Change

တစ်ဒီဂရီ အပြောင်းအလဲ

The One Degree Shiftတစ်ဒီဂရီ အပြောင်းအလဲ ဂေါ်သီးတစ်လုံးရဲ့ တာထွက်တစ်ဒီဂရီအပြောင်းအလဲကဘယ်နေရာမှာ လမ်းဆုံးမလဲဆိုတာကြီးကျယ်တဲ့ အဆုံးအဖြတ်ပေးတယ်။ လေယာဥ်တစ်စီးရဲ့တစ်ဒီဂရီ အပြောင်းအလဲကလဲအချိန်ကြာလေ ရောက်တဲ့လမ်းဆုံးမတူလေပဲ။ ဘဝဆိုတဲ့ သင်္ဘောကြီးသွားနေနဲ့လမ်းမှာအိုင်ဒီယာတစ်ခု၊ အတွေးအခေါ်တစ်ခု ကတစ်ဒီဂရီပဲ။ဒါပေမယ့် ဘဝတွေကို ကွာသွားစေနိုင်တယ်။ ဘဝမှာ တစ်ဒီဂရီအပြောင်းအလဲတွေအများကြီး ကြုံခဲ့ဖူးတယ်။ ၁။ တိုးတက်နေမှုသည် ပြီးပြည့်စုံမှုထက်ပိုအရေးကြီးတယ်။Progress > Perfect၂။ ဒီနေ့လုပ်လိုက်တဲ့ အလုပ်သည်မနက်ဖြန်အလုပ်ကို ခြွေတာပေးနိုင်ရမယ်။Multiply your time၃။ ဘာပဲလုပ်လုပ် အရှုံးကို ကန့်သတ်ထားပါ။Limit Your Loss၄။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေရမယ်။Be bigger than your business၅။ ကိုယ့်ကိုငွေပြန်ရှာပေးတဲ့အရာတွေမှာငွေသုံးဖို့ မနှေမြောပါနဲ့။Invest in things that can help you make money ကိုယ့်ကို တစ်ဒီဂရီအပြောင်းအလဲone degree […]

တစ်ဒီဂရီ အပြောင်းအလဲ Read More »

ကိုယ့်ကိုယ်သာ သုညကနေပြန်စဖို့

ကိုယ့်ကိုယ်သာ သုညကနေပြန်စဖို့နေရာတစ်ခုမှာ ချလိုက်ရင်ဘာစလုပ်မလဲ အကြိမ်ကြိမ်စဥ်းစားဖူးတယ်။ ပထမဆုံးလုပ်မှာကတော့ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တစ်ခုခုကိုရောင်းချတဲ့ “အရောင်း” လုပ်ငန်းလုပ်မယ်။ရောင်းမှ ပိုက်ဆံဝင်မှာ။ တပြိုင်တည်း ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေအတွက်ချက်ချင်းကြော်ငြာရေး၊ချက်ချင်း ကြော်ငြာ၊ချက်ချင်းရောင်းတဲ့ Direct Response Marketing (DRM) လုပ်မယ်။ဒါကတော့ ချက်ချင်းရလဒ်တွေ့နိုင်တယ်။ တတိယအဆင့်ကကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်အတွက်content ဖန်တီးပြီး expert power တည်ဆောက်မယ်။အမှတ်တံဆိပ်တစ်ခု ဖြစ်အောင်လုပ်မယ်။ဒီအဆင့်ကတော့ ရေရှည် plan ဖြစ်ပြီးမြန်မာနိုင်ငံလိုမျိုးမှာ လအနည်းငယ်နဲ့ဖြစ်နိုင်ပြီးတခြားပြိုင်ဆိုင်မှု ပြင်းထန်တဲ့နိုင်ငံတွေမှာသုံးလေးငါးနှစ် ကြာနိုင်တယ်။ ကိုယ်သာဆို ဘာလုပ်မလဲ။ Phyo Paing @ Derek

ကိုယ့်ကိုယ်သာ သုညကနေပြန်စဖို့ Read More »

မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။

ဆယ်တန်းမှာ ဂုဏ်ထူးတွေထွက်အောင်လုပ်၊ဆေးကျောင်းတက်၊ ဘွဲ့လွန်တွေထပ်ယူ။အဲ့ကွန်းခန်းထဲမှာ အလုပ်လုပ်ရမှာ။ ဒီ လူ အများဂုဏ်ယူတဲ့အရာကြီးကို လိုက်လုပ် ဂုဏ်လိုက်ယူရတာကြီးက အဖေ၊ အမေ ခေတ်မှာ ကျန်ခဲ့ပြီလို့ထင်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး။ ဘဝမှာလဲ အဲ့လိုပဲတစ်ခုခုကို နားလည်အောင်ကြည့်တဲ့အခါမော်ဒယ်တွေ အများကြီးရှိတယ်။ တချို့လူတွေက လောကကို မော်ဒယ်တစ်ခုတည်းနဲ့ ကြည့်တယ်။ မြန်မာမော်ဒယ်၊တရုတ်မော်ဒယ်၊ အေးရှန်းမော်ဒယ်၊အာရှမော်ဒယ်၊အနောက်တိုင်းမော်ဒယ်၊ကမ္ဘာ့မော်ဒယ်၊ လူ့ဂွစာတွေ မော်ဒယ်ကြည့်ကြည့်။ အမြင်သာဆုံးစကားလုံးတစ်ခုကWork-life balance ဆိုတဲ့ စကားလုံး။ ဘယ်လိုပေါ်လာတယ်။ဘယ်သူထွင်ခဲ့တယ်။ ဘာကြောင့်ပေါ်ခဲ့တယ်။ ဘယ်လို အသုံးပြုတယ် အများစုမစဥ်းစားမိကြဘူး။ Robert Owen က 1817 မှာထွင်ခဲ့တဲ့ စကားလုံး။ အဲ့အချိန်က အလုပ်ကြမ်းသမားတွေက တစ်ပတ်ကို နာရီ ၇၀ ကနေ ၁၀၀ လောက်လုပ်ရတယ်။အဲ့အချိန် အင်္ဂလန်မှာဆို တစ်ရက်ကို

မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။ Read More »

ဘဝမှာ အရေးအကြီးဆုံးက
လွတ်လပ်မှုလို့ပဲ ခံယူထားတယ်

ဘဝမှာ အရေးအကြီးဆုံးကလွတ်လပ်မှုလို့ပဲ ခံယူထားတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမကိုအကောင်းဆုံးလိုက်နာနိုင်အောင်ကြိုးစားပြီး ကောင်းအောင်နေဖို့နှလုံးသွင်းတယ်။ ဘဝမှာ ကိုယ်ထိန်းချုပ်မရတဲ့အရာတွေရှိတယ်။ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မထိန်းချုပ်နိုင်ဘူး။​ဥပမာ နေ့စဥ် အိုနေတယ်။ဒါကို မထိန်းချုပ်နိုင်ဘူး။ဖျားနာမယ်။ဒါကို မထိန်းချုပ်နိုင်ဘူး။ဘဝမှာ ကျိန်းသေတာတစ်ခုကမသေချင်လဲ သေမယ်။ဒီတော့ ချစ်တဲ့သူနဲ့လဲ တချိန် ခွဲရမယ်။​မချစ်တဲ့သူနဲ့လဲ တချိန်ခွဲရမယ်။ဒါတွေကို တပ်မက်လေလေနာကျင်လေလေ။ဒါတွေကို နာမည်တစ်လုံးပေးရရင်“ဒုက်ခ”ပဲ။ ဘဝမှာ ဒီ ဒုက္ခတွေကို ရှောင်လွဲလို့မရဘူး။ဒါတွေရဲ့ အရင်းအမြစ်ကတပ်မက်စိတ်တွေက စတင်တယ်။ဒါကို attachment လို့ခေါ်တယ်။ဒီ ဒုက္ခတွေလွတ်မြောက်ရာရှိတယ်။​ဒါကို ဘဝနေနည်းရှစ်နည်းနဲ့သွားလို့ရတယ်။ဒါကို အမှန်တရားလေးခုဖြစ်တဲ့အတွက်သစ္စာလေးပါးလို့ မိန့်ကြားခဲ့တယ်။ ဗုဒ္ဓသင်ကြားခဲ့တာက “လွတ်မြောက်”ဖို့။ဒီတော့ လွတ်လပ်မှုကို ကြိုက်တဲ့ကိုယ့်အတွက်နေ့စဥ်ဘဝမှာ နှလုံးသွင်းရမည့်အရာလို့မြင်တယ်။ ဘဝနေနည်း ရှစ်ခုကို စကားလုံးသုံးလုံးနဲ့ခြုံလို့ရတယ်။လိုက်နာရမည့်စည်းကမ်း သီလစိတ်မပျံ့လွင့်ပဲ အာရုံစူးစိုက်နိုင်မှု သမာဓိအမှားအမှန်၊ အကောင်းအဆိုးကိုခွဲခြားသိနိုင်စွမ်း ပညာ။ သီလရှိဖို့နေ့စဥ် ဘာလုပ်မလဲအပြင်ဘာတွေ မလုပ်ဘူးလဲ သတ်မှတ်ထားရမယ်။မလုပ်သင့်ဘူးလို့ယူဆပြီး လုပ်ချင်နေရင်ကိုယ့်ရဲ့အတွေးကို ပြန်လည်ဆန်းစစ်ဖို့လိုတယ်။ သမာဓိ အားကောင်းဖို့တရားထိုင်တာအပြင်၊စာကို အာရုံစူးစိုက်ဖတ်တာ၊ကိုယ့်လုပ်နေတဲ့အလုပ်ကို

ဘဝမှာ အရေးအကြီးဆုံးက
လွတ်လပ်မှုလို့ပဲ ခံယူထားတယ်
Read More »

အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။

ဘဝမှာ အမြဲရှောင်လွဲလို့မရတာကအနိစ္စ၊ ဒုက်ခ၊ အနတ်တပဲ။ အနိစ္စဆိုတာ မမြဲခြင်း။ ကိုယ့်မှာရှိတာတွေကို တွယ်တာမှုလွန်ကဲတာ၊ တက်မက်မှုများလွန်းတာလျော့ဖို့လိုတယ်။အပြောင်းအလဲအတွက်ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ဘဝမှာ အို၊ နာ၊ သေ။ ဒီသုံးခုက ရှောင်လွဲလို့မရဘူး။ ဘဝအတွက် မလွယ်ကူတဲ့အရာတွေ၊မျှော်မှန်းမထားတဲ့အရာတွေဖြစ်နိုင်တယ်၊ ပေါ်နိုင်တယ်။ ဒါကလဲ နှလုံးသွင်းဖို့လိုတယ်။ ငါလို့ထင်နေတဲ့အရာက ငါမဟုတ်ဘူး။ ဒီငါဆိုတဲ့အရာက အမြဲပြောင်းနေတယ်။မတည်မြဲဘူး။အနတ္တကိုလဲ နှလုံးသွင်းဖို့လိုတယ်။ ဖက်တွယ်မှု အနည်းဆုံးနဲ့နေ။ မထင်မှတ်ထားတဲ့ ဘဝသင်ခန်းစာတွေအတွက်ကြိုတင်ပြင်ဆင်။ငါဆိုတဲ့အရာက ပြောင်းလဲနေမှာပဲသိ။ လောကဓံကို အရမ်းလဲတုန်လှုပ်ခြောက်ခြားမနေအောင်စိတ်ဓာတ်ပြင်ဆင်မှု အရေးကြီးတယ်။ Phyo Paing @ Derek

အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။ Read More »

ကွာသွားမှာပဲ။

ဝန်ထမ်းတွေတိုးတက်အောင် ပံ့ပိုးတဲ့ လုပ်ငန်းနဲ့ ဝန်ထမ်းတွေဆီက ကျွမ်းကျင်မှုပဲယူပြီးတိုးတက်အောင် မပံ့ပိုးတဲ့လုပ်ငန်းကွာသွားမှာပဲ။ Phyo Paing @ Derek

ကွာသွားမှာပဲ။ Read More »

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။

လူတွေဒီနေ့ရောက်နေတဲ့နေရာကကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ဒါကြောင့် ဘယ်သူမှ အပြစ်တင်နေလို့မရဘူး။ ပြီးခဲ့တာပြီးပြီ။ အတိတ်ကို အနာဂတ်အတွက်ဆုံးဖြတ်ခွင့်မပေးနဲ့။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲချင်ရင်အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Phyo Paing @ Derek

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Read More »

တစ်နေ့ပြန်ဆုံကြတဲ့အခါ
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့လိုတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာမွေးကချင်ပြည်နယ်ရဲ့စျေးထဲမှာကြီးတယ်။ ဆယ့်ကိုးနာရီဆယ့်ရှစ်မိနှစ်တို့၊မင်းနဲ့မှ ချစ်တတ်ပြီပေါ့တို့၊ မာရဇ္ဇရဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့တို့အပြင်Zero, ACID, Too Big, NS တိတ်ခွေတွေကို ကျောင်းမှာရောင်းခဲ့ဖူးတယ်။ ကိုးတန်း၊ ဆယ်တန်း အချုပ်လိုအဆောင်ကြီးမှာနေခဲ့ဖူးတယ်။အဲ့ကစ မန္တလေးသားဖြစ်သွားတယ်။ ဆယ်တန်းကို ဖော်မြူလာနဲ့လေ့လာပြီး စာမေးပွဲဖြေခဲ့တယ်။ ဆရာဝန်အဖြစ် training ယူခဲ့တယ်။လူတွေကို ဂိုက်ပြန်သင်ပေးတယ်။တရုတ်ကပစ္စည်းတွေသွင်းပြီးရောင်းတယ်။ အရောင်းနဲ့ မားကတ်တင်းအလုပ်ကိုနိုင်ငံတကာဆေးကုမ္ပဏီတစ်ခုမှာ ဝင်ခဲ့တယ်။CRM စနစ်တွေကို လူတွေကိုပြန်သင်ပေးရတယ်။စီးပွားစီမံ ABE diploma တက်ပြီး စာပြန်သင်ပေးတယ်။ ဖုန်းဆော့ဝဲလ်တွေပြင်တယ်။ဖုန်းဆိုင်ဖွင့်တယ်။MBA ဘွဲ့ရတယ်။ သင်တန်းကျောင်းစဖွင့်တယ်။မားကတ်တင်းသင်တန်းတွေကိုရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊တောင်ကြီးမှာဖွင့်တယ်။ကုမ္ပဏီတွေကို သင်တန်းလိုက်ပေးတယ်။ဆရာ၊ဆရာမပေါင်း ၅၀၀၀ ကျော်အတွက်သင်ကြားရေးနဲ့ မှတ်ဥာဏ်ကောင်းနည်းစနစ်ကိုမြို့ကြီးတွေမှာ အခမဲ့မျှဝေပေးဖြစ်တယ်။ အွန်လိုင်းကနေလေ့လာလို့ရတဲ့ online learning platform လုပ်တယ်။နောက် app/ website တွေလုပ်ပေးတယ်။ MBA သင်တန်းတွေပြန်ဖွင့်တယ်။ ဆရာဖြစ်သင်တန်းတွေသင်တယ်။လုပ်ငန်းတွေကို အကြံပေးတယ်။ ပညာရေးနဲ့ နည်းပညာကုမ္ပဏီတွေမှာရင်းနှီးမြုပ်နှံတယ်။

တစ်နေ့ပြန်ဆုံကြတဲ့အခါ
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့လိုတယ်။
Read More »

ဒီလိုအချိန်ကို SEE လို့ခေါ်တယ်

ကိုယ့်ဘဝရဲ့ အကြေကွဲဆုံးအချိန်ကိုစဥ်းစားကြည့်လိုက်။အဲ့အချိန်က ကိုယ့်ဘဝကိုအပြောင်းအလဲ လုပ်ပေးတဲ့လူတစ်ယောက်နဲ့ ဆိုင်တယ်။ဘဝမှာ သေရာပါတဲ့ ဒဏ်ရာဆိုတာအဲ့ကနေလာတယ်။ဒီလိုအချိန်ကို SEE လို့ခေါ်တယ်။Significant Emotional Eventဒီအချိန်တွေက လူတွေကိုအပြောင်းအလဲ အကြီးအကျယ်ဖြစ်စေတယ်။ Phyo Paing @ Derek

ဒီလိုအချိန်ကို SEE လို့ခေါ်တယ် Read More »

ကိုယ့်ကို ခတ်ထားတဲ့ ဘောင်

ကိုယ့်ဘဝမှာ ကိုယ်မလုပ်နိုင်ဘူးထင်တဲ့အလုပ်တွေကို မဖြစ်ဖြစ်အောင်လုပ်ကြည့်။ကိုယ့်ကို ခတ်ထားတဲ့ ဘောင်ကျိုးသွားလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်ကို ခတ်ထားတဲ့ ဘောင် Read More »