Life

ကလေးဘဝရဲ့ဖြတ်သန်းမှုက
လူတွေရဲ့ဘဝမှာ အရေးကြီးတဲ့
အစိတ်အပိုင်းထဲပါဝင်တယ်။

လူတွေကြားထဲဘယ်လိုပြုမူနေထိုင်ပြောဆိုရမယ်ဆိုတဲ့လူမှုဆက်ဆံရေးက ငယ်ကတည်းကသေချာမသင်ပေးခဲ့ရင်အသက်ကြီးတဲ့အခါလူတွေကြားထဲ လူတောမတိုးဖြစ်တတ်တယ်။ တချို့သူတွေကလူတွေကြားထဲ လူတောတိုးဖို့စိုးရိမ်စိတ်နဲ့ရှင်သန်တတ်တာမျိုးတွေ့ဖူးကြလိမ့်မယ်။ လူတွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့တော်တော်ကြိုးစားလဲအဆင်မပြေနိုင်တာမျိုးရုန်းကန်မှုတွေကို တွေ့ရနိုင်တယ်။ ကလေးဘဝရဲ့ဖြတ်သန်းမှုကလူတွေရဲ့ဘဝမှာ အရေးကြီးတဲ့အစိတ်အပိုင်းထဲပါဝင်တယ်။ ဘာသာစကားသေချာသင်ပေးခဲ့တာ၊ပေါင်းသင်းဆက်ဆံရေးသေချာသင်ပေးတာ၊လူမှုအဖွဲ့အစည်းအပေါ်မှန်ကန်တဲ့အမြင်ရှိဖို့သင်ပေးနိုင်တာ၊ဒါတွေက အရေးကြီးတဲ့အရာတွေပဲ။ တကယ်က ငယ်ငယ်ကသေချာပြုစုပျိုးထောင်မှုမရှိခဲ့ရင်ကိုယ့်ကိုကိုယ် အသိစိတ် self-awareness ရှိရင်လဲပြန်လည်ပြုပြင်ဖို့ အားထုတ်လို့ရတယ်။ အရေးကြီးတာ ပြင်ချင်ဖို့လိုတယ်။ Phyo Paing @ Derek

ကလေးဘဝရဲ့ဖြတ်သန်းမှုက
လူတွေရဲ့ဘဝမှာ အရေးကြီးတဲ့
အစိတ်အပိုင်းထဲပါဝင်တယ်။
Read More »

ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။

ကိုယ့်ကိုကိုယ်အလွန်အကျွံအပြစ်မတင်ပါနဲ့။ ကျွန်တော်တို့ ယဥ်ကျေးမှုမှာလူတချို့က ကိုယ့်ကိုကိုယ်လိုတာထက် အပြစ်တင်တာနဲ့ကြီးပြင်းလာတတ်ကြတယ်။​ အသက်ကြီးတဲ့ထိ ဒီစိတ်ခံစားမှုကြီးကမပျောက်သွားတာမျိုးဖြစ်တတ်တယ်။ အထူးသဖြင့် မိသားစုမှာideal အကောင်းဆုံးအခြေအနေနဲ့သွေဖယ်သွားတိုင်း၊လုပ်သင့်တာကို မလုပ်ခဲ့လိုက်ရတိုင်း၊မလုပ်သင့်တာကို လုပ်ခဲ့မိလိုက်တိုင်းနောင်တရ၊ အပြစ်တင်တတ်တဲ့မိသားစုက ကြီးလာတဲ့အခါguilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကအော်တို ဘဝမှာရှိနေတာမျိုးဖြစ်တတ်တယ်။​ ကိုယ့်ကိုကိုယ် ဂုဏ်မယူတဲ့အပြုအမူကိုလုပ်မိတဲ့အခါတိုင်း၊ကိုယ်မပြောသင့်တဲ့စကားကိုပြောမိတဲ့အခါဖြစ်တတ်တယ်။ တခါတလေ ကြီးကြီးကျယ်ကျယ်မဟုတ်သေးသေးမွှားမွှားလေးတောင်မှကိုယ့်ကိုကိုယ် အပြစ်တင်တတ်တဲ့စိတ်ကဗိုင်းရစ်လိုစွဲကပ်နေတာမျိုးလဲဖြစ်တတ်တယ်။​ ဟင်းဝယ်တယ် လိုတာထက်များသွားတယ်။ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။ကိုယ်ဝယ်လိုက်တဲ့အရာကပုံမှန်ထက်စျေးများနေတယ်ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။ ပိုဆိုးစေတာက နင်ဒီဘဝဒီလိုဒုက္ခကြုံတယ်ဆိုတာအရင်ဘဝက ဘာတွေလုပ်ထားမှန်းမှမသိတာဒီလို ဘဝအဓိပ္ပာယ်ဖွင့်ဆိုမှုတွေကလဲguilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကိုတိုးပွားစေတယ်။​ ငါတလွဲလုပ်လိုက်မိတယ်။ပြင်တော့ပြင်ရမယ်။ဒါက guilt.ငါကတော့ အမြဲတလွဲလုပ်တဲ့ကောင်းပဲဒါက self-blame. လူတွေသတ်မှတ်ထားတဲ့စံနှုန်းထဲဝင်ဆန့်ဖို့အမြဲကိုယ့်ကိုကိုယ် မှားတယ်ထင်ပြီးguilt ဖြစ်တာဖြစ်ဖြစ်၊self-blame လုပ်တာဖြစ်ဖြစ်ဒါတွေက အလွန်အကျွံလုပ်ရင်မကောင်းဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ်ပြန်ပြောပါ။​“ငါ့ logic နဲ့ ငါအဲ့အချိန်ကအသိဥာဏ်နဲ့၊ ခံစားချက်နဲ့၊အခြေအနေနဲ့ အကောင်းဆုံးလုပ်ခဲ့တာပဲ။” ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။ဘဝကို နေပျော်ချင်ရင်“အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့နှလုံးသွင်းကြည့်ပါ။” Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။ Read More »

ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။

လူတွေကြားထဲအထီးကျန်နေတာမျိုး၊အချိန်ရှိပြီး ဘာလုပ်ရမှန်းမသိတာမျိုး၊ဘဝမှာ ရည်ရွယ်ချက်မရှိဘာကြောင့်ရှင်သန်နေလဲ အဖြေမရှိတာမျိုး၊သေမထူး၊ နေမထူး နေ့စဥ်ဘဝက ဒီလိုပါပဲနဲ့ဖြတ်သန်းနေရတာမျိုး။ကိုယ့်ဘဝကိုယ်စဥ်းစားပြီးဝမ်းနည်းမှုတွေနဲ့ ခံစားချက်တွေကိုထုတ်ပြောဖို့ လူမရှိတဲ့ခံစားချက်မျိုး။ ဒါမျိုး ကိုယ်နဲ့ ကိုယ်ကော်နက်ရှင်မမိတာမျိုး လူတော်တော်များများဘဝမှာတစ်ခါမဟုတ် တစ်ခါကြုံဖူးကြလိမ့်မယ်။ အသက်ရှင်ပြီး အသက်မဝင်နေတာမျိုးပေါ့။ ဒီပြဿနာကိုဖြေရှင်းဖို့ spirituality ဆိုတာဖြစ်လာတယ်။ဘဝကို အဓိပ္ပာယ်တစ်ခုပေးဖို့ပေါ့။ ဒီအဓိပ္ပာယ်ပေးတဲ့အခါ ယုတ္တိကျတဲ့ logic လိုတယ်။ဒီတော့ philosophy နောက်ကလိုက်လာတယ်။ spirituality ဆိုတာ အလေ့အကျင့်။philosophy ကတော့ အတွေးအခေါ်။ အချစ်ဆိုတာ spirituality experience တစ်ခုပဲ။အလုပ်ဆိုတာလဲ စိတ်ထားတတ်ရင်spiritual experience တစ်ခုဖြစ်နိုင်တယ်။ဘာသာတရား religion ကနေလဲ spirituality experience ရကြတယ်။ Religion ဘာသာတရားအများစုမှာဒီ spirituality နဲ့ philosophy ပေါင်းထားတယ်။ ဥပမာ ဗုဒ္ဓဘာသာဆိုပါတော့။ ဘဝဆိုတာဒုက္ခ။ဒုက္ခဆိုတာလိုချင်တပ်မက်မှုတဏှာကလာတယ်။ချုပ်ငြိမ်းတဲ့နေရာရှိတယ်။နိဗ္ဗာန်လို့ခေါ်တယ်။ ဒါကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။မှန်ကန်တဲ့အမြင်၊ အတွေးရည်ရွယ်ချက်၊

ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။
Read More »

ဘဝတစ်ခုလုံးကို
အပြောင်းအလဲဖြစ်စေနိုင်တယ်။

ဦးနှောက်ထဲနက်နက်ရှိုင်းရှိုင်းဝင်သွားတဲ့အတွေးအခေါ်ကောင်းတစ်ခုကဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ Phyo Paing @ Derek

ဘဝတစ်ခုလုံးကို
အပြောင်းအလဲဖြစ်စေနိုင်တယ်။
Read More »

တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။

တစ်သက်လုံးအတွက်ဒီနေ့ကအသက်အငယ်ဆုံးပဲ။ နောက်နှစ်ငါးဆယ်ဆိုအခုကိုယ့်ဘေးကလူအများစုလဲရှိကြတော့မှာ မဟုတ်ဘူး။​ လူသားအတွေ့အကြုံကိုကြုံတုန်းဆုံတုန်းခဏလာတွေ့ကြတာ။ အသက်ရှင်တုန်းမှာအသက်ဝင်နေဖို့လိုတယ်။​ အာရုံခြောက်ပါး အလုပ်ကောင်းကောင်းလုပ်ဖို့လိုတယ်။အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေး။ဒါတွေကို သိနေဖို့လိုတယ်။ တစ်ခဏအရာကို ထာဝရလို့မခံစားပဲ၊လူသားအတွေ့အကြုံကိုသိမြင်ခံစားနိုင်ဖို့လိုတယ်။ လူတွေရဲ့ ရာခိုင်နှုန်းတစ်ခုကအသက်လာရှင်ပြီးတခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်၊​လောင်လိုက်နဲ့အသက်ဝင်ဖို့ မေ့သွားကြတယ်တဲ့။ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေထဲကအသက်ရှင်ပြီး အသက်ဝင်လို့ရတယ်။ ဒီလိုဖြစ်ဖို့ ကားတစ်စီးရွေ့လျားတဲ့အခါalignment အလိုင်းမန့်ညီဖို့လိုတယ်။အသိ၊ အတွေး၊ အကြံအစီ၊ အလုပ်တစ်သားတည်းကျအောင်ချိန်ငြိဖို့လိုနိုင်တယ်။ Phyo Paing @ Derek

တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။
Read More »

ကိုယ့်ရည်မှန်းချက်ကိုပဲ
မမှိတ်မသုန်အာရုံစိုက်။

တခြားသူတွေရဲ့ အောင်မြင်မှုတွေနဲ့ကိုယ်နဲ့ နှိုင်းယှဥ်ပြီးဘူမနေနဲ့။ ကိုယ့်ရည်မှန်းချက်ကိုပဲမမှိတ်မသုန်အာရုံစိုက်။ သွားချင်တဲ့ပန်းတိုင်မတူဘူး။နေချင်တဲ့ဘဝမတူဘူး။တည်ဆောက်ချင်တဲ့ အိမ်မက်တွေမတူဘူး။ Phyo Paing @ Derek

ကိုယ့်ရည်မှန်းချက်ကိုပဲ
မမှိတ်မသုန်အာရုံစိုက်။
Read More »

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေ
ရှိတတ်တယ်။

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေရှိတတ်တယ်။အထူးသဖြင့် ကိုယ့် Flow ထဲကိုယ်ဝင်ဖို့ ပြန်ကြိုးစားရတဲ့ကာလတွေပေါ့။ အစားအသောက်၊လုပ်နေကျ routine ပုံစံ၊အမူအကျင့်၊ကိုယ့်ရဲ့မူလပုံစံနဲ့ သွေဖယ်သွားတဲ့အချိန်တွေ။ ဒီစိတ်တိုင်းမကျမှုကfeedback တစ်ခုပဲ။ဒါကိုအသုံးပြု ပိုကောင်းအောင်ပြန်လည်တည်ဆောက်သွားလို့ရပါတယ်။​ Phyo Paing @ Derek

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေ
ရှိတတ်တယ်။
Read More »

အသက်ရှင်ပြီး အသက်ဝင်ဖို့

အသက်ရှင်ပြီး အသက်ဝင်ဖို့၁။ ပိုက်ဆံအရင်ဝင်ဖို့လိုတယ်။၂။ အဓိပ္ပာယ်ရှိတဲ့အလုပ်နေ့တိုင်းလုပ်နေဖို့လိုတယ်။၃။ ကိုယ့်စိတ်နဲ့ ကိုယ် ကော်နက်ရှင်မိဖို့လိုတယ်။​ Phyo Paing @ Derek

အသက်ရှင်ပြီး အသက်ဝင်ဖို့ Read More »

ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။

ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင်ကိုယ်မုန်းတဲ့အရာတွေကိုချစ်အောင်ကြိုးစားကြည့်။ အလေးမရတာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ နည်းပညာသစ်တွေအသုံးမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ တချို့လူတွေကို အဆက်အဆံမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ စာတွေ၊ ဗီဒီယိုတွေလုပ်ငန်းအတွက်တင်ရမှာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်မကြိုက်လဲ ကြိုက်အောင်ကြိုးစားကြည့်ရမှာပဲ။ ဘဝမှာ တချို့အတွေးအခေါ်တွေကိုလက်မခံချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်လက်ခံနိုင်အောင် ကြိုးစားကြည့်ရမှာပဲ။ ကိုယ်က ဘာကောင်မှလဲမဟုတ်ဘူး။ကိုယ့်အတွက်၊ မိသားစုအတွက်၊ကိုယ့်လုပ်ငန်းအတွက်၊ ကိုယ့်ရပ်ရွာ၊ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ လူတွေအတွက်တစ်ဆင့်ချင်းလာတယ်။ရေရှည်အတွက် အကျိုးရှိရင်မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။ Phyo Paing @ Derek

ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။
Read More »

အသက်ကြီးလာတော့ ကိုယ့်အတွက်အကျိုးရှိတာ၊ မရှိတာပဲရှိတော့တယ်။

အသက်ကြီးလာတော့ကိုယ်ချစ်တာ၊ မချစ်တာတွေမသိတော့ဘူး။ ကိုယ့်အတွက် အကျိုးရှိတာ၊မရှိတာပဲရှိတော့တယ်။ ထာဝရချစ်သူ၊ထာဝရ ရန်သူလဲမရှိတော့ဘူး။အကျိုးရှိလား၊အကျိုးမရှိဘူးလားပဲစဉ်းစားတော့တယ်။ ဘဝမှာ သစ္စာ၊ မေတ္တာ၊ အနစ်နာနဲ့နေကြည့်ပြီးပြီ။ဘဝရဲ့ အခြေခံလည်ပတ်မှုကအဲ့လိုလည်ပတ်နေတာမဟုတ်ဘူးဆိုတာတဖြည်းဖြည်း သိလာတယ်။ ဒါကြောင့် ဘဝကိုအကျိုးစီးပွါး အခြေပြုပဲစဉ်းစားကြည့်တော့တယ်။ ကိုယ်တိုင်ကလဲ တခြားသူတွေရဲ့အကျိုးစီးပွါးအတွက် အသုံးဝင်ရမယ်။အဲ့လို အသုံးဝင်တဲ့အရာတွေကိုမျှဝေပေးလေလေအသုံးဝင်သွားတဲ့သူတွေက ကျေးဇူးတင်လေလေ။ကိုယ့်အကျိုးစီးပွါးကို ပြန်လည်ဖြည့်ဆည်းပေးတတ်လေလေ။ လောကကြီးတစ်ခုလုံးကအကျိုးစီးပွါးအခြေပြု လည်ပတ်နေတယ်လို့ထင်တာပဲ။ ဒါကလဲ လက်ရှိလောကကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ Phyo Paing @ Derek

အသက်ကြီးလာတော့ ကိုယ့်အတွက်အကျိုးရှိတာ၊ မရှိတာပဲရှိတော့တယ်။ Read More »