goal

အမူအကျင့်တည်ဆောက်ရေး
10, 21, 66, 100+ Formula

ချဲဂဏန်းပေးထားတော့မဟုတ်ဘူး။ ဒါ ကျွန်တော့်ရဲ့အမူအကျင့်တည်ဆောက်ရေးဖြစ်စဥ်ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ habit တစ်ခုရှိရင်ပထမ ဆယ်ရက်ကိုအရင်ဖြစ်အောင်လုပ်တယ်။ ဒုတိယ ၂၁ ရက်ကို သွားတယ်။ပုံမှန် habit တစ်ခု stick ဖြစ်ဖို့ ၆၆ ကြာတယ်လို့ သုတေသနတွေကဆိုတယ်။ ဒါကြောင့် တတိယအနေနဲ့ ၆၆ ရက်ဖြစ်အောင်လုပ်တယ်။နောက်ဆုံးရက် ၁၀၀ ကိုသွားတယ်။ နောက်တစ်ဆင့်က ဘယ်လောက်ထိသွားနိုင်လဲဆိုတာကို ကြည့်တယ်။ ဒီလို တစ်ဆင့်ချင်းသွားတာကို stretch goals လို့ခေါ်တယ်။ ရည်မှန်းချက် ပန်းတိုင်တွေကိုဆွဲဆန့်သွားတာ။ Productivity နဲ့ Profit ကို hack လုပ်ပေးနေတဲ့ consultant ဖြစ်တော့Productivity ကောင်းဖို့ နေ့စဥ် ဘဝကို structure လုပ်ဖို့လိုတယ်။မလုပ်ရင် နေ့စဥ် လုပ်ရတာတွေစဥ်းစားနေတာနဲ့တင် ပင်ပန်းတယ်။ ဒါကို mental fatigue လို့ခေါ်တယ်။ ဒီလို […]

အမူအကျင့်တည်ဆောက်ရေး
10, 21, 66, 100+ Formula
Read More »

Goal နဲ့ Desire ဘာကွာလဲ?

Billionaire ရင်းနှီးမြုပ်နှံသူ Ray Dalio ရဲ့ Principles စာအုပ်ထဲမှ ကြိုက်တာလေးတစ်ခုက ရည်မှန်းချက်ကြီးတဲ့သူတိုင်းမှာ priority ဦးစားပေးဆိုတာရှိရမယ်။ ဦးစားပေးရာမှာ ရည်မှန်းချက်ပန်းတိုင်နဲ့ စိတ်ဆန္ဒဆိုတာခွဲခြားနားလည်ရမယ်။ ရည်မှန်းချက် ပန်းတိုင်ဆိုတာ ကိုယ်မဖြစ်မနေ ဆွတ်ခူးမည့်အရာဖြစ်တယ်။ စိတ်ဆန္ဒဆိုတာကတော့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အတားအဆီးပြုမည့်အရာဖြစ်တယ်။ ဥပမာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ကျန်းမာသန်စွမ်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ဖြစ်ပြီး စိတ်ဆန္ဒကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာ စားချင်တာဖြစ်ပါတယ်။ အလုပ်ရွေးချယ်တဲ့နေရာမှာတော့ ရည်မှန်းချက်ပန်းတိုင်နဲ့ စိတ်ဆန္ဒနဲ့ တစ်သားတည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကျွန်တော့်အနေနဲ့ ဆိုင်ထိုင်ပြီး စီးပွားရေးလုပ်မည့်အစား တိုးတက်ဖို့ အမြဲလေ့လာချင်သလို စွန့်ဦးတီထွင်တွေ၊ အလုပ်ခွင်ဝင် Working professionals တွေကို ကိုယ်လေ့လာထားတာပြန်ရှယ်ပေးချင်တယ်။ ဒီတော့ Working Professional နဲ့ Entrepreneurs တွေအတွက် သင်တန်းပေးဖြစ်တယ်။ ဒါ့ကြောင့် အလုပ်ရွေးချယ်တဲ့နေရာမှာ

Goal နဲ့ Desire ဘာကွာလဲ? Read More »

Marshall Goldsmith ရဲ့ ပိုမိုကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ နေ့တိုင်းမေးသင့်တဲ့ Daily Questions ခြောက်ခု

၁. တိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ချဖို့ ငါဒီနေ့ အကောင်းဆုံးလုပ်ပြီးပြီလား။ ၂. ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ တိုးတက်အောင် အကောင်းဆုံးကြိုးစားပြီးပြီလား။ ၃. ဘ၀မှာ အဓိပ္ပာယ်ပိုရှိဖို့ အကောင်းဆုံးကြိုးစားပြီးပြီလား။ ၄. ပျော်ရွှင်ဖို့ အကောင်းဆုံးကြိုးစားပြီးပြီလား။ ၅. ဘ၀နဲ့ တစ်သားထဲဖြစ်ဖို့ အကောင်းဆုံးကြိုးစားပြီးပြီလား။ ၆. ကောင်းမွန်တဲ့လူမှုဆက်ဆံရေးတွေရှိအောင် အကောင်းဆုံးကြိုးစားပြီးပြီလား။ Phyo Paing @ Derek

Marshall Goldsmith ရဲ့ ပိုမိုကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ နေ့တိုင်းမေးသင့်တဲ့ Daily Questions ခြောက်ခု Read More »

Goal = dream with deadline

အသက် ၁၈ နဲ့ ၄၅ အတွင်းဟာစွမ်းအားအမြင့်ဆုံးအချိန်ဘဲ။ ဒါက စိတ်ညစ်ပြီး ဘေးထိုင်ဘုပြောနေရင် အသက်ကြီးရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။ စိတ်အာရုံတွေကို 🍅Drama ကနေ Dream ကိုပြောင်းပြီး စဉ်းစားနေဖို့လိုတယ်။🍅React ကနေ သေချာစဉ်းစားပြီး Respond ပြောင်းဖို့လိုတယ်။ တချို့အရာတွေကို 🍅Negative emotion တွေခံစားနေမည့်အစား Neglect လုပ်လိုက်။ 🍅အချို့ဝေဖန်မှုတွေကို Thinking လုပ်အချိန်ကုန်နေမည့်အစား ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ဒူပေဒဏ်ပေခံပြီး Thick Skin အရည်ထူဖို့လိုတယ်။ The clock is ticking. Don’t waste your time. Keep going. Goal = dream with deadline. Phyo Paing @ Derek

Goal = dream with deadline Read More »

ကျားတွေ၊ ခြင်္သေ့တွေနဲ့ နွားတွေသိုးတွေ ဘာကွာလည်းဆိုရင် မျက်စိအထားအသိုကွာတယ်။

ကျားနဲ့ခြင်္သေ့ရဲ့ မျက်လုံးဟာ စုစည်းတဲ့အတွက်သားကောင်လိုက်တဲ့အခါ သေချာ focus လုပ်နိုင်တယ်။ နွားနဲ့သိုးမျက်လုံးဟာဘေးဘက်တွေမှာရှိတယ်။ သင်ဟာ Predator လား Prey လား? မုဆိုးလား ဒါမှမဟုတ် သားကောင်လား။ လောကကြီးမှာ ထိုင်ပြီးငြီးနေရင်တော့ ဒါဟာ သားကောင်ဘဲ။ ရည်မှန်းချက်ပန်းတိုင်တွေကို အကောင်ထည်ဖော်ဖို့ မုဆိုးဖြစ်ဖို့လိုသလို focus ရှိဖို့လည်းလိုပါတယ်။ မင်္ဂလာ နံနက်ခင်းပါ။ Phyo Paing @ Derek

ကျားတွေ၊ ခြင်္သေ့တွေနဲ့ နွားတွေသိုးတွေ ဘာကွာလည်းဆိုရင် မျက်စိအထားအသိုကွာတယ်။ Read More »

ဆန္ဒနဲ့ဘဝတစ်ထပ်တည်းဖြစ်ဖို့ GOAL

GOAL နဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ Goal Setting Framework လေး share ချင်ပါတယ်။ လူအများစုဟာ ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါ ကိုယ်ဖြစ်ချင်တာတွေနဲ့စကြပြီး ဒီဖြစ်ချင်တဲ့အရာတွေဟာ အချိန်ပေါ်မူတည်ပြီး ပြောင်းလဲသွားကြတယ်။ ဒီတော့ ဘဝမှ လုပ်နေတဲ့အလုပ်အပေါ်စိတ်ကျေနပ်ဖို့နဲ့ ရည်မှန်းချက်ပန်းတိုင်ချဖို့ 1. G = Giftကိုယ့်ကိုကိုယ်နားလည်အောင်လုပ်ရပါတယ်။ ကိုယ့်ရဲ့ gift ကိုရှာဖွေရပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အားသာချက်နဲ့ Energy Flow ဟာမတူတဲ့အတွက် ကိုယ့် gift ကိုကိုယ်နားလည်ဖို့ ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်နိုင်ပါတယ်။ ဒါမှမဟုတ် Psychometric test တွေနဲ့ ကိုယ့်အကြောင်းကိုလေ့လာနိုင်ပါတယ်။ ဒီအချက်အင်မတန်အရေးကြီးပါတယ်။ 2. O = Outcome ကိုယ်အလုပ်က retire အနားယူတဲ့အချိန်ကို စဉ်းစားလိုက်ပါ။ ထားပါတော့ အသက်ခုနှစ်ဆယ်။ ကိုယ်ကဘယ်နေရာရောက်နေတာလည်း၊ ဘဝမှာလုပ်ခဲ့တဲ့အရာတွေအတွက်ကျေနပ်သလား။ နောက်ပြီး ဆယ်နှစ်အတွင်းပြန်စဉ်းစားပါ။ ဆယ်နှစ်အတွင်းဘာတွေဖြစ်ချင်တာလည်း။

ဆန္ဒနဲ့ဘဝတစ်ထပ်တည်းဖြစ်ဖို့ GOAL Read More »

Growth-Hacking

စီးပွားရေးတစ်ခုစတင်ရင် ငါးနှစ်ဆယ်နှစ်လောက်နေမှ အောင်မြင်မယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုရှိကြတယ်။ ဒါဟာ myth တစ်ခုပါ။ Growth-hacking လုပ်ပြီး business ကို အမြန်ကြီးထွားအောင် အချက်ခြောက်ချက်နဲ့ လုပ်ဆောင်နိုင်ပါတယ်။ လုပ်ငန်းလေးခုကိုလေးနှစ်အတွင်းစမ်းသပ်ခဲ့ရာမှာ များစွာအကျိုးထိရောက်မှုရှိခဲ့တဲ့အတွက် အားလုံးအသုံးချနိုင်အောင် sharing လုပ်ချင်ပါတယ်။ 1. ကြီးထွားလာမည်. စျေးကွက် (Growing Market) နောက် သုံးလေးငါးနှစ်အတွင်းမှာ Growing ဖြစ်လာနိုင်တဲ.စေျးကွက်ကို ရှာပါ။ ဘယ်ကနေကြည်.မလည်းမေးရင် PESTLE လုပ်ပါ။ အလွယ်ကူအရိုးရှင်းဆုံးနဲ.အရှုပ်ဆုံးဖြစ်ပါတယ်။ PEST Analysis ရဲ.အရှည်ကတော. အနာဂတ်မှာဖြစ်မည်. နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင်. နည်းပညာ အပြောင်းအလည်းတွေကို လေ.လာတာဖြစ်ပါတယ်။ ကျွန်တော်တို. DBM (Diploma in Business & Management) အတန်းတွေမှာတော. အနောက်ဖြစ်ခဲ.တဲ.ငါးနှစ်၊ လက်ရှိအခြေအနေပေါ်မူတည်ပြီး နောက်အနာဂတ်ငါးနှစ်အတွက် Assignment

Growth-Hacking Read More »

ဘဝမှာ ဘာ့ကြောင့်အသက်ရှင်နေတာလည်းဆိုတာက ရည်မှန်းချက်ပန်းတိုင်တွေထက်အရေးကြီးပါတယ်။

✏️Coca Cola သည် ဆေးကုမ္ပဏီတစ်ခုအနေနဲ့စတင်ခဲ့သည်။ ✏️Nokia သည် စာရွက်တွေထုတ်တဲ့ Pulp Mill တစ်ခုမှစတင်ခဲ့သည်။ ✏️စိန်တွေရောင်းနေသည့် Tiffany &a Co. သည် စာရေးကိရိယာတွေရောင်းသည့် Stationary Store မှ ဖြစ်လာသည်။ ✏️Cosmetic Direct Sales Company Avon သည် စာအုပ်ရောင်းတဲ့ direct selling company မှဖြစ်လာသည်။ ✏️စစ်လက်နှင့် ကာကွယ်ရေးလက်နက်တွေထုတ်တဲ့ Raytheon Company သည် ရေခဲသေတ္တာရောင်းတဲ့ company မှ စခဲ့သည်။ ✏️ဘဝမှာ သင်ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့သတိရပါ။ ဘဝမှာ ဘာ့ကြောင့်အသက်ရှင်နေတာလည်းဆိုတာက ရည်မှန်းချက်ပန်းတိုင်တွေထက်အရေးကြီးပါတယ်။ Phyo Paing @ Derek

ဘဝမှာ ဘာ့ကြောင့်အသက်ရှင်နေတာလည်းဆိုတာက ရည်မှန်းချက်ပန်းတိုင်တွေထက်အရေးကြီးပါတယ်။ Read More »

တစ်နေ့တစ်လံ

လူတွေ လုပ်တဲ့အလုပ်တွေရဲ့ အကျိုးရလဒ်နှစ်ခုဘဲရှိတယ်။ တစ်ခုက ရည်မှန်းချက်ပန်းတိုင်နဲ့ ပိုနီးစေတာ။ တစ်ခုက ပိုဝေးသွားစေတာ။ ဒီနေ့ ဘယ်တစ်ခု လုပ်မှာလည်း? Phyo Paing @ Derek

တစ်နေ့တစ်လံ Read More »