ကမ္ဘာပေါ်က အကောင်းဆုံး
တက္ကသိုလ်
ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ်ကတော့ဘဝ လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့၂၄ နာရီ၊ ၇ ရက်အချိန်မရွေး၊ နေရာမရွေးသတိရှိပြီးလေ့လာရင်လေ့လာသလိုပညာတွေရတယ်။ Phyo Paing @ Derek
ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ်ကတော့ဘဝ လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့၂၄ နာရီ၊ ၇ ရက်အချိန်မရွေး၊ နေရာမရွေးသတိရှိပြီးလေ့လာရင်လေ့လာသလိုပညာတွေရတယ်။ Phyo Paing @ Derek
ဘဝမှာ မပြောင်းလဲတဲ့အမှန်တရားတွေရှိတယ်။ အသက်ရှင်နေသမျှဒုက္ခဆင်းရဲတွေရှိနေမယ်။နည်းတာနဲ့ များတာပဲကွာမယ်။ ဒုက္ခကို အကြမ်းနှစ်မျိုးခွဲလို့ရတယ်။စိတ်ဆင်းရဲခြင်းနဲ့ကိုယ်ဆင်းရဲခြင်းဒုက္ခ။ ကိုယ်ဆင်းရဲခြင်းနည်းဖို့ကျန်းမာရေး၊ ကြံ့ခိုင်ရေးအရေးကြီးတယ်။ စိတ်ဆင်းရဲခြင်းနည်းဖို့လောကဓံရှစ်ပါးကိုမတုန်မလှုပ်ဖြတ်သန်းနိုင်ဖို့လိုတယ်။ဒါကို ဥပက္ခာတရားလို့ခေါ်တယ်။ဥပက္ခာတရား equanimity ဆိုတာလျစ်လျူရှုတာမဟုတ်ဘူး။မတုန်မလှုပ်ဖြတ်သန်းတာ။ Phyo Paing @ Derek
လူတွေကြားထဲဝင်ဆန့်ချင်ရင်သရုပ်ဆောင်။ သရုပ်ဆောင်တာနဲ့ဟန်ဆောင်တာမတူဘူး။ သရုပ်ဆောင်တာက actဟန်ဆောင်တာက pretend သရုပ်ဆောင်တယ်ဆိုတာကိုယ့်ကိုပေးထားတဲ့နေရာတစ်ခုအတွက်သူနဲ့ကိုက်ညီတဲ့အပြုအမူကိုလုပ်ဆောင်ရတာ။ကိုယ်က အိမ်မှာဘယ်လောက်စိတ်ညစ်ခဲ့ညစ်ခဲ့ရုံးရောက်အလုပ်ခွင်ဝင်ရင်အရောင်းသမားဖြစ်တဲ့အတွက်အပြုံးလေးနဲ့သရုပ်ဆောင်ရတာမျိုး။ ဟန်ဆောင်တယ်ဆိုတာမဟုတ်မမှန်တာကိုလိမ်လည်လှည့်ပြားလုပ်ဆောင်တာ။ လောကမှာ လူလုပ်နေသမျှတာဝန်နဲ့ ဝတ္တရားတွေရှိတယ်။လုပ်ငန်းရှင်ဆိုလဲ လုပ်ငန်းရှင်အလျောက်၊မန်နေဂျာဆိုလဲ မန်နေဂျာအလျောက်။မိဘ၊ သားသမီး လူတိုင်းသရုပ်ဆောင်ရတယ်။ ဗမာစကားလုံးတချို့ကဗန်းစကားတွေကြောင့်အဓိပ္ပာယ်တွေလွဲကုန်တဲ့အခါအနှုတ်သဘောဆောင်တဲ့ဖက်ရောက်သွားကြတယ်။ ဥပမာ နင်သရုပ်ဆောင်ကောင်းတယ်နော်အကယ်ဒမီရသင့်တယ်။ လူတွေနဲ့အဆင်ပြေဖို့ကကိုယ်ကျရာဇာတ်ကို အကောင်းဆုံးသရုပ်ဆောင်ဖို့လိုတယ်။ စိတ်မပါလဲ ပြုံးပြရတာမျိုး။မလုပ်ချင်လဲ လုပ်ရတာမျိုး။လောကွက်မချော်ချင်လဲလောကွက်ချော်ရတာမျိုး၊Congratulations/ Birthday/ စိတ်မကောင်းပါဘူးတခါတလေ စိတ်ထဲကမပါလဲရေးရတာမျိုး။မရယ်ရတဲ့ ဟာသကိုရယ်တာမျိုးတွေဥပမာပေါ့။ လူတွေနဲ့အဆင်ပြေဖို့ကကျရာဇာတ် သရုပ်ဆောင်ပီပြင်ဖို့လိုပြန်တယ်။ Phyo Paing @ Derek
လူတွေနဲ့အဆင်ပြေဖို့က
ကျရာဇာတ် သရုပ်ဆောင်ပီပြင်ဖို့လိုပြန်တယ်။ Read More »
ဘဝမှာ အရေးကြီးဆုံးကကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားနိုင်ဖို့။ ကိုယ့်ဘေးနားမှာ ရှိတဲ့သူတွေကိုစိတ်ချမ်းသားအောင်ထားနိုင်ဖို့။ ရေတိုအတွက်၊ ရေရှည်အတွက်အပါပေါ့။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားဖို့ကိုယ့်ရဲ့ တန်ဖိုးထားမှု values တွေကိုသိဖို့လိုတယ်။ကျွန်တော့်အတွက်ဆို တိုးတက်မှု၊ လွတ်လပ်မှု၊ ရင်ခုန်မှုပေါ့။ ကိုယ့်ဘေးနားကလူတွေကိုပျော်အောင်ထားဖို့အတွက်ဆို ကိုယ့်ရဲ့စူပါပါဝါကိုသိဖို့လိုတယ်။ ဒီစူပါပါဝါကို အသုံးချလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးပြီးသူတို့လိုချင်တာတွေရအောင်ကူညီပေးနိုင်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ဘေးနားကလူတွေကို
ပျော်အောင်ထားဖို့အတွက်ဆို
ကိုယ့်ရဲ့စူပါပါဝါကိုသိဖို့လိုတယ်။ Read More »
အိပ်ချိန် – ၈ နာရီအလုပ်ချိန် – ၈ နာရီရေမိုးချိုး၊ မျက်နှာသစ်၊အိမ်သာတက်၊ အပေါ့သွား – ၁ နာရီခွဲခြေလမ်း ၇ ထောင်လျှောက် + နား – ၁ နာရီခွဲအလုပ်သွား၊ အလုပ်ပြန် – ၁ နာရီဖုန်းသုံး၊ အင်တာနက်ကြည့် – ၁ နာရီကျန်တဲ့အချိန် – ၃ နာရီ ဥပမာတစ်ခုကြည့်ကြည့်တာ။ တစ်ရက်တာအတွက် အလုပ်ကတော်တော် အရေးကြီးတဲ့အပိုင်းထဲပါတယ်။ Phyo Paing @ Derek
တစ်ရက်တာအတွက် အလုပ်က
တော်တော် အရေးကြီးတဲ့အပိုင်းထဲပါတယ်။ Read More »
လူတိုင်းက အသက် ၃၀ ကျော်ရင်ပေါက်နေတဲ့သင်္ဘောတစ်စီးလိုပဲ။နေ့စဉ် ရေဝင်နေတယ်။တစ်နေ့တော့ မြုပ်မှာပဲ။ပေါက်တာနည်းအောင် အစားအသောက်၊ လေ့ကျင့်ခန်း၊အမူအကျင့် ဂရုစိုက်ရမှာပဲ။အပြောလွယ်၊ လုပ်ရမလွယ်ဘူး။ Phyo Paing @ Derek
လူတိုင်းက အသက် ၃၀ ကျော်ရင်
ပေါက်နေတဲ့သင်္ဘောတစ်စီးလိုပဲ။ Read More »
လူတွေဘာကြောင့် ကျဆုံးလဲနောက်ကျကျန်ခဲ့လဲဆိုဒီလေးခုကြောင့်တဲ့။ 看不见,မမြင်ဘူး看不起,အထင်မကြီးဘူး看不懂,ကြည့်ပြီးနားမလည်ဘူး来不及အလျှင်မမှီတော့ဘူး။ ဒါက အင်တာနက်ခေတ်မှာဂျက်မာပြောခဲ့တဲ့စကားလေး။ အခု အေအိုင်ခေတ်လာနေပြီ။မျက်စိဖွင့်၊ နားစွင့်၊ နေ့စဉ်လေ့လာ၊အခွင့်အလမ်းတွေ့တာနဲ့ချက်ချင်းလုပ်။ လူတွေကိုယ့်ကိုချစ်တာမုန်းတာ၇ ရက်ပဲ။ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ကိုယ့်ဝန်ထမ်း၊ ကိုယ့်ပါတနာအတွက်ငွေက အရေးကြီးတယ်။နောက် ကိုယ့်သမိုင်းပေးတာဝန်အရေးကြီးတယ်။ မိုးရွာတုန်းရေခံဖို့အရေးကြီးတယ်။ Phyo Paing @ Derek
ဘယ်မှာရင်းနှီးမြုပ်နှံရမလဲ။ ၁။ ကိုယ့်ကိုကိုယ်၂။ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်၃။ ကိုယ့်ရဲ့လုပ်ငန်း၄။ ပြီးမှ ကိုယ်နားလည်ပြီးကိုယ့်လုပ်ငန်းအတွက်၊အနာဂတ်အတွက်အထောက်အကူပြုမည့်လုပ်ငန်း Phyo Paing @ Derek
ရွေးချယ်မှုကပေးဆပ်မှုထက်ပိုအရေးကြီးတယ်။ ပေးတိုင်းပြန်ရဖို့ခက်တယ်။အရွေးမှန်ရင်တော့ရွေးတိုင်းထိုက်တန်တဲ့အရာပြန်ရတယ်။ ဒါကတော့ တစ်ကိုယ်တော်အမြင်ပေါ့။ ဘဝမှာ ဘယ်အချိန်မှာဘယ်အလုပ်လုပ်မယ်။ဘာထုတ်ကုန်၊ ဝန်ဆောင်မှုရောင်းမယ်။ဘယ်လိုလူတွေကိုခန့်မယ်။ဘယ်လိုလူတွေနဲ့ ပါတနာလုပ်မယ်။ဘယ်လိုလူတွေကိုရောင်းမယ်။ဝင်ငွေဘယ်လိုရှာမယ်။ဘယ်လိုပုံံစံလုပ်ငန်းလည်ပတ်မယ်။လုပ်ငန်းလုပ်တဲ့အခါ ဒါတွေရွေးရတယ်။ဒါကို business model လို့လဲခေါ်တယ်။ အဲ့လိုပဲ ဘဝကို ဘယ်လိုလူတွေနဲ့ဖြတ်သန်းမယ်။ဘယ်လိုလူတွေ ဝေးဝေးရှောင်မယ်။မပတ်သက်လို့မရတဲ့လူတွေကိုဘယ်လို စည်းခြား၊လုပ်ပေးစရာရှိတာလုပ်ပေးခွဲတမ်းချပြီး ပေးကမ်းမယ်။ဘယ်မှာအဓိက အခြေချမယ်။တစ်ရက်တာကို ဘာတွေအဓိကလုပ်မယ်။ဘာတွေမလုပ်ဘူး။ရွေးရပြန်တယ်။ ဘဝမှာ ရွေးတာက ပေးတာထက်အများကြီး ပိုအရေးကြီးတယ်။ ဘဝမှာ ကိုယ့်အတွက်အကောင်းဆုံးမဟုတ်တဲ့ရွေးချယ်မှုတွေ အများကြီးလုပ်ဖူးတယ်။ဒါပေမယ့် အကောင်းဆုံးမဟုတ်တဲ့ရွေးချယ်မှုတိုင်းကိုကံကောင်းစွာ ပြန်ပြင်လို့ရခဲ့တယ်။ ဘဝရဲ့သင်ခန်းစာတစ်ခုက“ရွေးတာက ပေးတာထက်” ပိုအရေးကြီးတယ်။ အမြင်သာဆုံးဆိုအရမ်းညံ့တဲ့သူကို ဝန်ထမ်းခန့်ပြီးသင်တန်းဘယ်လောက်ပေးပေးတော်လာဖို့က သိပ်မလွယ်ဘူး။ ကိုယ်က ရွေးချယ်လို့ရတဲ့သူဖြစ်အောင်လဲအားထုတ်ဖို့လိုတာပေါ့လေ။ Phyo Paing @ Derek
ဘဝဆိုတာ နှစ် ၈၀ ပရောဂျက်တစ်ခုပဲ။ ကိုယ်ကဘယ်လောက်နေတစ်ခါအက်ဒိတ် update လုပ်ဖြစ်နေလဲ။ အသိပညာ၊ အတတ်ပညာ၊အတွေးအခေါ်၊ အမူအကျင့်။ ကိုယ့်ရဲ့ အသစ်ဗားရှင်းnew version, next version ဖန်တီးဖို့အတွက်၊ အတွေးအခေါ်၊ အမြင်၊အိုင်ဒီယာ၊ လူ၊ အဆက်အသွယ်၊နေရာ၊ လုပ်ဆောင်ပုံအသစ်တွေလိုတယ်။ နေ့စဥ် အိုင်ဒီယာအသစ်၊အမြင်အသစ်၊ လုပ်ဆောင်ပုံအသစ်၊ နေရာအသစ်လေ့လာခြင်းက ကိုယ့်ကိုကိုယ် အက်ဒိတ် update လုပ်နေခြင်းပဲ။ အရင်နှစ်နဲ့ ဒီနှစ်အတွေးအခေါ်မတူတော့ဘူး။ ဒီနှစ်နဲ့နောက်နှစ်ကွာခြားပြီး ပိုကောင်ဘဝဖန်တီးဖို့လိုလာတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ပိုကောင်းတဲ့ဘဝရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုက တူချင်မှတူမယ်။ Phyo Paing @ Derek
တစ်ယောက်နဲ့တစ်ယောက်ရဲ့
ပိုကောင်းတဲ့ဘဝရဲ့
အဓိပ္ပာယ်ဖွင့်ဆိုမှုက တူချင်မှတူမယ်။ Read More »