flow

ရေရှည်သွားမည့် ခရီးလမ်းမှာသက်လုံကောင်းဖို့လိုတယ်။ခြေကုန်လက်ပန်းမကျဖို့လိုတယ်။

တိုးတက်ဖို့အတွက်ရုန်းကန်နေစရာမလိုဘူး။Comfort Zone ထဲကခုန်ထွက်မှ မဟုတ်ဘူး။ ဘဝကို အထာကျကျနဲ့နေ့စဥ်စိန်ခေါ်မှုတွေကိုတဖြေးဖြေးတိုးသွားလို့ရတယ်။Comfort Zone ကိုတဖြေးဖြေးချဲ့သွားလို့ရတယ်။ တချို့တွေကျတော့Comfort Zone ထဲကထွက်ဆိုပြီးလူရှေ့စကားထွက်ပြောဖို့ကုတ်အင်္ကျီကြီးဝတ်ခဏတစ်ဖြုတ်ထွက်တယ်။လူမှုကွန်ယက်မှုတင်မယ်ဆိုပြီးဗီဒီယို၊ စာ၊ ဓာတ်ပုံ ခဏတင်တယ်။ပြီးတော့ ချက်ချင်းအရာမထင်တာ့Comfort Zone ထဲပြန်ဝင်တယ်။ ရေရှည်သွားမည့် ခရီးလမ်းမှာသက်လုံကောင်းဖို့လိုတယ်။ခြေကုန်လက်ပန်းမကျဖို့လိုတယ်။ ဒါကြောင့် Flow လို့ခေါ်တဲ့အထာကျကျနဲ့အရာရာစီးဆင်းတဲ့ဘဝဖြစ်ဖို့Comfort Zone ကိုနေ့စဥ် ချဲ့သွားခြင်းသည်ရေရှည်တိုးတက်ခြင်းအတွက်ပိုပြီးအထောက်အကူပြုတယ်လို့ထင်တယ်။ Phyo Paing @ Derek

ရေရှည်သွားမည့် ခရီးလမ်းမှာသက်လုံကောင်းဖို့လိုတယ်။ခြေကုန်လက်ပန်းမကျဖို့လိုတယ်။ Read More »

အကြည်ဓာတ်အပြည့်နဲ့နေဆိုတာဒီငါးခုရှောင်ဖို့ဆိုတာပါ။

အထာကျကျ စျာန်ဝင်ပြီးအလုပ်တွေလုပ်နေတာကိုအတားအဆီးတွေကတော့ နီဝရဏငါးပါး –ကာမစ္ဆန္ဒ (ကာမဂုဏ်လိုချင်ခြင်း)၊ဗျာပါဒ (စိတ်ဆိုးခြင်း)၊ထိန-မိဒ္ဓ (ထိုင်းမှိုင်းငိုက်မျဉ်းခြင်း)၊ဥဒ္ဓစ္စ-ကုက္ကုစ္စ (စိတ်ပျံ့လွင့်ခြင်း)၊ဝိစိကိစ္ဆာ (ယုံမှားခြင်း)ဒီငါးချက်က Flow State (စျာန်)ရဲ့ရန်သူတွေပဲ။ ဒါကြောင့် စျာန်ဝင်ပြီး အလုပ်လုပ်တာကိုအကြည်ဓာတ်လို့ အကြမ်းနားလည်အောင်နာမည်ပေးထားပြီးအကြည်ဓာတ်အပြည့်နဲ့နေဆိုတာဒီငါးခုရှောင်ဖို့ဆိုတာပါ။ Phyo Paing @ Derek

အကြည်ဓာတ်အပြည့်နဲ့နေဆိုတာဒီငါးခုရှောင်ဖို့ဆိုတာပါ။ Read More »

ဒီအချက်နားလည်သွားတဲ့အချိန်
ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။

ဘဝမှာ ပင်ပင်ပန်းပန်းကြိုးစားဖူးတယ်။ပင်ပန်းသလောက်လက်ထဲငွေမကျန်ဖြစ်တယ်။ ဘာအတွက်အသက်ရှင်နေသလဲဆိုတဲ့မေးခွန်းတောင်မေးဖူးတယ်။ဘယ်တော့များ ငါလုပ်ချင်တာလုပ်ရမလဲစဥ်းစားတယ်။ တစ်နေ့တစ်နေ့ အလုပ်သာလုပ်နေတာ။အရှေ့က ရောက်တယ်။အပေါ်မတက်သွားဘူး။ ဘာကြောင့်လဲဆိုတော့လမ်းလွဲကြီးမှာ တင်းခံနေလို့ဖြစ်နိုင်ပါတယ်။ အထာကျကျ ဆရာကျကျဘဝကို မပင်မပန်းနဲ့ဖြတ်သန်းပြီးရေမြင့်လေ ကြာသင့်လေဖြစ်ဖို့Flow ဆိုတာလိုတယ်။ အလုပ်လုပ်လို့ လုပ်မှန်းမသိ၊ကိုယ်လုပ်လိုက်တဲ့အလုပ်ကလဲကြာလေ အစွမ်းထက်လေ။အချိန်ဆိုတာ မကြည့်မိဘဲနေ့ရက်တိုင်းက စျာန်ဝင်နေတာမျိုး။ အသက်ရှင်ပြီး အသက်ဝင်နေတာမျိုးပေါ့။လူတွေက အချစ်နဲ့စတွေ့တဲ့အချိန်မှာလဲအသက်ရှင်ပြီး အသက်ဝင်တယ်။အလုပ်နဲ့ ဘဝ ထပ်တူကျတဲ့အခါလဲအသက်ရှင်ပြီး အသက်ဝင်တယ်။ ဒီ Flow ကို သိဖို့ကိုယ့်ကိုကိုယ် ပြန်ရှာဖွေပြီးဒီဇိုင်းလုပ်မှရမယ်။ ဒီအချက်နားလည်သွားတဲ့အချိန်ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။ ကိုယ့် Flow ကိုယ်ဆရာကျကျလုပ်ဆောင်နိုင်ရင်သံသရာတစ်ကွေ့ဒီတစ်နေ့အတွက်ကတော့လူဖြစ်ရကျိုးနပ်နေမှာအမှန်ပဲ။ Phyo Paing @ Derek

ဒီအချက်နားလည်သွားတဲ့အချိန်
ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။
Read More »

အတွေး၊ အကြံ၊ အလုပ်
တစ်သားတည်းဖြစ် flow မိဖို့လိုတယ်။

အာရုံတွေများလို့မရဘူး။ကိုယ်လုပ်တဲ့အလုပ်က ကိုယ်နဲ့ တစ်သားတည်းဖြစ်နေမှဘဝက နေပျော်တာ။ ကိုယ့်ရဲ့အောင်နိုင်ရေးဖော်မြူလာwinning formula သိပြီးရင်အာရုံကို ကိုယ့်အလုပ်မှာအာဏာကုန်ထည့်ပြီးလုပ်ဖို့လိုတယ်။ မဟုတ်ရင် ဟိုယောင်ယောင်ဒီယောင်ယောင် ဂယောင်ဖြစ်သွားနိုင်တယ်။ အတွေး၊ အကြံ၊ အလုပ်တစ်သားတည်းဖြစ် flow မိဖို့လိုတယ်။ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ်
တစ်သားတည်းဖြစ် flow မိဖို့လိုတယ်။
Read More »