Uncategorized

တော်ဖို့ထက်ပျော်ဖို့ အရေးပိုကြီးလာမယ်။

အနာဂတ် ကလေးငယ်တွေတော်ဖို့ထက် ပျော်ဖို့ပိုအရေးကြီးလာမယ်။ အနာဂတ်မှာ တော်တဲ့သူတွေ အများကြီးရှိလာမယ်။AI က လူတိုင်းကို တော်အောင်လုပ်ပေးလိမ့်မယ်။ ဒါပေမဲ့ ပျော်တဲ့သူ နည်းလာမယ်။ တော်တာနဲ့ ပျော်တာ မတူဘူး။ငွေရှိတာနဲ့ စိတ်ချမ်းသာတာ မတူဘူး။အောင်မြင်တာနဲ့ ပြည့်စုံတာ မတူဘူး။ အနာဂတ်မှာ အရေးအကြီးဆုံး skill ကကိုယ့်စိတ်နဲ့ကိုယ် ပျော်တတ်တဲ့ skill ပဲ။ တစ်ယောက်ထဲ ထိုင်နေလို့ရတယ်။ဖုန်းမကြည့်ဘဲ နေလို့ရတယ်။ဘယ်သူမှ like မနှိပ်ဘဲ စိတ်မဆိုးဘူး။ဘယ်သူ့ကိုမှ prove မလုပ်ဘဲ ကိုယ့်ကိုကိုယ် လက်ခံနိုင်တယ်။ ဒါ skill ပဲ။ဒါ မွေးရာပါ မဟုတ်ဘူး။လေ့ကျင့်ရတယ်။ လူအများစုက ပြင်ပကနေ ပျော်ရွှင်မှုရှာတယ်။လူတွေရဲ့ အသိအမှတ်ပြုမှု။Social media ရဲ့ engagement။ဝယ်လိုက်တဲ့ ပစ္စည်းသစ်။ ဒါတွေက ပျော်ပါတယ်။ဒါပေမဲ့ ခဏပဲ။ တစ်ကယ် ကြာရှည်ခံတဲ့ ပျော်ရွှင်မှုကကိုယ့်အတွင်းထဲက […]

တော်ဖို့ထက်ပျော်ဖို့ အရေးပိုကြီးလာမယ်။ Read More »

ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။

ဘဝမှာ တချို့လူတွေနဲ့အဆက်အဆံမလုပ်ချင်ဘူး။သိလဲမသိချင်ဘူး။စကားလဲမပြောချင်ဘူး။ခုလဲပတ်သက်ဖို့မရှိသလိုနောက်လဲ ပတ်သက်ဖို့မရှိဘူး။ ဒီလိုလူတွေနဲ့သိရလို့ကောင်းတာလဲဘာမှဖြစ်မှာမဟုတ်သလိုသူ့ဘဝသူတောင် မကျေနပ်တိုင်ပတ်နေတာဖြစ်တဲ့အတွက်ဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်တယ်။ ဒီလို လူတွေကို​လှောင်၊လောကကိုပြောင်၊ကိုယ့်ဘဝကို မကျေနပ်၊​လောကကို စိတ်တိုင်းမကျတဲ့သူတွေကိုဘူကောင်လို့ပဲခေါ်မလား။ ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။ လူမှုကွန်ယက်မှာတွေ့ရင်ထပ်မတွေ့ချင်တော့တဲ့အတွက်ban လိုက်၊ block လိုက်တယ်။ ဘဝက တော်တော်လေး မိုက်လာတာဘူကောင်တွေကို ဘဝထဲမှာမထားတာပဲ။ Phyo Paing @ Derek

ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။ Read More »

မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။

ကိုယ့်ကိုကိုယ် သူများနဲ့သွားနှိုင်းယှဥ်ပြီးချို့ယွင်းချက်တွေပဲမမြင်ပါနဲ့။ ကိုယ့်မှာ ဒုက္ခတွေကြီးလှပြီဆိုလဲစိတ်ညစ်ပြီး မနေပါနဲ့။ လူတိုင်းမှာ ကိုယ့်စူပါပါဝါပါတယ်။မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။ ဘဝရဲ့ပေးထားချက်တွေသိရင်ရွေးထားချက်တွေမှန်လာလိမ့်မယ်။ ပြဿနာတက် ဒုက္ခရောက်တိုင်းစိတ်မညစ်နဲ့။ပြဿနာရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ Phyo Paing @ Derek

မပြိုင်ဘဲနိုင်လို့ရတဲ့winning formula ရှိတယ်။ Read More »

ရှုံးသွားရင်တောင် နိုင်နေမည့် အလုပ်လုပ်ပါ။

ရှုံးသွားရင်တောင် နိုင်နေမည့် အလုပ်လုပ်ပါ။ ကိုယ် လုပ်ငန်း စတယ်။အောင်မြင်ရင် ငွေရတယ်။ရှုံးရင် သင်ခန်းစာ ရတယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ? ကိုယ် content ရေးတယ်။viral ဖြစ်ရင် follower တက်တယ်။viral မဖြစ်ရင် ကိုယ့်အတွေးက ပိုရှင်းသွားတယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ? ကိုယ် ကျွမ်းကျင်မှု သင်တယ်။အလုပ်ရရင် ငွေရတယ်။အလုပ်မရရင် ကိုယ့် skill က ကိုယ့်ဆီ ကျန်တယ်။ ဒါဆို ဘယ်မှာ ရှုံးတာလဲ? ဒါက asymmetric bet ပါ။ရှုံးရင် နည်းနည်း ရှုံးတယ်။နိုင်ရင် အများကြီး နိုင်တယ်။ လူအများစုက ပြောင်းပြန်လုပ်တယ်။ နိုင်ရင် နည်းနည်း နိုင်တယ်။ရှုံးရင် အကုန်လုံး ရှုံးတယ်။ ကိုယ်မှာ ရှိတဲ့ ငွေအကုန် ထည့်တယ်။ကိုယ်မှာ

ရှုံးသွားရင်တောင် နိုင်နေမည့် အလုပ်လုပ်ပါ။ Read More »

ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။​

ဝတ်ကောင်းစားလှ ဝတ်လိုက်။ခံစားချက်ပြောင်းသွားလိမ့်မယ်။မတူညီတဲ့နေရာသွားလိုက်ခံစားချက် ပြောင်းသွားလိမ့်မယ်။​မတူညီတဲ့သူတွေနဲ့ စကားပြောကြည့်ခံစားချက် ပြောင်းသွားလိမ့်မယ်။ပျင်းနေရင် တစ်မိနစ်လောက်ပဲထမျက်နှာ၊ သစ်သွားတိုက်၊ ရေသောက်တစ်ခုခုလုပ်လိုက်ခံစားချက်ပြောင်းသွားလိမ့်မယ်။အိုင်ဒီယာအသစ်တစ်ခုစဉ်းစားမိခံစားချက်ပြောင်းသွားလိမ့်မယ်။​ ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အပြောင်းအလဲလုပ်ဖို့ကကိုယ်ထင်တာထက် ပိုလွယ်တယ်။​ Read More »

အသက်ရှင်ပြီး အသက်ဝင်စေတဲ့အရာကအချစ်။

ဘဝကို ပြည့်စုံစေတာကတော့အချစ်ပဲ။နက်နက်နဲနဲအပြန်အလှန်နားလည်၊နက်နက်နဲနဲဆက်သွယ်လို့ရတဲ့အချစ်က အရာရာကိုကုစားပေးနိုင်တယ်။ တချို့က အိမ်ထောင်ဖက်တောင်မလိုဘူး။မိဘက ကိုယ့်ကို နက်နက်နဲနဲနားလည်ပြီးချစ်တယ်။တချို့က ညီအစ်ကိုမောင်နှမ။တချို့က သူစိမ်းတွေကအရင်းနှီးဆုံးသူတွေဖြစ်လာတယ်။တချို့က ပညာရပ်တစ်ခုနဲ့နက်နဲတဲ့ ရင်းနှီးမှုအချစ်ရှိတယ်။ Phyo Paing @ Derek

အသက်ရှင်ပြီး အသက်ဝင်စေတဲ့အရာကအချစ်။ Read More »

ကုသပေးတဲ့ မာစတာကီးပဲ။

ကျေးဇူးတင်တတ်တဲ့စိတ်ကစိတ်ပြဿနာအများစုကိုကုသပေးတဲ့ မာစတာကီးပဲ။ ဘာလို့လဲဆိုတော့ Gratitudeကျေးဇူးတင်ခြင်းဟာစိတ်အာရုံကို‘မပြည့်စုံမှု’ (Scarcity) ဆီကနေ‘ပြည့်စုံမှု’ (Abundance) ဆီကိုချက်ချင်း လှည့်ပြောင်းပေးနိုင်တဲ့စွမ်းအားရှိလို့ ဖြစ်ပါတယ်။ ၁။ အတိတ်ရဲ့ ဒဏ်ရာတွေကနေ လွတ်မြောက်စေခြင်း တစ်ခါတလေ အတိတ်က နာကျင်မှုတွေ၊ဆုံးရှုံးမှုတွေကိုပဲ ထပ်ခါတလဲလဲစဥ်းစားပြီး စိတ်ညစ်နေတတ်ကြပါတယ်။Gratitude က အဲ့ဒီနာကျင်မှုတွေကြားထဲက‘ရလိုက်တဲ့ သင်ခန်းစာ’ နဲ့‘ကျန်ရှိနေသေးတဲ့ အခွင့်အရေး’ ကိုမြင်အောင် ကြည့်ခိုင်းပါတယ်။“ဒီလိုဖြစ်သွားလို့ ငါ ဒါကို သိလိုက်ရတာပဲ” ဆိုတဲ့ကျေးဇူးတင်စိတ်က နာကျည်းမှုကိုကုသပေးတဲ့ အကောင်းဆုံးဆေးဖြစ်ပါတယ်။ ၂။ ‘ငါပဲ ခံရတယ်’ ဆိုတဲ့Victim Mindset ကို ဖျက်ဆီးခြင်း စိတ်ပြဿနာတော်တော်များများက“ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ” ဆိုတဲ့ကိုယ့်ကိုယ်ကိုယ် သနားတဲ့စိတ်ကနေမြစ်ဖျားခံပါတယ်။ကျေးဇူးတင်တတ်တဲ့စိတ် ရှိလာတဲ့အခါကိုယ့်ဆီမှာ ရှိနေတဲ့ သေးငယ်တဲ့အရာလေးတွေ(ဥပမာ- ကျန်းမာနေတာ၊ဘေးမှာ လူယုံရှိတာ၊အသက်ရှူနေရတာ) ကို တန်ဖိုးထားတတ်လာပြီးVictim (အနစ်နာခံရသူ) ဘဝကနေVictor (အောင်နိုင်သူ) ဘဝကိုစိတ်ပိုင်းဆိုင်ရာ

ကုသပေးတဲ့ မာစတာကီးပဲ။ Read More »

လိုအပ်လို့ အကြောင်းရှိလာရင်ပြောင်းကြည့်။

ကိုယ်လိုချင်တာ တစ်လမ်းနဲ့မရရင်နောက်တစ်လမ်းပြောင်းကြည့်ရမှာပဲ။ တစ်နေရာမှာ အဆင်မပြေနောက်တစ်နေရာပြောင်းကြည့်ရမှာပဲ။တစ်နည်းနဲ့အဆင်မပြေနောက်တစ်နည်းပြောင်းကြည့်ရမှာပဲ။ လိုအပ်လို့ အကြောင်းရှိလာရင်ပြောင်းကြည့်။ Phyo Paing @ Derek

လိုအပ်လို့ အကြောင်းရှိလာရင်ပြောင်းကြည့်။ Read More »

ဒီတစ်ခုကိုပြောင်းတာနဲ့ဘဝကြီးတစ်ခုလုံးပေါင်းတယ်။

ဒါကတော့ တခြားမဟုတ်ဘူး။ပစ္စုပ္ပန်ပဲ။ ပစ္စုပ္ပန်မှာ အသိ၊ သတိကိုတစ်နေရာထဲအာရုံစိုက်သမာဓိနဲ့ပညာပေါ်မူတည်ပြီးမှန်ကန်တဲ့အတွေး၊ အကြံ၊ အလုပ်လုပ်ရင်ဘဝကြီးက မပေါင်းလဲစရာမရှိဘူး။ အတိတ်ကိုလဲ အစိုးမရဘူး။အနာဂတ်ကိုလဲ အစိုးမရဘူး။လူတွေအစိုးရတာ ပစ္စုပ္ပန်။အခု။ Phyo Paing @ Derek

ဒီတစ်ခုကိုပြောင်းတာနဲ့ဘဝကြီးတစ်ခုလုံးပေါင်းတယ်။ Read More »