ရွေးချယ်မှုတစ်ခုပဲ။
လွတ်လပ်ချင်ရင်လွယ်လွယ်လေး။ လွတ်ချဖို့ပဲလိုတာ။ စိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုဆိုတာ ရွေးချယ်မှုတစ်ခုပဲ။ Phyo Paing @ Derek
လွတ်လပ်ချင်ရင်လွယ်လွယ်လေး။ လွတ်ချဖို့ပဲလိုတာ။ စိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုဆိုတာ ရွေးချယ်မှုတစ်ခုပဲ။ Phyo Paing @ Derek
ဘဝဆိုတာ ၈၂ နှစ် ၁ လ ၁၉ ရက်နေရရင် ရက်ပေါင်း ၃၀၀၀၀ ပဲ။ ဒီနေ့ဆို ရက်ပေါင်း ၁၃၇၁၂ ရက်နေပြီးပြီ။ ကျန်းမာရေးလိုက်စားလို့ အသက် ၇၀ ထိ ဒေါင်ဒေါင်မီနေနိုင်မယ်ဆို အင်အားပြည့်ပြည့်နဲ့ ၁၁၈၅၅ ရက်နေလို့ရသေးတယ်။ အသက် ၇၀ ကနေ ၈၂ နှစ်ကျော်ထိဆို ၄၄၃၃ ရက်ထပ်နေရလို့ရတယ်။ ၈၂ နှစ်ထက် အလွန်ကျန်တာ bonus ပဲ။ တကယ်လို့ ကြားထဲတစ်ခုခုကြောင့် မသေခဲ့ရင်ပေါ့။ 🌏 လက်ရှိပျမ်းမျှအသက်ရှည်နှုန်း (Life Expectancy) 🇲🇲 မြန်မာ – ၇၀.၆ နှစ်🇲🇾 မလေးရှား – ၇၉.၇ နှစ်🇹🇭 ထိုင်း – ၈၁.၂ နှစ်🇹🇼 ထိုင်ဝမ်
သံသရာတစ်ကွေ့ ဒီတစ်နေ့က
အနာဂတ်ကိုသယ်သွားနိုင်တဲ့
ပါရမီတစ်ခုခုတော့ ဖြည့်ခဲ့ဖို့လိုနိုင်တယ်။ Read More »
လူတိုင်းကို ကိုယ့်စိတ်ကြိုက်ဖြစ်စေချင်စိတ်ကနာကျင်စေတတ်တယ်။ ဖြစ်နိုင်ရင် အလွန်အကျွံထိန်းချုပ်ချင်စိတ်ကိုလျော့ချနိုင်ဖို့လဲလိုတတ်တယ်။ အေးချမ်းမှုရဲ့ ပထမအချက်ကသူများတွေပေါ် မျှော်မှန်းချက်တွေလိုတာထက်ပိုထားတာလျော့။ Phyo Paing @ Derek
ဟောင်ကောင်က ဇာတ်ကားတွေနဲ့ကြီးလာတော့မင်းသားမင်းသမီးတွေကြည့်။ ငယ်ရွယ်တုန်းအောင်မြင် အသက်ကြီးတိုင်ပတ်ရှိသလိုပိုက်ဆံတွေရှိ နောက်ဆုံးအကုန် ကုန် ရှိတယ်။တချို့ကျတော့ ဖြေးဖြေးတက်လာတယ်။အသက်ကြီးမှ ပိုအောင်မြင်တယ်။ တချို့ကျ ငယ်တုန်းအကုန်အောင်မြင်နေရင်းကိစ္စတစ်ခုကြောင့် အကုန်လုံးရပ်သွားရသူတွေ၊ အသစ်ပြန်စရသူတွေအချိန်မတိုင်ခင်ကြွေလွင့်သူတွေ၊အများကြီးပဲ။ ဘဝဆိုတာ အပိုင်းအခြားနဲ့။အခု ဒုက္ခရောက်နေလို့လဲ စိတ်မညစ်နဲ့။ အခု အောင်မြင်နေလို့လဲ စမာန်မတက်နဲ့။ လောကဓံရိုက်ချက်က တစ်ချက်တစ်ချက်ပြင်းတယ်။တခါတခါ ဘာမှမလုပ်လဲ ရွေးချယ်မှုတစ်ခုမှန်ကန်သွားရင်ဘဝက လုံးလုံးကောင်းသွားတာမျိုး။ ဒါကြောင့် သံသရာမှာ ရန်ပြန်ရှာမည့်အလုပ်တွေကို ဖြစ်နိုင်သမျှရှောင်တာမမှားဘူး။ Phyo Paing @ Derek
တစ်နိုင်ငံကလူတွေကြိုးစားတိုင်းနိုင်ငံက တိုးတက်သွားတာမဟုတ်ဘူး။ လုပ်ငန်းတစ်ခု၊ လူတစ်ယောက်ကလဲအလားတူပဲ။ အလုပ်တွေ ဇွတ်လုပ်တိုင်း တိုးတက်တာတော့လဲ မဟုတ်ဘူး။ ပါးနပ်ဖို့လိုတယ်။ အမျှော်အမြင်ရှိဖို့လိုတယ်။ ရွေးချယ်မှုမှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်မှန်ဖို့လိုတယ်။ ဒါတွေလုပ်ဖို့ “မှန်ကန်တဲ့အမြင်” ရှိဖို့လိုတယ်။ မှန်ကန်တဲ့အမြင်ရှိဖို့ ပညာလိုတယ်။ ပညာက အမှန်ကို အမှန်အတိုင်း မြင်နိုင်စေတယ်။ အကြောင်းအကျိုး (Cause & Effect) ကို နားလည်စေတယ်။လွဲမှားသော ယုံကြည်ချက်များကို စွန့်လွှတ်နိုင်စေတယ်။ ပညာရှိဖို့ ဥာဏ်ကိုသုံးဖို့လိုတယ်။ စူးစမ်း လေ့လာဖို့လိုတယ်။စမ်းသပ်ကြည့်ဖို့လိုတယ်။ကိုယ့်အယူအဆမှားနေတရင်ပြောင်းလဲရဲဖို့လိုတယ်။ လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။ ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။ အရှေ့အရပ်ကို သွားချင်ပြီးအနောက်အရပ်ကို ပြေးနေလို့မရဘူး။မဟုတ်ရင် ပြေးလေ ဝေးလေဖြစ်နေမယ်။ ရွေးချယ်မှုကောင်းတစ်ခုက ဘဝကို ပြောင်းလဲစေနိုင်သလိုရွေးချယ်မှုဆိုးကြီးတစ်ခုက ကြိုးစားထားသမျှကိုလဲ သဲထဲရေသွန်ဖြစ်အောင်လုပ်နိုင်တယ်။ ဒါကြောင့် အရေးကြီးတဲ့ရွေးချယ်မှုတွေကိုသေချာစဥ်းစား ဥာဏ်ပညာနဲ့ပြုလုပ်နိုင်ဖို့လိုတယ်။ ရွေးချယ်မှုမှားသွားတာသိရင်လဲမြန်မြန် ပြန်ပြင်နိုင်ဖို့လိုတယ်။ မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊ ရွေးချယ်မှုမှားလို့
မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊
ရွေးချယ်မှုမှားလို့ ခရီးမရောက်ခြင်းဖြစ်တယ်။ Read More »
တချို့မိဘတွေက သားသမီးတွေကိုမွေးပြီးရင်တစ်သက်လုံးရပိုင်ခွင့်လို့စဉ်းစားတတ်တယ်။ဥပမာ သားသမီးသုံးလေးယောက်မွေးတစ်ယောက်က အလုပ်လုပ်အောင်မြင်ရင်အကုန်တာဝန်ယူစေချင်တာကျွန်တော်တို့ ရပ်ကွက်အထာပဲ။ အဲ့လိုမိသားစုမှာမွေးဖွားလာရင်ပထမဆုံးထားရတာ စည်းပဲ။မဟုတ်ရင် တစ်သက်လုံးကြိုးစားလာသမျှလုံးပါးပါးတဲ့အပြင်ကျေးဇူးမတင် မလုပ်ပေးနိုင်တာကိုပဲ အပြစ်တင်တတ်တာ အကျင့်ဖြစ်နေတတ်တယ်။ တချို့မိသားစုတွေက မေတ္တာနဲ့ကြီးတတ်တယ်။မိဘက မရှိရင်တောင် လောဘမကြီးဘူး။ တချို့မိသားစုကျတော့ကိုယ်ကလဲမစွမ်း လောဘလဲကြီးဖြစ်စေချင်တာကိုသားသမီးတွေထဲက တစ်ယောက်ကိုတာဝန်ဇွတ်ယူခိုင်းတာကတော်တော်လေးမကောင်းဘူး။ မိဘတွေသားသမီးကိုချစ်တာထက်မပိုရင်တောင်သားသမီးတွေ မိဘကိုချစ်တာမလျော့ကြပါဘူး။ မိဘမေတ္တာရှိသလိုသားသမီးတွေကလဲ မိဘကိုပျော်စေချင်တဲ့အတွက်မိဘတွေရဲ့ဖြစ်စေချင်တာကိုလုပ်ပေးတတ်တယ်။ တချို့ဆို ဂျပန်မှာ ၁၀ နှစ်၊ နှစ် ၂၀ ငွေရှာမိဘက တခြားသားသမီးကိုထောက်ပံ့သုံးဖြုန်းငါ့သားသမီး သန်မာတယ်ဆိုသားသမီး ပြန်လာချိန်သူတို့စောင့်ကြိုနေတာ လက်ဗလာနဲ့ကြောင့်ကြေကွဲခံစားရတဲ့ အဖြစ်တွေ မနည်းလှဘူး။ ဒါကြောင့် တချို့လူတွေအတွက်မိဘကိုချစ်တာ၊ ပြုစုလုပ်ကိုင်ပေးတာပင်ပန်းလွန်း၊ တောင်းဆိုလွန်းလာရင်စည်းတစ်ခုထား boundary ရှိလို့ပညာရှင်တွေ ဆိုကြတယ်။ တချို့တွေအတွက် အောင်မြင်မှုသွားရာလမ်းမှာပထမဆုံးရုန်းထွက်ရခက်တာကမိသားစုဖြစ်နိုင်တယ်။ တချို့တွေအတွက် မိသားစုကအထောက်အပံ့ဖြစ်ပြီးသား။ ဒါတွေက လောကနိတ္တိမှာအများကြီး မရေးထားဘူး။ ကိုယ့်အလှည့်ကျရင်တော့ကိုယ့်သားသမီးအတွက် တစ်သက်လုံး ရုန်းကန်စရာမလိုအောင်ငွေကြေးရှာဖွေမှုနဲ့လစဉ်ထောက်ပံ့မှုကို သေတဲ့အထိစီစဉ်ပေးခဲ့မယ်။ပြီးရင် ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်အောင်ပညာသင်ပေးမယ်။ကျန်တာတော့ မမျှော်မှန်းတော့ဘူး။ကိုယ့်ကြောင့်လူ့ဘဝထဲရောက်လာတာတာဝန်တွေအများကြီး
“ထိန်းချုပ်ချင်စိတ်လေးလျော့” ဖို့ဖြစ်နိုင်ပါတယ်။ Read More »
နိုင်ငံတစ်နိုင်ငံကလူတွေကြိုးစားတိုင်းနိုင်ငံက တိုးတက်သွားတာမဟုတ်ဘူး။ လုပ်ငန်းတစ်ခု၊ လူတစ်ယောက်ကလဲအလားတူပဲ။ အလုပ်တွေ ဇွတ်လုပ်တိုင်း တိုးတက်တာတော့လဲ မဟုတ်ဘူး။ ပါးနပ်ဖို့လိုတယ်။ အမျှော်အမြင်ရှိဖို့လိုတယ်။ ရွေးချယ်မှုမှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်မှန်ဖို့လိုတယ်။ ဒါတွေလုပ်ဖို့ “မှန်ကန်တဲ့အမြင်” ရှိဖို့လိုတယ်။ မှန်ကန်တဲ့အမြင်ရှိဖို့ ပညာလိုတယ်။ ပညာက အမှန်ကို အမှန်အတိုင်း မြင်နိုင်စေတယ်။ အကြောင်းအကျိုး (Cause & Effect) ကို နားလည်စေတယ်။လွဲမှားသော ယုံကြည်ချက်များကို စွန့်လွှတ်နိုင်စေတယ်။ ပညာရှိဖို့ ဥာဏ်ကိုသုံးဖို့လိုတယ်။ စူးစမ်း လေ့လာဖို့လိုတယ်။စမ်းသပ်ကြည့်ဖို့လိုတယ်။ကိုယ့်အယူအဆမှားနေတရင်ပြောင်းလဲရဲဖို့လိုတယ်။ လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။ ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။ အရှေ့အရပ်ကို သွားချင်ပြီးအနောက်အရပ်ကို ပြေးနေလို့မရဘူး။မဟုတ်ရင် ပြေးလေ ဝေးလေဖြစ်နေမယ်။ ရွေးချယ်မှုကောင်းတစ်ခုက ဘဝကို ပြောင်းလဲစေနိုင်သလိုရွေးချယ်မှုဆိုးကြီးတစ်ခုက ကြိုးစားထားသမျှကိုလဲ သဲထဲရေသွန်ဖြစ်အောင်လုပ်နိုင်တယ်။ ဒါကြောင့် အရေးကြီးတဲ့ရွေးချယ်မှုတွေကိုသေချာစဥ်းစား ဥာဏ်ပညာနဲ့ပြုလုပ်နိုင်ဖို့လိုတယ်။ ရွေးချယ်မှုမှားသွားတာသိရင်လဲမြန်မြန် ပြန်ပြင်နိုင်ဖို့လိုတယ်။ မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊ ရွေးချယ်မှုမှားလို့
လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။
ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။ Read More »
လူဖြစ်မရှုံးချင်ရင် ၁။ အချိန်မဖြုန်းနဲ့ သုံး၂။ ကိုယ့်ကိုကိုယ် လေ့လာ၃။ လူတွေကို လေ့လာ၄။ စျေးကွက်ကိုလေ့လာ၅။ လောကကိုလေ့လာ၆။ ကိုယ်ယုံကြည်တဲ့အရာ မှန်မမှန်စမ်းကြည့်၇။ ကိုယ်လိုချင်တဲ့ရလဒ်မရရင် ယုံကြည်မှုတွေကိုပြောင်း၈။ လုပ်ရပ်တွေကို ပြောင်း၉။ ကောင်းမွန်တဲ့ရလဒ်ရရင် ဆက်လုပ်၁၀။ သေမည့်အချိန် နောင်တရမည့်အရာတွေမလုပ်နဲ့၁၁။ ကိုယ့်ရဲ့ပါရမီကိုယ်နေ့စဉ်ဖြည့်၁၂။ ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်ဆိုတဲ့စိတ်ထား။ Phyo Paing @ Derek
ဘဝဟာ ခဏပါ။ ဒီခဏတာဘဝကိုသာမညအဖြစ်နဲ့ဖြတ်သန်းသွားဖို့ကသဘာဝမကျဘူးလို့ ထင်တယ်။ လူတိုင်းမှာကိုယ်ပိုင် ပါရမီတစ်ခုခု ရှိတယ်။ အဲဒီပါရမီကိုအသုံးမချဘဲလောကထဲက ထွက်သွားတာကနှမြောစရာပဲ။ ကျွန်တော်ကတော့လူတစ်ယောက်ရဲ့ ဘဝကိုဒီအဆင့် (၃) ဆင့်နဲ့ ကြည့်တယ်။ ၁။ ကိုယ့်ပါရမီကို ကိုယ်တူးဖော်ပါ။ ကိုယ်ဘာကို သဘာဝကျကျ လုပ်နိုင်လဲ။ကိုယ်ဘာလုပ်ရင် အချိန်မေ့သွားလဲ။ကိုယ်ဘယ်လို တန်ဖိုးပေးနိုင်လဲ။ ၂။ ကိုယ့်ပါရမီကို နေ့စဉ် ဖြည့်တင်းပါ။ စာဖတ်ပါ။လေ့ကျင့်ပါ။စမ်းသပ်ပါ။အတွေ့အကြုံယူပါ။ ပါရမီကလေ့ကျင့်မှုနဲ့ပဲ ကြီးထွားတယ်။ ၃။ လူတွေအတွက် အသုံးဝင်အောင် လုပ်ပါ။ ပါရမီကကိုယ့်အတွက်ပဲ မဟုတ်ဘူး။ လူတွေရဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အခါအဲဒီပါရမီကတန်ဖိုးဖြစ်လာတယ်။ ဘဝက ခဏပဲ။ ဒါကြောင့်ကိုယ့်ပါရမီကိုရှာဖွေပါ။ဖွံ့ဖြိုးအောင်လုပ်ပါ။လူတွေအတွက် အသုံးဝင်အောင် အသုံးချပါ။ ဒါမှဘဝက အဓိပ္ပာယ်ရှိလာမယ်။ Phyo Paing @ Derek
စျာန်ဝင်စားတဲ့အလုပ်ဆိုတာ ဒီနေ့ခေတ် လူတချို့လောက်ပဲလုပ်နေမိတာမျိုး။ ဘာကြောင့်လဲဆိုတော့ နေ့စဥ် လူမှုကွန်ယက်ရဲ့သတင်းနဲ့ အတင်းတွေကြားမှာအလုပ်ကို deep work စူးစိုက်မှု အပြည့်နဲ့ အလုပ်လုပ်ဖို့ဆိုတာစည်းကမ်းတစ်ခုလိုတယ်။ နေ့စဥ် deep work ကိုသာ နှစ်နာရီ၊ သုံးနာရီလောက်လုပ်ကြည့်ဦးနှောက်က မြန်နှုန်းတွေ ပြောင်းသွားလိမ့်မယ်။ ကျွန်တော့်အတွက် deep work ကတော့နေ့စဥ် မနက်ထတာနဲ့ ၁။ journaling လုပ်တယ်။ Template လိုချင်ရင် derekmethod.com မှာ သွားကြည့်ပြီးနေ့စဥ် ဖြည့်လို့ရပါတယ်။ ၂။ စာအုပ်တစ်အုပ်က အဓိက အိုင်ဒီယာတွေရှာတယ်။စိတ်ဝင်စားရင် ဒါကို ဖတ်တယ်။ ၃။ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာနှစ်ခု Tik Tok အတွက် ၁၅ မိနစ်ပေး ဗီဒီယိုလုပ်တယ်။ ၇ ရက်တစ်ခါ ယူကျု video တင်တယ်။ စာကတော့