advice

ဖက်တွယ်မထားပါနဲ့။

အရင်အလုပ်ဖြစ်ခဲ့တဲ့နည်းလမ်းတွေကအခု အလုပ်ဖြစ်ချင်မှ ဖြစ်တော့မယ်။ဘဝဆိုတာ ရေလိုပဲ အမြဲစီးဆင်းနေတယ်။တချို့ကိစ္စ တွေ၊ တချို့အရာတွေက ထားခဲ့သင့်ရင် ထားခဲ့ပြီးရှေ့ဆက်ရတဲ့အချိန်တွေရှိကောင်းရှိမယ်။ဖက်တွယ်မထားပဲ ရှေ့ဆက်ရဲတဲ့ သတ္တိလိုတယ်။ Phyo Paing @ Derek

ဖက်တွယ်မထားပါနဲ့။ Read More »

ကိုယ့်ရဲ့ mental model ကို
ကိုယ်တိုင် သိပြီလား။
မသိရင် ဘဝရဲ့ တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းတဲ့ ဝဲကယက်ထဲက
ထွက်နိုင်ဖို့ မလွယ်ဘူး။

ကျွန်တော် Derek ရဲ့ Mental Model ၁၂ ခု ၁။ ဆုံးရှုံးနိုင်ခြေ ဘယ်လောက်ရှိသလဲ။ အကောင်းဆုံးဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ။ ဒါက ကျွန်တော်အမြဲအသုံးပြုတဲ့mental model တစ်ခုဖြစ်တယ်။ Mental model ဆိုတာ အခြေအနေတစ်ခုကို အဓိပ္ပာယ်ဖွင့်တဲ့အချိန်ဆုံးဖြတ်ချက်ချတဲ့အချိန်အသုံးပြုတဲ့မြေပုံ တစ်ခုဖြစ်တယ်။ ဒီ downside risk ဘယ်လောက်ရှိလဲ၊upside potential ဘယ်လောက်ရှိသလဲဟာဆုံးဖြတ်ချက် ချတာတွေကို လွယ်ကူစေတယ်။ ၂။ မနက်ဖြန် ဘာပြဿနာကြုံနိုင်လဲ။ ဒါက ဒုတိယ mental model ဖြစ်တယ်။ ကျောင်းပြီးရင် အလုပ်မရတာကြုံနိုင်တယ်။ အလုပ်လုပ်တဲ့အခါ မအောင်မြင်တာကြုံနိုင်တယ်။Social Media မှာ content marketing လုပ်တဲ့အခါကိုယ့်ကို တိုက်ခိုက်တာတွေ ကြုံနိုင်တယ်။ဝန်ထမ်းရေးရာ ပြဿနာ ကြုံနိုင်တယ်။အသက်ကြီးတဲ့အခါ မကျန်မာတာကြုံနိုင်တယ်။အထီးကျန်တာ ကြုံနိုင်တယ်။ စိတ်ရဲ့ ကျက်စားရာမရှိတာ ကြုံနိုင်တယ်။သေခါနီးအချိန်

ကိုယ့်ရဲ့ mental model ကို
ကိုယ်တိုင် သိပြီလား။
မသိရင် ဘဝရဲ့ တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းတဲ့ ဝဲကယက်ထဲက
ထွက်နိုင်ဖို့ မလွယ်ဘူး။
Read More »

ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။

ပြဿနာသေးသေးလေးကိုအဖြေရှာမည့်အစားပုံကြီးချဲ့ စဉ်းစားတာဟာ အကြည်ဓာတ်ကို ပျက်စေတတ်တယ်။ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။အတွေးကို စရတယ်။ဒါမှ ယုတ္တိကျကျ အကောင်းဆုံးအဖြေရမှာ။ Phyo Paing @ Derek

ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။ Read More »

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။

ဒီမိုကရေစီမှာလူတွေဘာကြောင့်ပိုတိုးတက်လဲဆိုရင်ဒီ ဒီမိုကရေစီဆိုတဲ့အတွေးအခေါ်ကို အေသင်မှာစတင်ကတည်းကသူ့ရဲ့ ရည်ရွယ်ချက်ကFreedom and Liberty ကိုအခြေခံတယ်။ လွပ်လပ်စွာတွေးခေါ်နိုင်မှုကိုယ့်အတွေးကို လွတ်လပ်စွာဖော်ပြနိုင်မှု ပေါ်အခြေခံတဲ့အတွက်ကိုယ့်ကိုကိုယ် fully expressလုပ်လို့ရတယ်။ Fully express လုပ်လို့ရတဲ့ နေရာမှာအနုပညာပိုထွန်းကားတယ်။ဘဝက ပိုပြီး အနှစ်သာရရှိတယ်။လူအများစုက ငွေကြေးမှာသာယာတဲ့အဆင့်ကို ကျော်လွန်လာရင်အတွေးအခေါ်မှာ သာယာတဲ့အဆင့်ရောက်လာကြမယ်။ ငွေကြေးကော၊ အတွေးအခေါ်ပါသာယာနိုင်ဖို့ ကိုယ့်ရဲ့ အတွေးအခေါ်အယူအဆ၊ အထင်အမြင်ကိုfully express လုပ်နိုင်တဲ့ပတ်ဝန်းကျင်လိုတယ်။​ ကျွန်တော်တို့ အလုပ်၊ကျွန်တော်တို့ဖန်တီးတဲ့လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။ ဒီလို ဖော်ထုတ်ဖို့ ကိုယ်ဘယ်သူလဲ၊ဘာကိုတန်ဖိုးထားလဲ၊ကိုယ့်အိမ်မက်က ဘာလဲ၊ကိုယ့်ကိုကိုယ် နားလည်မှုရှင်းလင်းပြတ်သားနေဖို့လိုတယ်။ Phyo Paing @ Derek

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။
Read More »

5 Minutes Rule

Social Media သုံးတဲ့အခါလူတွေရဲ့ Monkey brainမျောက်ဦးနှောက်ကိုသွားနိုးဆွတယ်။ကုတင်ပေါ်ရောက်နေပြီးဖုန်းကြည့်နေရင်းညဥ့်နက်မှန်းမသိ နက်သွားတာမျိုးကြုံဖူးကြလိမ့်မယ်။ လူ့ဦးနှောက်ကို အကြမ်းဖျင်းMonkey Brain, Robot Brain နဲ့Sage Brain ဆိုပြီး ယေဘူယျသုံးခုခွဲချလိုက်လို့ရတယ်။Productivity hacking အတွက်အလွယ်တကူခွဲလိုက်ကြတယ်။ လူတွေမှာ နှစ်သန်းပေါင်းများစွာရှိခဲ့ပြီဖြစ်တဲ့ Old Brain (Lizard Brain)ဆိုတာ ရှိတယ်။​သူကတော့ကိုယ့်ရှင်သန်မှုဖြစ်စဥ်အတွက်ကာကွယ်ပေးဖို့ repetitive tasks တွေထပ်ခါထပ်ခါ လုပ်တဲ့လုပ်ငန်းဆောင်တာတွေအတွက်အလွန်အရေးပါတယ်။Habit formation အတွက်အလွန်အရေးကြီး။ နောက်တစ်ခုက Evolution ဖြစ်စဥ်အရအသစ်ဖြစ်ပေါ်လာတဲ့ Monkey BrainNoti တက်ရင်ကြည့်ချင်တာ။ဒီ Brain နေရာကို နှိုးဆွခံရတဲ့အခါတခြားအလုပ်တွေ မလုပ်နိုင်ပဲsocial media ထဲ တစ်ဝဲလည်လည်ဖြစ်နေတဲ့ အချိန်မျိုးလူတိုင်း တစ်ခါမဟုတ်တစ်ခါကြုံဖူးကြလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဒီလို hookedဖြစ်သွားတာကို ကျော်လွှားတဲ့နည်းကalarm ငါးမိနစ်ပေးတဲ့နည်းပဲ။အလုပ်တစ်ခုကို ငါးမိနစ်fully focus ထားပြီးလုပ်တယ်။ဒါပြီးမှ social media

5 Minutes Rule Read More »

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက်အချိန်အများကြီး ခြွေတာပေးရမယ်။ဒါက ကျွန်တော့်ရဲ့ အချိန်စီမံခန့်ခွဲမှုအတွေးအခေါ် philosophy ပဲ။ ပြန်မရနိုင်တော့တာ အချိန်ပဲ။လူတွေမှာရှိတဲ့ အဖိုးအတန်ဆုံးအရင်းအမြစ်ကလဲ အချိန်ပဲ။နာရီလက်တံက အချိန်နဲ့အမျှလည်ပတ်နေတယ်။ ကျောင်းပြီး ဆေးမကုတော့နှမြောစရာကြီးလို့ လာပြောကြတယ်။ဟုတ်တယ်လို့ပဲ ပြန်ပြောလိုက်တယ်။အများကြီး မရှင်းပြချင်လို့။သာမာန်လူတွေက ဖြစ်နိုင်ခြေOption တစ်ခုပဲမြင်တာဖြစ်နိုင်တယ်။ရွေးချယ်လို့ရတဲ့ လမ်းကြောင်းအခု ၁၀၀ လောက် ချပြလို့ရတယ်။ ကိုယ့် strength ကMaximizer ဖြစ်တဲ့အတွက်ရှိပြီးသားအရာတွေရဲ့ ဖြစ်နိုင်တဲ့အလားအလာတွေကို ရှင်းရှင်းလင်းလင်းမြင်သလိုကောင်းပြီးသားအရာတွေကိုပိုကောင်းအောင် လုပ်ပေးချင်တယ်။ လူတွေရဲ့ဦးနှောက်ကို limitless ထဲကBradley Cooper လို LSD မလိုပဲဦးနှောက်စွမ်းပကားကို လှုပ်နှိုးနိုင်အောင်၊မသိစိတ်စွမ်းပကားကို အသုံးချနိုင်အောင်ကိုယ့်ရဲ့ best version ဖြစ်အောင်ပုံဖော်နိုင်အောင်ဒါတွေလုပ်ဖို့အတွက် လေ့လာခဲ့တဲ့English, Burmese, Chemistry, Physics အပြင်Zoology နဲ့ Botany က တော်တော်လေးအထောက်အကူပြုသလိုဒုတိယနှစ်မှာလေ့လာခဲ့တဲ့ Anatomy ကဘယ် muscle

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။ Read More »

လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။

အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီးခန္ဓာကိုယ်ပုံစံကွာသွားသလို၊ ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek

လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ Read More »

ဘဝမှာ အလုပ်ဖြစ်တဲ့ Formula တွေ လိုတယ်။

ဆယ်တန်းတုန်းက စာမကျက်အလေလိုက်ပြီး နေလာတာစာမေးပွဲဖြေဖို့ နှစ်လလောက်နေတော့စဥ်းစားမိတယ်။တကယ်လို့သာ ဆယ်တန်းရလဒ်မကောင်းခဲ့ရင် ကိုယ့်ဘဝဘာဖြစ်မလဲ။ ဒါနဲ့ နှစ်လလောက်အတွင်းမှာဘာသာရပ်တိုင်းအတွက် Formula ထုတ်တယ်။သင်္ချာဆို အချိန်း ၈ circle ထိနောက် အခန်း ၁၂ differentiation တွေကျLearner’s Choice ထဲကMultiple Choice တွေလုပ်တယ်။Biology ကိုလဲအပင်အကြောင်းတွေကျော်ပြီးRabbit အခန်းက စလေ့လာတယ်။​ဒီလိုဆေးကျောင်းရောက်သွားတယ်။​ ကိုယ်ကစီးပွားရေးလုပ်ချင်တာဒါပေမယ့် ဘွဲ့ကမရလို့ကမဖြစ်ဘူး။ဒီတော့ တစ်နှစ်တစ်တန်းမှန်မှန်အောင်အောင်နည်းလမ်းရှာရပြန်တယ်။​ ဒီလို နည်းလမ်းရှာကနေ သူငယ်ချင်းတွေကကျွန်တော့်ကို Formula Man လို့ခေါ်လာကြတယ်။ Formula Man လိို့ခေါ်တာတစ်ခုခုလုပ်တော့မယ်ဆို လေ့လာပြီးအလွယ်ကူဆုံး Formula ထုတ်လို့လို့ပြောတယ်။ ကမ္ဘာပေါ်ကိုရောက်ရှိလာတာ ဒီနေ့ဆိုရက်ပေါင်း ၁၂၁၁၁ ရက်ရှိပြီဆိုတော့သင်ခန်းစာတွေလဲ တော်တော်များများရနေပြီးပြီလို့ယူဆတယ်။ ဘဝရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေအတွက်Formula အချို့လဲ ရှိနေတယ်။ဒီ Formula တွေကို ပိုကောင်းအောင်လုပ်သွားရမယ်။ ကိုယ့်ဘဝမှာ အလုပ်ဖြစ်တာတွေထပ်ခါထပ်ခါ ဖြစ်နေတဲ့Formula

ဘဝမှာ အလုပ်ဖြစ်တဲ့ Formula တွေ လိုတယ်။ Read More »

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။

ကျွန်တော့်ရဲ့ social mediainfluencing strategy တစ်ခုကတော့Ban them all (BTA) ပဲ။ ကိုယ့်ဖောက်သည်က ကိုယ်ပဲ။ကိုယ်ပျော်မှ တခြားသူကိုပျော်အောင်ထားနိုင်မှာ။ ကိုယ့်ဆီအမှိုက်ထုပ်လာအပစ်မခံနိုင်ဘူး။ ကိုယ်မကြိုက်ရင်အများကြီးမစဉ်းစားနဲ့BTA ပဲ။ ဒီလို Ban လို့ရတဲ့အခွင့်အရေးကို သာမာန်Facebook user တွေ မရထားဘူး။Page ပိုင်ရှင်ပဲရထားတယ်။ ဒါကြောင့် ကိုယ့် Page ပေါင်းများစွာမှာဘူကောင်ကင်းစင်နေတာ။ Phyo Paing @ Derek

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။ Read More »

Differentiate or Die

သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek

Differentiate or Die Read More »