တစ်ဆင့်ချင်း။
မနက်ပိုင်းကိုဖြစ်ချင်တာဖြစ်အောင်လုပ်တယ်။ညနေပိုင်းကိုဖြစ်နေတာကို လက်ခံတတ်အောင်လုပ်တယ်။ လူတစ်ယောက်က၁။ Personal development ၂။ Professional development၃။ Business development ၄။ Spiritual development တစ်ဆင့်ချင်း။ မွဲနေပြီး spiritual ပဲလုပ်နေလို့မရဘူး။အလုပ်လုပ်ရမယ်။အကြွေးဝိုင်းနေပြီး spiritual အကြောင်းပြနေလို့မရဘူး။ အပြင်ကမ္ဘာကြီးမှာလဲအပူကင်းအောင်လုပ်ထားနိုင်ဖို့၁။ ကိုယ့်ပြဿနာကိုယ်ဖြေရှင်း၂။ သူများပြဿနာဖြေရှင်းကူ၃။ ဥစ္စာဓနမလိုခင်ရှာထား၄။ အရာရာကိုလက်ခံတတ်အောင် ဥပက္ခာတရားထား။ သူများကို ဒုက္ခမပေး၊အပူမပေးပဲတရားအားထုတ် spiritual လုပ်တာအမှန်။အကြွေးတွေဝိုင်းပြီး spiritual အော်နေတာ အမှား။ Phyo Paing @ Derek
