ဘဝမှာနေပျော်ချင်ရင်
ဒီ A သုံးလုံးကို လျော့ရမယ်
ဘဝမှာနေပျော်ချင်ရင်ဒီ A သုံးလုံးကို လျော့ရမယ်။ ၁။ Attachment တွယ်တာတတ်တာတွေ။၂။ Anger ဒေါသ။၃။ Arrogant မောက်မာတာ။ Phyo Paing @ Derek
ဘဝမှာနေပျော်ချင်ရင်ဒီ A သုံးလုံးကို လျော့ရမယ်။ ၁။ Attachment တွယ်တာတတ်တာတွေ။၂။ Anger ဒေါသ။၃။ Arrogant မောက်မာတာ။ Phyo Paing @ Derek
ကိုယ့်ဘဝမှာ ကိုယ်မလုပ်နိုင်ဘူးထင်တဲ့အလုပ်တွေကို မဖြစ်ဖြစ်အောင်လုပ်ကြည့်။ကိုယ့်ကို ခတ်ထားတဲ့ ဘောင်ကျိုးသွားလိမ့်မယ်။ Phyo Paing @ Derek
ဘဝမှာ အကောင်းမမြင်တတ်တာကြာပြီ။ငယ်ငယ်ကတော့ အကောင်းမြင်၊ကိုယ့်ကိုကိုယ် ယုံကြည်။ချသာချ။ယုံကြည်ရင် ဘာမဆိုဖြစ်တယ်။ အသက်ကြီးလာတော့ အခြေနေတစ်ခုကိုဓမ္မဓိဋ္ဌာန် ကျကျကြည့်တတ်ရမယ်ဆိုတာနားလည်လာတယ်။ကိုယ့်ကိုကိုယ် အယုံကြည်မလွယ်အောင်ငါယုံကြည်တာ တကယ်မှန်လားဆိုတဲ့မေးခွန်းအမြဲပြန်မေးကြည့်တယ်။Trust, but verify ဆိုသလိုပေါ့။ ဘဝမှာ အစွဲတွေရှိတတ်တယ်။အစွဲတွေ ချွတ်ဖို့ အမှန်မြင်ဖို့လိုတယ်။အမှန်မြင်မှ အမှန်မြင်မယ်။အမှန်မြင်ဖို့ ကိုယ်လောကကြီးကိုကြည့်တဲ့မျက်လုံးရှေ့က မှန်ဖြစ်တဲ့ယုံကြည်မှု၊ တန်ဖိုးထားမှု၊ စဥ်းစားမှုပုံစံ၊ခေါင်းထဲထည့်ထားတဲ့အရာတွေဟုတ်မဟုတ် ပြန်လည်ဆန်းစစ်ရတယ်။ Phyo Paing @ Derek
မဟုတ်လဲ သေမှာပဲ။အသက်ရှင်တုန်း ဘဝကိုလတ်လတ်ဆတ်ဆတ်ဖြတ်သန်းဖို့ဘယ်လို အသက်ရှင်သလဲ အရေးကြီးတယ်။ ၁။ လူတွေကို နေ့တိုင်းကူညီပေးပါ။၂။ ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်။၃။ အနာဂတ်ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထား။၄။ အတွေးကို ရှင်းနေအောင်ထား။၅။ ရည််မှန်းချက်ကို မြင့်မြင့်ထား။၆။ ကိုယ့်မှာရှိတာနဲ့ ကျေနပ်အောင်နေ။၇။ ဆင်းရဲဒုက္ခခံနိုင်အောင် လေ့ကျင့်ထား။၈။ ကိုယ့်ကိုကိုယ် အမြဲပြန်ဆန်းစစ်။၉။ အတွေးအခေါ်အသစ်တွေနဲ့ ထိတွေ့ဖို့ ဝန်မလေးနဲ့။ Phyo Paing @ Derek
လူဆိုတာ သစ်ပင်တစ်ပင်လိုပဲရှင်သန်တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအရေးကြီးတယ်။ ကိုယ့်က ဘယ်လို ပတ်ဝန်းကျင်မှုရှင်သန်နေသလဲ။အတင်းပြောပြီး သူများအကြောင်းပဲစိတ်ဝင်စားတဲ့ပတ်ဝန်းကျင်လား။ကိုယ့်အိမ်မက်တွေအတွက်ဇွဲရှိရှိနဲ့ အကောင်အထည်ဖော်နေတဲ့ပတ်ဝန်းကျင်လား။ နောက်မြေသြဇာအရေးကြီးသလိုသိသင့်သိထိုက်တဲ့ ပညာရှိဖို့လိုတယ်။ နောက်ရှင်သန်ကြီးထွားနေဖို့ရေလိုသလို ကိုယ့်ကိုကိုယ်အမြဲတိုးတက်အောင်အားဖြည့်နေရတယ်။ အပင်တစ်ပင်မှာသက်တမ်းရှိသလိုလူမှာလဲ သက်တမ်းရှိတယ်။အသက်ရှည် ကျန်းမာဖို့ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။ လူဆိုတာ တခါတလေ သစ်ပင်နဲ့တူတယ်။ Phyo Paing @ Derek
ဘဝမှာအသက်အရွယ်တစ်ခုရောက်လာတဲ့အခါဘာအရေးကြီးလဲ၊ဘာမအရေးမကြီးဘူးလဲသိလာကြပြီ။ ဘဝမှာ ဘာက အဓိကကျလဲ၊ဘယ်အရာကအဓိကမကျဘူးလဲသိလာပြီ။ ကျန်းမာရေးအရေးကြီးတယ်။ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။ကိုယ့်ရဲ့အားသာချက်အပေါ်အခြေခံပြီးလုပ်ငန်းတည်ဆောက်ဖို့အရေးကြီးတယ်။အရေးမပါတာတွေကို လျစ်လျူရှုနိုင်ဖို့အရေးကြီးတယ်။ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံတည်ဆောက်ဖို့ အရေးကြီးတယ်။ ဒီနေ့ဖတ်ဖြစ်တဲ့စာအုပ်က Essentialism တဲ့။အဓိက ကျတာတွေကို အဓိကလုပ်ဖို့အပိုင်းလေးပိုင်း ပိုင်းထားတယ်။Essence, Explore, Eliminate, Execute တဲ့။ လူတိုင်းရွေးချယ်မှုပြုလုပ်ရတယ်။ရွေးချယ်ပိုင်ခွင့်ရှိတယ်။လူတိုင်းမှာ “no” လို့ပြောနိုင်တဲ့အခွင့်အရေးရှိတယ်။အခုအလုပ်ကို မကြိုက်ဘူးလား။“no” လို့ပြောလို့ရတယ်။ဒီအချက်ကို ကျွန်တော်တို့မေ့နေတတ်တယ်။ ကျွန်တော့်ဘဝမှာလဲ ဒီအချက်ကိုသိတော့တချို့အရာတွေကို “no” လို့ပြောခဲ့တယ်။ကိုယ်ဘွဲ့ရတဲ့ဘွဲ့နဲ့ အသက်မွေးတယ်မမွေးမယ်ဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုပဲ။ကိုယ်အသုံးပြုမည့် စီးပွားစီမံခန့်ခွဲမှုပုံစံကကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ကိုယ့်လုပ်ငန်းလည်ပတ်ဖို့ စီးပွားရေးပုံစံကကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ဒီ ရွေးချယ်မှုပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာသိလိုက်တဲ့ အချိန်ကစလို့ဘဝက ပိုမိုက်လာတယ်။ နောက်တစ်ချက်က အရေးမပါတာတွေကိုအရာမပေးဖို့။ကိုယ်လိုချင်တဲ့ရလဒ်ရဖို့ ဘာတွေလိုမလဲ။ဘာတွေ လုံးဝမလိုဘူးလဲ။ဘာတွေ သိပ်မလိုဘူးလဲ။မလိုတာတွေဖြုတ်။ဒီအတွေးအခေါ်နဲ့ပဲသွားတယ်။အဓိကမကျတာတွေကို ဖြုတ်ထားလိုက်တယ်။ နောက်ဘဝမှာ No တွေအများကြီးပြောရတယ်။ဒီ trade-off တွေလုပ်ရတယ်။လူရယ်လို့ဖြစ်လာရင် ပြဿနာရှိမှာပဲ။ကိုယ်က ဘယ်ပြဿနာကိုဖြေရှင်းဖို့ရွေးချယ်မလဲက အဓိကကျတယ်။ဆရာဝန်လုပ်ရင် လူနာရဲ့ရောဂါပြဿနာကိုဖြေရှင်းပေးရမယ်။စီးပွားရေးအကြံပေးလုပ်ရင်လုပ်ငန်းတိုးတက်ရေးအတွက် စိန်ခေါ်မှုကိုဖြေရှင်းပေးရမယ်။Which problem
တချိန်ကျရင် အားလာဒင်မီးခွက်တော့ရပါရဲ့လိုရာဆုတောင်းဆိုတော့ဘီလူးကို သူနားလည်တဲ့စကားနဲ့ဆုမတောင်းတတ်တော့ တိုင်ပတ်တဲ့နေအုံးမယ်။AI ခေတ်မှာ essay ရေးတာ၊ခိုင်းစေတာတွေကို သာမာန်လူတိုင်းလုပ်လာနိုင်တဲ့အခါဘာသာစကား မတတ်တဲ့အတွက်ကြောင့်အများကြီး ပြတ်ကျန်သွားနိုင်တယ်။ ကိုယ်တွေငယ်တုန်းက International Schoolမတက်လဲ ဘားမှမဖြစ်သလိုအကုန်လုံးက ရှင်မဟာရဋ္ဌသာရရှင်မဟာသီလဝံသတို့ ကဗျာစပ်ပြီးခေတ်ပြိုင်တွေနဲ့ ရေသယ်ပြဇာတ်နဲ့ကြီးလာကြတာကြီးပဲ။ခွာခြားချက်က အရမ်းမများဘူး။ နောက်ပိုင်းကျရင် လူတွေမှာအလွှာစုံဖြစ်သွားနိုင်တယ်။ဒါတောင် genetic editing တို့မှာကျင့်ဝတ်အရ တားမြစ်ထားလို့။မဟုတ်ရင် ချမ်းသာသူတွေမွေးတဲ့ကလေးက HIV မကူးတတ်တာတို့၊ပိုချော၊ ဥာဏ်ကောင်းတဲ့ကလေးမွေးတာတို့Yuval Noah Harari ပြောသလိုလူတွေ Homo Sapien ကနေHomo Deus တွေဖြစ်လာနိုင်တယ်။ အခုက AI အဆင့်ပဲရှိသေးတယ်။အနာဂတ်အတွက် “အ” သုံးလုံးကျေဖို့အင်တာနက်၊ အင်္ဂလိပ်နဲ့ အားတီ သို့ အားမေတွေကိုသေချာလေ့လာထားဖို့လိုတယ်။ 😂 Phyo Paing @ Derek
လူတွေ Homo Sapien ကနေ
Homo Deus တွေဖြစ်လာနိုင်တယ် Read More »
တစ်ရက်ကုန်တိုင်း ငါ စုဗူးထဲတစ်ခုစုလိုက်သလို ခံစားရဖို့တစ်ရက်တာကို ဒီဇိုင်းလုပ်ထားတယ်။အမှန်တော့ လူတစ်ယောက်ကအလုပ်အများကြီးလုပ်နေတာထက်အလုပ်နည်းနည်းကို အာရုံအပြည့်စိုက်ပြီးအကောင်းဆုံးလုပ်နေဖို့လိုအပ်တယ်။ ဒါကြောင့်လဲ တစ်ရက်တစ်ရက်ဖြစ်နေတဲ့Decision fatigue မဖြစ်အောင်ကိုယ့်အလုပ်နဲ့မဆိုင်တဲ့ အရာအများစုကိုအာရုံမစိုက်မိအောင် ကြိုးစားရတယ်။ အရေးမပါတဲ့ အရာတွေကိုအရာမပေးမိအောင်လုပ်ရတယ်။ ကမ္ဘာကျော်အားကစားသမားတွေလိုကိုယ့်အလုပ်ကို ၁၀၀% အာရုံစိုက်ဖို့လိုတယ်။ Phyo Paing @ Derek
တစ်ရက်တာကို အလဟဿဖြုန်းလိုက်မိတဲ့အချိန်တိုင်းတိုင်နဲ့ ခေါင်းနဲ့ဆောင့်ပြစ်ချင်ခဲ့တယ်။ ဘဝ ၂၄ နာရီထက်ပိုလိုတယ်လိုပြောတာလူညံ့တွေရဲ့လေသံလို့ထင်တယ်။ကိုယ်လဲအမြဲ အဲ့လိုစဥ်းစားဖူးတယ်။ နောက်ပိုင်း မဟုတ်သေးပါဘူးလေ။ငါဘာလိုနေလို့လဲ စဥ်းစားကြည့်တော့စွမ်းဆောင်ရည်မြင့်ဖို့လိုနေတာသွားတွေ့တယ်။ အရင်းအမြစ်ကိုလိုက်ရှာတော့စိတ်ခံစားမှုတွေကို မလွမ်းမိုးနိုင်တာကစတယ်။စိတ်မပါရင် အလုပ်မလုပ်ဘူး။စိတ်ညစ်နေရင် အလုပ်မလုပ်ဘူး။ဒီ စိတ်ခံစားမှုတွေက အလုပ်ပြီးမြောက်ဖို့အတားအဆီးဖြစ်နေတယ်။ ဒီလောက်တောင်ဖြစ်ရတာကွာဆိုပြီးအဲ့ဒီ စိတ်နဲ့ ပတ်သက်တာမှန်သမျှလိုက်လေ့လာတယ်။ လူတွေ ဘယ်လိုအချိန် motivation ရသလဲ၊ဘယ်လိုအချိန်မှာ စိတ်ညစ်သလဲ၊ဒါကို ဘယ်လိုဖြေမလဲ၊အမြဲဘဝကြီးက အထာကျနေအောင်စိတ်ကို ဘယ်လိုထားမလဲ၊စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားမလဲ၊အမြဲစွမ်းဆောင်ရည်မြင့်ဖို့စိတ်ခံစားမှုကောင်းတွေကိုဘယ်လို program ထည့်မလဲဒါတွေတွေ့လာတယ်။ နောက်အပြုအမူဆိုင်ရာအပိုင်းတွေလေ့လာတယ်။အဲ့မှာ အရေးကြီးတာ identity ဆိုတဲ့အပိုင်းက အမူအကျင့်ပေါ်သက်ရောက်မှုကြီးတာကိုတွေ့ရတယ်။ကိုယ်ဘယ်သူလဲဆိုတဲ့identity ကို design လုပ်ဖို့ နည်းလမ်းပြန်ရှာတယ်။ အများစု ဖက်တီးတွေ ဝိတ်ချမရတာဒီ ဖက်တီး identity ကိုမပြင်နိုင်လို့ဆိုတာသွားတွေ့တယ်။ဒါနဲ့ breaking the habits of being yourselfဖြစ်ဖို့ identity ကို အသစ် designပြန်လုပ်ရတယ်။
လိုချင်တဲ့ personality ကိုလဲ
design လုပ်လို့ရလာတယ်။ Read More »
ကိုယ်ချစ်တဲ့သူကို ဖုန်းဆက်လိုက်တယ်။ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေတယ်။နောက်တစ်နာရီနေတော့လဲ ဖုန်းမအားဘူး။message ပို့တော့လဲ ပြန်မပို့ဘူး။ ဒီအချိန် ကိုယ်ဘယ်လို စဥ်းစားမလဲ။ တချို့က စိတ်ပူမယ်။တချို့က ဒေါသထွက်မယ်။တချို့က အားငယ်မယ်။ လူတွေကို စိတ်အညစ်စေဆုံးကတခြားသူတွေရဲ့ အထင်အမြင်ပဲ။အဲ့ထဲမှာ အဆိုးဆုံးတစ်ခုကလျစ်လျူရှုခံရခြင်းနဲ့ ငြင်ဆိုခံရခြင်းပဲ။ ဒါတွေကို ဖြစ်စေတဲ့တရားခံကအတွေးဖြစ်ပြီးအတွေးတွေ စုနေတာကို thought bankလို့ခေါ်တယ်။ ဒါတွေက ATM လို အလုပ်လုပ်တယ်။ATM ဆိုတာကတော့ and that meansလူတွေရဲ့ ဦးနှောက်က အခြေနေတိုင်းကိုအကဲလိုက်ဖြတ်နေတယ်။ သူငါ့ကို လမ်းမှာတွေ့တာတောင်မပြုံပြဘူး။ငါ့ကို ဘာမကြည်လဲ မသိဘူး။ငါဟိုနေ့က စကားပြောပဲမှားသွားလို့လား။ငါဆိုတာကလဲ အမွဲအဲ့လိုပဲ။ ဒါမှ မဟုတ်သူငါ့ကို မျက်နှာမွဲမို့လို့ပဲ မပြောချင်တာလား။လောကကြီးက အဲ့လိုပါပဲ။ငွေရှိမှ ရမှာ။ အစရှိတဲ့ ကိုယ့်အတွေးနဲ့ ကိုယ်အဓိပ္ပာယ်ဖွင့်ပြီး တိုင်ပတ်နေတတ်ကြတယ်။ နောက်တစ်ခုက လူတွေရဲ့ဦးနှောက်ထဲမှာကလေးဘဝနဲ့ အတွေ့အကြုံကသင်ပေးလိုက်တဲ့ယုံကြည်မှုတွေ ရှိတယ်။ဒါတွေက ကိုယ့်အတွေးတွေကိုlooping တိုင်ပတ်စေတယ်။