့လဲ? ကိုယ့်လမ်းကြောင်းကိုယ်ရှင်းလို့။ Phyo Paing @ Derek

ပြိုင်ဖက်ကြောင့်လမ်းမှားမရောက်စေနဲ့။ Read More »

Planned Suffering

ဒုက္ခဒဏ်ခံနိုင်အောင် တစ်နှစ်တစ်ခါ ကိုယ်နဲ့အသားမကျတဲ့ အရာတစ်ခုလုပ်တယ်။ မဟုတ်ရင် လူ့ဘ၀အဆင်ပြေနေတာကို တစ်သက်လုံးအဆင်ပြေနိုင်မယ် ယူဆနိုင်လို့။ အောင်မြင်မှု “ဆာလောင်မှု” Hunger က အရေးကြီးတယ်လို့မြင်တယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒမရှိရင် ကြီးကြီးမားမား ဘယ်အရာမှ လုပ်ဖို့မလွယ်ဘူး။

Planned Suffering Read More »