May 2026

ဘဝကို စံမီဖို့က စီမံဖို့လိုတာအမှန်ပါပဲ။

ဘဝကို စီမံဖို့တစ်နေ့တာကို စီမံနိုင်ဖို့လိုတယ်။​ဒါမှ တစ်ပတ်ကို စီမံနိုင်မယ်။ဒီလိုနဲ့ တစ်လ၊ တစ်နှစ်စီမံနိုင်မယ်။​ ကိုယ့်ကိုကိုယ်တောင်မစီမံနိုင်တဲ့သူကိုမန်နေဂျာခန့်ရင် ငါးပါးမှောက်သွားမယ်။ တချို့က သံသရာအတွက် စဉ်းစားနိုင်တယ်။​တချို့က တစ်ဘဝအတွက် စဉ်းစားနိုင်တယ်။​တစ်ချို့က ဆယ်နှစ်စာ စဉ်းစားနိုင်တယ်။​တစ်ချို့က တစ်နှစ်စာ။တစ်ချို့က တစ်လ။​တချို့က တစ်ပတ်။တစ်ချို့က တစ်ရက်။တစ်ချို့က ဘဝအတွက် စီမံခန့်ခွဲရမယ်ဆိုတာကိုမသိဘူး။​ ဘဝကို စံမီဖို့က စီမံဖို့လိုတာအမှန်ပါပဲ။ Phyo Paing @ Derek

ဘဝကို စံမီဖို့က စီမံဖို့လိုတာအမှန်ပါပဲ။ Read More »

မပြောင်းတတ်တာကြောင့်ပိုနေမြဲ ကျားနေမြဲ ဖြစ်နေနိုင်တယ်။

ဘဝရဲ့ ကံကြမ္မာကနေ့စဉ် ရွေးချယ်မှုသုံးခုကြောင့်ပဲ။ဘယ်သူနဲ့ နေမလဲ။ဘာကို တွေးမလဲ။ဘာကို လုပ်မလဲ။အဲဒီသုံးခု ပြောင်းရင်ကိုယ်လည်း ပြောင်းတယ်။ အများစုက ပြောင်းမပြောင်းရဲတာ၊မပြောင်းနိုင်တာ၊မပြောင်းတတ်တာကြောင့်ပိုနေမြဲ ကျားနေမြဲ ဖြစ်နေနိုင်တယ်။ Phyo Paing @ Derek

မပြောင်းတတ်တာကြောင့်ပိုနေမြဲ ကျားနေမြဲ ဖြစ်နေနိုင်တယ်။ Read More »

စိတ်ထားတတ်ရင်စိတ်ညစ်စရာသိပ်များများမရှိတော့ဘူး။

ယာယီဆိုတာ နာရီပေါ်မူတည်တယ်။​ ဘဝဆိုတာ ယာယီပဲ။နာရီနဲ့အမျှ အရာရာပြောင်းနေတယ်။ ချစ်တဲ့သူတချို့ပျောက်သွားတယ်။ချစ်ရမည့်ကလေးငယ်တချို့ဘဝထဲရောက်လာတယ်။ မနက်ကအလုပ်ဖြစ်နေတာညအလုပ်မဖြစ်တော့ဘူး။စမ်းရင်းလုပ်ရင်းအလုပ်ဖြစ်တဲ့အသစ်တွေတွေ့လာတယ်။ ပျော်စေတာလဲ ယာယီ၊စိတ်ညစ်စေတာလဲ ယာယီ။ နာရီနဲ့အမျှ ပြောင်းနေတဲ့ ယာယီအခိုက်အတန့်ကိုထာဝရဆိုပြီး သာမညလူတွေကိုအထင်မှားစေတဲ့ ပုံရိပ်ယောင်တွေပဲ။ စိတ်ထားတတ်ရင်စိတ်ညစ်စရာသိပ်များများမရှိတော့ဘူး။ Phyo Paing @ Derek

စိတ်ထားတတ်ရင်စိတ်ညစ်စရာသိပ်များများမရှိတော့ဘူး။ Read More »

ကံသုံးပါး။

အတိတ်က ရွေးချယ်မှုကပစ္စုပ္ပန်ကို ဖန်တီးတယ်။ပစ္စုပ္ပန်ရဲ့ ရွေးချယ်မှုကအနာဂတ်ကို ဖန်တီးမယ်။ လူတော်တော်များများကဘဝကို “ဖြစ်လာတာ” လို့ ထင်ကြတယ်။တကယ်တော့ ဘဝဆိုတာ “ရွေးခဲ့တာ” တွေစုစည်းရာကနေ ဖြစ်လာတာပဲ။ မနက်ဘယ်အချိန်ထမလဲ၊ဘယ်သူနဲ့ ပေါင်းသင်းမလဲ၊ဘာကို လေ့လာမလဲ၊စိတ်ဆိုးတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ —ဒါတွေ တစ်ခုချင်းကြည့်ရင် သေးငယ်ပေမယ့်၊နှစ်ပေါင်းများစွာ ထပ်ဆင့်ပုံအပ်လိုက်တဲ့အခါကိုယ်ရောက်နေတဲ့နေရာ ဖြစ်လာတာပါ။ ရွေးချယ်မှုကို သတိမထားမိတဲ့သူကကိုယ့်ဘဝကို “ကံ” လို့နာမည်တပ်လိုက်တတ်တယ်။“ငါ့ကံဆိုးတာ”၊“အခြေအနေက ခွင့်မပြုတာ” လို့ ပြောရင်း၊ကိုယ့်လက်ထဲမှာ ရှိနေတဲ့ရွေးချယ်ပိုင်ခွင့်ကို သူများလက်ထဲ ပစ်အပ်လိုက်တယ်။ ဒါ အသက်ရှင်နေတာ မဟုတ်ဘူး။အရှိန်နဲ့ မျောနေတာ။လူဆိုတာ ရွေးချယ်နိုင်စွမ်းရှိတဲ့ သတ္တဝါပါ။ ဒါပေမဲ့ဒီနေ့ ရွေးချယ်မှု မပြောင်းနိုင်ရင် အတွေး မပြောင်းနိုင်ဘူး။အတွေး မပြောင်းရင် အလေ့အကျင့် မပြောင်းနိုင်ဘူး။အလေ့အကျင့် မပြောင်းရင် လုပ်ရပ် မပြောင်းနိုင်ဘူး။လုပ်ရပ် မပြောင်းရင် ရလဒ် မပြောင်းနိုင်ဘူး။ရလဒ် မပြောင်းရင် အနာဂတ်

ကံသုံးပါး။ Read More »

ဆုပ်ယုတ်နေရင် နေလို့ထိုင်လို့မကောင်းဘူး။

ဘဝမှာ ကျန်းမာကြံ့ခိုင်ပြီးငွေပြတ်နေတဲ့ဘဝဖြစ်တာမကောင်းသလို၊ငွေရှိ၊​ ကြံ့ခိုင်ပြီးပညာမတတ်တဲ့ဘဝလဲမဖြစ်ချင်ဘူး။ ဒါကြောင့်ဘဝမှာ အကန့်တွေရှိတယ်။​ကျန်းမာကြံ့ခိုင်ရေး၊ငွေရေးကြေးရေး၊အလုပ်နဲ့စီးပွား၊အသိပညာ၊ အတတ်ပညာ တိုးတက်ရေး၊​အချစ်၊ မိသားစုနဲ့ ပေါင်းသင်မှုရေးရာ၊ဘဝရဲ့အဓိပ္ပာယ်၊ ဘုရား၊ တရားရေးရာ။​ အကန့်ခြောက်ခု။ဒါတွေထဲက တစ်ခုခုကအမြဲတိုးတက်နေမှဘဝကလဲ နေလို့ထိုင်လို့ကောင်းတာ။ဆုပ်ယုတ်နေရင် နေလို့ထိုင်လို့မကောင်းဘူး။ Phyo Paing @ Derek

ဆုပ်ယုတ်နေရင် နေလို့ထိုင်လို့မကောင်းဘူး။ Read More »

တစ်ခုပဲရှိရင်နည်းနည်းရှင်သန်ရခက်တတ်တယ်။

မလုပ်ချင်တာ မလုပ်ရဖို့ငွေရှာတယ်။နောက် လုပ်ချင်တာလုပ်နိုင်ဖို့ငွေရှာတယ်။ ငွေမရှိရင်မလုပ်ချင်တာ လုပ်ရ၊လုပ်ချင်တာ မလုပ်ရ။ ငွေရဖို့အတွက်ငွေရှာဖို့လိုပြန်တယ်။ငွေမရှိသေးရင်လုပ်အားကိုရောင်းရပြီ။လုပ်အားကို အဖိုးတန်အောင်အတတ်ပညာသင်ရပြန်တယ်။ငွေရှိပြီး ငွေပိုရဖို့အတွက်အသိပညာ ပြန်သင်ရပြန်တယ်။လူတွေကြားမှာ လူလုပ်နည်းတတ်အောင်ပေါင်းသင်းဆက်ဆံမှုပညာသင်ရပြန်တယ်။ ဒီ technical skill အတတ်ပညာ၊conceptual skill အသိပညာနဲ့human skill လူကြောနပ်ဖို့ကရှင်သန်ဖို့ လိုအပ်တဲ့ပညာသုံးခု။ တစ်ခုပဲရှိရင်နည်းနည်းရှင်သန်ရခက်တတ်တယ်။ Phyo Paing @ Derek

တစ်ခုပဲရှိရင်နည်းနည်းရှင်သန်ရခက်တတ်တယ်။ Read More »

intentional living လုပ်မှပဲဘဝက ပိုပိုကောင်းလာမယ်။

ဘဝဆိုတာ စနစ်တစ်ခုပဲ။ဘဝမှာ အဖြစ်ရှိဖို့စနစ်တစ်ခုတော့လိုတယ်။ ထပ်ခါထပ်ခါ လည်ပတ်နေတဲ့ဖြစ်စဥ်ကို စနစ်လို့ခေါ်တယ်။လူတိုင်းသိသိမသိသိနေ့စဥ် ထပ်ခါထပ်ခါလုပ်နေရတာတွေရှိတယ်။မနက်ထ မျက်နှာသစ်၊ သွားတိုက်တာကစလို့၊အိမ်သာတက်၊ ရေချိုး၊ဝတ်မည့်အင်္ကျီရွေးချယ်တာကစလို့၊ဘယ်လိုအစားအစာစားမလဲ၊ဘယ်မှာနေထိုင်မလဲ၊ဘယ်လိုလူတွေနဲ့ပေါင်းမလဲ၊ဘယ်လို အသက်မွေးမလဲ၊တစ်ရက်တာကို ဘယ်လိုအသုံးချမလဲရွေးချယ်စရာအများကြီးဖြစ်တယ်။ အလုပ်ဖြစ်ဖို့ကနေသလိုဖြစ်တဲ့ဘဝကိုဖြစ်သလိုမနေပဲintentional living လုပ်မှပဲဘဝက ပိုပိုကောင်းလာမယ်။အိန္ဒြေရှိရှိ အိုမင်းအသက်ရှင်နိုင်မယ်။ Phyo Paing @ Derek

intentional living လုပ်မှပဲဘဝက ပိုပိုကောင်းလာမယ်။ Read More »

စနစ်တစ်ခုတည်းပေါ်မှီခိုတာမလုပ်နဲ့။

Backup plan ထားထားတာကောင်းတယ်။အလုပ်တစ်ခုတည်းပေါ်မှီခိုတာမလုပ်နဲ့။ဝင်ငွေတစ်ခုတည်းပေါ်မှီခိုတာမလုပ်နဲ့။လူတစ်ယောက်တည်းပေါ်မှီခိုတာမလုပ်နဲ့။စီးပွားရေးတစ်ခုတည်းပေါ်မှီခိုတာမလုပ်နဲ့။ဘာသာစကားတစ်ခုတည်းပေါ် မှီခိုတာမလုပ်နဲ့။စနစ်တစ်ခုတည်းပေါ်မှီခိုတာမလုပ်နဲ့။ Phyo Paing @ Derek

စနစ်တစ်ခုတည်းပေါ်မှီခိုတာမလုပ်နဲ့။ Read More »

ဘာ လုပ်လဲ ပြောင်းတာ ခဏ ခံတယ်ဘယ်သူလဲ ပြောင်းတာ ထာဝရ ခံတယ်

Habit ပြောင်းတာ ခဏ ခံတယ်။Identity ပြောင်းတာ ကြာရှည် ခံတယ်။ “ဒီနှစ် ကျန်းမာအောင် နေမယ်”“ဒီနှစ် စာ ပိုဖတ်မယ်”“ဒီနှစ် ဆေးလိပ် ဖြတ်မယ်”“ဒီနှစ် မနက် စောစော ထမယ်” ဒါတွေ ပြောဖူးလား။ ပြောဖူးရင်ဘယ်နှစ်ခါ ပြောပြီးပြီလဲဘယ်နှစ်ခါ ရပ်သွားပြီလဲ တစ်ခါ မဟုတ်ဘူးနှစ်ခါ သုံးခါတစ်ခါတစ်ရံ နှစ်တိုင်း ပြောနေတယ်နှစ်တိုင်း ရပ်သွားတယ် ဘာကြောင့်လဲ — လူအများစုက ထင်တယ်“habit ပြောင်းရင် ဘဝ ပြောင်းမယ်” လို့ ဒါ မှားတာ မဟုတ်ဘူးဒါပေမယ့် မပြည့်စုံဘူး Habit ပြောင်းတာခဏ ခံတယ်ပြီးရင် ယခင် အတိုင်း ပြန်ဖြစ်တယ် ဘာကြောင့်လဲ —Habit ပြောင်းပေမယ့်Identity မပြောင်းလို့။ — Identity ဆိုတာ ဘာလဲ —

ဘာ လုပ်လဲ ပြောင်းတာ ခဏ ခံတယ်ဘယ်သူလဲ ပြောင်းတာ ထာဝရ ခံတယ် Read More »

လူတစ်ယောက်ရဲ့ behavior နောက်မှာအမြဲတမ်း logic ရှိတတ်တယ်။

လူတွေ ဒီနေ့ခေတ်KTV မှာ ဆေးသုံးတာ၊လောင်းကစား game တွေပိုပိုစွဲလာတာကပတ်ဝန်းကျင်ကြောင့်ဆိုင်သလိုစိတ်ဒဏ်ရာတွေကြောင့်လဲပါတယ်။ ဒီနေ့ Dr. Gabor Maté ရဲ့The Myth of Normal စာအုပ်ဖတ်ရင်းပိုနားလည်လာတာAddiction စွဲလမ်းမှုဆိုတာပျော်ရွင်စရာတွေရယူဖို့ pleasure-seeking သီးသန့်ထက်နာကျင်မှုတွေ ဒဏ်ရာတွေကိုကုစားတဲ့ pain-avoidance ကြောင့်ပိုဖြစ်တယ်။ လူတွေက ဟာတာတာ ဗလာဖြစ်မှု၊​ရှက်စိတ်၊ အထူးကျန်စိတ်၊စိုးရိမ်စိတ်၊ ဝမ်းနည်းပူဆွေးမှုကိုကုစားဖို့ကိုယ့်ဘဝကိုယ်ဖျက်စီးစေတဲ့စွဲလမ်းစေတဲ့ အရာတွေကို လုပ်ဆောင်တာကိုself-medication through stimulation တဲ့။ တစ်ခါတစ်လေလူတွေက ပျော်ဖို့လုပ်နေတာမဟုတ်ဘူး။နာကျင်မှုကနေ လွတ်မြောက်ဖို့လုပ်နေတာ။ ဒါကြောင့်အရက်၊ ဆေး၊ လောင်းကစား၊porn, social media, game,အလုပ်ကိုအလွန်အကျွံလုပ်ခြင်း၊ပိုက်ဆံကိုအလွန်လိုချင်ခြင်းတွေကပါတစ်ခါတစ်လေ pleasure ထက်လွတ်မြောက်မှုနည်းလမ်းescape mechanism ဖြစ်နေတတ်တယ်။ Gabor Maté ပြောသလိုဘယ်အရာက စွဲလမ်းစေလဲ“Why the addiction?” ထက်ဘယ်နာကျင်မှုကိုရှောင်းပြေးနေလဲ“Why the pain?” ကိုမေးဖို့လိုတယ်။ လူတစ်ယောက်ရဲ့

လူတစ်ယောက်ရဲ့ behavior နောက်မှာအမြဲတမ်း logic ရှိတတ်တယ်။ Read More »