Change

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်

လူတွေရဲ့ ပြဿနာအများစုဟာအတွေးမရှင်းရာက စတယ်။မယောင်ရာဆီလူးနေတတ်တယ်။လူအများသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတဲ့နောက်လိုက်ပြီးကိုယ့်ဘဝကို အနှစ်သာရအပြည့်နေဖို့ မေ့နေတတ်ကြတယ်။ အသက်ကြီးမှ နောင်တရတတ်ကြတယ်။ ပြဿနာအများစုရဲ့ အရင်းအမြစ်ကဒီ philosophical problem ပဲ။ အတွေးရှင်းဖို့ philosophy ကိုလေ့လာဖို့လိုတယ်။ Philosophy ဆိုတာ ဥာဏ်ပညာကိုချစ်မြတ်နိုးခြင်းဖြစ်တယ်။ Philosophy ကို အရှင်းဆုံးရှင်းပြရရင် ဘာကြောင့် ဒါလုပ်သလဲ။ ဒီမေးခွန်းပဲ။ ဘာကြောင့်အသက်ရှင်နေသလဲ။ဘာကြောင့် အလုပ်လုပ်နေသလဲ။ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့်။ ဒါမသိရင် မယောင်ရာဆီလူး၊အရေးမပါတာတွေ အရာပေးနေမိတတ်တယ်။ Phyo Paing @ Derek

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်
Read More »

ကိုယ်က ကိုယ့်ဘဝရဲ့ trainer ပဲ

မွေးကတည်းက လမ်းလျှောက်သင်ရတယ်။နောက် စကားပြောသင်ရတယ်။စာရေးသင်ရတယ်။လူတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့သင်ရတယ်။သင်္ချာ၊ ဓာတု၊ ရူပ၊ သမိုင်းသင်ရပြန်တယ်။အလုပ်ခွင်ဝင်ဖို့ အတတ်ပညာသင်ရပြန်တယ်။ ကျောင်းမှာ မသင်ခဲ့တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ပညာရပ်တွေကိုဘဝ တက္ကသိုလ်က သင်ပေးပြန်တယ်။ ကျောင်းတက်တုန်းက တစ်တန်းပြီးတစ်တန်းတက်ဖို့ ကျောင်းသင်ခန်းစာတွေပြီးမြောက်အောင်မြင်ဖို့ ဆရာမတွေက train ပေးတယ်။ ဘဝတက္ကသိုလ်ထဲမှာကျတော့ train ပေးမည့်သူမရှိတဲ့အခါနောက်တစ်ဆင့်တက်ဖို့ train လုပ်ဖို့မေ့နေပြီး ရောက်နေတဲ့အတန်းမှာပျော်နေတတ်ကြတယ်။ ဘဝတက္ကသိုလ်မှာတော့ ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာပဲ။ကိုယ့်ဘဝရဲ့ တစ်ရက်သာအတွက်training curriculum ကိုယ်တိုင်ဆွဲရတယ်။ ကျန်းမာရေး၊ ကျွမ်းကျင်မှုတိုးတက်ရေး၊အသိပညာတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရေး၊အရာရာ ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

ကိုယ်က ကိုယ့်ဘဝရဲ့ trainer ပဲ Read More »

Design Your Day

ကိုယ်ကအိမ်ကြီးတစ်အိမ်ဆို တစ်ရက်တာက အုတ်ခဲတွေပဲ။ ကိုယ်တည်ဆောက်ချင်တဲ့ အိမ်ပုံစံပေါ်မူတည်ပြီးအချိန်တွေကို အသုံးပြုရမှာပဲ။ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကကိုယ်ပဲ။ တစ်ရက်၊ တစ်လ၊ တစ်နှစ်အတွင်းသိသိသာသာ ရှိချင်မှရှိလိမ့်မယ်။ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆို ဘဝမှာရောက်နေတဲ့ အမြင့်တွေတစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူကြတော့မယ်။ ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကိုယ့်မှာ အနာဂတ်အမြင်လိုတယ်။အနာဂတ်အမြင်က အတိတ်ရဲ့မှတ်ဥာဏ်ထက် ပို ရှင်းနေဖို့လိုတယ်။ လောကမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့သူကကိုယ့်ကိုကိုယ် ပဲ။တစ််ရက်တစ်ရက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဘယ်လိုသုံးမလဲသေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။ နူးညံ့တဲ့ စိတ်ခံစားမှုတွေကို ကိုယ်တွယ်ထိန်းကျောင်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

Design Your Day Read More »

ကိုယ့်ကိုကိုယ် နေ့စဉ် train နေဖို့လိုတယ်

စိတ်ဓာတ်ရေးရာ၊ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး၊ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်။ Train မလုပ်ရင် Drain နေမယ်။ စာဖတ်တာဆိုတဲ့အစားကိုယ့်ကိုကိုယ် train တာ။အားကစားဆော့တာ အစားကိုယ့်ကိုကိုယ် train တာ။ စာသင်နေတယ်ဆိုတဲ့ စိတ်အစားကိုယ့်ရဲ့သင်ကြားမှုစွမ်းရည်ပိုမြင့်အောင် train နေတာ။Content တွေဖန်တီးပြီးလူအထင်ကြီးခံရတာထက်ကိုယ့်ရဲ့ ဆက်သွယ်မှုစွမ်းရည်မြင့်အောင်Train နေတာ။ ကိုယ့်ကိုကိုယ် မ train ရင်လောကကြီးက ပေးတဲ့အလေးတုံးကြီးတွေက ကိုယ့်အတွက် heavy ဖြစ်နေတတ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နေ့စဉ် train နေဖို့လိုတယ် Read More »

ကျွန်တော်တစ်နှစ်ကျော်စမ်းသပ်မှု
တစ်ခုကလုပ်ခဲ့တယ်။

ကိုယ့်ကိုကိုယ် personality နဲ့ အမူအကျင့် ပိုင်းဆိုင်ရာမှာလုံးဝမတူတဲ့ လူတစ်ယောက်အဖြစ်ပြောင်းလို့ရမလားဆိုတဲ့ စမ်းသပ်မှု ဖြစ်တယ်။ Neuroscience, psychology, philosophy နဲ့ behavioral science တွေလေ့လာပြီး ကိုယ့်ကိုကိုယ်စမ်းသပ်မှုတွေ လုပ်တယ်။ တစ်နှစ်အတွင်းမှာ ကျွန်တော့်ကို အရင်ကတည်းကသိတဲ့သူတွေအနေနဲ့အပြောင်းအလဲတစ်ခုကို ခံစားရလိမ့်မယ်လို့ထင်တယ်။ အခုဆို တည့်ဒိုးပြောတတ်လာတယ်။အားနာတယ်ဆိုတာ ဘာမှန်းမသိတော့တာ။ အရမ်းပြတ်သားတာ။ ကိုယ့်အရှိကို အရှိအတိုင်းချပြတဲ့သတ္တိ။ လူရဲ့ operating system တစ်ခုလုံးကိုအပြောင်းအလဲလုပ်လို့ရပါတယ်။ ဝိတ်ချတာ၊ သင်ယူမှုမြန်အောင်လုပ်တာ၊ကိုယ်လိုချင်တာ ရအောင်design လုပ်လို့ရပါတယ်။ Phyo Paing @ Derek

ကျွန်တော်တစ်နှစ်ကျော်စမ်းသပ်မှု
တစ်ခုကလုပ်ခဲ့တယ်။
Read More »

လူတွေရဲ့ စွမ်းအားက
စိတ်ခံစားမှုကလာတယ်

ဘဝကို ခံစားတတ်မှု အရေးကြီးတယ်။ဒီခံစားမှုက အသက်ပဲ။ဒီခံစားချက်က လျို့ဝှက်ချက် the secret ပဲ။တချို့တွေပြောတဲ့ law of attraction ဆိုတာကလဲဒါပဲ။ဒါကို the feeling is the secret တဲ့။ ကိုယ့်ကိုကိုယ် feeling good ဖြစ်တဲ့အချိန်ကစပြီးဘဝတစ်ခု၊ အကျင့်တစ်ခုကအပြောင်းအလဲဖြစ်သွားတယ်။သာမာန်လူတွေစာဖတ်တဲ့အခါ ခေါင်းခြောက်တာမျိုးဖြစ်တယ်။Pro ဖြစ်သွားလို့ စာဖတ်ရင် ဦးနှောက်ကOrgasm ရောက်သလို အလင်းတွေ လင်းလက် breakthrough ဖြစ်တယ်။ တချို့တွေ အစပိုင်း gym သွားပင်ပန်းပြီး တစ်ရက်လုံးအလုပ်မလုပ်နိုင်အစားတွေ ပိုစားချင်ဖြစ်လာတဲ့အတွက်ကိုယ့်ကိုကိုယ် အပြစ်ပေးသလိုPunishment အဖြစ်ခံစားရတဲ့အတွက်ရပ်လိုက်ကြတယ်။အခြေအနေတစ်ခုရောက်လာတဲ့အခါEndorphin တို့၊ Growth-hormone အရသာတွေ တွေ့လာတော့Blessing ဆိုတာ ခံစားလာရတယ်။ Relationship မှာလဲ အစမှာဆိုမသေချာမရေရာမှု uncertainty တွေကြောင့်ရင်ခုန်မှုတွေ ဖြစ်ပြီးDopamine အတက်အကျတွေကြားရင်ခုန်မှုတွေဖြစ်တတ်ကြတယ်။အချိန်တစ်ခုရောက်လာ အရာရာ ခန့်မှန်းလို့ရလာတဲ့အခါExcitement

လူတွေရဲ့ စွမ်းအားက
စိတ်ခံစားမှုကလာတယ်
Read More »

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်

တစ်ရက်တစ်ရက်သာကုန်သွားတယ်။မနေ့ကနဲ့ ဘာမှ မကွာခြားဘူး။ ဒါမျိုးကြုံဖူးတတ်ကြတယ်။ ဘဝရဲ့ ရင်ခုန်မှုဆိုတာ တိုးတက်မှုက လာတာများတယ်။ ဒါကြောင့် တစ်ရက်တာအတွက်မနက်အခါက တစ်ရက်တာစစ်ပွဲကိုတိုက်ဖို့ ပြင်ရမည့်အချိန်ပဲ။ လျှောက်လုပ်နေလို့ မရဘူး။ စည်းကမ်းလိုတယ်။ ကြာကြာနေမှ တစ်ခါထလုပ်တဲ့အလုပ်တွေက ဘဝကို အပြောင်းအလဲ ဖြစ်စေတာထက်စွဲစွဲမြဲမြဲ မှန်မှန်လုပ်တဲ့အလုပ်တွေကကိုယ့်ဘဝကို ပြောင်းလဲ စေတာများတယ်။ ဒီနေ့ည အိပ်ယာဝင်တဲ့အခါ မင်းဒီတစ်ရက်မှာ လုပ်တဲ့အလုပ်ထဲကဂုဏ်အယူဆုံးအရာတစ်ခုဆိုဘာများဖြစ်မလဲ ဆိုတဲ့အခါဘာများပြန်ဖြေဖြစ်မလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရတဲ့အချိန်တွေလိုကောင်းလိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်
Read More »

ကိုယ့်ကိုကိုယ် ဆုလဒ်လို့ပဲစဥ်းစားကြည့်

ကိုယ်နဲ့တွေ့တဲ့လူက ဆုရတာပဲဆိုတဲ့ concept စဥ်းစားကြည့်။ တရုတ်သီချင်းတစ်ခု စာသားကိုသဘောကျတယ်။ 你得冠军我是奖品မင်းက ချန်ပီယံ ငါကဆုလဒ်တဲ့။ လူတွေက self-esteem နည်းတဲ့အခါကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းတယ်။ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို ကိုယ်က ပိုအကျိုးရှိစေရမယ်ဆိုတဲ့စိတ်ထား ထားဖို့ထက် ကိုယ်က ဘာယူလိုက်ရမလဲစဥ်းစားမိတတ်တယ်။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူ၊တွေ့ဆုံကြုံကြိုက်တဲ့သူတိုင်းဟာဆုရတာနဲ့ တူတယ်ဆိုတဲ့ စိတ်ထားကြည့်တစ်ခုခု အပြောင်းအလဲဖြစ်နိုင်တာတွေ့ကောင်းတွေ့လိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဆုလဒ်လို့ပဲစဥ်းစားကြည့် Read More »

ပြဿနာနဲ့ ဒုက္ခ မရောလိုက်နဲ့။

ပြဿနာဆိုတာ ဖြေရှင်းရန်လိုအပ်သော ကိစ္စ။ဒုက္ခဆိုတာ ဆင်းရဲသောက။ ပြဿနာက ပုစ္ဆာ။ (Problem)ဒုက္ခက ခံစားမှု။ (Suffering) ပြဿနာကို မဖြေရှင်းပဲစိတ်ညစ်ပြီး ဒုက္ခအနေနဲ့မပြောင်းလိုက်နဲ့။ Phyo Paing @ Derek

ပြဿနာနဲ့ ဒုက္ခ မရောလိုက်နဲ့။ Read More »