knowledge

တိုးတက်မှုဆိုတာ

တိုးတက်မှုဆိုတာအလိုအလျောက်ဖြစ်လာတယ်ဆိုတာမရှိဘူး။အမူအကျင့်သေချာတည်ဆောက်ဖို့လိုသလိုတခါတလေ အတားအဆီးတွေကိုကျော်လွှားဖို့လိုတယ်။ Phyo Paing @ Derek

တိုးတက်မှုဆိုတာ Read More »

မြန်မာပြည်မှာ ကယ်တင်ရှင်ရောဂါရှိကြတယ်

ကယ်တင်ရှင်ကြီးမလုပ်ချင်နဲ့။လူတိုင်း သူ့ဘဝသူ ကယ်တင်နိုင်တဲ့အသိဥာဏ်ရှိတယ်ဆိုတာ နားလည်ထားဖို့လိုတယ်။ (Savior) မြန်မာပြည်မှာ ကယ်တင်ရှင်ရောဂါရှိကြတယ်။ဘယ်ကလာလဲဆိုရင် စိတ်ပညာမှာSuperiority လို့ခေါ်တဲ့ ငါပိုမြင့်မြတ်တယ်ဆိုတဲ့စိတ်ကနေလာတယ်။ ဒီလို ကယ်တင်ချင်တဲ့အခါအကြံတွေ ပေးကြတယ်။တခြားသူရဲ့ဘဝကို သေချာမသိပဲကိုယ့်စိတ်ထဲကဖြစ်စေချင်တဲ့အတိုင်းအကြံတွေပေးကြတယ်။ “သနားပါတယ်။” ဒါနဲ့လာတယ်။“ငါကစေတနာနဲ့ပြောတာ။” ဒါနဲ့လာတယ်။နောက်အလှူအတန်းလုပ်တဲ့အခါpoverty porn တွေလုပ်ကြတယ်။ဆင်းရဲတာကို အမြတ်ထုတ်မျက်ရည်ချူပြီးလူထုအချစ်ခံယူဖို့ ကြိုးစားကြတယ်။ အမှန်တော့ ဒါဟာ ငါပိုမြတ်မြတ်တယ်ဆိုတဲ့Superiority လုပ်ချင်တဲ့ စိတ်ကလာတယ်လို့Adlerian Psychology က ဆိုတယ်။ Phyo Oaing @ Derek

မြန်မာပြည်မှာ ကယ်တင်ရှင်ရောဂါရှိကြတယ် Read More »

သောက်တလွဲလာပြောရင်
BTA ပဲ

Social Media မှာ blogging လုပ်ပြီးဘာကြောင့် အကြည်ဓာတ်အပြည့်နေနိုင်သလဲဆိုBTA ဆိုတဲ့ ဥပဒေသကို လက်ကိုင်ထားလို့။​ သောက်တလွဲလာပြောရင်BTA ပဲ။ Ban them all 😂 .ဒါကြောင့် ဘူကောင်ကင်းစင်ရေးနယ်မြေလို့cover photo မှာရေးထားတာ။ တချို့က creator တွေလဲ​ ဒီအယူအဆကိုသုံးပြီးအရမ်းသဘောကျနေတယ်။ဘူနေတဲ့သူရဲ့အမှိုက်ထုတ်ကိုတော့ ကိုယ့်ဆီမှာလာအပြစ်မခံနဲ့။ လူတွေက ကိုယ့်ကို စိတ်တိုင်းမကျတာမဟုတ်ဘူး။သူတို့ဘဝကို သူတို့ စိတ်တိုင်းမကျတာ။ဒါကြောင့် မြင်မြင်သမျှလောကကြီးကိုစိတ်တိုင်းမကျဘူးဖြစ်နေတာ။ ကိုယ်က social media မှာစီးပွားရေးလုပ်နေတာလာဘူနေရင် BTA သာလုပ်လိုက်။လေကုန်ခံပြီးရှင်းပြမနေနဲ့။ ကျွန်တော့်အတွက်တော့အလုပ်ဖြစ်တယ်။တခြားသူတွေအတွက်တော့အလုပ်ဖြစ်မလား မသိဘူး။ Phyo Paing @ Derek

သောက်တလွဲလာပြောရင်
BTA ပဲ
Read More »

Pain & Pleasure Principle

ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါဖြစ်ချင်တာပေါ်မူတည်ပြီးချတာရှိတယ်။​အကြောက်တရားပေါ်မူတည်ပြီးရည်မှန်းချက်ပန်းတိုင်ချတာရှိတယ်။​ ဖြစ်ချင်တာပေါ်မူတည်ပြီးချတာကတော့ရှင်းတယ်။နောက်လေးငါးဆယ်နှစ်မှာ ဘာဖြစ်ချင်သလဲ။ဒါကို personal, professional နဲ့ businessတိုးတက်ရေးအပိုင်းမှာ အသုံးပြုတယ်။ဒါက အများစုသိထားတဲ့ goal setting ပေါ့။ နောက်တစ်နည်းက အကြောက်တရားပေါ်မှာမူတည်ပြီး ရည်မှန်းချက်ပန်းတိုင်ချတာကတော့ကိုယ်မဖြစ်ချင်တဲ့အရာတွေကိုရှောင်ရှားဖို့ ချတဲ့နည်းပေါ့။ဒါကို Tim Ferriss က Fear setting ဆိုပြီးပြောတယ်။ ဖြစ်ချင်တာပေါ်မူတည်ပြီး ရည်မှန်းချက်ချတာကတော့ကိုယ်ဖြစ်ချင်တာတွေက အချိန်နဲ့အမျှပြောင်းလဲနေမှာ။ငယ်ငယ်တုန်းကဆို အလုပ်ရချင်တယ်၊မန်နေဂျာဖြစ်ချင်တယ်၊ လုပ်ငန်းဦးဆောင်သူဖြစ်ချင်တယ်၊ဖြစ်ချင်တာတွေက ပြောင်းနေမှာ။ ကိုယ်မဖြစ်ချင်တဲ့အရာအပေါ်မူတည်ပြီးရည်မှန်းချက်ချနည်းကျတော့ဥပမာ အသက်ကြီးတဲ့အခါ င weak မဖြစ်ချင်ဘူး။ဒီတော့ အသက်ငယ်တုန်းမှာ testosterone များအောင်ကြိုတင် လေ့ကျင့်ခန်းလုပ်ထားတာမျိုး။ဆီးချို၊ သွေးတိုးနဲ့ နာတာရှည်ရောဂါမဖြစ်ချင်ရင်အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုဂရုစိုက်သေချာလုပ်ဆောင်တာမျိုး။ အသက်ကြီးမှ အထီးမကျန်ချင်ရင်အပေါင်းအသင်နဲ့ မိသားစုသေချာတည်ဆောက်တာမျိုး။ကိုယ့်ကိုကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်လို့မခံစားရမှာဆိုးတဲ့အတွက်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုရှိအောင်လုပ်ဆောင်နေတာမျိုး။ ရည်မှန်းချက်ပန်းတိုင်ကို ဒီနှစ်နည်းနဲ့အကြမ်းဖျင်းချမှတ်လို့ရတယ်။ဒါကို Pain & Pleasure Principle လို့ခေါ်တယ်။လူတွေရဲ့ limbic system လို့ခေါ်တဲ့စိတ်ခံစားမှုအပိုင်း ဦးနှောက်ကဒီ

Pain & Pleasure Principle Read More »

အိပ်စက်ခြင်းနဲ့ပတ်သက်လို့ ပြဿနာအများစု

အိပ်စက်အနားယူခြင်းကိုကောင်းကောင်းသုံးတတ်ရင်ကျန်းမာရေးအတွက်၊ စွမ်းဆောင်ရည်အတွက်အများကြီး အသုံးပြုလို့ရတယ်။ ဒီအချက်ကို အသုံးပြုပြီးဝိတ်ချလို့ရတယ်။​စွမ်းဆောင်ရည်တိုးတက်အောင်လုပ်လို့ရတယ်။​ဦးနှောက်ကိုဖျက်လတ်အောင်လုပ်လို့ရတယ်။အာရုံစူးစိုက်မှုကို တိုးတက်အောင်လုပ်လို့ရတယ်။ကိုယ်ခံစွမ်းအားတိုးတက်အောင်လုပ်လို့ရတယ်။ခန္ဓာကိုယ်ပြန်လည်အားဖြည့်ခြင်းကိုလုပ်လို့ရတယ်။​ အိပ်စက်ခြင်းနဲ့ပတ်သက်လို့ ပြဿနာအများစုကအိပ်မရတာ (insomnia) နဲ့အိပ်နေရင်း အသက်ရှူရခက်တာ (sleep apnea).ဒါကို ကုသဖို့အတွက် တချို့ကအိပ်ဆေးတွေသောက်တယ်။တချို့က အရက်သောက်ရင်အိပ်လို့ကောင်းတယ် ထင်တတ်ကြတယ်။ အိပ်စက်ခြင်းမှာ nonREM နဲ့ REM ရှိတယ်။​ဒါကလဲ ဆယ်တန်းတုန်းကလဲ သင်ဖူးတာပဲ။REM = Rapid Eye Movementပထမဆုံးစအိပ်ရင် nonREM ကိုရောက်တယ်။nonREM မှာ သုံးပိုင်းရှိတယ်။ပထမတစ်ပိုင်းက ၅-၁၀ မိနစ်လောက်ကြာတယ်။​ငြိမ်သွားမယ်၊ ကြွက်သားတွေနည်းနည်းကွေးလာမယ်။ ဒုတိယအဆင့်မှာကြွက်သားတွေ ပြေလျော့လာမယ်။ခန္ဓာကိုယ်အပူချိန်ကျလာမယ်။ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေ နှေးလာမယ်။ဒုတိယအဆင့်က မိနစ် ၂၀ လောက်ကြာတယ်။နောက် nonREM တတိယအဆင့်ဖြစ်တဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့အဆင့်ကိုရောက်မယ်။nonREM က ပထမဆင့်မှာမိနစ် ၇၀ လောက်ကြာလေ့ရှိပြီးနောက်အဆင့်တွေမှာ ပိုပိုကြာသွားတယ်။ပုံမှန်အားဖြင့် တစ်နာရီခွဲလောက်ကြာတတ်တယ်။ နောက်တစ်ဆင့်ကတော့ REM အဆင့်ပဲ။အိမ်မက်တွေမက်တဲ့အဆင့်။ဦးနှောက်ကနည်းနည်း active ဖြစ်တဲ့အဆင့်။အသက်ရှူမြန်တာ၊ နှလုံးခုံမြန်တာ၊အမျိုးသားဆို

အိပ်စက်ခြင်းနဲ့ပတ်သက်လို့ ပြဿနာအများစု Read More »

ကိုယ့်ရဲ့ လက်ရှိပုံကိုမကြိုက်ရင်
အသစ်တဖန် ပြန်ဖန်တီးလို့ရပါတယ်

လှေတစ်စင်းရှိတယ်ဗျာ။ဒီလှေက အစိတ်အပိုင်းတွေအကုန်လဲပြီးအစိတ်အပိုင်းအသစ်တွေနဲ့အစားထိုးပြီးသွားတဲ့အခါအရင်လှေပဲလား။လှေအသစ်ဖြစ်သွားသလား။ ဖြစ်နိုင်တဲ့အဖြေတစ်ခုကလှေဟာ သူ့ရဲ့မူလပုံပန်းသဏ္ဌန်ကိုထိန်းသိမ်းထားနိုင်သ၍အသစ်တွေနဲ့ အစားထိုးသွားပေမယ့်အရင်လှေပဲ။ဒါပေမယ့် ပုံပြောင်းပြီး သဲထိုးလိုက်ရင်အရင်လှေ မဟုတ်တော့ဘူး။ ဒါကို ship of Theseus လို့ခေါ်တယ်။ လူတွေမှာ apoptosis အပိုတိုးစစ် လို့ခေါ်တဲ့ဆဲလ်တွေ အလိုအလျောက်သေတဲ့ဖြစ်စဉ်ရှိတယ်။သွေးနီဥဆို ရက်ပေါင်း ၁၂၀။သွေးဖြူဥဆို ၁၃ ကနေ ရက် ၂၀။ပြီးရင်အသစ်အသစ်ပြန်ဖြစ်နေတယ်။ ၇ နှစ်နေတိုင်းမှာကိုယ့်ခန္ဓာကိုယ်ကြီးဟာ အသစ်အသစ်ပြန်ဖြစ်နေတယ်။ အဲ့တော့ ၇ နှစ်နေရင် သင်ဟာ အရင်သင်ပဲလား?ဒါမှမဟုတ် လူသစ်လား? လူတွေမှာလဲ အလားတူပဲ။ကိုယ်ဖြစ်နေတဲ့ပုံစံကို မကြိုက်ရင်အချိန် ၇ နှစ်စောင့်နေစရာမလိုဘူး။စောင့်နေလဲ ပိုနေမြဲကျားနေမြဲဆိုပြောင်းမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လက်ရှိပုံကိုမကြိုက်ရင်အသစ်တဖန် ပြန်ဖန်တီးလို့ရပါတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ လက်ရှိပုံကိုမကြိုက်ရင်
အသစ်တဖန် ပြန်ဖန်တီးလို့ရပါတယ်
Read More »

ဒီလို လာမည့်အရေးကို ခန့်မှန်းနိုင်စွမ်းကို
anticipation လို့ခေါ်တယ်။

ကိုယ်ဆော့နေကျ game တစ်ခုလိုပဲ။ဘာပြီး ဘာလာမယ်သိနေပြီးဘယ်နေရာဆို ဘာဖြစ်တတ်တယ်။ဘယ်အချိန်ဆို ဘာလာတတ်တယ်ကြိုတင်ခန့်မှန်းလို့ရနေတာမျိုးကြုံဖူးလိမ့်မယ်။ စီးပွားရေးလုပ်ရင်လဲ အလားတူပဲ။ ခေတ်ကောင်းလို့ ဝင်လာတဲ့အခါခေတ်ထနေတုန်းသာ အဆင်ပြေသာ၊ခေတ်ပြီးသွားရင်နောက်ဆုံးအရှုံးကမြတ်ခဲ့တာတွေအကုန်လုံးကိုပြန်ယူသွားနိုင်တယ်။ ဒီလို လာမည့်အရေးကို ခန့်မှန်းနိုင်စွမ်းကိုanticipation လို့ခေါ်တယ်။ မဟာဗျူဟာချမှတ်တဲ့သူတစ်ယောက်ဟာကိုယ်ဆော့တဲ့ game အသွားအလာကိုအနီးစပ်ဆုံးခန့်မှန်းနိုင်ဖို့အခြေအနေအစစ်အမှန်ကိုအနီးစပ်ဆုံးမြင်နိုင်ဖို့ အရေးကြီးတယ်။ စိတ်ခံစားမှုတွေ၊ ရင်ခုန်မှုတွေ၊အိမ်မက်တွေ၊ အတွေးအခေါ်အယူအဆတွေဘေးမှာ ခဏချပြီး စဥ်းစားကြည့်ခု ရလဒ်က ဘာပြောတုန်း ပြန်မေးကြည့်။ လုပ်ငန်းတစ်ခုစဖို့ idea ရှိရင်အိမ်မက်ကြီးတွေ မက်ပြီးဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်လုပ်ကြတာပဲ။နောက်ဆုံးစျေးကွက်က ရေခဲရေနဲ့မျက်နှာလှမ်းပက်တော့အလှန့်တကြား အိမ်မက်က လှန့်နှိုးလာရော။ အိမ်မက်တွေ အရေးကြီးတာမှန်တယ်။အိမ်မက်တွေ အကောင်အထည်ဖော်ဖို့အိမ်စာက လဲ လုပ်ရသလိုအခြေအနေလေးကိုလဲ အရှိအရှိအတိုင်းမြင်နိုင်ဖို့ စိတ်ခံစားမှုတွေ ခဏဘေးချထားဖို့လိုတယ်။ Phyo Paing @ Derek

ဒီလို လာမည့်အရေးကို ခန့်မှန်းနိုင်စွမ်းကို
anticipation လို့ခေါ်တယ်။
Read More »

တက်ကျမ်း = Self-help

သေချာလေ့လာဖူးရင် တက်ကျမ်းလို့ခေါ်တဲ့self-help တွေရဲ့ သမိုင်းကြောင်းသိလိမ့်မယ်။ဒီ genre အမျိုးအစားပေါ်လာတာကလူတွေရဲ့ စိတ်ခံစားမှုတွေ၊ အချိန်တွေ၊ဘဝတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ငွေကြေးစီမံခန့်ခွဲမှုတွေ၊ စဥ်းစားတွေးခေါ်မှုစနစ်တွေတိုးတက်လာဖို့ဖြစ်တယ်။ တက်ကျမ်းလို့ ပြောလိုက်ရင်comfort zone ထဲကထွက်လို့အော်တဲ့motivational speaker ငနဲလောက်မြင်တာ။​ အမှန်တော့ self-help တက်ကျမ်းရဲ့မူရင်းအဓိပ္ပာယ်က ကိုယ့်ပြဿနာကိုယ်ရှင်း။ကိုယ့်ပြဿနာကိုယ် သူတပါးအကူအညီမယူပဲဖြေရှင်းဖို့ ဖြစ်တယ်။ဆေးလိပ်စွဲတာ၊ အဆီပိတ်တာ၊အရက်စွဲတာ၊ အချိန်ဆွဲတာ၊ပျင်းရိပြီး ရည်မှန်းချက်ပျောက်နေတာဒါတွေကို ကိုယ်ထူကိုယ်ထဖြေရှင်းဖို့ဒီ genre အမျိုးအစားက ထွက်လာတာ။ ကျွန်တော်တို့ နိုင်ငံမှာတော့ပညာရပ်တစ်ခုခုဆို ထဲထဲဝင်ဝင်လေ့လာအသုံးချရမည့်အစား ပြစ်တင်ဝေဖန်ဟားတိုက်တတ်တဲ့ အကျင့်ကငယ်ကတည်းက အရိုးစွဲခဲ့တဲ့ကိုယ့်ကိုကိုယ် မသိတဲ့ သိမ်ငယ်စိတ်ကစတယ်။ သူများကြိုးစားပြီး ကိုယ်မကြိုးစားနိုင်ရင်၊သူများတွေ အောင်မြင်ပြီးကိုယ်အောင်မြင်အောင် မလုပ်နိုင်ရင်ဖြေတွေးလေး တွေးပြီး အပြီးတင်တတ်ကြတယ်။ဒီအမူအကျင့်က ဘဝကို ပျက်စီးစေနိုင်တယ်။​ အလကားပါကွာတို့။​ဟာသပါကွာတို့။အပိုတွေပါကွာ။​မြန်မာပြည်နဲ့ မကိုက်တာကိုပါကွာတို့။ တကယ်တမ်း self-help movement ကိုစတင်ခဲ့ပြီး New Thought Movement ခေတ်ကစဥ်းစားနည်းဖြင့်ချမ်းသာခြင်းThink

တက်ကျမ်း = Self-help Read More »

အကြည်ဓာတ်ပြန်ဖြည့် နေ့စဉ်ဖြတ်သန်းဖို့က
ကိုယ့်တာဝန်ပဲ။

စိတ်ခံစားမှုများရင် မဟာဗျူဟာကောင်းတွေထွက်လာဖို့ မလွယ်ဘူး။အရာရာကို အတတ်နိုင်ဆုံးစိတ်ခံစားမှု၊ ဘက်လိုက်မှုကင်းကင်းနဲ့မြင်နိုင်အောင်ကြည့်တယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေမည့်အလုပ် ဘယ်တော့မှ မလုပ်ဘူး။ကိုယ့်အတွက် အကျိုးမရှိစေမည့်အတွေးအခေါ် ယုံကြည်မှုဘယ်တော့မှ ခေါင်းထဲမထည့်ဘူး။ဘဝကို ဘယ်လိုဖြစ်ဖြစ်နေ့စဉ် အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းမယ်။ ကိုယ်ချစ်တဲ့သူတွေ သေသွားနိုင်တယ်၊ကွဲသွားနိုင်တယ်။ခြေထောက်ကျိုး၊ မျက်စိကန်းနိုင်တယ်။ဒါကိုယ်ထိန်းချုပ်လို့မရဘူး။ထိန်းချုပ်လို့ရတာ ကိုယ်ဘာတွေးလဲ၊ဘာကို အာရုံစိုက်လဲ၊ကိုယ်ဘယ်လိုခံစားရသလဲ၊ကိုယ်ဘာလုပ်မလဲပဲ။ဘာပဲဖြစ်ဖြစ်ဘဝကို ဒေါင်ကျကျ ပြားကျကျအကြည်ဓာတ်ပြန်ဖြည့် နေ့စဉ်ဖြတ်သန်းဖို့ကကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

အကြည်ဓာတ်ပြန်ဖြည့် နေ့စဉ်ဖြတ်သန်းဖို့က
ကိုယ့်တာဝန်ပဲ။
Read More »


partner ရဲ့ need ခြောက်ခု

အချစ်ဆိုတာ လိုအပ်မှုတစ်ခုပဲ ၁။ သေချာရေရာမှု ယုံကြည်မှုလိုတယ်Certainty ၂။ မတူညီကွဲပြားမှုလိုတယ်Varietyမတူညီတဲ့နေရာခရီးသွားတာမတူညီတဲ့ အဝတ်အစားပုံမှန်လုပ်နေကျတောထဲကထွက်တာ ၃။ အထင်ကြီးခံရတာ၊မင်းနဲ့အတူနေရင် ဘဝင်လေဟတ်တယ်ဆိုတာSignificance ဖြစ်တာ ၄။ ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက်နဲ့တစ်ယောက်chemistry မိတာLove and connection ၅။ နှစ်ဖက်စလုံးတိုးတက်နေတာGrowth ၆။ ကိုယ့်အချစ်ရေး၊ အိမ်ထောင်ရေးမှာပေးဆပ်ပြီး ရင်းနှီးမြုပ်နှံမှုလုပ်တာContributionအချစ်ဆိုတာသွားယူတဲ့နေရာမဟုတ်ဘူး၊သွားပေးဆပ်တဲ့နေရာတဲ့။ ဒါက Tony Robbins ရဲ့6 human needs ကိုအခြေခံပြီးသူ့ရဲ့ ကမ္ဘာကျော် date with destinyprogram ကို design လုပ်ထားတာ။ ၆ ခုစလုံးကို ဖြည့်ဆည်းနိုင်မှawesome relationship ဖြစ်တာ။တချို့တွေအတွက် variety ကထိပ်ဆုံးဖြစ်နေတတ်တယ်။ ကိုယ့်ရဲ့ need ကို မဖြည့်ဆည်းနိုင်ခင်partner ရဲ့ need ခြောက်ခုကိုအရင်ဖြည့်ပြီးကိုယ့်ရဲ့ need လဲပြည့်ဖို့ပြောဖို့လိုတယ်တဲ့။ Phyo


partner ရဲ့ need ခြောက်ခု
Read More »