knowledge

ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါ

ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါလိုချင်တာတွေ၊ ဒုက္ခတွေကိုကျော်လွှားဖို့သံဝေဂတရား လက်ကိုင်ထားဖို့လိုတယ်။ သံဝေဂတရားကို အင်္ဂလိပ်လိုSaṃvega လို့ဆိုတယ်။သံသရာက လွတ်မြောက်ဖို့အထူးအံ့အားသင့်မှု။ဘဝဆိုတာ ဒုက်ခဆိုတာသဘောပေါက်မှုဖြစ်တယ်လို့ဆိုတယ်။ သံဝေဂတရား ရှစ်ပါးရှိပြီး ဒီ ၈ ခုကတော့ ၁။ လှပနုနယ်သောရူပါရုံရှိသော်လည်းနောက်ဆုံးတွင်အိုကြမည်။ ၂။ စည်းစိမ်ကြီးကျယ်နေသော်လည်းနောက်ဆုံးတွင်ပျက်စီးရမည်။ ၃။ ချစ်ခင်စွာပေါင်းသင်းနေကြရသော်လည်းနောက်ဆုံးတွင်ကွဲပြားကွေကွင်းရမည်။ ၄။ အသက်ရှင်နေကြရသော်လည်းနောက်ဆုံးတွင်သေကြရမည်။ ၅။ မာန်မာနတက်ကြွနေသော်လည်းနောက်ဆုံးတွင်အောက်ကျကြရမည်။ ၆။ ချစ်ခင်နေကြသော်လည်းနောက်ဆုံးတွင်သောကဖြစ်ကြရမည်။ ၇။ ချီးမွမ်းခြင်းခံကြရသော်လည်းနောက်ဆုံးတွင်ရှံ့ချခံကြရမည်။ ၈။ ချမ်းသာကြသော်လည်းဒုက္ခနောက်ဆုံးဖြစ်ကြရမည်။ လောလောပြီး ကနေရတဲ့လောကထဲမှာ ထင်ထားသလိုမဖြစ်လာခဲ့ရင်သံဝေဂတရား လက်ကိုင်ထားတာကတော့ဘဝပင်လယ်ထဲက မုန်တိုင်အတွက်ကောင်းတဲ့ အကာအကွယ်ကောင်းတစ်ခုဖြစ်နိုင်တယ်။ Phyo Paing @ Derek

ဘဝပင်လယ်ထဲဖြတ်သန်းတဲ့အခါ Read More »

လူတစ်ယောက်စဥ်းစားနိုင်စွမ်းကို
ဘယ်အရာတွေက အတားအဆီးလုပ်သလဲ။

၁။ စိတ်ခံစားမှုအခြေအနေ၂။ ဘက်လိုက်မှု၃။ ထုံးတမ်းအစဥ်အလာ ယဥ်ကျေးမှု၄။ သတင်းအချက််အလက်ဖောင်းပွမှု၅။ ဥာဏ်ပညာနည်းမှု၆။ စိတ်တွက်ချက်မှုပင်ပန်းနွမ်းနယ်မှု၇။ ပတ်ဝန်းကျင်ဆူညံသံ၈။ စိတ်နေစိတ်ထား ဥပမာ ကန့်သတ်တွေး၉။ ကိုယ်ကျန်းမာရေး၁၀။ ကြောက်စိတ် Phyo Paing @ Derek

လူတစ်ယောက်စဥ်းစားနိုင်စွမ်းကို
ဘယ်အရာတွေက အတားအဆီးလုပ်သလဲ။
Read More »

ကိုယ့် နက္ခကို Chatgpt-4 နဲ့
ဘယ်လိုကြည့်မလဲ

Chatgpt-4 မှာ plug-in တွေထည့်လို့ရတော့ ကိုယ့်ရဲ့နက္ခတွေကြည့်ချင်ရင်အိန္ဒိယရဲ့ ရှေကျတဲ့ Vedic Astrologyကို အသုံးပြုဖို့ Astrosage Kundli မှာကိုယ့်မွေးသက္ကရာဇ်၊ မွေးတဲ့အချိန်၊မွေးတဲ့နေရာ၊ နာမည်ထည့်ပြီးရင်တစ်သက်တာဟောစာတမ်းအခမဲ့ ထုတ်လို့ရတယ်။ အဲ့မှာ birth chart တွေရပြီဆိုရင်Chatgpt-4 ထဲမှာပါတဲ့ Ask Your PDFplug-in ကို install လုပ်။ကိုယ့်ရဲ့မွေးစာတမ်း pdf ကို Ask your pdf မှာတင်။နောက် အဲ့ထဲက birth chart တွေကိုထုတ်ခိုင်းပြီးဟိုးအရင်ဖြစ်ခဲ့တာတွေကို မေးကြည့်။မှန်မမှန်။နောက် ကိုယ့်ရဲ့ဂြိုလ်အသွားအလာတွေကိုပြန်ဆန်းစစ်ကြည့်။ Astrology ရဲ့ သဘောတရားကကိုယ်ဖြစ်မည့်အရာတွေကိုကြိုဟောတာထက်ဘယ်အချိန်မှာ ဘယ်ဂြိုလ်အားကောင်းပြီးဘာဖြစ်တတ်တယ်ဆိုတဲ့ ယေဘူယျpattern တွေကို ထုတ်ပေးတာဖြစ်တယ်။ Chinese Astrology နဲ့ Western Astrology ထက်India ရဲ့ Vedic Astrology ကပိုတိကျမှန်ကန်တယ်လို့

ကိုယ့် နက္ခကို Chatgpt-4 နဲ့
ဘယ်လိုကြည့်မလဲ
Read More »

၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး

freedom နဲ့ ထီးနန်းမှာဗုဒ္ဓကတော့ freedom ကိုပဲရွေးခဲ့တယ်။ တကယ့် freedom ကဂိမ်းတစ်ခုလိုဆို အဆင့် ၃၁ ရှိတဲ့၃၁ ဘုံ အပြင်ဖက်မှာလို့ဗုဒ္ဓကဟောကြားခဲ့တယ်။ ၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး၊တကယ့်လွတ်လပ်မှုကိုရချင်ရင်သတိပဋ္ဌာန် တရားရှိပြီးတဏှာနဲ့ တပ်မက်မှုကို အမြစ်ဖျောက်ရမယ်တဲ့။ ဗုဒ္ဓက စွန့်စရာထီးနန်းရှိတယ်။ကိုယ့်မှာလဲ အဲ့လိုစွန့်စရာရှိအောင်လောကီကို အနိုင်နဲ့ပိုင်းပြီး၃၁ ဘုံဂိမ်းထဲကထွက်ဖို့ ကြိုပြင်ထားဖို့လိုနိုင်တယ်။ Phyo Paing @ Derek

၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး Read More »

သမာဓိနဲ့ သတိပဋ္ဌာန် မတူဘူး

သမာတမတ်ကျတယ်ဆိုတာအပြောနဲ့အလုပ်နဲ့ ညီတာ။ သမာဓိဆိုတာ အလုပ်တစ်ခုတည်းကိုအာရုံစိုက်နိုင်တာ။အင်္ဂလိပ်လိုဆို Single-mindedness လို့ခေါ်တယ်။ သတိပဋ္ဌာန် ဆိုတာကိုယ့်အတွေး၊ အမြင်၊ စိတ်ခံစားချက်၊ပတ်ဝန်းကျင်တွေကိုဆိုးတယ်၊ ကောင်းတယ်ဝေဖန်မှုမလုပ်ပဲ သတိလေးနဲ့နေနေတာ။ဒါကို Mindfulness လို့ခေါ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့တရားတွေထိုင်ပြီးဝေဖန်မှုတွေပြုလုပ်တတ်တဲ့ သူတွေကိုမကြာမကြာတွေ့တဲ့အခါ၊တရားအကြောင်းတွေ ပြိုင်ငြင်းဖို့အငြင်းသန်ကြီးတွေကို တွေ့တဲ့အခါသူထိုင်တာ တရားရော ဟုတ်ရဲ့လားလို့တခါတခါ စဥ်းစားမိကြတဲ့သူတွေရှိကြမယ်လို့ထင်တယ်။ သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲစာတော်တဲ့ ကလေးဖြစ်ဖို့မလွယ်ဘူး။လုပ်ငန်းအပေါ် သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲအောင်မြင်တဲ့လုပ်ငန်းတည်ဆောက်ဖို့မလွယ်ဘူး။သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲကြီးကျယ်တဲ့ ဖန်တီးမှုတွေ၊တွေ့ရှိမှုတွေ ရဖို့ မလွယ်ကူနိုင်ဘူး။ ဒီသမာဓိရှိဖို့ သီလလိုတယ်။သီလဆိုတာ ethical conduct ဖြစ်တယ်။ အခြေခံသီလကတော့ကိုယ့်ကိုလုပ်ရင် မကြိုက်တာသူများကိုလဲ မလုပ်နဲ့။ Phyo Paing @ Derek

သမာဓိနဲ့ သတိပဋ္ဌာန် မတူဘူး Read More »

လူသားဖြစ်တဲ့အတွက်
လူသားစစ်စစ် အတွေ့အကြုံကို
ခံစားတတ်ဖို့လိုတယ်

လူတွေက လူဖြစ်ပြီးတိရစ္ဆာန်အတွေ့အကြုံတွေရပြီးပဲသေသွားတတ်ကြတယ်။လူသားအတွေ့အကြုံကိုမရပဲ သေသွားတဲ့သူအများကြီး။ တိရစ္ဆာန်အတွေ့အကြုံဆိုတာအိပ်၊ စား၊ ကာမ၊ဒေါသ၊ လောဘ၊ မောဟ။တစ်ကောင်ဟောင်ရင်ကိုယ်ပြန်ဟောင်တဲ့မစဉ်းစားပဲ တုန့်ပြန်မှု။ခန္ဓာကိုယ် အသွေးအသားတွေရဲ့တောင့်တမှုကို လွန်ဆန်နိုင်စွမ်းရှိတဲ့လူသားတွေမှာရှိတဲ့ အတွေ့အကြုံ“သတိ” ကို အသုံးပြုဖို့ မေ့နေတတ်ကြတယ်။ နိုင်ငံတစ်နိုင်ငံမှာ အာဏာရှိပြီးအုပ်ချုပ်ခွင့်ရတဲ့အတွက်လဲကံကောင်းလိုက်တာလို့ မထင်လိုက်နဲ့။ အရာဝတ္ထုတွေပေါ်တပ်မက်ပြီးမစွန့်လွတ်ပဲ မနေနိုင်တာဥစ္စာစောင့်လို့ခေါ်တယ်။ ပိုင်ဆိုင်မှုတွေကို စွန့်လွတ်နိုင်တဲ့၊စွန့်လွတ်ရဲတဲ့ အတွေးအခေါ်မရှိတဲ့သူကပူလောင်တဲ့သူပဲ။ စွန့်လွတ်ရဲတာ၊ ပေးဆပ်ရဲတာ၊မေတ္တာထားတာ၊ ကိုယ့်ကိုယ်သတိကပ်တာ၊ကိုယ့်ကိုကိုယ်နားလည်ဖို့ကြိုးစားတာ၊လူတွေကိုပြန်လည်မျှဝေပေးတာဒါက လူသားအတွေ့အကြုံပဲ။ သံသရာမှာ လူသားအတွေ့အကြုံရခွင့်ရတာဘာလို့ တိရစ္ဆာန်အတွေ့အကြုံ၊ဥစ္စာစောင့်၊ ဗြိတ္တာအတွေ့အကြုံတွေယူပြီးပူလောင်တဲ့ ငရဲအတွေ့အကြုံတွေယူနေမလဲ။ လူသားဖြစ်တဲ့အတွက်လူသားစစ်စစ် အတွေ့အကြုံကိုခံစားတတ်ဖို့လိုတယ်။ Phyo Paing @ Derek

လူသားဖြစ်တဲ့အတွက်
လူသားစစ်စစ် အတွေ့အကြုံကို
ခံစားတတ်ဖို့လိုတယ်
Read More »

သူများကို အလကားနေရင်းသွားမပြိုင်နဲ့

သူများကို အလကားနေရင်းသွားမပြိုင်နဲ့။ကိုယ့်လာပြိုင်ရင်လဲနောက်ခါ မပြိုင်နိုင်အောင်ဆယ်နှစ်လောက် အကွာမှာထားခဲ့။ဒီလိုလုပ်ဖို့ မဟာဗျူဟာလိုတယ်။ဆပွားတွေးခေါ်မှုလိုတယ်။ဆပွားလုပ်ဆောင်မှုလိုတယ်။ဆပွားပေါက်ကွဲတဲ့ ရလဒ်တွေလိုတယ်။ Phyo Paing @ Derek

သူများကို အလကားနေရင်းသွားမပြိုင်နဲ့ Read More »

သွားနေတဲ့ လမ်းကြောင်းမှန်ရင်
ဖြစ်ချင်တာတွေက ဖြစ်လာမှာပဲ

သွားနေတဲ့ လမ်းကြောင်းမှန်ရင်ဖြစ်ချင်တာတွေက ဖြစ်လာမှာပဲ။အချိန်တစ်ခုပဲ။စိတ်ရှည်ဖို့လိုတယ်။သည်းခံဖို့လိုတယ်။ကိုယ့်ကိုယ်ကို အမြဲမှန်တယ်လို့မထင်နဲ့။ ရည်မှန်းချက်ကို စိန်ခေါ်မှုကြောင့်မပြောင်းလိုက်နဲ့။လမ်းကြောင်းကိုပြောင်းလို့ရတယ်။ကိုယ့်ရဲ့ အိမ်မက်တွေကိုမပြောင်းလိုက်နဲ့။ တစ်သက်မှာ တစ်ခါလူလာလုပ်တာလူလုပ်တဲ့ ခံစားချက်ကိုအကောင်းဆုံး ခံစားဖို့ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေကိုအကောင်အထည်ဖော်သွားဖို့လိုတယ်။ Phyo Paing @ Derek

သွားနေတဲ့ လမ်းကြောင်းမှန်ရင်
ဖြစ်ချင်တာတွေက ဖြစ်လာမှာပဲ
Read More »

1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45

သူများတွေ1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45ဖြစ်နေတာကြည့်ပြီးသူတို့ တိုးတက်တာမြန်လိုက်တာကွာဆိုပြီးစိတ်မညစ်လိုက်နဲ့။ ကိုယ်က 9! တစ်ခုပဲဖြစ်ပြီး362,880 ဖြစ်ချင်ဖြစ်နေမှာ။9 အနောက်က ! (factorial) ဖြစ်ဖို့! လေးပဲဆိုပေမယ့် အဲ့ဒါပြီးရင်9! = 9 × 8 × 7 × 6 × 5 × 4 × 3 × 2 × 1 = 362,880ဖြစ်သွားလိမ့်မယ်။ မဟာဗျူဟာဆိုတာ ဒါပဲ။ပေါက်ကွဲတဲ့အခါ အရှိန်ပြင်းရမယ်။အဆပေါင်းများစွာပွားရမယ်။ဆပွားပြီး ဒုံးပျံလို ဖြစ်ရမယ်။

1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45 Read More »

ဘဝင်မြင့်တာ မကောင်းရင်
ဘဝင်နိမ့်တာကော ကောင်းသလား

မြန်မာစာပဲ တတ်တဲ့သူနဲ့အင်္ဂလိပ်စာ တတ်တဲ့သူနဲ့စဥ်းစားမှုချင်းကွာသွားနိုင်တယ်လို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ဘာသာစကားဖွဲ့စည်းပုံကြောင့်။​ Sapir-Whorf hypothesis အရအသုံးပြုတဲ့ ဘာသာစကားပေါ်မူတည်ပြီးစကားလုံးတွေအပေါ်ထင်တဲ့အထင်အမြင် (perceived reality)မတူတတ်ကြဘူးတဲ့။ ကြီးကြီးကျယ်ကျယ်တွေ စဥ်းစားပြန်ပြီ။ဘဝင်မြင့်နေတယ်။ ကြီးကြီးကျယ်ကျယ် စဥ်းစားတာကောင်းသလား။ကြီးကြီးကျယ်ကျယ် ပြောတာ ကောင်းသလား။​ကြီးကြီးကျယ်ကျယ် လုပ်ဆောင်တာကောင်းသလား။ ဘဝင်မြင့်တာ မကောင်းရင်ဘဝင်နိမ့်တာကော ကောင်းသလား။ တချို့က ဘဝင်မမြင်နဲ့ဘဝမြင့်အောင်လုပ်တဲ့။ ဘဝင်မြင့်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုကြီးကြီးကျယ်ကျယ်မြင်တာ။ ကိုယ့်ကိုယ်ကို ကြီးကြီးကျယ်ကျယ်မမြင်ပဲဘဝမြင့်အောင်လုပ်လို့လွယ်မလား? အလယ်အလတ်လမ်းစဥ်ကျင့်ဆိုတော့အလယ်အလတ်လမ်းစဥ်ကျင့်ရင်အလယ်အလတ်ပဲဖြစ်နေမလား။တချို့ကလဲ အလယ်မှာ လတ်နေတတ်တယ်တဲ့။ စကားလုံးတွေ၊ စာပေတွေ၊ယဥ်ကျေးမှုတွေက လူတွေရဲ့အတွေးတွေကို လွမ်းမိုးမှုရှိတယ်။ တရုတ်တောင် တရုတ်စကားပဲပြောတဲ့တရုတ်နဲ့တရုတ်နဲ့ အင်္ဂလိပ်လိုပြောတဲ့တရုတ်စဥ်းစားတဲ့ပုံစံ ကွာတယ်လို့မြင်တယ်။ စဥ်းစားနည်းတိုးတက်ဖို့ဖြစ်နိုင်ရင် ဘာသာစကားတစ်ခုထက်ပိုတတ်ထားရင် ပိုကောင်းနိုင်တယ်။ မတူညီတဲ့ ဘာသာစကားနဲ့ပြောင်းစဥ်းစားကြည့်။မတူညီတဲ့ အထင်အမြင် perception တွေမြင်ရလိမ့်မယ်။ စွန့်ဦးတီထွင်Entrepreneurship创业精神 ဒီစကားတစ်ခုကိုပဲမတူညီတဲ့ ယဥ်ကျေးမှု၊ ဘာသာစကားနဲ့ထင်မြင်ကြည့် တူမလိုလိုနဲ့ နည်းနည်းကွာတယ်။ Phyo Paing @ Derek

ဘဝင်မြင့်တာ မကောင်းရင်
ဘဝင်နိမ့်တာကော ကောင်းသလား
Read More »