အနာဂတ်အတွက် ဝှက်ဖဲတွေလိုတယ်။
ကိုယ်စီထားတဲ့ ဝှက်ဖဲတွေကကိုယ့်ဘဝကို တစ်ဆင့်တစ်ဆင့်တက်တက်သွားစေနိုင်တယ်။ ဆေးကျောင်းတက်ရင်းဖုန်းဆော့ဝဲတွေလုပ်ပေးတော့ကျောင်းတက်ရင်းမှာသာမကကျောင်းပြီးတော့လဲရပ်တည်ဖို့အတွက် ငွေရှာပေးတယ်။ ဆေးကုမ္ပဏီလုပ်ရင်းအချိန်ပိုင်းစာသင်တော့အလုပ်ထွက်တဲ့အခါသင်တန်းကျောင်းစတင်လို့ရတယ်။ သင်တန်းကျောင်းသင်နေရင်းရန်ကုန်သွားလိုက်၊ မန္တလေးသွားလိုက်ရက်တို training ပေးတော့teaching ကနေ training ပိုင်းပြောင်းလို့ရတယ်။ ရက်တိုသင်တန်းပေးနေရင်းနည်းပညာကုန်ပစ္စည်တွေ ပြင်ဆင်တော့Covid-19 ဖြစ်တဲ့အခါပေါက်ကွဲမှုအားကောင်းတဲ့online learning app လုပ်လို့ရလာတယ်။ Online Course တွေလုပ်နေရင်းCoaching တွေတဖက်ကလုပ်ရင်းနာရီပေါင်း ၃၀၀၀ ကျော်ရင်းလုပ်ငန်းရှင်တွေ အတွက်လိုအပ်တဲ့စနစ်တွေ ဖန်တီးပေးခွင့်ရတယ်။ ဒီ Coaching လုပ်နေရင်းစနစ်တွေဖန်တီးတဲ့ နည်းပညာလုပ်ရင်းAkyanpay လုပ်လို့ရလာတယ်။ အကြံပေးလုပ်ရင်းတဖက်က နည်းပညာ၊ ကျောင်းနဲ့after-school program သင်တန်းတွေမှာinvestment လုပ်တဲ့ firm မှာပါဝင်လုပ်ရင်းဘာတွေ ဆက်ဖြစ်မလဲ ကိုယ်လဲသေချာမသိဘူး။ သေချာတာတစ်ခုကတော့ဖဲတစ်ချက်တည်းနဲ့ မရဘူး။အနာဂတ်အတွက် ဝှက်ဖဲတစ်ချက်အနည်းဆုံးလိုတယ်။ Phyo Paing @ Derek
