စွမ်းအင် = (ဇီဝဗေဒ × စိတ်ပညာ × ပတ်ဝန်းကျင်)
တချို့လူတွေကအမြဲတက်ကြွနေတယ်။ တချို့ကျ နွမ်းနယ်နေတယ်။အိပ်ချိန်တူရင်တောင် စွမ်းအင်မတူကြဘူး။ စွမ်းအင်က ဘဝတည်ဆောက်ရေးအတွက်အခရာကျပါတယ်။ စွမ်းအင် = (ဇီဝဗေဒ × စိတ်ပညာ × ပတ်ဝန်းကျင်)လို့အကြမ်းမှတ်လို့ရနိုင်တယ်။ ကိုယ်ဘယ်လိုစားသောက်တယ်၊ဘယ်လောက်ကြာကြာအိပ်စက်တယ်ဒီနှစ်ခုနဲ့ပဲဆိုင်တာမဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်၊ စိတ်နဲ့ ပတ်ဝန်းကျင်ဒီသုံးခု အလုပ်လုပ်ပုံပေါ်မူတည်ပါတယ်။ 🧬 ဇီဝဗေဒ (Biology) ကိုယ့်ရဲ့ ဇီဝကမ္မဖြစ်စဉ်၊ ဟော်မုန်းတွေ၊ အာဟာရနဲ့ လှုပ်ရှားမှုတွေက ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်အခြေခံကို ဖန်တီးပေးတယ်။ 🧠 စိတ်ပညာ (Psychology) ကိုယ့်ရဲ့ စိတ်ခံစားမှု၊ အာရုံစိုက်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ နေထိုင်မှုတို့က စွမ်းအင်တွေ စီးဆင်းစေနိုင်သလိုယိုစိမ့်ပျောက်ကွယ်သွားစေနိုင်ပါတယ်။ 🌍 ပတ်ဝန်းကျင် (Environment) ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ နေရာ၊ အလင်းရောင်နဲ့ အသံတွေက ကိုယ့်ကို အားပြန်ဖြည့်ပေးနိုင်သလို၊ ကိုယ့်စွမ်းအင်တွေကို ကုန်ခန်းသွားအောင်လည်း လုပ်နိုင်ပါတယ်။ စွမ်းအင်ပြည့်ဝ နိုးကြားတက်ကြွဖို့သေချာ […]
စွမ်းအင် = (ဇီဝဗေဒ × စိတ်ပညာ × ပတ်ဝန်းကျင်) Read More »
