Uncategorized

ပညာတွေ အများကြီးသင်ထားပြီးကိုယ့်ပြဿနာတောင် ကိုယ်မဖြေရှင်းနိုင်ရင်အဲ့ဒီပညာက ဘာအတွက်လဲ။

ပညာတွေ အများကြီးသင်ထားပြီးကိုယ့်ပြဿနာတောင် ကိုယ်မဖြေရှင်းနိုင်ရင်အဲ့ဒီပညာက ဘာအတွက်လဲ။ ပညာသင်တဲ့ ရည်ရွယ်ချက်ကCertificate ရဖို့သက်သက် မဟုတ်ဘူး။ ပြဿနာဖြေရှင်းဖို့။ ကိုယ့်ဘဝမှာ ကြုံနေရတဲ့စိတ်ပိုင်းဆိုင်ရာ၊ အလေ့အကျင့်၊အချစ်၊ ငွေကြေး၊ ဘဝဦးတည်ချက်ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့Personal Development လိုတယ်။ သူများရဲ့ပြဿနာကိုကိုယ့်အတတ်ပညာနဲ့ ဖြေရှင်းပေးပြီးအသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့Professional Development လိုတယ်။ ကိုယ့်လုပ်ငန်းရဲ့ပြဿနာကို ဖြေရှင်း၊ဈေးကွက်မှာရှိတဲ့ ပြဿနာကိုရှာ၊အဲ့ဒီပြဿနာကို Product နဲ့ဖြစ်ဖြစ်၊Service နဲ့ဖြစ်ဖြစ် ဖြေရှင်းပေးပြီးတန်ဖိုးဖန်တီးနိုင်ဖို့Business Development လိုတယ်။ ဒါကြောင့်ပညာတစ်ခု မသင်ခင်“ဘာသင်ရမလဲ” လို့ အရင်မမေးနဲ့။ “ငါ ဘာပြဿနာကို ဖြေရှင်းချင်တာလဲ”လို့ အရင်မေး။ ပြီးရင်— ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ဘယ်လိုလူဖြစ်ဖို့လိုသလဲ။ အဲ့ဒီလိုလူဖြစ်ဖို့ဘယ်လိုတွေးတတ်ဖို့လိုသလဲ။ အဲ့ဒီလိုတွေးနိုင်ဖို့ဘာတွေသိဖို့လိုသလဲ။ တကယ်ဖြေရှင်းနိုင်ဖို့ဘာအတတ်ပညာတွေ တတ်ဖို့လိုသလဲ။ ဒီကနေမှကိုယ်သင်ရမယ့်ပညာက ရှင်းလာတယ်။ ပြောတဲ့သူကပြော၊ကိုယ်ကနားထောင်၊မှတ်စုလေးမှတ်၊ပြီးရင် အိမ်ပြန်သွားတာကိုပညာသင်တယ်လို့ မခေါ်ဘူး။ တကယ်သင်ယူတယ်ဆိုတာ— ရည်မှန်းချက်ရှိတယ်။မေးခွန်းမေးတယ်။အဖြေရှာတယ်။လက်တွေ့သုံးကြည့်တယ်။ရလဒ်ကို ပြန်ကြည့်တယ်။မအလုပ်ဖြစ်ရင် ပြန်ပြင်တယ်။ပြီးရင် ထပ်စမ်းတယ်။

ပညာတွေ အများကြီးသင်ထားပြီးကိုယ့်ပြဿနာတောင် ကိုယ်မဖြေရှင်းနိုင်ရင်အဲ့ဒီပညာက ဘာအတွက်လဲ။ Read More »

ကြီးကျယ်ခမ်းနားတဲ့အရာတိုင်းကတစ်နှစ်၊ နှစ်နှစ်နဲ့ ဖြစ်လာတာမဟုတ်ဘူး။

ကြီးကျယ်ခမ်းနားတဲ့အရာတိုင်းကတစ်နှစ်၊ နှစ်နှစ်နဲ့ ဖြစ်လာတာမဟုတ်ဘူး။ဘဝဆိုတာ သတေဲ့အထိကစားရမည့် ဂိမ်းတစ်ခုပဲ။ တချို့ နှစ်တွေက တစ်နှစ်တစ်နှစ်တိုးတက်မှုက ပုံမှန်ထက်ငါးဆ၊ ဆယ်ဆ ဖြစ်ကောင်းဖြစ်လိမ့်မယ်။တချို့နှစ်တွေက ဒုံရင်းဒုံရင်ဖြစ်လိမ့်မယ်။တချို့နှစ်တွေက ရှိထားတဲ့နေရာကိုထိန်းထားရတာမျိုးဖြစ်ကောင်းဖြစ်မယ်။ အရေးကြီးတာက စိတ်ရှည်ဖို့ပဲ။ ကိုယ့်ရဲ့အိမ်မက်တွေအတွက်စိတ်ရှည်ဖို့လိုတယ်။အိမ်မက်တွေ ရှင်သန်နေဖို့လိုတယ်။ဒါမှ ဘဝက အဓိပ္ပာယ်ရှိမှာ။ Phyo Paing @ Derek drphyopaing

ကြီးကျယ်ခမ်းနားတဲ့အရာတိုင်းကတစ်နှစ်၊ နှစ်နှစ်နဲ့ ဖြစ်လာတာမဟုတ်ဘူး။ Read More »

ဘဝကို အကြီးအကျယ်ပြောင်းလဲချင်ရင်

ဘဝကို အကြီးအကျယ်ပြောင်းလဲချင်ရင်ကိုယ်နဲ့တွေ့နေကျ “လူ”၊နေထိုင်တဲ့ “နေရာ”၊ခေါင်းထဲထည့်တဲ့ “အိုင်ဒီယာ”ဒီသုံးခုပြောင်းဖို့ပဲ။ တစ်ခုပြောင်းရင်ကိုဘဝက တော်တော်ပြောင်းပြီ။ ဘယ်လိုပြောင်းသလဲဆိုတွေ့တဲ့လူ၊ နေရာ၊ အိုင်ဒီယာမတူရင်ခံစားချက်မတူဘူး။ခံစားချက်မတူ လုပ်ဆောင်ပုံမတူဘူး။လုပ်ဆောင်ပုံမတူရင်ရလဒ်မတူဘူး။​ ရလဒ်မတူတော့တဲ့အခါကိုယ့်ကိုကိုယ် မြင်တဲ့အမြင်မတူဘူး။ကိုယ့်ကိုကိုယ် မြင်တဲ့အမြင်မတူတော့တဲ့အခါလုပ်ရပ်ပိုမတူတော့ဘူး။ Phyo Paing @ Derek drphyopaing

ဘဝကို အကြီးအကျယ်ပြောင်းလဲချင်ရင် Read More »

ဒါတွေနဲ့ပဲ ဘဝကောင်းကောင်းတည်ဆောက်လို့ရတယ်။

ကြောက်စိတ်၊အားငယ်စိတ်၊မနာလိုဝန်တိုစိတ်၊အပြစ်တင်လိုစိတ်၊ကိုယ့်ကိုကိုယ် အပြစ်လို့ခံစားတဲ့စိတ်၊ဝမ်းနည်းပူဆွေးစိတ်ဒါတွေနဲ့ဘဝ ကောင်းကောင်းတည်ဆောက်လို့မရဘူး။ ကျေးဇူးတင်စိတ်၊ဂုဏ်ယူစိတ်၊စူးစမ်းလိုစိတ်၊အာရုံစိတ်လိုစိတ်၊မတ်ေတာဒါတွေနဲ့ပဲ ဘဝကောင်းကောင်းတည်ဆောက်လို့ရတယ်။ Phyo Paing @ Derek drphyopaing

ဒါတွေနဲ့ပဲ ဘဝကောင်းကောင်းတည်ဆောက်လို့ရတယ်။ Read More »

ဖရိုဖရဲဖြစ်ချင် စီမံခန့်ခွဲမှုမလုပ်နဲ့။

ဖရိုဖရဲဖြစ်ချင် စီမံခန့်ခွဲမှုမလုပ်နဲ့။ကိုယ့်ခန္ဓာကိုယ် ဖရိုဖရဲဖြစ်ချင်စီမံခန့်ခွဲမှုမလုပ်နဲ့။ငွေကြေး ဖရိုဖရဲဖြစ်ချင်စီမံခန့်ခွဲမှုမလုပ်နဲ့။ဘဝ ဖရိုဖရဲဖြစ်ချင်စီမံခန့်ခွဲမှုမလုပ်နဲ့။အချစ်ရေး ဖရိုဖရဲဖြစ်ချင်စီမံခန့်ခွဲမှုမလုပ်နဲ့။ အလိုလိုပေါက်တာ မြက်ပင်များတယ်။ပန်းကောင်းပန်းမံရချင်ရင်တကူးတက ပျိုးထောင်ရတာများတယ်။ စီမံခန့်ခွဲတယ်ဆိုတာရည်မှန်းချက်သတ်မှတ်ရတယ်။လိုအပ်တာကြိုတင် စီမံကိန်းချရတယ်။စုစည်းရတယ်။ဦးဆောင်အကောင်အထည်ဖော်ရတယ်။ရလဒ်ကိုပြန်တိုင်းတာရတယ်။လိုအပ်ရင် ပြန်ပြင်ရတယ်။​ ဖြစ်ပြီးပျက်တာ သဘာဝ။​မဖြစ်ပဲ ပျက်ပျက်သွားတာ ကိုယ်ညံ့လို့။ဖြစ်ပြီးပျက်တာထက်မဖြစ်ပဲ ပျက်သွားတာ ပိုဆိုးတယ်။ ချမ်းသာပြီးသေသွားတာထက်ဆင်းရဲပြီး သေသွားတာပိုဆိုးတယ်။ Phyo Paing @ Derek drphyopaing

ဖရိုဖရဲဖြစ်ချင် စီမံခန့်ခွဲမှုမလုပ်နဲ့။ Read More »

အောင်မြင်မှုဆိုတာ “ပဋိစ္စသမုပ္ပါဒ်” လိုပဲ။

“အောင်မြင်ရင် အဖေတစ်ရာ။ကျရှုံးရင် မိဘမဲ့။” ဂျွန်ဖက်ကနေဒီပြောခဲ့တဲ့စကား။​ အောင်မြင်ရင် ဟိုဟာကြောင့်ဒီဟာကြောင့် အဖေတွေအများကြီး။ အောင်မြင်မှုဆိုတာ “ပဋိစ္စသမုပ္ပါဒ်” လိုပဲ။အထောက်အပံ့တွေအများကြီးလိုတယ်။အကြောင်းအခြေအနေတွေကိုမှီပြီး ဖြစ်ပေါ်လာတယ်။ Phyo Paing @ Derek drphyopaing

အောင်မြင်မှုဆိုတာ “ပဋိစ္စသမုပ္ပါဒ်” လိုပဲ။ Read More »

တစ်ရက်တာကို သုံးပိုင်းပိုင်းပါ။

တစ်ရက်တာကို သုံးပိုင်းပိုင်းပါ။ ၁။ Train စိတ်နဲ့ခန္ဓာပိုကောင်းအောင်စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊ အစားအသောက်ဂရုစိုက်၂။ Work ငွေဝင်၊ တိုးတက်ဖို့ အလုပ်လုပ်၃။ Recharge ညနေပိုင်းနောက်တစ်ရက်အတွက် အနားယူပါ။​ Phyo Paing @ Derek drphyopaing

တစ်ရက်တာကို သုံးပိုင်းပိုင်းပါ။ Read More »

လူတွေက ကိုယ်ထင်သလိုမဟုတ်တတ်ဘူး။

လူတွေက ကိုယ်ထင်သလိုမဟုတ်တတ်ဘူး။ပြောတဲ့စကားနဲ့နောက်ကွယ်က ရည်ရွယ်ချက်နဲ့ကမတူတတ်ဘူး။ ဒါကြောင့် စကားတွေရဲ့အလွန်ကိုမြင်နိုင်ဖို့လိုတယ်။လုပ်ရပ်တွေရဲ့နောက်ကွယ်ကိုကြည့်နိုင်ဖို့လိုတယ်။ လူလောကမှာ လူတွေနဲ့အဆင်ပြေချင်ရင်စိတ်ထဲမှာ ရှိတာ အကုန်ပြောလို့မရဘူး။ပရိယာယ်ရှိရတယ်။အထာလေးရှိရတယ်။ ကိုယ့်ကိုဘယ်လိုဆက်ဆံရမယ်။ဘယ်လိုဆက်ဆံလို့မရဘူး။လူနဲ့ထိတွေ့တဲ့သူတွေကို သင်ပေးရတယ်။ ကိုယ်မကြိုက်တာကိုလုပ်ရင်မကြိုက်ကြောင်းသိအောင်ချက်ချင်ပြောရတတ်တယ်။ လူအများစုက ကိုယ့်ရဲ့အကျိုးစီးပွါးနဲ့ပဲလည်ပတ်ကြတယ်။အကျိုးစီးပွါးဆိုတာ ငွေကြေးတစ်ခုတည်းမဟုတ်ဘူး။အသိအမှတ်ပြုခံရမှု။ကိုယ်ဖြစ်ချင်တာကိုလုပ်ဆောင်နိုင်စွမ်း။ပါဝါ။ ရှုပ်ထွေးတဲ့လူ့လောကမှာမအမှရမယ်။ Phyo Paing @ Derek drphyopaing

လူတွေက ကိုယ်ထင်သလိုမဟုတ်တတ်ဘူး။ Read More »

Lifestyle Entrepreneurship ဖြစ်နိုင်တယ်။

တောင်ပေါ်မြို့လေးမှာ အိမ်လေးတစ်လုံးရယ်နိုင်ငံတကာသွားလို့ရမည့် passport လေးတစ်ခုလဲရှိမယ်။ကိုယ်သုံးတဲ့ငွေထက်ကိုယ့် asset က ဝင်တဲ့ငွေကလဲပိုများမယ်။ချစ်ရတဲ့သူတွေလဲဘေးမှာရှိမယ်။ကျန်းမာရေးစောင့်ရှောက်မှုအတွက်လဲစိတ်ပူစရာမလိုဘူး။​နေ့စဉ် ကိုယ်လုပ်ချင်တဲ့အလုပ်တွေကိုလဲလုပ်နေလို့ရမယ်။ဝါသနာတူလူတချို့လဲရှိမယ်။စိတ်အေးချမ်းနေမယ်။ရှာဖွေတွေ့ရှိမှုအသစ်တွေနဲ့တိုးတက်နေမယ်။ဘာများလိုအုံးမှာလဲ။ ဒါတွေအတွက် အဖြေကLifestyle Entrepreneurship ဖြစ်နိုင်တယ်။ ဒီအကြောင်းအချိန်ရရင်ရေးအုံးမယ်။ Phyo Paing @ Derek drphyopaing

Lifestyle Entrepreneurship ဖြစ်နိုင်တယ်။ Read More »

ကိုယ့်ဘဝရဲ့ အသက်ရှင်မှုလေးကိုခံစားကြည့်ပါ

ကိုယ့်ဘဝရဲ့ အသက်ရှင်မှုလေးကိုခံစားကြည့်ပါ။အသက်ကို ဝဝလင်လင်ရှူနေနိုင်တာကိုကျေးဇူးတင်စရာmiracle အံ့ဖွယ်တစ်ခုပါ။ ဘဝမှာ ကင်ဆာဆေးသွင်းပြီးဘဝနေဝင်ချိန်ကို စောင့်နေသူတွေအများကြီးနဲ့ စကားပြောဖူးဆေးသွင်းပေးဖူးတယ်။သူတို့တွေ လောကကြီးမှာမရှိကြတော့ဘူး။ ကုတင်ပေါ်မှာ အသက်ရှူရခက်လို့စက်အကူနဲ့ အသက်ငင်နေတဲ့သူတွေအများကြီးနဲ့ တွေ့ခဲ့ဖူးတယ်။ကိုယ့်လက်ထဲမှာ အရေးပေါ်ကူရင်းလောကကြီးကထွက်ခွါသွားတဲ့လူတွေလဲရှိခဲ့ဖူးတယ်။ ဘဝနေဝင်ချိန်ကို မျက်လုံးဖျော့ဖျော့နဲ့စောင့်ဆိုင်းနေသူတွေအများကြီးတွေ့ဖူးတယ်။ခင်မင်ခဲ့ဖူးတယ်။ အဲ့ကတည်းက ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။ငါ့ဘဝ အသက်ရှင်နေသမျှအကြည်ဓာတ်အပြည့်နဲ့နေမယ်။အသက်ရှူတိုင်း ကျေးဇူးတင်စိတ်နဲ့နေမယ်။လောကအတွက် အကျိုးတစ်ခုရှိအောင်နေမယ်။ အခုလို အသက်မငင်ပဲအသက်ဝဝလင်လင်ရှူပြီးဘဝမှာ ကျန်းကျန်းမာမာနေနိုင်တာကိုကကျေးဇူးတင်စရာပါ။ Phyo Paing @ Derek drphyopaing

ကိုယ့်ဘဝရဲ့ အသက်ရှင်မှုလေးကိုခံစားကြည့်ပါ Read More »