Advice

ဘွဲ့တစ်ခုအစား ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း
အတတ်ပညာ ကျွမ်းကျင်မှုအပေါ်ထားဖို့လိုတယ်လို့မြင်တယ်။

လူငယ်တွေအတွက် ဆင်းရဲမှုတိုက်ဖျက်ပြီးကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ အချက် ၅ ချက် ၁။ ဖုန်းကို အကောင်းဆုံးအသုံးပြုဖို့လိုတယ်။ ၂။ အင်္ဂလိပ်စာကို မဖြစ်မနေလေ့လာဖို့လိုတယ်။ အကောင်းဆုံးလေ့လာနည်းက ကိုးတန်းနဲ့ ဆယ်တန်း အင်္ဂလိပ်စာကျောင်းစာအုပ်က နေစတင်လေ့လာကြည့်ပါ။ ၃။ အခမဲ့လေ့လာလို့ရတဲ့ နေရာတွေကိုသိထားပါ။ ဥပမာ khanacademy တို့၊Youtube မှာ တန်ဖိုးရှိတဲ့ channel တွေ၊ နောက် Duolingo မှာဆို ဘာသာစကားတွေ အခမဲ့လေ့လာလို့ရတယ်။ Google Prime မှာဆို မားကတ်တင်းလေ့လာလို့ရတယ်။ ၄။ ပိုက်ဆံလေးစုမိရင် laptop ဝယ်ပါ။ ဒီကတဆင့် အလွတ်တန်းသမားအနေနဲ့ လုပ်လို့ရနိုင်တဲ့ အလုပ်တွေကို လုပ်ပါ။ ဒီနေ့ခေတ်မှာ Social Media Page ကိုင်ပေးတာ၊ဗီဒီယိုတီးဖြတ် လုပ်လို့ရတာအများကြီးရှိပါတယ်။ ၅။ အချိန်လုံးဝမဖြုန်းပါနဲ့။ အညီအဟောက်တွေနဲ့ အတင်းအဖျင်းတွေကိုယ့်ဘဝကို အလွမ်းမိုးမခံပါနဲ့။ […]

ဘွဲ့တစ်ခုအစား ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း
အတတ်ပညာ ကျွမ်းကျင်မှုအပေါ်ထားဖို့လိုတယ်လို့မြင်တယ်။
Read More »

ဖြတ်လမ်းဆိုတာ ရှိတယ်။

ဖြတ်လမ်းဆိုတာ ရှိတယ်။ဒါကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လေ့ကျင့်မှုတွေလိုတယ်။မဟုတ်ရင် လူတိုင်းအလွယ်တကူအသုံးပြုနေကြမှာပေါ့။ Shortcuts exist, but utilizing them effectively may require years of training, practice, and a special skill. Phyo Paing @ Derek

ဖြတ်လမ်းဆိုတာ ရှိတယ်။ Read More »

ပုံမှန် training ဆင်းနေဖို့လိုတယ်။

သာမာန်လူတွေအတွက်အမောဖောက်စေလောက်မည့်အရာတွေကိုယ့်အတွက် သွေးပူလေ့ကျင့်ခန်းလောက်ဖြစ်ဖို့ပုံမှန် training ဆင်းနေဖို့လိုတယ်။ Phyo Paing @ Derek

ပုံမှန် training ဆင်းနေဖို့လိုတယ်။ Read More »

နည်းပညာအသစ်တွေ
လေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။

သစ်တစ်ပင်ခုတ်လို့ ၈ နာရီကြာမယ်ဆို၆ နာရီကို ပုဆိန်သွေးပြီး၂ နာရီကို သစ်ခုတ်မယ်တဲ့။ ဒါက လင်ကွန်းပြောခဲ့တာလေး။ လူတွေက တစ်နေ့တစ်နေ့သစ်ပင်တွေ ခတ်နေကြတယ်။ဓားတွေဖို့၊ ပုဆိန်သွေးဖို့၊နည်းပညာအသစ်တွေလေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။ Phyo Paing @ Derek

နည်းပညာအသစ်တွေ
လေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။
Read More »

ချပြီးဖြစ်အောင်လုပ်ဖို့လိုတယ်။

သုဝဏ္ဏသာမ “သားရွှေအိုးထမ်းသလိုပဲ”တချို့ရည်မှန်းချက်ပန်းတိုင်ပြည့်ရင်ကျန်တဲ့ သေးသေးမွှားမွှားတွေမလိုတော့ဘူး။အရေးကြီးတဲ့ “ဆပွါးအကျိုးရမည့်” ရည်မှန်းချက်ပန်းတိုင်တွေပဲချပြီးဖြစ်အောင်လုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ချပြီးဖြစ်အောင်လုပ်ဖို့လိုတယ်။ Read More »

တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှု
Personal Finance မှာ
ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။

ငယ်ငယ်က ရောဘတ်ကီရိုစာကီစာအုပ်ဖတ်ပြီး လစဥ်ဝင်ငွေဆိုတဲ့cash flow ပဲ အဓိကတည်ဆောက်လာတာ။ ရသမျှငွေကို အနာဂတ်လစဥ်ဝင်ငွေအဖြစ်ပဲပြောင်းလဲလာရာက ပြောင်းပြန်လုပ်ကြည့်မယ်ဆိုပြီးcapital gain ကိုအဓိကထားပြီးလစဥ်ဝင်ငွေမရချင်နေ ဝယ်ထားလိုက်ဆိုပြီးစမ်းကြည့်တယ်။ အဲ့မှ နားလည်သွားတယ်။ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကောင်းရင်လစဥ်ဝင်ငွေရှာပေးတဲ့ စီးပွားရေးတွေကောင်းတယ်။မကောင်းရင် capital gainအရင်းအနှီးအမြတ် သွားတာတွေကပိုကောင်းတတ်တယ်။ နှစ်ခုစလုံးက အရေးကြီးတယ်လို့ထင်တယ်။ တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှုPersonal Finance မှာ ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။ အလုပ်ဖြစ်ဖို့တော့လိုတယ်။ Phyo Paing @ Derek

တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှု
Personal Finance မှာ
ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။
Read More »

ဒီခံယူချက် အမြဲထားတယ်။

ကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့နယ်ပယ်မှာကိုယ်ကတော့ ဆရာအကျဆုံးဖြစ်ရမယ်။ ဒီခံယူချက် အမြဲထားတယ်။ Raphael က အသက် ၃၀ လောက်မှာနန်းတော်ကြီးတွေပိုင်ပြီ။သူ့ပန်းချီကားတွေ အောင်မြင်တယ်။ကျွန်တော်သူ့ကို အားမကျဘူး။သူက သူများထွင်ထားတဲ့ဖော်မြူလာနဲ့သွားတယ်။ အဲ့အချိန်Leonardo Da Vinci က အခန်းကျဉ်းလေးမှာမိုနာလီဇာ ပန်းချီကားကိုဆွဲနေတယ်။သူ့အလင်းသီအိုရီတွေ၊ ခန္ဓာဗေဒတွေသေချာလေ့လာပြီး ဖန်တီးနေတယ်။သူ့ဖော်မြူလာသူသေချာတီထွင်ဖန်တီးတယ်။ ကျွန်တော့်ရဲ့ inspiration က Raphael မဟုတ်ဘူး။ကျွန်တော့်ရဲ့ inspiration က Leonardo Da Vinci. အဿပြာက အရေးကြီးတယ်။သူ့ထက်အရေးကြီးတာ ကိုယ့်ရဲ့ဖန်တီးမှု၊ ပညာ။ Phyo Paing @ Derek

ဒီခံယူချက် အမြဲထားတယ်။ Read More »

Content is king.

တချို့တွေက စျေးရောင်းတယ်။တချို့တွေက အတွေးရောင်းတယ်။တချို့တွေက စျေးကောင်းသလိုတချို့တွေက တခြားသူတွေလုပ်တာငေးကောင်းဆဲပဲ။ Content is cash. Content is king. AKyanPay – အကြံပေးPhyo Paing @ Derek

Content is king. Read More »

အရေးမပါတာကို အရာမပေး

တွေးရဲတယ်။ရေးရဲတယ်။လူတွေဝေဖန် ကဲ့ရဲ့ခံရဲတယ်။ ဦးနှောက်ရှိတယ်။ဇွဲရှိတယ်။ပြင်ထန်တဲ့ လုပ်ရှားအကောင်ထည်ဖော်မှုရှိတယ်။ အမှားကိုဝန်ခံရဲတဲ့သတ္တိရှိတယ်။တာဝန်ယူမှုရှိတယ်။ဘုရင့်နောင်ဖောက်ဖျက် လုပ်ရဲတယ်။ အရေးမပါတာကို အရာမပေး လျစ်လျူရှုရဲတယ်။ စွန့်လွတ်ရဲတယ်။စောက်တလွဲကောင်တွေကိုUnfollow လုပ်၊ Ban ရဲတယ်။ အဲ။ 😆 Phyo Paing @ Derek

အရေးမပါတာကို အရာမပေး Read More »