ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ
အခိုင်းခံဖို့ထက် စနစ်ကို အသုံးချဖို့။
ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကဘဝအပြောင်းအလဲတစ်ခုပဲ။ ဘာကြောင့်လဲဆိုတော့ကျောင်းတက်တဲ့အခါစိတ်ညစ်စရာအကောင်းဆုံးကစာသင်တဲ့အခါ အမှတ်ရဖို့အဓိကသင်ရတယ်။ ဒီအတွက်လုပ်နေရင်းနဲ့ ဒီပညာရပ်ကို ဘာကြောင့်လေ့လာရလဲဆိုတဲ့အနှစ်သာရပျောက်စူးစမ်းလေ့လာချင်စိတ်ပျောက်သွားတယ်။ ဥပမာ Physics သင်မယ်။ရူပဗေဒကို ဘာကြောင့်သင်ရသလဲ၊ရူပဗဒေဆိုတာ ဘာလဲ၊ ဒါသိသွားရင် ဘာတွေလုပ်လို့ရမလဲနဲ့မစဘူး။ W = FS ဒါကို မှတ်ထား။စာမေးပွဲ ဒါအမေးများတယ်။ မှတ်မှတ်ရရ ရူပဗေဒ ပထမခန်း။ အဲ့တော့ စဥ်းစားကြည့်တယ်။ဆယ်တန်းမှာ အမှတ်များဖို့ကအမှတ်ပေးစည်းမျဥ်းလေ့လာရင်ရတာပဲ။ ဒါနဲ့ ဆရာ၊ ဆရာမ စာသင်တဲ့အချိန်English စာအချိန်ကလွဲလို့လုပ်ချင်တာလုပ်နေဖြစ်တယ်။ စာမေးပွဲနီးတစ်လလိုတော့ဘာမှလဲ မပြင်ဆင်ရသေးဘူး။ အမှတ်ပေးစည်းမျဥ်းကလဲလေ့လာရပြီ။ အောင်စာရင်းထွက်ရင်လဲအောက်ကျနောက်ကျက မဖြစ်ချင်ဘူး။ ဒါနဲ့ သင်္ချာကို အခန်း ၈ circle ထိကြည့်။အခန်း ၁၂ differentiation ထိကို တစ်မှတ်တန်ကို Learner’s Choice ကြည့်။ Bio ကို အခန်း ၅ ဖြစ်မယ်။ ယုန်အခန်းကစကြည့်ပြီးတစ်မှတ်တန်မှတ်ထားလိုက်တယ်။ စာမေးပွဲအောင်စာရင်းထွက်တော့ကိုယ်ထင်ထားတာထက် […]
ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ
အခိုင်းခံဖို့ထက် စနစ်ကို အသုံးချဖို့။ Read More »
