အနာဂတ်အတွက် ကြိုပြင်
၁။ စမ်းသပ်မှုလုပ်ရမှာမကြောက်နဲ့။၂။ နေ့စဥ် ကိုယ့်ကိုကိုယ် train၃။ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လေ့လာ။၄။ အနာဂတ်အတွက် ကြိုပြင် Phyo Paing @ Derek
၁။ စမ်းသပ်မှုလုပ်ရမှာမကြောက်နဲ့။၂။ နေ့စဥ် ကိုယ့်ကိုကိုယ် train၃။ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လေ့လာ။၄။ အနာဂတ်အတွက် ကြိုပြင် Phyo Paing @ Derek
မသေရင်တော့ ရှင်နေမယ်။ရှင်သန်မှုတစ်ခုမှာတိုးတက်မှုနဲ့ ဆုတ်ယုတ်မှုရှိတယ်။သုခနဲ့ ဒုက္ခရှိတယ်။အဲ့လို ဆန့်ကျင်ဖက်တွေရှိမယ်။ ဘဝခရီးသွားတဲ့အခါ ဂိတ်ဆုံးကတော့“သေခြင်းတရား”ပဲ။လူတွေက တစ်ခါပဲသေပြီးနေ့တိုင်းနေနေရတယ်။ နေတဲ့နေ့တိုင်းမှာ မဖြစ်မနေလုပ်နေရတာ“တွေးတောခြင်း”ပဲ။ ဒီတော့ အတွေးရဲ့ အရည်အသွေးမကောင်းရင်ဘဝရဲ့ အရည်အသွေးလဲ မကောင်းဘူး။ ဒီအတွေးရဲ့ အရည်အသွေးကောင်းဖို့စိတ်ရဲ့ ကျက်စားရာရှိရမယ်။ စတီဗင်ဟော့ကင်းအနေနဲ့amyotrophic lateral sclerosis (ALS) ရောဂါကြောင့်လမ်းမလျှောက်နိုင်ပဲ ဘဝကိုဖြတ်သန်းရပေမယ့်အထာကျကျပဲ Theoretical physics ကိုလေ့လာပြီး ပညာရပ်ပိုင်းမှာအများကြီးအထောက်အကူပြုသွားတယ်။ ကိုယ့်ရဲ့ အတွေးရဲ့ အရည်အသွေးကောင်းဖို့၁။ တွေ့တဲ့လူတွေအရေးကြီးတယ်။၂။ ဖတ်တဲ့စာအုပ်အရေးကြီးတယ်။၃။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်အရေးကြီးတယ်။၄။ ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။၅။ အတွေးတွေကို သတိနဲ့ ထိန်းကြောင်းနိုင်ဖို့အရေးကြီးတယ်။ အတွေးတွေကို ထိန်းကျောင်းနိုင်ရင်ခံစားချက်တွေကို ထိန်းကျောင်းနိုင်တယ်။ခံစားချက်တွေကို ထိန်းကျောင်းနိုင်ရင်လုပ်ရပ်တွေကို ထိန်းကျောင်းနိုင်တယ်။ ရှင်သန်ခြင်းဖြစ်စဥ်မှာအတွေးတွေက အခရာကျတယ်။ Phyo Paing @ Derek
ဘဝဆိုတာ မွေးဖွားခြင်းနဲ့
သေဆုံးမှုခြားက ရှင်သန်ခြင်းဖြစ်စဥ်ပဲ Read More »
လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့relationship အရေးကြီးတယ်။စိတ်ပိုင်းဆိုင်ရာ လှုံခြုံမှုEmotionally safe ဖြစ်တာကစွမ်းဆောင်ရေတိုးတက်အောင်အများကြီး အထောက်အကူပြုတယ်။ Phyo Paing @ Derek
လူတွေဒီနေ့ရောက်နေတဲ့နေရာကကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ဒါကြောင့် ဘယ်သူမှ အပြစ်တင်နေလို့မရဘူး။ ပြီးခဲ့တာပြီးပြီ။အတိတ်ကို အနာဂတ်အတွက်ဆုံးဖြတ်ခွင့်မပေးနဲ့။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲချင်ရင်အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ကို ကန့်သတ်ထားတာကိုယ့်ရဲ့ အတွေးအခေါ်ပဲဆိုတာမှန်တယ်။အရေးကြီးတာ ဘဝပြဿနာတွေကိုကိုယ်ဘယ်လောက်မြန်မြန်နဲ့အထာကျကျ၊ ဥာဏ်ရှိရှိ ဖြေရှင်းကျော်လွှားခဲ့လဲ။နေ့စဥ် ကိုယ့်ကို ဘယ်လိုလူဖြစ်အောင်ကြိုးစားအားထုတ်နေလဲဆိုတာပဲ။ကိုယ်လိုချင်တာရတယ်ဆိုတာထက်ထိုက်တန်တာကိုပဲ ရတတ်ကြတယ်။ Phyo Paing @ Derek
Relationship တစ်ခုကကိုယ်ဘယ်သူဖြစ်လာမလဲဆိုတဲ့ဖြစ်စဥ်မှာအကြီးကြီးအရေးပါတယ်။ ဘာကြောင့်လဲဆိုတော့ကိုယ်ဘယ်သူလဲဆိုတဲ့ identity နဲ့ relationship ကအနည်းနဲ့အများသက်ဆိုင်နေတယ်။ ကိုယ်ဘယ်လိုလူကိုရွေးချယ်သလဲ၊ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြလဲ၊အနာဂတ်အမြင်ကဘယ်လိုလဲ၊ဘဝအပေါ်မြင်တဲ့အမြင်နဲ့အတွေးအခေါ်က ဘယ်လိုလဲဒီအပေါ်မူတည်ကြတယ်။ Jim Rohn ပြောတာမင်းဟာမင်းနဲ့ပေါင်းတဲ့လူငါးယောက်ရဲ့သာမာန် average ပဲတဲ့။ အဲ့ငါးယောက်ထဲမှာ အရေးကြီးတဲ့relationship ပါတယ်။ Phyo Paing @ Derek
Relationship တစ်ခုက
ကိုယ်ဘယ်သူဖြစ်လာမလဲဆိုတဲ့ဖြစ်စဥ်မှာ
အကြီးကြီးအရေးပါတယ် Read More »
၁။ ဒီနေ့ ကိုယ့်ကိုကိုယ်ပြန်လေ့လာဖို့journaling လုပ်ပြီးပြီလား။၂။ ဒီနေ့စာဖတ်ပြီးပြီလား။၃။ ဒီနေ့ content စာရေးပြီးပြီလား။၄။ ဒီနေ့ လေ့ကျင့်ခန်းလုပ်ပြီးပြီလား။၅။ ဒီနေ့တရားထိုင်ပြီးပြီလား။၆။ ဒီနေ့ ဘာသာစကားသစ်လေ့ကျင့်ပြီးပြီလား။၇။ ဒီနေ့ ကိုယ့်အတွက် ဝင်ငွေရမည့်အလုပ်လုပ်ပြီးပြီလား။၈။ ဒီနေ့ အနာဂတ်အတွက် ဝင်ငွေရမည့်အလုပ်အတွက် အချိန်ပေးပြီးပြီလား။၉။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးပြီးပြီလား။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် အမြဲပြောတာတစ်ခုရှိတယ်။ကိုယ်လုပ်တဲ့အလုပ်မှာစောက်ဆရာကျအောင်လုပ်။ Phyo Paing @ Derek
အတိတ်နဲ့ အနာဂတ်ဆိုတာအယူအဆတစ်ခုပဲ။အမှန်တော့ ပစ္စုပ္ပန်တစ်ခုပဲတကယ်ရှိနေတာ။ ပစ္စုပ္ပန်ကို သုံးပိုင်းခွဲလိုက်တယ်။ မနက်မှာ ကိုယ့်ကိုကိုယ် သိုင်းကျင့်တယ်။တနည်းအားဖြင့် train တယ်။စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ပြန်လည်သုံးသပ်ဖို့ ရေးမှတ် journaling လုပ်တာ၊စိတ်နဲ့ ခန္ဓာကို ပြန်ပြီးချိပ်ဆက်ဖို့ တရားထိုင်meditation လုပ်တာ။ ဆယ်နာရီဆိုတာနဲ့ work အလုပ်လုပ်တာ။တစ်နည်း ပိုက်ဆံဝင်တဲ့ အလုပ်လုပ်တာ။ ခြောက်နာရီနောက်ပိုင်းကျတော့ပြန်လည်အားဖြည့် recharge လုပ်တာ။ဝိုင်သောက်တာ၊ သူငယ်ချင်းတွေနဲ့တွေ့တာ၊ရုပ်ရှင်ကြည့်တာ၊ မနက်ဖြန်ဆက်ရမည့်အရာအတွက်အားဖြည့်တာ။ ဒါကို TWR နည်းစနစ်လို့ နာမည်ပေးထားတယ်။တစ်ရက်ကုန်ရင်တော့ သတ်မှတ်ထားတဲ့MIT သုံးခုပြီးရမယ်။ MIT ဆိုတာ တစ်ရက်တာအတွက်Most Important Task အရေးအကြီးဆုံးအလုပ်။ ကိုယ့်တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲဆိုတာအင်မတန်အရေးကြီးတယ်။ ဘဝဆိုတာ ပိုက်ဆံရှာတာတစ်ခုတည်းထက်ပိုတယ်လို့ယူဆထားတယ်။ဘဝဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး versionတည်ဆောက်ဖို့ပဲ။ Phyo Paing @ Derek
သေးသေးလေးတွေက လူတွေကိုမသိမသာ ပျက်စီးနေစေတယ်။လူတွေရဲ့ အသုံးစရိတ်ကဝင်ငွေနဲ့ အတူတက်နေတယ်။ငါအမြဲ ဒီလို ငွေဝင်နေအုံးမှာပဲဆိုတဲ့စိတ်နဲ့ ရလေ၊ သုံးလေ လုပ်တတ်ကြတယ်။အသုံးကြမ်းတာက အကျင့်တစ်ခုလိုဖြစ်လာတတ်တယ်။ နောက်ပြီး တစ်လကို ဘယ်လောက်ပဲသုံးမယ်ဆိုပြီးBudgeting လုပ်တဲ့ စနစ်တွေကလဲထိရောက်သင့်သလောက် မထိရောက်တာမျိုးခဏခဏ ကြုံဖူးလိမ့်မယ်။မထင်ထားတဲ့ အသုံးစရိတ်တွေကပေါ်ပေါ်လာတတ်တယ်။ တခါတလေ ကိုယ်လိုချင်တဲ့ကိုယ်ပိုင်ဆိုင်ချင်တဲ့အရာတွေကိုရဖို့အတားအဆီးက ကိုယ့်အတွက်အရေးမကြီးပဲ ခဏခဏ မလိုပဲသုံးနေမိတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကိုတော့ The Latte Factor မှာချမ်းချမ်းသာသာနေရဖို့ ချမ်းသာစရာမလိုဘူးဆိုပြီးBook by David Bach and John David Mann ကရေးထားတယ်။ Zoey ဆိုတဲ့ အမျိုးသမီးကHenry ဆိုတဲ့ ပုဂ္ဂိုလ်ကို မေးတဲ့story-telling ပုံစံရေးထားတယ်။ Starbucks ကို IPO စလုပ်ကတည်းကဝယ်ထားရင် share တစ်ခု $1000အခု half a