Life

လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်

လူတွေကို ပျော်အောင်လုပ်ပေးပြီးပျော်အောင်လုပ်ပေးဖို့ မေ့နေတဲ့သူကကိုယ်တိုင်ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို ဖြည့်ဆည်းရင်းဘဝရဲ့ အချိန်တစ်ခုကို ဖြတ်သန်းရတယ်။ ဘဝမှာ ဘယ်တော့မှ အသုံးမချတော့မည့်သင်ခန်းစာတွေအများကြီးလေ့လာပြီးဘဝအချိန်တစ်ခု ဖြစ်သန်းရတယ်။​ နောက် ပညာရေးဆုံးခန်းတိုင်ဖို့ဘွဲ့ရဖို့ လေ့လာရပြန်တယ်။နောက် သူများတွေဘွဲ့လွန်ဆိုတော့လဲဘွဲ့လွန်ပြန်တတ်ရပြန်တယ်။ သတ်မှတ်ထားတဲ့ ဘောင်တွေနဲ့အိမ်ထောင်ကျ သားသမီးတွေကြီးဖို့ပြုစုပျိုးထောင်ရင် အခြေကျတော့လဲကိုယ့်လမ်းကိုယ်လျှောက်သွားကြတယ်။ ဘဝဆိုတာကြီးက လူ့ဘောင်ဆိုတဲ့အတွက် ဘောင်တွေကြားထဲမှာအသက်ရှင်ကြတယ်။ လူတွေ သတ်မှတ်ထားတဲ့ အသိအမှတ်အပြုခံရမှုကြားမှာပျော်ရွင်မှု၊ ဝမ်းနည်းမှုတွေဖြစ်ကြတယ်။ ဒီ ဘောင်ကြီးထဲက အရှင်းထွက်ခဲ့တာကတော့အားလုံးရဲ့ စံပြဖြစ်တဲ့ ဗုဒ္ဓပေါ့။ လူ့ဘောင်က သတ်မှတ်ထားတဲ့ဘောင်တွေကို ရိုက်ချိုးပြီးကိုယ့်ဘဝနေထိုင်မှုပုံစံကိုယ်တည်ဆောက်တဲ့lifestyle design လုပ်တဲ့လူတွေက အတွေးအခေါ်အသစ်တွေနဲ့ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်။ ကိုယ်ဖန်တီးတဲ့ ဘဝနေထိုင်မှုပုံစံကကိုယ့်ဘဝကို အထာကျကျဖြတ်သန်းပြီးပျော်ရွင်မှု အပြည့်ပေးနိုင်ဖို့လိုတယ်။​ ဆယ်တန်းဆန်းတယ် သတိထားကြိုးစားဆိုတာကိုလဲ အကောင်းဆုံးလုပ်ခဲ့တယ်။တက္ကသိုလ်ကောင်းကောင်းတက်ဆိုလဲပြီးအောင် တက်ခဲ့တယ်။UK ဘွဲ့လေးရအောင် လုပ်ဆိုလဲလုပ်ခဲ့တယ်။​ဘွဲ့လွန်ပြီးဖို့လိုတယ်ဆိုတော့ လဲလုပ်ခဲ့တယ်။ဘာသာစကားတစ်ခုထက်တက်ဖို့လိုတယ်ဆိုတော့လဲ လုပ်ခဲ့တာပဲ။ ဒီလူ့ဘောင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို […]

လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်
Read More »

လူတွေက အခြေအနေပေါ်မူတည်ပြီး အပြုအမူတွေ ပြောင်းတယ်

လူတွေကို မယုံဘူး။ Biology ကို ယုံတယ်။ Psychology ကို ယုံတယ်။ နောက် အတိတ်ကဖြစ်ခဲ့တဲ့စစ်မှန်တဲ့ ဒေတာ တွေကိုယုံတယ်။ လူတွေက အခြေအနေပေါ်မူတည်ပြီးအပြုအမူတွေ ပြောင်းတယ်။ တစ်ယောက်တည်းနေတဲ့အချိန်၊ လူအများကြားရောက်တဲ့အချိန်၊ပျော်နေချိန်နဲ့ စိတ်ဖိဆီးနေချိန်တောင်မတူကြတာများ၊ဘာကြောင့် လူတွေတစ်သတ်မှတ်ထဲဒီအတိုင်း ဖြစ်နေမယ်လို့ ယုံကြည်သလဲ။ လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ့် role model ကဒီနေ့ ဟုတ်ချင်မှ ဟုတ်တော့မယ်။ လွန်ခဲ့တဲ့ ငါးနှစ်က ကိုယ်တစ်သက်လုံးအတူတူ ဘဝကို ဖြတ်သန်းမယ်ဆိုတဲ့သူကအခု ရှိချင်မှ ရှိတော့မယ်။ အသက်ကြီးလာလေလေလောကရဲ့ သဘောတရားထပ်ခါထပ်ခါဖြစ်နေတဲ့ pattern တွေကိုမြင်လာလေလေ။ ဒါတွေ သိလာလေလေ လူတွေကို မောင်းနှင်နေတဲ့နောက်ကွယ်က အချက်တွေကို မြင်လာလေလေ။ ဘဝကို မတူတဲ့ ရှုထောင့်ကကြည့်လာနိုင်လေလေ။ Phyo Paing @ Derek

လူတွေက အခြေအနေပေါ်မူတည်ပြီး အပြုအမူတွေ ပြောင်းတယ် Read More »

စည်းကမ်းသည် လူ၏တန်ဖိုး
ဆိုတာ အမှန်ပဲ

ကိုယ့်ကိုကိုယ် ချမှတ်ပြီးတဲ့စည်းကမ်းတော့ ဖြစ်အောင်လုပ်ရမယ်။ သူများချထားတဲ့ စည်းကမ်းကတော့လိုက်နာချင်မှ လိုက်နာမယ်။ကျောင်းကတည်းက အဲ့လိုလုပ်တဲ့သူတွေရှိတတ်တယ်။ ဒါက အရေးသိပ်မကြီးဘူး။ ကိုယ့်ကိုကိုယ် ချမှတ်ထားတဲ့စည်းကမ်းကတော့ ဖြစ်အောင်လုပ်မှ ရမယ်။ကိုယ်နဲ့တစ်သက်လုံး အတူတူနေမှာကိုယ်ပဲလေ။ Phyo Paing @ Derek

စည်းကမ်းသည် လူ၏တန်ဖိုး
ဆိုတာ အမှန်ပဲ
Read More »

ကိုယ်ဘယ်လို ပိုက်ဆံရှာမလဲ။

လူနာတွေအပြည့်နဲ့ မနက်ကည ကိုးနာရီထိ ဆေးခန်းထိုင်မလား၊ ခေါင်းစားစရာ လူတွေကို စီမံခန့်ခွဲပြီးလည်ပတ်မှု operations တွေကိုစီမံခန့်ခွဲတဲ့ ဆေးရုံအုပ်ပုံစံနဲ့လား။ ကုန်ပစ္စည်းတွေ ဝယ်ရောင်းပုံစံလား။ အမှတ်တံဆိပ်၊ လူနဲ့ စနစ်နဲ့ စီးပွားရေး တည်ဆောက်ပြီးလား။ ပါမောက္ခတစ်ဦးလို သုတေသနလုပ်စာတမ်းပြုစု၊ စာသင်လား။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်တိုင်းမှာပျော်စရာနဲ့ ပြဿနာ ရှိနေမှာပဲ။ ကိုယ်က အဲ့ ပြဿနာကို ချစ်တတ်လားဆိုတဲ့ မေးခွန်းရဲ့အဖြေက အလုပ်တစ်ခု ရွေးချယ်မှုအတွက်အရမ်း အရေးကြီးတယ်။ ကျွန်တော်ကတော့ အမြဲတိုးတက်နေချင်တယ်။ဒါကြောင့် စာသင်တယ်။The best way to learn is to teach. နောက် စျေးကွက်အကြောင်းတွေကို ချိပ်ဆက်စဥ်းစားနိုင်စွမ်းရှိချင်တယ်။ဒါကြောင့် စီးပွားရေး အကြံပေးတယ်။ လွတ်လပ်မှုရချင်တယ်။ဒါကြောင့် အိပ်နေရင်တောင် ငွေရှာပေးနိုင်တဲ့စနစ်တွေတည်ဆောက်လို့ရတဲ့ digital product တွေ တည်ဆောက်ရေးကိုလေ့လာတယ်။

ကိုယ်ဘယ်လို ပိုက်ဆံရှာမလဲ။ Read More »

မိတ်ဆွေအတွက် ဘဝကို
မောင်းနှင်နေတဲ့ စကားလုံးတစ်လုံးဆို
ဘာများဖြစ်မလဲ?

ခုနှစ်တန်းတုန်းက စက်ဘီးမှာဒိုင်နမိုတပ်ပြီး မီးသီးတွေကို စက်ဘီးနဲ့အတူလည်သွားဖို့ နည်းလမ်းရှာတာ အိမ်ထဲမှာတင်တစ်ပတ် မအိပ်နိုင်မစားနိုင်ပဲ။ခဏအပြင်ထွက်သာဆိုလို့လျှပ်စစ်ပစ္စည်းဆိုင်ပဲ ရှိတယ်။ အင်တာနက်မရှိတော့ ဟိုစမ်းဒီစမ်းနဲ့စျာန်ဝင်ပြီး အချိန်ကို မေ့နေတဲ့flow state ပေါ့။ ရည်ရွယ်ချက်က သီတင်းကျွတ်မှာကိုယ့်သူငယ်ချင်းတွေ သူတို့ crush နာမည်ကိုစက်ဘီးမှာ ဒိုင်နမိုတပ်ပြီးမီးတွေလင်းပြီး စီးလို့ရအောင်။အဲ့တုန်းက ဒိုင်နမိုနဲ့ မီးသီးဆင်ရင်၁၀၀၀ ယူပြီး တော်တော်များတဲ့ ငွေအမောင့်လို့ ပြောလို့ရမယ်။ အောင်အောင်မြင်မြင်နဲ့ ရောင်းလဲပြီးရော မှတ်မှတ်ရရ အဲ့ သီတင်းကျွတ်သုံးရက်လုံး မိုးလဲအကြီးအကျယ်ရွာရော။ ဘဝရဲ့ Significant Emotional Event (SEE) မှာရင်အခုန်ဆုံးအချိန်က အဲ့အချိန်ပဲ။ ဘာကြောင့်လဲ ဆိုရင် “စမ်းသပ်မှု” လုပ်နေရလို့။ ဒီစကားလုံးကို “Dream Source” လို့ခေါ်တယ်။ သင်နေကျ သင်တန်းကို ထပ်ခါထပ်ခါ အခါ ၃၀ ကျော် repeat

မိတ်ဆွေအတွက် ဘဝကို
မောင်းနှင်နေတဲ့ စကားလုံးတစ်လုံးဆို
ဘာများဖြစ်မလဲ?
Read More »

တကယ်လို့ ကိုယ်သာတစ်နှစ်ပဲ

အသက်ရှင်ရတော့မယ်ဆို ကျန်တဲ့တစ်နှစ်ကို ဘယ်လိုဖြတ်သန်းမလဲ? ဒီနေ့ Self-discovery journal စာအုပ်ဖတ်ရင်းသဘောကျတဲ့ မေးခွန်းလေးတစ်ခု။ ကိုယ့်ဘဝမှာ အခုအချိန်ထိဘဝက ပေးသွားတဲ့ သင်ခန်းစာသုံးခုကဘာလဲ။ ဒါလေးလဲ မိုက်တယ်။ ကိုယ်နဲ့ နေ့စဥ်ပေါင်းနေတဲ့သူငါးယောက်က ဘယ်သူတွေလဲ၊ ကိုယ့်ဘဝကို မြင့်တင်ပေးသလား၊ ဆွဲချတွေလား။ ဒါကတော့ သိပြီးထားဖြစ်မယ်။ ကိုယ့်ဘဝရဲ့ ideal partner က ဘယ်လိုမျိုးလဲ။ သူနဲ့ နီးစပ်၊ အဆင်ပြေဖို့ ဘယ်အရာတွေက အတားအဆီးဖြစ်နေစေလဲ။ ဒါကတော့ အားတီ၊ အားမေတို့အတွက်။ ကိုယ့်ဘဝမှာ အခုအချိန်ထိ ကိုယ်ဂုဏ်ယူတဲ့ ဆွတ်ခူးမှုကဘာတွေလဲ။ ကိုယ့်ဘဝမှာ ကျေးဇူးအတင်ဆုံးအရာတစ်ခုကဘာများဖြစ်မလဲ။ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးသူကဘယ်သူဖြစ်မလဲ။ လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ့်ကိုကိုယ်အကြံတစ်ခုပေးရမယ်ဆို ဘာအကြံပေးမလဲ။ ဒါနဲ့ ကိုယ်ဘယ်သူလဲ။ ကိုယ့်အတွက် အကောင်းဆုံး ideal အလုပ်အကိုင်က ဘာအလုပ်အကိုင်များဖြစ်မလဲ။ တစ်သက်လုံး

တကယ်လို့ ကိုယ်သာတစ်နှစ်ပဲ Read More »

လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်

လူတွေက အချစ်နဲ့တွေ့ရင် ပြန်လည်ရှင်သန်လာတယ်။အထူးသဖြင့် အစပိုင်းမှာပေါ့။ လူတော်တော်များများကို ဘူစေတဲ့အရာကလဲ ဒီအချက်ပဲ။ အချစ်ရေး၊ အိမ်ထောင်ရေးပဲ။ လူနှစ်ယောက်က အနေနီးရင်ချစ်တယ်။ (Near distance)ပုံစံတူရင်ချစ်သွားတတ်တယ်။ (Similarity)ရင်းနှီးမှုများရင် ချစ်တယ်။ (Familiarity) ဒါကို Big 3 လို့ခေါ်တယ်။ ဒါနဲ့ ခပ်ဆင်ဆင် CIA Agent တွေက သူလျှိုလုပ်တဲ့အခါတဖက်လူနဲ့နီးစပ်အောင်လုပ်တဲ့ formula ရှိတယ်။ကျွန်တော်ကတော့ PDFI လို့အတိုကောက်မှတ်ထားတယ်။ Friendship =Proximity + Frequency +Duration + Intensity နောက် စိတ်ဝင်စားမှုကို တက်စေတဲ့ချက်လေးချက်ရှိတယ်။ 1. အလုပ်အကိုင်သို့ စွမ်းဆောင်ရည် Competency2. ရုပ်ရည် Look (Physical attraction)3. သူနဲ့တွဲတဲ့အတွက် ရှုံးနိုင်ခြေ Gain or Lost4. နောက်ဆုံးတစ်ခုက Lust

လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်
Read More »

အထီးမကျန်ဖူးရင်
မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကို
သိနိုင်ဖို့မလွယ်ဘူး

ဆင်းရဲမှုအရသာကို မသိပဲချမ်းသာမှုအရသာအပြည့်ကို ခံစားနိုင်ဖို့ မလွယ်ဘူး။ လှောင်အိမ်ထဲ မရောက်ဖူးရင်လွတ်လပ်မှုအရသာစစ်စစ်ကိုခံစားနိုင်ဖို့လဲ မလွယ်ဘူး။အထီးမကျန်ဖူးရင် မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကိုသိနိုင်ဖို့မလွယ်ဘူး။ဆေးရုံမှာ အောက်စီဂျင်အတွက်အသက်မငင်ဖူးရင်ရှူနေတဲ့လေရဲ့ တန်ဖိုးကို သေချာသိဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ရှူနေတဲ့လေ အသက်ရှင်ဖြစ်တည်မှုတွေဟာ တန်ဖိုးရှိတယ်ဆိုတာ မေ့နေတတ်တယ်။ Phyo Paing @ Derek

အထီးမကျန်ဖူးရင်
မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကို
သိနိုင်ဖို့မလွယ်ဘူး
Read More »

ကိုယ်က ကိုယ့်ဘဝရဲ့ trainer ပဲ

မွေးကတည်းက လမ်းလျှောက်သင်ရတယ်။နောက် စကားပြောသင်ရတယ်။စာရေးသင်ရတယ်။လူတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့သင်ရတယ်။သင်္ချာ၊ ဓာတု၊ ရူပ၊ သမိုင်းသင်ရပြန်တယ်။အလုပ်ခွင်ဝင်ဖို့ အတတ်ပညာသင်ရပြန်တယ်။ ကျောင်းမှာ မသင်ခဲ့တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ပညာရပ်တွေကိုဘဝ တက္ကသိုလ်က သင်ပေးပြန်တယ်။ ကျောင်းတက်တုန်းက တစ်တန်းပြီးတစ်တန်းတက်ဖို့ ကျောင်းသင်ခန်းစာတွေပြီးမြောက်အောင်မြင်ဖို့ ဆရာမတွေက train ပေးတယ်။ ဘဝတက္ကသိုလ်ထဲမှာကျတော့ train ပေးမည့်သူမရှိတဲ့အခါနောက်တစ်ဆင့်တက်ဖို့ train လုပ်ဖို့မေ့နေပြီး ရောက်နေတဲ့အတန်းမှာပျော်နေတတ်ကြတယ်။ ဘဝတက္ကသိုလ်မှာတော့ ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာပဲ။ကိုယ့်ဘဝရဲ့ တစ်ရက်သာအတွက်training curriculum ကိုယ်တိုင်ဆွဲရတယ်။ ကျန်းမာရေး၊ ကျွမ်းကျင်မှုတိုးတက်ရေး၊အသိပညာတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရေး၊အရာရာ ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

ကိုယ်က ကိုယ့်ဘဝရဲ့ trainer ပဲ Read More »

ဘဝဆိုတာ system of living
လို့ယူဆတာပဲ

ဘဝက တိုတယ်။ဒါကြောင့်နေ့စဥ်၊အပတ်စဥ်၊ လစဥ်နဲ့ နှစ်စဥ်ကိုသုံးပိုင်းပိုင်းလိုက်တယ်။ နေ့စဥ် မနက်ပိုင်းကိုကိုယ့်ကိုကိုယ် train လုပ်တဲ့အချိန်နောက် အလုပ်လုပ်တဲ့အချိန်ညနေပိုင်း နားတဲ့ဘဝကို enjoy လုပ်တဲ့အချိန်။ တစ်ပတ်ကိုလဲ လေးရက်ကိုfixed schedule ထားတယ်။ကျန်သုံးရက်က လုပ်ရင်လုပ်မယ်။နားရင်နားမယ်။ တစ်လကို တစ်ခါအနည်းဆုံးပြည်တွင်းခရီးသွားမယ်။ တစ်နှစ်ကို တစ်ခါနိုင်ငံခြားခရီးသွားမယ်။​ ဘဝဆိုတာ system of livingလို့ယူဆတာပဲ။ အလုပ်လုပ်တဲ့အချိန်ပိုးစိုးပက်စက်လုပ်ဖို့လိုအပ်တယ်။ပြန်လည် recharge လုပ်တဲ့စနစ်လဲလိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ system of living
လို့ယူဆတာပဲ
Read More »