ဆရာဝန်တစ်ယောက်လိုစဉ်းစားကြည့်ပါ
ပြဿနာတစ်ခုကြုံတဲ့အခါဆရာဝန်တစ်ယောက်ဟာထိုင်ငြီးနေလို့မရဘူး။ပြဿနာ အဖြေရှာရတယ်။တာဝန်ယူရတယ်။ဒါကြောင့် ကိုယ့်ဘဝကိုတာဝန်ယူပါ။ခိုလိုပဲထိုင်ငြီးမနေပါနဲ့. ကိုယ်ဖြေရှင်းနိုင်တဲ့ပြဿနာမဖြေရှင်းနိုင်တဲ့ ပြဿနာခွဲသိပါ။ယုံကြည်မှုလွန်ကဲပြီးကိုယ့်ကျွမ်းကျင်မှုနဲ့ ဖြေရှင်းလို့မနိုင်တဲ့ပြဿနာကို လိုအပ်ရင်ကိုယ့်ထက်ကျွမ်းကျင်သူကိုလွဲပေးပါ။ကိုယ်အားသာတဲ့အချက်အားမသာတဲ့အချက်ကို ခွဲသိပါ။Know your niche. စာနာစိတ်ထားပါ။ဆရာဝန်တစ်ယောက်ရဲ့တာဝန်ကလူနာကို တိုင်ပင်ဆွေးနွေးသူ့ပြဿနာကိုဖြေရှင်းဖို့ဖြစ်တယ်။လူနာကိုစိတ်မဝင်စားရင်ပြဿနာအရင်းအမြစ်ကိုသေချာသိဖို့ခက်တယ်။ဒါကြောင့် စာနာစိတ်နဲ့စိတ်ဝင်စားပါ။ ကိုယ့်အထင်အမြင်တွေကိုအထောက်အပံ့ပြုတဲ့ အချက်အလက်ရှာပါ။ကိုယ်ထင်တာကိုဆန်းစစ်ဖို့လိုအပ်ရင် ရောဂါရှာဖွေခြင်း diagnosis လုပ်ရပါတယ်။လိုအပ်တဲ့ စစ်ဆေးတိုင်းတာမှုတွေပြုလုပ်ရပါတယ်။ကိုယ့်ယုံကြည်တာယုံကြည်တာဆိုတာနားလည်ပါ။ဒီ ယုံကြည်မှုတွေမှန်မမှန် confirmation bias မဖြစ်အောင်data-driven decision အချက်အလက်အခြေပြုဆုံးဖြတ်ချက်ချတတ်အောင်လေ့ကျင့်ပါ။ အဖွဲ့နဲ့အလုပ်ပူးတွဲလုပ်တတ်အောင်လေ့လာသင်ယူဖို့လိုတယ်။တစ်ယောက်တည်းနဲ့ ဥုံဖွလုပ်လို့မရဘူး။ကျွမ်းကျင်သူတွေစုပြီး အလုပ်လုပ်ရတဲ့အတွက်မတူညီတဲ့လူတွေရဲ့မတူညီတဲ့လိုအပ်ချက်တွေကိုသိပါ။ နောက်ဆက်တွဲကိုကြိုတင်စဥ်းစားပါ။ရောဂါတစ်ခုကို ကုသ treatment ပေးပြီးတိုင်းမှာသက်သာတိုးတက်မှု prognosis ဆိုတာရှိသလိုနောက်ဆက်တွဲ complications ဆိုတာလဲရှိတယ်။လုပ်ရပ်တိုင်းရဲ့နောက်မှာ နောက်ဆက်တွဲတွေရှိတာဖြစ်တဲ့အတွက်ဒီနောက်ဆက်တွဲ consequences တွေကိုကြိုတင်စဥ်းစားပါ။ စကားပြောတတ်ပါစေ။ဒီခွဲစိတ်မှုပြုလုပ်ရင် သေဖို့ 10% ရှိတယ်ဆိုတာနဲ့ဒီခွဲစိတ်မှုကြောင့် ပြန်ကောင်းနိုင်ခြေ 90% ရှိတယ်အဓိပ္ပာယ်တူပေမယ့်အသုံးပြုတဲ့ စကားအထားအသို syntax နဲ့ semantics ကွာရင်အဓိပ္ပာယ်အထင်အမြင်ကွာသွားတတ်တာအားလုံးအသိဖြစ်တဲ့အတွက်ဆက်သွယ်ပြောဆိုတတ်ဖို့လိုတယ်။ ဘဝပြဿနာတွေကို ဆရာကျကျအဖြေရှာနိုင်ဖို့ ဆရာဝန်တစ်ယောက်လို့စဥ်းစားချင်တဲ့ အားတီ၊ […]
