mindset

ကိုယ့်ဘဝမှာ ကမ္ဘာကြီးကို
မတူညီတဲ့ ရှုထောင့်ကမြင်စေတဲ့

ကိုယ့်ဘဝမှာ ကမ္ဘာကြီးကိုမတူညီတဲ့ ရှုထောင့်ကမြင်စေတဲ့အမြင်ဖွင့်ပေးတဲ့ လူ၊ ပုဂ္ဂိုလ်တွေရှိတယ်။သူတို့ကြောင့် အမြင်ကျယ်လာတယ်။သူတို့ကြောင့် အမြင်ရှင်းလာတယ်။သူတို့ကြောင့် အမြင်ပိုမှန်လာတယ်။အဲ့ဒီလူတွေကြောင့် ကိုယ့်ဘဝကြီးပြောင်းလဲသွားတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝမှာ ကမ္ဘာကြီးကို
မတူညီတဲ့ ရှုထောင့်ကမြင်စေတဲ့
Read More »

တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်

ဆယ်ကျော်သက်အရွယ်မှာကျတော့မြင်မြင်သမျှ အသစ်ပဲ။Fresh ဖြစ်နေတယ်။လောက ကြီးကစူးစမ်းချင်စရာကြီး။ နှစ်ဆယ်၊ နှစ်ဆယ့်ငါးကျော်လာတော့သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာအံဝင်ဂွင်ကျဖြစ်အောင် လုပ်လာရပြီ။ အဲ့ဒီသတ်မှတ်ချက် လှေကားထစ်ကိုတစ်ဆင့်ချင်းတတ်ဖို့ နည်းလမ်းရှာကြရပြီ။ သုံးဆယ်ကျော်လာတဲ့အခါကျဗိုက်ကလေးက ပူလာပြီ။စူပါ၊ မနေနေဂျာဖြစ်လာပြီ။လုပ်ငန်းလုပ်တော့မယ်ဆိုရင်လည်းနှစ်ဆယ်ကျော်လောက်က ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ တစ်ခုခုဆို မျက်စိမှိတ် ယုံကြည် ချမယ်ဆိုတဲ့စိတ်ပျောက်လာပြီ။ အသက်လေးဆယ်ကျော်တဲ့အခါကိုယ့်နယ်ပယ်မှာ လူတော်တော်များများနဲ့လည်းသိလာပြီ။အိုးနဲ့ အိမ်နဲ့ သားရေး၊ မယားရေးနဲ့လူရိုသေရှင်ရိုသေ နေရာလေးလည်းရလာတတ်တဲ့အချိန်။ လောလောပြီးကနေရတာ လောကထဲ။ တချို့လူတွေက အဲ့ဒီသတ်မှတ်ချက်ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်။အမြဲတမ်းစူးစမ်းပြီးကိုယ့်ဘဝရဲ့ အတန်းသင်ခန်းစာဘဝ curriculum ကိုကိုယ်တိုင်တည်ဆောက်ကြတယ်။ အဲ့ဒီ ဘောင်တွေက လူတွေကိုသိုးတစ်ကောင်လိုဖြစ်အောင်ထိန်းချုပ်ထားတာမျိုးဖြစ်စေတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုကဘောင်ထဲမှာနေပြီး ဖြစ်လာဖို့မလွယ်ဘူး။ Phyo Paing @ Derek

တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်
Read More »

“လူ့ဘောင်” ဆိုတဲ့အတိုင်း
လူတွေကို သောက်တလွဲအတွေးအခေါ်တွေနဲ့
ဘောင်ခတ်ထားတတ်တယ်။

ဒါကြောင့် သာမာန်အများစုကဘယ်နေရာမှာ နေနေ မပျော်ကြဘူး။သာမာန်လူအများစုရဲ့ ဘဝကလတ်ဆတ်မှုမရှိကြဘူး။သာမာန်လူအများစုလူတွေကို ထိန်းချုပ်ချင်တဲ့သူတွေသတ်မှတ်ထားတဲ့ “ဘောင်” တွေအတွင်းကအသက်ရှင်ကြတယ်။ “လူ့ဘောင်” ကြီး လည်ပတ်အောင်“ဥပဒေသ” တွေနဲ့ “ဘောင်” ခတ်ထားတယ်။​တချို့ ဥပဒေသတွေက အလုပ်မဖြစ်တော့ဘူး။တော်တော် ဒိတ်အောက်နေပြီ။ အရေးကြီးက ကိုယ်က အဲ့ဘောင်ထဲက“အကျဥ်းသား” မဖြစ်ဖို့ပဲ။ Phyo Paing @ Derek

“လူ့ဘောင်” ဆိုတဲ့အတိုင်း
လူတွေကို သောက်တလွဲအတွေးအခေါ်တွေနဲ့
ဘောင်ခတ်ထားတတ်တယ်။
Read More »

နေ့တိုင်း ကိုယ့်ကိုကိုယ် Train ပါ

နေ့တိုင်း စာဖတ်တယ်နော်။ စာဖတ်တယ်လို့မစဉ်းစားဘူး။ ကိုယ့်ကိုကိုယ် train နေတာလို့စဉ်းစားတယ်။ Gym သွားဆော့တယ်နော်။ သွားဆော့တာ မဟုတ်ဘူး။သွား train နေတာ။ နေ့တိုင်း စာတွေရေးတယ်နော်။စာရေးတယ်ဆိုတာထက် ကိုယ့်ကိုကိုယ် စာရေးတဲ့စွမ်းအားတိုးတက်အောင် train နေတာ။ စာသင်၊ အကြံပေး၊ digital product ထုတ်၊ လုပ်ငန်းတွေအတွက် မဟာဗျူဟာချပြီးcheck ပြန်လုပ်ပေး ဒါတွေအကုန်လုံးကကိုယ့် skill ကို မကျသွားအောင်train လုပ်နေတာပဲ။ ဘောလုံးမကန်တာကြာတဲ့ ဘောလုံးသမားကအရင်လို performance ကောင်းနေမယ်ထင်လို့လား။ ဦးနှောက်နဲ့သိပ်မစဉ်းစားတဲ့သူတစ်ယောက်၊ မလေ့လာနေတဲ့ သူတစ်ယောက်ဦးနှောက်ကဖြတ်လတ်နေမယ်ထင်လို့လား။ စိတ်ဓာတ်ရေးရာသေချာ မ train ထားတဲ့သူတစ်ယောက်က လောကဓံအထုအထောင်းကို ဒူပေဒါပေ ခံမယ်ထင်လို့လား။ ကျွန်တော်ကတော့မထင်ဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် train နေရတယ်။ ဒါမှ ဒီထက်ပိုဝေးတဲ့ ခရီးနှင်နိုင်မယ်။ Phyo Paing

နေ့တိုင်း ကိုယ့်ကိုကိုယ် Train ပါ Read More »

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့

ကိုယ့်ဘဝကိုကိုယ်တန်ဖိုးထားတတ်လာတဲ့အချိန်ကစလို့ဖြစ်သလို မနေတော့ဘူး။ဖြစ်သလို မစားတော့ဘူး။ ကိုယ့်အတွက် အကျိုးမရှိစေတဲ့အတွေးအခေါ် ခေါင်းထဲမထည့်မိတတ်တော့ဘူး။မလိုချင်တာတွေပဲစဥ်းစားပြီးစိတ်ညစ် မနေတော့ဘူး။အချိန်ကို မလဟသ မဖြုန်းတော့ဘူး။ပစ္စုပ္ပာန် သာယာမှုတွေမှာပဲအချိန် မကုန်တော့ဘူး။ စည်းကမ်းတကျ နေလာတယ်။စနစ်တကျ စားလာတယ်။အတွေးအခေါ်ကို ဂရုပြုလာတယ်။ကိုယ်ဘာလိုချင်တာလဲကိုပဲအဓိက အာရုံပြုပြီးအချိန်ကို အကောင်းဆုံးအသုံးချတယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့အရာတွေ မလုပ်တော့ဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်ဖို့တန်ဖိုးထားဖို့ အရေးကြီးတယ်။ကိုယ့်ကိုကိုယ်မှ အရင်တန်ဖိုးမထားရင်ဘယ်သူမှ တန်ဖိုးလာထားမှာမဟုတ်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့ဆိုတာလဲအားလုံးကြားဖူးကြမှာပဲ။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့
Read More »

ကိုယ့်ကို ဘယ်သူမှ
လာကယ်တင်မှာ မဟုတ်ဘူး

တခါတလေ ကယ်တင်ရှင်ရှာတတ်ကြတဲ့ သဘာဝရှိတယ်။ ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ပဲကယ်မည့်လူ မရှိတဲ့အခါဟိုလူ့ blame ဒီလူ့ blame နဲ့ နောက်ဆုံးမှာ ဒီလူတွေပဲကျန်ခဲ့တယ်။ ငယ်ကတည်းက လက်ကိုင်ထားတဲ့အယူအဆတစ်ခုက ခင်ဗျာကို ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek

ကိုယ့်ကို ဘယ်သူမှ
လာကယ်တင်မှာ မဟုတ်ဘူး
Read More »

ကျေးဇူးတင်စိတ်

အခုအသက်ကို ဝဝရှူနေလို့ရတာဒါက ကိုယ့်ခန္ဓာကိုကျေးဇူးတင်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။မဟုတ်လို့ အရင်နှစ်ကလို တတိယလှိုင်းမှာအဆုပ်မကောင်း အသက်ငင်နေရတာဆို တိုင်ပတ်နေမှာ။ အခုချိန် ကိုယ်ချစ်ရတဲ့သူတွေအသက်ရှင်နေသေးတာလဲ ကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန် ကိုယ့်အနေနဲ့ ကိုယ်လက်အင်္ဂါအစုံနဲ့ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်နေသေးတာကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန်လကုန် ဝန်ထမ်းတွေကိုလစာပေးနိုင်နေသေးတာ ကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန် မနက်နိုးထ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရနေတာကျေးဇူးတင်စရာဖြစ်ကောင်းဖြစ်လိမ့်မယ်။ အရာရာနောက်ကျ ကမ္ဘာ့ဘိတ်ချေးနိုင်ငံမှာ ကျေးဇူးတင်စရာတွေများများစားစားမရှိပေမယ့်တချို့အသေးအမွှားတွေအတွက်gratitude စိတ်ထားတာဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စိတ် Read More »

ကိုယ့်ရဲ့အကြီးမားဆုံးရန်သူက
ကိုယ့်ရဲ့ စိတ်ပဲ။

ဗုဒ္ဓစိတ်ပညာနဲ့ ကြည့်ရင်စိတ်ဆိုတာ အဖြူထည်။ သူ့ကိုခြယ်လှယ်တာ စေတသိက်။စေတသိက် စုစုပေါင်း (၅၂) ရှိတယ်။ အဲ့ထဲမှာ အကုသိုလ်စေတသိက် (၁၄) ပါးရှိတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ်ဆရိယ၊ ကုက်ကုစ်စ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ်န၊ ဝိစိကိစ်ဆာ အဲ့ဒီ ၁၄ ပါးက ကိုယ့်ရန်သူပဲ။ လောဘဆိုတာ တပ်မက်တာ။ ဒေါသဆိုတာ ခက်ထန်ကြမ်းတမ်းတာ။မောဟဆိုတာ တွေဝေတာ။ မှန်ကန်တဲ့အမြင်နဲ့ မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းပြုမှု၊မှန်ကန်တဲ့ အာရုံစူးစိုက်မှုနဲ့မှန်ကန်တဲ့ လုပ်ရပ်တွေလိုတယ်။ ဒါကြောင့်လဲ ဗုဒ္ဓက Buddhist တစ်ယောက်မှာထားရမည့်ethic ကျင့်ဝတ်ငါးပါး။ (ငါးပါးသီလ)ကျင့်သုံးရမလည့် လမ်းစဥ် မဂ္ဂင် ၈ ပါး ကိုဟောခဲ့တာပေါ့။ ကျွန်တော်ယုံကြည်တဲ့ Secular Buddhism ဗုဒ္ဓသာသာဆိုတာ1. ethic

ကိုယ့်ရဲ့အကြီးမားဆုံးရန်သူက
ကိုယ့်ရဲ့ စိတ်ပဲ။
Read More »

Limit your loss

အရှုံးတွေကို ကန့်သတ်ထားဖို့ကိုလောင်းကစားလုပ်ဖူးတဲ့သူတွေသိတယ်။ကာစီနိုတစ်ခု မထိုင်ခင်တိုင်းအမြဲတိုင်း စိတ်ပိုင်းဖြတ်သွားတာငါ “ဘယ်လောက်” ရှုံးရင် ပြန်မယ်ဆိုတဲ့စိတ်ဖြစ်တယ်။ ယောကျာ်းလေးအများစုကဘောလုံးပွဲလောင်းတာ၊ ဖဲရိုက်တာ၊Casino သွားတာ တစ်ကြိမ်မဟုတ်တစ်ကြိမ်လုပ်ဖူးကြတာကြီးပဲ။ ဒီလို လုပ်တိုင်းမှာ အစပိုင်း မနူးမနပ်အချိန်မှာ ဘယ်လောက်နိုင်ရင်ပြန်မယ်ဆိုတဲ့ စိတ်ထားတတ်တယ်။ ဒီတော့ “loss aversion” ဆိုတဲ့စိတ်နဲ့ရှုံးမဲမဲပြီး တိုင်ပတ်တဲ့အချိန်တွေရှိတယ်။ နောက်ပိုင်း လောင်းကစားစိတ်ပညာတွေရှာဖတ်ပြီး ဥပဒေသတစ်ခုထုတ်တယ်။အလောင်းအစား လုပ်တိုင်းမှာ “ဘယ်လောက်ပဲ အရှုံးခံမယ်” limit your loss ဆိုတဲ့ အချက်အရေးကြီးတယ်။ ဒေါ်လာစျေးတွေတတ်တယ်ဘယ်လောက်ထိပဲ အရှုံးခံမယ်ဆိုတဲ့ဥပဒေသက လူတိုင်းအတွက်တော့မသိဘူးကျွန်တော့်အတွက် တော်တော်အထောက်အကူပြုတယ်။ စီးပွားရေးလုပ်တဲ့အခါ ဘယ်လောက်ထိပဲ အရှုံးခံမယ်ဆိုတဲ့point ကို သတ်မှတ်ထားခြင်းဟာစိတ်ဒုက္ခရောက်တာက ကာကွယ်ပေးတယ်။ Phyo Paing @ Derek

Limit your loss Read More »

အဓိက အတားအဆီးဖြစ်နေတာ
အတွေးအခေါ်။

ကိုယ်ဘယ်လောက်စွမ်းလဲဆိုတာ ကိုယ့်ကိုကိုယ် စိန်ခေါ်ပြီး အစွမ်းကုန်ထိ မစမ်းကြည့်ဖူးရင်မသိနိုင်ဘူး။ လူတွေရဲ့ အစွမ်းအစက ချဲ့ရင်ချဲ့သလောက် ရှိနိုင်တယ်။အဓိက အတားအဆီးဖြစ်နေတာအတွေးအခေါ်။ နောက်တစ်ခုကို အသိုင်းအဝိုင်းနဲ့အပေါင်းအသင်းတစ်စုရဲ့အတွေးအခေါ်ကို ကျော်လွန်ပြီးတွေးရဲဖို့လိုတယ်။ Phyo Paing @ Derek

အဓိက အတားအဆီးဖြစ်နေတာ
အတွေးအခေါ်။
Read More »