Self-awareness
ကိုယ့်ရဲ့ မသိစိတ်က ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိတယ်။ ဖတ်သမျှ၊ မှတ်သမျှ၊ကြုံဆုံသမျှ အကုန်လုံးကိုမသိစိတ်မှာခြုံငုံအကုန်မှတ်တမ်းတင်ထားတယ်။ ကိုယ့်ရဲ့ မသိစိတ်အလုပ်လုပ်ပုံကိုသတိပြုမိခြင်းကို သတိရှိခြင်းလို့ခေါ်တယ်။ Self-awareness လို့ခေါ်တယ်။ တခါတလေ ငါဘာ့ကြောင့်ဒါကို ဒီလိုလုပ်နေလဲဆိုတာ သတိမမူမိတတ်ကြဘူး။ အသိ၊ သတိ၊ ပညာ ဒီလိုလာတယ်။ အသိရှိလာရင်သတိလေးထားပြီးကိုယ့်ကိုယ်ကို လေ့လာမိလာမယ်။ဒါမှာ ကိုယ့်ကိုယ်ကိုပို သဘောပေါက်နားလည်လာမယ်။ဒီမှာ ပညာဖြစ်တယ်။ ဘဝမှာ ကိုယ့်ရဲ့မသိစိတ်ခြုံငုံမှတ်တမ်းတင်ရာကအလိုအလျောက်ဖြစ်လာတဲ့အပြုအမူတွေကို နေ့စဥ် လေ့လာရင်းကိုယ့်ကိုယ်ကို ပိုနားလည်လာတာပညာ ရတာပဲ။ Phyo Paing @ Derek
