ဆယ်ကျော်သက်အရွယ်မှာကျတော့မြင်မြင်သမျှ အသစ်ပဲ။Fresh ဖြစ်နေတယ်။လောက ကြီးကစူးစမ်းချင်စရာကြီး။ နှစ်ဆယ်၊ နှစ်ဆယ့်ငါးကျော်လာတော့သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာအံဝင်ဂွင်ကျဖြစ်အောင် လုပ်လာရပြီ။ အဲ့ဒီသတ်မှတ်ချက် လှေကားထစ်ကိုတစ်ဆင့်ချင်းတတ်ဖို့ နည်းလမ်းရှာကြရပြီ။ သုံးဆယ်ကျော်လာတဲ့အခါကျဗိုက်ကလေးက ပူလာပြီ။စူပါ၊ မနေနေဂျာဖြစ်လာပြီ။လုပ်ငန်းလုပ်တော့မယ်ဆိုရင်လည်းနှစ်ဆယ်ကျော်လောက်က ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ တစ်ခုခုဆို မျက်စိမှိတ် ယုံကြည် ချမယ်ဆိုတဲ့စိတ်ပျောက်လာပြီ။ အသက်လေးဆယ်ကျော်တဲ့အခါကိုယ့်နယ်ပယ်မှာ လူတော်တော်များများနဲ့လည်းသိလာပြီ။အိုးနဲ့ အိမ်နဲ့ သားရေး၊ မယားရေးနဲ့လူရိုသေရှင်ရိုသေ နေရာလေးလည်းရလာတတ်တဲ့အချိန်။ လောလောပြီးကနေရတာ လောကထဲ။ တချို့လူတွေက အဲ့ဒီသတ်မှတ်ချက်ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်။အမြဲတမ်းစူးစမ်းပြီးကိုယ့်ဘဝရဲ့ အတန်းသင်ခန်းစာဘဝ curriculum ကိုကိုယ်တိုင်တည်ဆောက်ကြတယ်။ အဲ့ဒီ ဘောင်တွေက လူတွေကိုသိုးတစ်ကောင်လိုဖြစ်အောင်ထိန်းချုပ်ထားတာမျိုးဖြစ်စေတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုကဘောင်ထဲမှာနေပြီး ဖြစ်လာဖို့မလွယ်ဘူး။ Phyo Paing @ Derek