lesson

သင်ခန်းစာရနိုင်သမျှယူ။

ဒီနေ့မှာ လုပ်နေတဲ့အလုပ်တိုင်းကအနာဂတ်မှာလုပ်မည့်အလုပ်အတွက်လှေကားထစ်ပဲ။သင်ခန်းစာရနိုင်သမျှယူ။အနာဂတ်အတွက် နေ့တိုင်းပြင်။ Phyo Paing @ Derek

သင်ခန်းစာရနိုင်သမျှယူ။ Read More »

အပြောင်းအလဲ လုပ်ပေးနိုင်ရမယ်

ဘဝမှာ ဖြစ်ချင်တာတော့များများစားစားမရှိပါဘူး။တောင်ပေါ်မြို့မှာမွေးနယ်မြို့လေး စျေးရောင်းပြီးကြီးဘဝရဲ့ အတက်အကျကြားမှာဆရာကောင်းတချို့နဲ့တွေ့ပြီးပညာရဲ့အရေးပါပုံကိုနားလည်လာပြီးကိုယ့်ရဲ့ အစွမ်းအစဘယ်လောက်ရှိလဲသိချင်တဲ့ လူတစ်ယောက်ပါ။ ဘဝကို အပြောင်းအလဲလုပ်ပေးခဲ့တဲ့ဆရာတိုင်းကို ကျေးဇူးတင်တယ်။ ကိုးတန်းမှာ ဆရာဂျွန်ဆိုတဲ့ မြန်မာလူမျိုးအင်ဒီယန်ဆရာကြောင့် အင်္ဂလိပ်စာ ဖတ်တတ်ရေးတတ်လာတယ်။ ဆရာကျော်ဇော်လင်း Apex Business School ကြောင့်စီးပွားရေးပညာကို ကောင်းကောင်းလေ့လာခဲ့ရတယ်။ သူတို့ကြောင့်ဘဝ တစ်ဆစ်ချိုးပြောင်းလာတဲ့အတွက်ကိုယ်သိထားတာကိုလဲ မခြွင်းမချန် ပြန်လည်မျှဝေပေးဖို့ကသမိုင်းပေးတာဝန်ဖြစ်လာခဲ့တယ်။ လူသားတွေရဲ့ ဘဝကို ပညာရေးနဲ့ နည်းပညာအသုံးပြုပြီးအပြောင်းအလဲ လုပ်ပေးနိုင်ရမယ်။ Phyo Paing @ Derek

အပြောင်းအလဲ လုပ်ပေးနိုင်ရမယ် Read More »