knowledge

“သတင်းအချက်အလက်” တွေက
လူတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။

သတင်းအချက်အလက်တွေပေါ်မူတည်ပြီး“သေချာစုစည်း” နိုင်ရင် “ပညာ”ဖြစ်တယ်။ပညာက အရာရာကို သတိပြုနားလည်သဘောပေါက်ခွဲခြားစိတ်ဖြာလုပ်ဆောင်နိုင်စွမ်းကိုပေးတယ်။ ဒီ ပညာကို နေ့စဥ်အသုံးချမှုလုပ်ဆောင်ပြီးလေ့ကျင့်ရင် အချိန်တစ်ခုရောက်ရင်ကျွမ်းကျင်မှု တစ်ခုဖြစ်တယ်။ နေ့စဥ် သတင်းအချက်အလက်အသစ်တွေနဲ့ကိုယ့်ရဲ့ “ပညာဘဏ်” knowledge bank ကို တိုးတက်အောင် လုပ်ပြီးကိုယ်လုပ်တဲ့အလုပ် နေ့စဥ်ပိုကျွမ်းကျင်ရမယ်။Skill ပိုတိုးတက်လာရမယ်။ Phyo Paing @ Derek

“သတင်းအချက်အလက်” တွေက
လူတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။
Read More »

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့

ဒီနေ့ အိမ်ထောင်ရေးစာအုပ်ဖတ်တော့စာအုပ်ရေ နှစ်သန်းကျော်ရောင်းရပြီးဖြစ်တဲ့Willard F. Harley ရဲ့His needs, Her needs ကိုသွားတွေ့တယ်။ အိမ်ထောင်ဇာတ်ကားလဲနာမည်ကြီးနေတော့အားတီ၊ အားမေတို့အတွက်နည်းနည်းပြန်မျှဝေကြည့်မယ်နော်။ အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့။ သူ counselling လုပ်ခဲ့တဲ့အတွေ့အကြုံတွေကနေ အိမ်ထောင်ရေးတစ်ခုသာယာဖို့ယောကျာ်းတစ်ယောက်ဆိုရင် ၁။ Affection အမျိုးသမီးကို ချစ်မြတ်နိုးကြောင်းပြသမှုတွေလိုတယ်တဲ့။ပန်းပေးတာ၊ လက်ဆောင်ပေးတာ၊စကားလုံးတွေနဲ့ ချီးမွမ်းတာ၊ဖက်တာ၊ နမ်းတာ နေ့စဥ်တွေ့တိုင်းချစ်ကြောင်းပြသဖို့လိုတယ်တဲ့။ ၂။ Conversation အချိန်တစ်ခုပေးပြီးသူ့အကြောင်း၊ ကလေးတွေအကြောင်းနားထောင်ပေးဖို့လိုတယ်။အကဲဖြတ်အကြံပေးချင်စိတ်ကိုဖျောက်။သူ့ခံစားချက်တွေကို သေချာနားထောင်ပေးတဲ့။ ၃။ Honesty and Opennessစိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြဖို့လိုတယ်တဲ့။ဘယ်နေ့မှာဘာလုပ်စရာရှိတယ်။ဘယ်သွားစရာရှိတယ်။ကိုယ့်ရဲ့ ကောင်းတဲ့ခံစားချက်၊​ဆိုးတဲ့ခံစားချက်၊ အတိတ်ကအကြောင်း၊အနာဂတ်ရည်မှန်းချက်တွေကိုလဲပြောပြထားဖို့လိုတယ်။ဒါမှ တခုခုဆို အံ့အားသင့်မှုမဖြစ်စေမှာတဲ့။ ၄။ Financial support ငွေကြေးထောက်ပံ့မှု။တကယ်လို့ အမျိုးသားအနေနဲ့အိမ်ထောင်မှုဆိုင်ရာငွေကြေးအားလုံးကိုတစ်ယောက်တည်း ထောက်ပံ့မှုမလုပ်နိုင်ရင်မရှိမဖြစ်လိုအပ်တာတွေအကုန်လုံးအတွက်ထောက်ပံ့မှုပေးပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုတိုးတက်အောင်လုပ်ပြီး ငွေရှာနိုင်စွမ်းကိုမြင့်တင်သင့်တယ်။တကယ်လို့ ကိုယ်ရဲ့ ဝင်ငွေနဲ့မလောက်လို့အမျိုးသမီးက သူအလုပ်လုပ်ချင်တယ်ဆိုသူစိတ်ဝင်စားတဲ့ အလုပ်လုပ်ဖို့ခွင့်ပြုဖို့လိုတယ်။ဒါပေမယ့် အမျိုးသမီးဝင်ငွေနဲ့မိသားစုအသုံးစရိတ်မလုပ်ပါနဲ့တဲ့။ ၅။ Family

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့
Read More »

ဒါနဲ့ ဒီနေ့ train ပြီးပြီလား။

တခါတလေ ကိုယ့်အိမ်မက်ဖြစ်ချင်စောများရင်ကိုယ့်မှာရှိထားတဲ့အရာတွေကိုကျေးဇူးတင်စိတ်မရှိတာမျိုးဖြစ်တတ်ကြတယ်။ ကိုယ့်မှာရှိထားတာကိုလဲကျေးဇူးတင်တတ်ဖို့လိုတဲ့အချိန်တွေရှိသလိုကိုယ့်ရဲ့ အိမ်မက်တွေရောက်ဖို့ဆာလောင်မှုတွေကလဲလိုပြန်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေသလိုဖြစ်နိုင်ပေမယ့်ပေါင်းစပ်လို့ရတယ်။ ကိုယ့်ဖြစ်ချင်တဲ့အရာတွေတဖြည်းဖြည်းကိုယ့်ဘဝထဲရောက်လာဖို့နေ့စဥ် train နေဖို့အရေးကြီးတယ်။ ဒါနဲ့ ဒီနေ့ train ပြီးပြီလား။ Phyo Paing @ Derek

ဒါနဲ့ ဒီနေ့ train ပြီးပြီလား။ Read More »

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု

လောကမှာ ဒေါသအထွက်ဆုံးအချက်ကအဓိပ္ပာယ်မရှိ အလုပ်မဖြစ်တဲ့အတွေးအခေါ်တွေကို လက်ဆင့်ကမ်းတာပဲ။ စာကိုနှေးနှေးဖတ်မှ မှတ်မိမယ်။ဖြေးဖြေးနှေးနှေးဖတ်။မြန်မြန်မဖတ်နဲ့။ဒါမှ မှတ်မိမှာ။ မြန်မာလိုတွေး အင်္ဂလိပ်လိုရေး။​ ဒီပညာရပ်နဲ့ဘွဲ့ရထားတာဒါနဲ့ အသက်မွေးဝမ်းကြောင်းမပြုရင်နှမြောစရာကြီး။အလကားဖြစ်သွားမယ်။​ တော်သေးလို့ စာများများဖတ်၊ခရီးများများသွား၊လူများများနဲ့တွေ့မိလို့။ငါတို့ ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့အယူအဆတွေက စောက်တလွဲဆိုတာသိတာ။ စာနှေးနှေးဖတ်တိုင်းနားလည်တဲ့နှုန်း၊ မှတ်မိတဲ့နှုန်းနဲ့ မဆိုင်ပါဘူး။ကိုယ့်ဦးနှောက်က စာကို process ဖတ်နိုင်စွမ်းနှေးနေတာပါ။စာကိုတစ်လုံး၊ တစ်လုံးက တစ်ကြောင်း၊တစ်ကြောင်းက တစ်ပိုက်၊တစ်ပိုက်က တစ်မျက်နှာဦးနှောက်ရဲ့ သတင်းအချက်ရယူနိုင်စွမ်းမတူပါဘူး။ဒါကိုလေ့ကျင့်ရပါတယ်။ ဒီလိုလေ့ကျင့်ဖို့ subvocalization လို့ခေါ်တဲ့စာလုံးတိုင်းကို စိတ်ထဲက အသံလိုက်ထွက်တာကိုရှောင်ဖို့ လေ့ကျင့်ရပါတယ်။ဘာကြောင့်လဲဆိုတော့ ငယ်ငယ်က“ညအခါ လသာသာ၊ ကစားမလား နားမလား”ဒီလိုစာကြောင်းတွေကို လိုက်ဆိုပြီးစိတ်ထဲက အသံထွက်ဖတ်တာအကျင့်ဖြစ်လာလို့ပါ။ နောက်တစ်ခုကမြန်မာလိုတွေး၊ အင်္ဂလိပ်လိုရေး။တရုတ်လိုပြောချင်ရင် တရုတ်လိုတွေးရပါတယ်။​မြန်မာလိုပြောချင်ရင် မြန်မာလိုတွေးရပါတယ်။အင်္ဂလိပ်ပြောချင်ရင် အင်္ဂလိပ်လိုတွေးရတယ်။ တွေးတဲ့ ဘာသာစကားမတူရင်တောင်ကိုယ်ရည်ကိုယ်သွေးမတူပါဘူး။Cognitive scientist သိပ္ပံပညာရှင်ဖြစ်တဲ့Lera Boroditsky ရဲ့ သုတေသနအရမတူညီတဲ့ဘာသာစကားကအတွေးကိုလွမ်းမိုးတယ်။အတွေးက ကိုယ်ရည်ကိုယ်သွေးကိုလွမ်းမိုးတယ်။ ဒါကို international school မှာEnglish

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု
Read More »

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကြားထဲမှာ လုပ်။တချို့တွေက ဖြစ်နိုင်တာကိုလုပ်တဲ့။ဖြစ်နိုင်တဲ့အရာတွေကကိုယ့်ကို ရင်မခုန်စေဘူး။မဖြစ်နိုင်တဲ့အရာတွေကျတော့ကိုယ်နဲ့ဝေးနေသလို ခံစားရတယ်။ဒီတော့ ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကြားထဲကိုလုပ်တာကောင်းတဲ့ မဟာဗျူဟာတစ်ခုဖြစ်နိုင်တယ်။ Phyo Paing @ Derek

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်
Read More »

ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်

ကလေးပျက်ကျသွားတဲ့ လူတစ်ယောက်ကmiscarriage ဖြစ်တာကို ယူကြုံးမရဖြစ်တဲ့psycho ဝင်ပြီး ဆေးခန်းတွေပြဆေးတွေ သောက်နေရတတ်တယ်။ဒါက သူ့အတွေးကြောင့်ဖြစ်တတ်တယ်။ငါ့မမွေးသေးတဲ့သားလေး၊ သမီးလေးအမေ့ကြောင့်ဆို ယူကြုံးမရဖြစ်ရင်ဖြစ်မယ်။ဒါမှမဟုတ် ကိုယ့်ယောကျာ်းကိုအားနာစိတ်ကြောင့်ဝမ်းနည်းတာဖြစ်ရင်ဖြစ်မယ်။ တကယ်လို့ အဲ့ဒီကလေးလေးကသာကိုယ်လက်အင်္ဂါမစုံပဲ ဒုက္ခိတအနေနဲ့မမွေးခဲ့တာဥာဏ်ရည်မမီဖြစ်တဲ့ကလေးလေးအနေနဲ့မမွေးခဲ့တာ သူ့အတွက် ပိုကောင်းပါတယ်လေလို့reframe စဥ်းစားပုံပြောင်းလိုက်တာနဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းသွားနိုင်တယ်။​ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းတာကိုLogotherapy ဆိုပြီး Dr. Viktor Frankr ကတည်ထွင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် human programmer လို့စဥ်းစားကြည့်။ လူတွေသာ ကွန်ပြူတာတွေဖြစ်မယ်ဆိုသူတို့အတွေးတွေက code ကုတ်တွေအဖြစ်အဆက်မပြတ် run နေတယ်။ တချို့အချိန်တွေမှာ အမှားတွေဖြစ်error တက်တဲ့အခါ ရှေ့မဆက်နိုင်ပဲတိုင်ပတ် looping လည်နေတတ်တယ်။ အဲ့အချိန်မှာ အတွေးအခေါ်တစ်ခုကဒီ looping အတွေးတိုင်ပတ်နေတာကိုဖြေရှင်းပေးလိုက်နိုင်တဲ့အခါအလင်းပွင့်သွားတာမျိုးဖြစ်တတ်တယ်။ ဘဝမှာ တိုင်ပတ်မှုအပေါင်း သရဖူမဆောင်းဖို့ကိုယ့်ရဲ့အတွေး code တွေကိုကိုယ်တိုင် fix လုပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်
Read More »

ဆရာဝန်တစ်ယောက်လိုစဉ်းစားကြည့်ပါ

ပြဿနာတစ်ခုကြုံတဲ့အခါဆရာဝန်တစ်ယောက်ဟာထိုင်ငြီးနေလို့မရဘူး။ပြဿနာ အဖြေရှာရတယ်။တာဝန်ယူရတယ်။ဒါကြောင့် ကိုယ့်ဘဝကိုတာဝန်ယူပါ။ခိုလိုပဲထိုင်ငြီးမနေပါနဲ့. ကိုယ်ဖြေရှင်းနိုင်တဲ့ပြဿနာမဖြေရှင်းနိုင်တဲ့ ပြဿနာခွဲသိပါ။ယုံကြည်မှုလွန်ကဲပြီးကိုယ့်ကျွမ်းကျင်မှုနဲ့ ဖြေရှင်းလို့မနိုင်တဲ့ပြဿနာကို လိုအပ်ရင်ကိုယ့်ထက်ကျွမ်းကျင်သူကိုလွဲပေးပါ။ကိုယ်အားသာတဲ့အချက်အားမသာတဲ့အချက်ကို ခွဲသိပါ။Know your niche. စာနာစိတ်ထားပါ။ဆရာဝန်တစ်ယောက်ရဲ့တာဝန်ကလူနာကို တိုင်ပင်ဆွေးနွေးသူ့ပြဿနာကိုဖြေရှင်းဖို့ဖြစ်တယ်။လူနာကိုစိတ်မဝင်စားရင်ပြဿနာအရင်းအမြစ်ကိုသေချာသိဖို့ခက်တယ်။ဒါကြောင့် စာနာစိတ်နဲ့စိတ်ဝင်စားပါ။ ကိုယ့်အထင်အမြင်တွေကိုအထောက်အပံ့ပြုတဲ့ အချက်အလက်ရှာပါ။ကိုယ်ထင်တာကိုဆန်းစစ်ဖို့လိုအပ်ရင် ရောဂါရှာဖွေခြင်း diagnosis လုပ်ရပါတယ်။လိုအပ်တဲ့ စစ်ဆေးတိုင်းတာမှုတွေပြုလုပ်ရပါတယ်။ကိုယ့်ယုံကြည်တာယုံကြည်တာဆိုတာနားလည်ပါ။ဒီ ယုံကြည်မှုတွေမှန်မမှန် confirmation bias မဖြစ်အောင်data-driven decision အချက်အလက်အခြေပြုဆုံးဖြတ်ချက်ချတတ်အောင်လေ့ကျင့်ပါ။ အဖွဲ့နဲ့အလုပ်ပူးတွဲလုပ်တတ်အောင်လေ့လာသင်ယူဖို့လိုတယ်။တစ်ယောက်တည်းနဲ့ ဥုံဖွလုပ်လို့မရဘူး။ကျွမ်းကျင်သူတွေစုပြီး အလုပ်လုပ်ရတဲ့အတွက်မတူညီတဲ့လူတွေရဲ့မတူညီတဲ့လိုအပ်ချက်တွေကိုသိပါ။ နောက်ဆက်တွဲကိုကြိုတင်စဥ်းစားပါ။ရောဂါတစ်ခုကို ကုသ treatment ပေးပြီးတိုင်းမှာသက်သာတိုးတက်မှု prognosis ဆိုတာရှိသလိုနောက်ဆက်တွဲ complications ဆိုတာလဲရှိတယ်။လုပ်ရပ်တိုင်းရဲ့နောက်မှာ နောက်ဆက်တွဲတွေရှိတာဖြစ်တဲ့အတွက်ဒီနောက်ဆက်တွဲ consequences တွေကိုကြိုတင်စဥ်းစားပါ။ စကားပြောတတ်ပါစေ။ဒီခွဲစိတ်မှုပြုလုပ်ရင် သေဖို့ 10% ရှိတယ်ဆိုတာနဲ့ဒီခွဲစိတ်မှုကြောင့် ပြန်ကောင်းနိုင်ခြေ 90% ရှိတယ်အဓိပ္ပာယ်တူပေမယ့်အသုံးပြုတဲ့ စကားအထားအသို syntax နဲ့ semantics ကွာရင်အဓိပ္ပာယ်အထင်အမြင်ကွာသွားတတ်တာအားလုံးအသိဖြစ်တဲ့အတွက်ဆက်သွယ်ပြောဆိုတတ်ဖို့လိုတယ်။ ဘဝပြဿနာတွေကို ဆရာကျကျအဖြေရှာနိုင်ဖို့ ဆရာဝန်တစ်ယောက်လို့စဥ်းစားချင်တဲ့ အားတီ၊

ဆရာဝန်တစ်ယောက်လိုစဉ်းစားကြည့်ပါ Read More »

Root cause analysis (RCA)

ဆေးတက္ကသိုလ်က ကျောင်းတော်ကြီးကသင်ပေးလိုက်တဲ့စဥ်းစားမှုပုံစံ mental model ကတော့ပြဿနာအဖြေရှာနည်းပဲဖြစ်တယ်။ ပြဿနာတစ်ခုနဲ့ကြုံလာတဲ့အခါအမှတ်လက္ခဏာ signs & symptoms ကိုခွဲခြားသိပြီးပြဿနာရဲ့အရင်းအမြစ်ကိုခွဲခြမ်းစိတ်ဖြာပြီး ရှာဖွေတာဖြစ်တယ်။ဒါကို Root cause analysis (RCA) လို့ခေါ်တယ်။ ဒီလိုလုပ်နိုင်ဖို့ လူတစ်ယောက်အကြောင်းနားလည်ဖို့Zoology သတ်တဗေဒ၊Botany ရုက်ခဗေဒ၊Physics ရူပဗေဒ၊Chemistry ဓာတုဗေဒ ကို အခြေခံပြီးAnatomy ခန်ဓာဗဒေ၊Biochemistry ဇီဝဓာတုဗေဒ၊Microbiology အဏုဇီဝဗေဒ၊Pharmacology ဆေးဝါးဗေဒ၊Pathology ရောဂါဗေဒ၊Forensics မှုခင်းနဲ့ ဥပဒေရေးရာဆေးပညာ၊Medicine ဆေးဝါး၊Surgery ခွဲစိတ်၊Obstetrics and Gynaecology (O&G) သားဖွားမီးယပ်၊Pediatrics ကလေးအထူးကု ဆေးပညာစုံစုံလင်လင်သင်ပြီး ပြဿနာအဖြေရှာနိုင်အောင်လေ့ကျင့်ပျိုးထောင်ပေးတယ်။ ဒီကတစ်ဆင့် Evidence-based medicine လို့ခေါ်တဲ့ရောဂါကို စစ်ဆေးဖို့ diagnosis လုပ်ပြီးရင်ကုသဖို့ treatment options လမ်းကြောင်းတွေကိုအထင်အမြင်တစ်ခုတည်းမဟုတ်ပဲသုသေတနတွေ့ရှိချက်တွေ (Research)ကိုယ့်ကျွမ်းကျင်မှုအတွေ့အကြုံ (Expertise)လူနာရဲ့တန်ဖိုးထားစဥ်းစားမှု (Patient’s Values)ပေါ်မူတည်ပြီး ကုသမှုပြုလုပ်ကြတယ်။

Root cause analysis (RCA) Read More »

အမှားတစ်ခုလုပ်လိုက်မိရင်

တချို့အမှားတွေကပိုက်ဆံပေးဖြေရှင်းလို့ရတယ်။ တချို့အမှားတွေကျအချိန်ပေးဖြေရှင်းရတယ်။ တချို့အမှားတွေကျတော့လဲအရာရာပိုကောင်းဖို့ဖြစ်လာတာလို့နှလုံးသွင်းပြီး အမှားထဲကအမြတ်ပြန်ထုတ်ဖို့ စဥ်းစားရပြန်တယ်။ အမှားတစ်ခုလုပ်လိုက်မိရင်ဒီသုံးခုမှာ တစ်ခုတော့ပေးပြီးဖြေရှင်းတာ ဘဝရဲ့ဥပဒေသဖြစ်နေပါပြီလေ။ Phyo Paing @ Derek

အမှားတစ်ခုလုပ်လိုက်မိရင် Read More »

တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု
လိုကောင်းလိုနိုင်တယ်

ဘဝမှာ အထာကျကျနေရဖို့တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု လိုကောင်းလိုနိုင်တယ်။ဒါကို mastery လို့ခေါ်တယ်။ လူတိုင်းမှာ မွေးရာပါအားသာချက်တွေရှိတယ်။ လူတွေလိုအပ်နေတဲ့ပစ္စည်းအရှာတော်တာဖြစ်နိုင်သလို၊လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာဆရာကျတာလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် နည်းပညာပိုင်းကျွမ်းကျင်တာဖြစ်နိုင်သလို၊ဘာတစ်ခုခုမှားနေလဲဆိုတာမျက်စိရှင်တွေ့တာဖြစ်နိုင်တယ်။ ဘယ်ပစ္စည်းကိုဘယ်နားမှာဘယ်စျေးပေါက်နေတယ်ဆိုတာဦးနှောက်ကအလိုလိုထောက်လှမ်းနေတတ်တာမျိုးဖြစ်နိုင်သလိုမတူညီတဲ့အရာတွေကိုဆက်စပ်စဥ်းစားနိုင်တာမျိုးလဲဖြစ်နိုင်တယ်။​ ဒီလိုမွေးရာပါ အားသာချက်ကိုပါဝါဥပဒေသ ၄၈ ခု48 laws of power ရေးတဲ့ကမ္ဘာကျော်စာရေးဆရာရောဘတ်ဂရင်း Robert Greene ကnatural inclination လို့ခေါ်တယ်။ ဒီ ကိုယ့်မွေးရာပါအားသာချက်ကိုနယ်ပယ်တစ်ခုကို အာရုံစိုက်ရင်းနှီးပြီးသေချာရှာဖွေပြုစုပျိုးထောင်ပေးနိုင်ရင်စူပါပါဝါကြီးတစ်ခုဖြစ်လာမယ်။ကိုယ့်ကိုကိုယ် တန်ဖိုးရှိတယ်။Special ဖြစ်တယ်လို့ခံစားလာရမယ်။ ဆရာဝန်စိတ်ပညာရှင်ဖြစ်တဲ့တစ်ကိုယ်ရေတကာယ စိတ်ပညာindividual psychology ကို တီထွင်ခဲ့တဲ့အော်စတွီးယန်း Austrian ဖြစ်တဲ့အဲ့ဖတ်အဒလာ Alfred Adler ကလူတွေရဲ့ အပြုအမူဟာပေါင်းသင်းဆက်ဆံရေးမှာအောက်ကျနောက်ကျဖြစ်တဲ့ ခံစားချက်feeling of inferiority ကိုကျော်လွှားချင်ရာမှလာတယ်လို့ဆိုတယ်။ တချို့လူတွေက ဒီသိမ်ငယ်စိတ်၊အားငယ်စိတ်၊ အောက်ကျနောက်ကျဖြစ်စိတ်ကိုကျော်လွှားဖို့ တခြားသူတွေရဲ့အောင်မြင်မှုကို ဟာသအနေနဲ့ ဟားတိုင်တာပြောင်တာမျိုးလုပ်ပြီး ကျော်လွှားကြတယ်။ တချို့တွေက အောင်မြင်နေတဲ့သူကိုကြည့်နေ ဘယ်အချိန်အောက်ပြုတ်ကျမလဲဒီစိတ်ထားနဲ့

တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု
လိုကောင်းလိုနိုင်တယ်
Read More »