လုပ်ရပ်ထက်လူဖြစ်ရပ်က ပိုအရေးကြီးပါတယ်။ တရုတ်မှာ စကားပုံ ရှိပါတယ်။“做人比做事重要”အလုပ်လုပ်တတ်တာထက်လူဖြစ်တတ်တာ ပိုအရေးကြီးတယ်။ ကျွန်တော် ငယ်ငယ်တုန်းက မယုံခဲ့ပါဘူး။အလုပ်တတ်ရင် ရပြီလို့ ထင်ခဲ့တယ်။ကျွမ်းကျင်ရင် ရပြီလို့ ထင်ခဲ့တယ်။ရလဒ် ထုတ်ပေးနိုင်ရင် လုံလောက်ပြီလို့ ထင်ခဲ့တယ်။ မလုံလောက်ပါဘူး။ လုပ်ငန်းရှင် ၅၂၀ ကျော် coaching လုပ်ပေးခဲ့ပြီးနောက်ထပ်ခါထပ်ခါ မြင်ရတဲ့ pattern ရှိပါတယ်။ အလုပ်တော်ပေမယ့် team မမြဲဘူး။ရောင်းအား ကောင်းပေမယ့် partner ရှာမရဘူး။ဉာဏ်ကောင်းပေမယ့် ဘယ်သူမှ မကူညီချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့အလုပ်တတ်တယ်။ဒါပေမယ့် လူဖြစ်တတ်ခြင်း မရှိဘူး။ လူဖြစ်တတ်တယ်ဆိုတာ ဘာလဲ။ ပထမ — နားထောင်တတ်တာ။ လူအများစု စကားပြောတယ်။ဒါပေမယ့် နားမထောင်ဘူး။တစ်ဖက်သား ပြောနေချိန်ကိုယ့်ဘက်က ဘာပြန်ပြောမလဲ ပြင်ဆင်နေတယ်။ ဒါ နားထောင်တာ မဟုတ်ပါဘူး။အလှည့်စောင့်နေတာပါ။ တကယ် နားထောင်တတ်တဲ့သူ ရှားပါတယ်။ဒါကြောင့် တကယ် […]
Human Nature
လောကမှာ အရာရာက အပေးအယူပဲ
လောကမှာ အရာရာက အပေးအယူပဲ။ ဘာပေးမလဲ၊ ဘာပြန်ယူမလဲ။ဒီနှစ်ခုပဲ။ ပေးတိုင်းပြန်မရတာပေးတဲ့သူဆီ မရောက်လို့။အထူးသဖြင့်ရင်ထဲ။ Phyo Paing @ Derek
လောကမှာ အရာရာက အပေးအယူပဲ Read More »
ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာ
လူတွေရဲ့ ဇီဝကမ္မဖြစ်စဥ်ကိုသေချာအသုံးချတတ်ရင်ကိုယ့်ရဲ့ circadian rhythm ကိုလိုသလို ပြောင်းလို့ရတယ်။ဘယ်အချိန်အိပ်ပြီးဘယ်အချိန်ထချင်တယ်။ဘယ်လိုအလုပ်လုပ်ချင်တယ်။စွမ်းအင်ကို ဘယ်လိုစီမံခန့်ခွဲမယ်။ ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်တယ်လေ့လာတာ။ဇီဝဗေဒ Biology ရဲ့အခွဲတစ်ခုဖြစ်တယ်။ ဘောလုံးမကန်ခင်မှာသွေးပူလေ့ကျင့်ခန်းဘာကြောင့်လုပ်သလဲ? နှလုံးခုန်မြန်ပြီး သွေးလည််ပတ်မှုကောင်းပြီးကြွက်သားတွေထဲ သွေးပိုရောက်အောင်။ထိခိုက်မှုနည်းစေတယ်၊ပျော့ပြောင်းမှုပိုဖြစ်စေတယ်၊လှုပ်ရှားမှုစွမ်းဆောင်ရည်အတွက် ကူညီပေးတယ်။ဒါက ဇီဝကမ္မဖြစ်စဥ်ကို အသုံးပြုတဲ့သာဓက တစ်ခုပဲ။ အိပ်ချင်နေတယ်၊ အလုပ်ကလဲမပြီးသေးဘူး။ကော်ဖီသောက်လိုက်တယ်။သွေးထဲမှာ adenosine receptor အဒီနိုစင်းလက်ခံကိုသွားပိတ်တယ်။ အရူးသွားလုပ်တယ်။adenosine တွေက သူ့ လက်ခံနဲ့ပေါင်းလို့မရပဲသွေးထဲလည်ပတ်နေတယ်။ဒီတော့ အနားယူမည့် အိပ်ချင်စိတ်ကိုအချိန်တစ်ခုထိ ရပ်ထားဖို့ ကူညီပေးတယ်။ Phyo Paing @ Derekdrphyopaing
ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာ Read More »
ဘာလိုလိုနဲ့ ၂၀၂၃ ကုန်ဖို့
နှစ်လပဲ လိုတော့တယ်။
ဘာလိုလိုနဲ့ ၂၀၂၃ ကုန်ဖို့ နှစ်လပဲ လိုတော့တယ်။ ပုံမှန်ထင်ထားတာထက် အဆမတန် အချိန်ကုန်တာ ပိုမြန်တယ်။ တစ်နှစ်တစ်နှစ်ကုန်သွားတိုင်းတချို့တွေက ရုပ်ရည်အရ သိသိသာသာ လိုအပ်တာထက်ပိုအိုမင်းရင်ရော်လာတယ်။တချို့တွေကလဲ ရင့်ကျက်လာတယ်။ တချို့က အရင်လိုအတွေးရှိတုန်းပဲ။ တချို့က ဥာဏ်ပညာတိုးတက်လာတယ်။ တချို့က အရင်လို လောင်နေဆဲပဲ။တချို့က ဘဝကို အထာကျကျဖြတ်သန်းနိုင်လာတယ်။ တချို့က ခါတိုင်းလို ရုန်းကန်ရတုန်း။တချို့က ကြာလေ ဝင်ငွေတိုးပွားလေ။ တစ်နှစ်တစ်နှစ်ကုန်တိုင်းမှာဥစ္စာ၊ ပညာ၊ ကုသိုလ် တစ်ခုခုတော့တိုးပွားနေတာ ကောင်းတဲ့အလုပ်ပဲ။ Phyo Paing @ Derek
ဘာလိုလိုနဲ့ ၂၀၂၃ ကုန်ဖို့
နှစ်လပဲ လိုတော့တယ်။ Read More »
လူတွေမှာ level 3 မျိုးရှိတယ်
Consistency ထက် အရေးကြီးတဲ့စကားလုံးက Progressive ဖြစ်တယ်။ လူတွေမှာ level 3 မျိုးရှိတယ်။ စတင်ဖို့ ခက်ခဲတဲ့အဆင့်။အမြဲလုပ်ဖို့ခက်ခဲတဲ့အဆင့်။အမြင်ကျယ်ကျယ်နဲ့ အသစ်လုပ်တဲ့အဆင့်။ ACP လို့ခေါ်တယ်။ ၁။ Action စတင်တယ်။၂။ Consistency လုပ်နေကျအတိုင်းတစ်သွေမသိမ်းပုံမှန်လုပ်ဆောင်တယ်။၃။ Progressive ပုံမှန်လုပ်သလိုအမြဲပိုကောင်းအောင်လုပ်တယ်။ Phyo Paing @ Derek
လူတွေမှာ level 3 မျိုးရှိတယ် Read More »
အချိန်ဖြုန်းတယ်ဆိုတာ
အချိန်ဖြုန်းတယ်ဆိုတာဘာရည်ရွယ်ချက်မှမရှိပဲအကျိုးမရှိအချိန်ကို သုံးလိုက်တာ။ အချိန်ကို တရားဘာဝနာအတွက်စိတ်ကို ခန္ဓာကိုယ်ပြန်ခေါ်သတိနဲ့နေလို့ရတယ်။ အချိန်ကို ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်၊အနားပြန်ယူလို့ရတယ်။ အချိန်ကို တိုးတက်ရေးအတွက်ဦးနှောက်အတွက်စာဖတ်၊ လေ့လာလို့ရတယ်။ အချိန်ကို ကိုယ်ချစ်တဲ့သူ၊မိသားစုကို အာရုံပေးပြီးနွေးထွေးမှုတည်ဆောက်လို့ရတယ်။ တစ်နေ့တစ်နေ့ ဥာဏ်ပညာ၊ဥစ္စာစီးပွါး၊ ဒါန၊ သီလ၊ ဘာဝနာတိုးတက်ပွားများလာဖို့အသုံးပြုတာ အကောင်းဆုံးဖြစ်နိုင်တယ်။ Phyo Paing @ Derek
အချိန်ဖြုန်းတယ်ဆိုတာ Read More »
လူတွေက ကိုယ့်ကိုကိုယ်
အချိန်မရွေး
သေတတ်တယ်ဆိုတာ
မေ့နေတတ်ကြတယ်
လူတွေက ကိုယ့်ကိုကိုယ်အချိန်မရွေးသေတတ်တယ်ဆိုတာမေ့နေတတ်ကြတယ်။ တချို့ဆေးရုံမှာ တစ်လပဲနေရတော့မယ့်လူနာတွေ၊တချို့ ကင်ဆာကြောင့်တစ်နှစ်၊ နှစ်နှစ်ပဲနေရတော့မယ့်သူတွေအများကြီးရှိတယ်။ ကိုယ့်ဘဝ ကျန်းကျန်းမာမာအသက်ရှင်နေနိုင်တာကောင်းတဲ့အချက်တစ်ခုလို့ပြောရင်ရနိုင်တယ်။ Phyo Paing @ Derek
လူတွေက ကိုယ့်ကိုကိုယ်
အချိန်မရွေး
သေတတ်တယ်ဆိုတာ
မေ့နေတတ်ကြတယ် Read More »
အချစ်နဲ့ မေတ္တာနဲ့ မတူဘူး။
အချစ်က တပ်မက်မှုပါတယ်။ပြန်လည်ရယူလိုစိတ်ပါတယ်။ပြင်းထန်တဲ့ စိတ်ခံစားမှုတွေပါတယ်။ မေတ္တာက တပ်မက်မှုမပါဘူး။ကြင်နာမေတ္တာထားတယ်။ကိုယ်ချင်းစာတရားအခြေခံတယ်။ ဗုဒ္ဓက သတ္တဝါတွေကိုကယ်တင်ချင်တဲ့ မေတ္တာနဲ့ပါရမီဖြည့်ပြီး ဓမ္မကိုဟောကြားခဲ့တယ်။ လူ့အဖွဲ့အစည်းမှာဖြစ်တဲ့ ပြဿနာအများစုကအချစ်ကို အဓိကထားပြီးကိုယ်ချင်းစာစိတ် မေတ္တာထားမှုနည်းနဲ့အခါအကြဥ်းတန်မှုတွေဖြစ်လာတယ်။ အသက်ကြီးမှ တဖြည်းဖြည်းသိလာတယ်ဆိုတာမျိုး။မေတ္တာထားရင် ခွင့်လွတ်တတ်တယ်။နားလည်တတ်တယ်။စာနာတတ်လာတယ်။ အချစ်ကို love လို့ခေါ်ပြီးမေတ္တာကို compassion လို့ခေါ်တယ်။ Phyo Paing @ Derek
အချစ်နဲ့ မေတ္တာနဲ့ မတူဘူး။ Read More »
လူသားဖြစ်တဲ့အတွက်
လူသားစစ်စစ် အတွေ့အကြုံကို
ခံစားတတ်ဖို့လိုတယ်
လူတွေက လူဖြစ်ပြီးတိရစ္ဆာန်အတွေ့အကြုံတွေရပြီးပဲသေသွားတတ်ကြတယ်။လူသားအတွေ့အကြုံကိုမရပဲ သေသွားတဲ့သူအများကြီး။ တိရစ္ဆာန်အတွေ့အကြုံဆိုတာအိပ်၊ စား၊ ကာမ၊ဒေါသ၊ လောဘ၊ မောဟ။တစ်ကောင်ဟောင်ရင်ကိုယ်ပြန်ဟောင်တဲ့မစဉ်းစားပဲ တုန့်ပြန်မှု။ခန္ဓာကိုယ် အသွေးအသားတွေရဲ့တောင့်တမှုကို လွန်ဆန်နိုင်စွမ်းရှိတဲ့လူသားတွေမှာရှိတဲ့ အတွေ့အကြုံ“သတိ” ကို အသုံးပြုဖို့ မေ့နေတတ်ကြတယ်။ နိုင်ငံတစ်နိုင်ငံမှာ အာဏာရှိပြီးအုပ်ချုပ်ခွင့်ရတဲ့အတွက်လဲကံကောင်းလိုက်တာလို့ မထင်လိုက်နဲ့။ အရာဝတ္ထုတွေပေါ်တပ်မက်ပြီးမစွန့်လွတ်ပဲ မနေနိုင်တာဥစ္စာစောင့်လို့ခေါ်တယ်။ ပိုင်ဆိုင်မှုတွေကို စွန့်လွတ်နိုင်တဲ့၊စွန့်လွတ်ရဲတဲ့ အတွေးအခေါ်မရှိတဲ့သူကပူလောင်တဲ့သူပဲ။ စွန့်လွတ်ရဲတာ၊ ပေးဆပ်ရဲတာ၊မေတ္တာထားတာ၊ ကိုယ့်ကိုယ်သတိကပ်တာ၊ကိုယ့်ကိုကိုယ်နားလည်ဖို့ကြိုးစားတာ၊လူတွေကိုပြန်လည်မျှဝေပေးတာဒါက လူသားအတွေ့အကြုံပဲ။ သံသရာမှာ လူသားအတွေ့အကြုံရခွင့်ရတာဘာလို့ တိရစ္ဆာန်အတွေ့အကြုံ၊ဥစ္စာစောင့်၊ ဗြိတ္တာအတွေ့အကြုံတွေယူပြီးပူလောင်တဲ့ ငရဲအတွေ့အကြုံတွေယူနေမလဲ။ လူသားဖြစ်တဲ့အတွက်လူသားစစ်စစ် အတွေ့အကြုံကိုခံစားတတ်ဖို့လိုတယ်။ Phyo Paing @ Derek
လူသားဖြစ်တဲ့အတွက်
လူသားစစ်စစ် အတွေ့အကြုံကို
ခံစားတတ်ဖို့လိုတယ် Read More »
