advice

လူတိုင်းရဲ့ winning strategy မတူဘူး။

ဒါကြောင့် လူတိုင်းရဲ့အကြံဥာဏ်ကို ယူလို့မရဘူး။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီးကိုယ်လိုချင်တာက ဘာ။မလိုချင်တာက ဘာ။ကိုယ်ဘာတွေကို လုပ်ရမယ်။ဘာတွေကို ရှောင်ရမယ်။ ကိုယ်သွားရမည့်လမ်းကြောင်းက ဘာ။ ဒါတွေကို သေချာသိရင် စည်းကမ်းလိုတယ်။ မလုပ်သင့်တာကို မလုပ်မိဖို့။ အရင်လုပ်ခဲ့မိရင်တောင် ရှောင်ဖို့။ စိတ်အလိုကို မလိုက်မိဖို့လိုတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းမှန်လား။ လွဲနေလား ဒါကို သိဖို့ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်တိုင်းတာမှု ပြုလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတိုင်းရဲ့ winning strategy မတူဘူး။ Read More »

ဆက်လုပ်သင့်တာလုပ်။
သောက်ပြစ်ပဲတင်မနေနဲ့။

နင့်ကြောင့်သူ့ကြောင့်အမေ့ကြောင့်အဖေ့ကြောင့်Ex ကြောင့်Boss ကြောင့်ပတ်ဝန်းကျင်ကြောင့်ကိုယ့်ယောကျာ်းကြောင့်ကိုယ့်မိန်းမကြောင့်ပတ်ဝန်းကျင်ကြောင့်ဆရာကြောင့်ရာသီဥတုကြောင့်ဘဝပေးအခြေအကြောင့် ဒီ သောက်တလွဲကြောင့်တွေနဲ့ကိုယ့်ဘဝကို ဆေးခြယ်နေအုံးမယ်ဆိုနောက်တစ်ဆင့်ကို တက်ရမှာမဟုတ်ဘူး။ သင်ခန်းစာယူသင့်တာယူ။လွတ်ချသင့်တာ လွတ်ချ။ဆက်လုပ်သင့်တာလုပ်။ သောက်ပြစ်ပဲတင်မနေနဲ့။ Phyo Paing @ Derek

ဆက်လုပ်သင့်တာလုပ်။
သောက်ပြစ်ပဲတင်မနေနဲ့။
Read More »

Debt, Diaster, Death, Defamation & Divorce

အကြွေး၊ ကပ်ဘေး၊ ချစ်ခင်တဲ့သူ သေဆုံးမှုအရေး၊နာမည်ဖျက်ခံရတာ၊ အိမ်ထောင်ကွဲတာ၊ ဒီအရာတွေကို သေချာ handle မလုပ်နိုင်ရင်depression ဝင်နိုင်တယ်။ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ အချိန်တစ်ခုယူရတတ်တယ်။တချို့ကိစ္စတွေက နှစ်ချီကြာနိုင်တယ်။ ဒီကိစ္စတွေကို technical ကျကျဖြေရှင်းပြီးရင် ထားရမည့်စိတ်ကတော့Move On ပဲ ရှေ့ဆက်ရမှာပဲ။ ဘဝက အစအဆုံး အဖြောင့်အလမ်းတည့်နေရအောင် မအေးအေးဝင်းစီစဉ်တာမှမဟုတ်တာ။ အရာရာ ပိုကောင်းဖို့ ဖြစ်လာတာပါလို့နှလုံးသွင်းဖို့က ပထမဆုံးပဲ။ Phyo Paing @ Derek

Debt, Diaster, Death, Defamation & Divorce Read More »

အသက်ရှင်နေသမျှ
ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက
“ကိုယ်”ပဲ။

တစ်နေ့ သင့်လုပ်ငန်း ပျက်ရင်ပျက်မယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ ကွေကွင်းရတာဖြစ်ကောင်းဖြစ်မယ်။အသက်ရှင်နေသမျှ အမျိုးမျိုးဖြစ်နိုင်တယ်။ သေချာတာတစ်ခုက အသက်ရှင်နေသမျှ ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက “ကိုယ်”ပဲ။ ဒီတော့ နေ့စဉ် ကိုယ့်ကိုကိုယ်အကောင်းဆုံးတည်ဆောက်နေတာဟာ အကောင်းဆုံး မဟာဗျူဟာတစ်ခုဆိုရင်မမှားနိုင်ဘူး။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ်ရှောင်ဖယ်လို့မရတဲ့သူက
“ကိုယ်”ပဲ။
Read More »

5 C

၂၀၁၄ လောက်မှာ ငွေစျေးတွေကမောက်ကမဖြစ်တော့ ဒီနေ့ရောင်းတဲ့ ပစ္စည်းက မနက်ဖြန်အတွက်တောင် အရင်း ပြန်မရတဲ့ အချိန်တွေရှိခဲ့ဖူးတယ်။ ဒါနဲ့ ဘယ်လို စီးပွါးရေးလုပ်မလဲဆိုတဲ့မေးခွန်း ပြန်မေးခဲ့မိတယ်။ အမှန်တော့ စီးပွါးရေးလုပ်တဲ့ရည်ရွယ်ချက်က ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ရေးကိုအထောက်အကူပြုဖို့ပဲဖြစ်တယ်။ အပြင်မှာ လူတွေအားကျပြီးအတွင်းပိုင်းမှာ ကိုယ့်ဟာကိုယ် တိုင်ပတ်ခေါင်းစားနေတာမျိုး မလိုချင်ဘူး။ ဒါနဲ့ ကိုယ်လုပ်မည့်စီးပွါးရေးအတွက်5 C နဲ့ ကိုက်တာပဲလုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ 1. Creation ကိုယ််တိုင်ဖန်တီးလို့ရတဲ့ ကုန်ပစ္စည်း၊ဝန်ဆောင်မှုကိုပဲရောင်းမယ်။ဝယ်ပြီးရောင်းရတာ ကိုယ့်ရဲ့ superpower ကိုအကောင်းဆုံး အသုံးချလို့မရဘူးလို့ယူဆတယ်။ကိုယ်က အသစ်တွေဖန်တီးနေချင်တာ။ ဒါနဲ့ ပထမ criteria က creation ဖြစ်တယ်။ဒါကြောင့် product development, Service development ကိုယ်တိုင်လုပ်တယ်။ 2. Control စျေးနှုန်းမပြိုင်ချင်ဘူး။ ဒီတော့ ကိုယ်ရောင်းတဲ့ပစ္စည်း

5 C Read More »

အပေါ်ယံ

Fitness အရင်တုံးက အပေါ်ယံကြည့်ပြီးဒီကောင်တွေ တော်တော်အားတယ်ကွာအလေးတုန်းကြီးတွေကို အချိန်ကုန်ခံပြီးမနေရတယ်လို့။ six packs တို့ဘာတို့ ဘာလုပ်မလဲ။ အချိန်ကုန်လို့ဆိုတဲ့ အတွေးရှိခဲ့ဖူးတယ်။ တကယ်လေ့လာလေလေ သိလာလေလေကfitness ဆိုတာ လှဖို့ aesthetics နဲ့ physique အတွက်ပဲ လုပ်တာမဟုတ်ဘူး။ ရွေ့လျားနိုင်မှု၊ ပျော့ပြောင်းမှု၊ ခွန်အား၊ဗလ၊ ကြံံ့ခိုင်မှု၊ သွက်လက်မှု ဒါတွေပါတယ်။ တစ်နေ့ YouTube ကြည့်နေရင်းChris Heria ရဲ့ video တစ်ခုတွေ့တယ်။လွန်ခဲ့တဲ့ ကိုးလလောက်က။ဒါနဲ့ fitness ကို စိတ်ဝင်စားပြီးလေ့လာကြည့်တယ်။ Cross-fit တို့ functional fitness တို့၊ HIT တို့၊ traditional resistance training တို့၊Calisthenics တို့ မျိုးစုံတွေ့တယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။ ဒါနဲ့ Diet

အပေါ်ယံ Read More »

ပေါင်းသင်းဆက်ဆံရေးညံ့တာ
မဟုတ်ပါဘူး။
နည်းစနစ်မသိသေးတာပါ။

Milton’s Model ဆိုတာ NLP ထဲကTools တစ်ခုပေါ့။20 ရာစုက စိတ်ညှို့ပညာရင်Milton Erickson ဆိုတဲ့ ပုဂ္ဂိုလ်တီထွင်ထားတာ။လူတွေကို လွမ်းမိုးချင်ရင်သုံးတယ်။ ဥပမာဗျာ ခင်ဗျားလဲ သိတဲ့အတိုင်း ကျွန်တော်ဘာပြောချင်လဲဆိုတာ။ စဉ်းစားကြည့် မသိလဲသိသလိုလိုဖြစ်သွားတယ်။ ကိုယ့်ကို ပြဿနာလာရှာ လာရစ်ရင်အစ်ကိုလဲ သိပါတယ်။ဒါက ပြောစရာလိုတဲ့ကိစ္စမှ မဟုတ်တာ။ဟုတ်တယ်ဟုတ်? ဟုတ်ဟုတ် မဟုတ်ဟုတ်ဟုတ်သလိုလို ဖြစ်သွားရော။ အဲ့လို Milton’s Model သုံးတာကပြဿနာတော်တော်များများကိုကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် idea တစ်ခုကိုတိတိကျကျ ပြောတဲ့အခါတစ်ဖက်ဖက်မှာရပ်တည်တဲ့အခါအခက်အခဲရှိနိုင်တယ်။ Milton’s model ကအရောင်းသမားတွေအသုံးပြုတယ်။လူတွေလွမ်းမိုးချင်တဲ့သူတွေအသုံးပြုတယ်။နိုင်ငံရေးသမားတွေ အသုံးပြုတယ်။မားကတ်တင်းသမားတွေသုံးတယ်။ သိထားတာတော့ မမှားဘူး။ ပေါင်းသင်းဆက်ဆံရေးညံ့တာမဟုတ်ပါဘူး။နည်းစနစ်မသိသေးတာပါ။ Phyo Paing @ Derek

ပေါင်းသင်းဆက်ဆံရေးညံ့တာ
မဟုတ်ပါဘူး။
နည်းစနစ်မသိသေးတာပါ။
Read More »

စမ်းသပ်ရမှာ မကြောက်ပါနဲ့။

ကိုယ့်ကိုကိုယ် အစမ်းသပ်ခံတဲ့လူတစ်ယောက်လိုပဲ စဉ်းစားတယ်။ စိတ်ညစ်မရာတွေ မရှိသလောက်နဲ့ဘဝကို အရသာရှိရှိဖြတ်သန်းဖို့ဖြစ်နိုင်မလား စမ်းသပ်ကြည့်တယ်။ ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ သူတစ်ယောက်ကနည်းစနစ်မှန်မှန်လေ့ကျင့်ရင်ဥာဏ်ကောင်းတာ၊ စာဖတ်မြန်တာလုပ်လို့ရသလား စမ်းသပ်ကြည့်တယ်။ ၄၊၅ နှစ်အတွင်း ပညာတစ်ခုလေ့လာပြီး ဆရာကျအောင်လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ ကိုယ်မပါပဲ ကိုယ့်ကို passive incomeပုံစံမျိုးရှာပေးလို့ရတဲ့ လုပ်ငန်းတည်ဆောက်လို့မရလား စမ်းကြည့်တယ်။ မြန်မာစကားပီအောင်မပြောတတ်လဲTrainer တို့၊ Public Speaker တို့လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ Content Marketing ကနေ Content Inc လို Business တည်ဆောက်လို့ရမလားစမ်းသပ်ကြည့်တယ်။ စာကောင်းကောင်းမရေးတတ်ပဲစားလုံးပေါင်းအမှားမှား၊စကားမကြွယ်ပဲ blogging မှာနေရာတစ်ခုရနိုင်မလား စမ်းကြည့်တယ်။ ဖက်တီးပုတ် ကနေ fit ဖြစ်အောင်အချိန်တိုအတွင်း ဝိတ်ချပြီးFit ဖြစ်အောင် strength တက်အောင်လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ မြန်မာပြည်မှာ Zoom တစ်ခုတည်းနဲ့တစ်ပတ်ကို ကိုယ် Coach

စမ်းသပ်ရမှာ မကြောက်ပါနဲ့။ Read More »

နယ်ပယ်တစ်ခုခုမှာ
expert ဖြစ်နေဖို့တော့လိုတယ်။

ဒီနေ့ခေတ်က ပေးထားတဲ့ JD နဲ့ပဲအလုပ်လုပ်ရင် automation က တစ်နေ့ ကိုယ့်ကို replace လုပ်သွားမှာပဲ။ ဒီနေ့ခေတ်က Attendance-based compensation (ABC) ကနေResult-oriented work environment (ROWE) ကိုပြောင်းလာပြီ။ အရင်က ဒါခိုင်း ဒါလုပ်Instruction လိုက်နာတဲ့ခေတ်ကနေဦးနှောက်သုံးတဲ့ Insight ပိုသိဖို့လိုလာတဲ့ခေတ်ဖြစ်တယ်။ Phyo Paing @ Derek

နယ်ပယ်တစ်ခုခုမှာ
expert ဖြစ်နေဖို့တော့လိုတယ်။
Read More »

Business တွေသင်ယူလို့ရတဲ့ Buddha ရဲ့ အယူအဆ

၁. သတ္တဝါတွေကို ကယ်တင်ဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တယ်။ လုပ်ငန်းတွေမှာ လုပ်ငန်းရှင်အတွက်သာမဟုတ်ပဲ ဝန်ထမ်းတွေ သို့ ဖောက်သည်တွေ (တပါးသူတွေအတွက်) အကျိုးပြုစေမည့် Mission ရှိရမည်။ Google ရဲ့ Mission သည် ကမ္ဘာပေါ်မှာရှိသည့် သတင်းအချက်အလက်များကို လူအများအား အလွယ်တကူရရှိစေနိုင်ဖို့ဖြစ်သည်။ ၂. ဂေါတမ မြတ်စွာဘုရားဖြစ်ရန် ရည်မှန်းချက်ပန်တိုင်ထားခဲ့ပါတယ်။ လုပ်ငန်းတွေမှာလည်း တစ်ချိန် ဘယ်ရောက်အောင်သွားမလဲ Vision လိုပါတယ်။ ဥပမာ Microsoft ရဲ့ Vision သည် အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပျူတာ တစ်လုံးစီရှိရမယ်။ ကွန်ပျူတာတိုင်းမှာ Microsoft Windows တပ်ဆင်ထားရမယ် လို့ထားခဲ့ပါတယ်။ ၃. မ​လျော့မတင်း ​စောင်းကြိုးညှင်း လမ်းစဉ်ကျင့်သုံးခဲ့ပါသည်။ မဇ္ဇိမ လမ်းစဉ်ကို အသုံးပြုပြီး အလယ်အလတ်လမ်းစဉ်အတိုင်း ကြိုးစားခဲ့တယ်။ Vision

Business တွေသင်ယူလို့ရတဲ့ Buddha ရဲ့ အယူအဆ Read More »