intelligence

လူနဲ့ တိရိစ္ဆာန်ကွာခြားစေတာ “ဥာဏ်”။

နိဗ္ဗာန်ရောက်ဖို့ “ဥာဏ်”လိုတယ်။ စာမေးပွဲအောင်ဖို့လဲ “ဥာဏ်”လိုတယ်။ဘဝပြဿနာအဖြေရှာဖို့လဲ “ဥာဏ်”လိုတယ်။ လူတိုင်းမှာ “ဥာဏ်”တော့ရှိပြီဒီ “ဥာဏ်” ကောင်းဖို့ပွားဖို့လိုတယ်။တရားမှာတော့ “ဘာဝနာ” ဆိုတာ ပွားများတာ။ ဒီလို ပွားများနိုင်ဖို့ “ကမ္မဋ္ဌာန်း” လိုတယ်။ကမ္မဋ္ဌာန်းဆိုတာ စိတ်အာရုံစူးစိုက်နိုင်တာ။ အာရုံစူးစိုက်နိုင်ဖို့ သမထ လို့ခေါ်တဲ့ငြိမ်သက်ခြင်းလိုတယ်။ ဒါတွေရှိပြီး ဖြစ်ပျက်မှုသဘောတရားကိုပညာမျက်စိနဲ့ အထူးသိမြင်တာကိုဝိပဿနာ လို့ခေါ်တယ်။ ဘဝမှာ “ဥာဏ်” ကောင်းဖို့တည်ငြိမ်ဖို့လိုတယ်။စိတ်အာရုံစူးစိတ်နိုင်ဖို့လိုတယ်။ဥာဏ်ပိုကောင်းအောင် နေ့စဥ်ပွားများဖို့လိုတယ်။ကိုယ့်အထင်အမြင်နဲ့ဘဲမဟုတ်ပညာမျက်စိနဲ့ သိမြင်နိုင်ဖို့လိုတယ်။ နေ့စဥ်ဘဝမှာလဲ ပညာမျက်စိနဲ့မသိတဲ့အခါ“အတွေးအခေါ်တွေ ဘေးချော်တတ်တယ်။”အတွေးအခေါ်ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ ကျွန်တော်စဥ်းစားမိတဲ့ဘဝနေထိုင်ရေး အတွေးအခေါ်တချို့ကတော့၁။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။၂။ အရေးမပါတာကို အရာမပေးနဲ့။၃။ နေ့စဥ် တော်၊ ပျော်၊ ပွား၊ ပေးပါ။ ၄။ မပြိုင်ဘဲနိုင်အောင်လုပ်ပါ။၅။ မရှာဘဲ လာအောင်လုပ်ပါ။ Phyo Paing @ Derek

လူနဲ့ တိရိစ္ဆာန်ကွာခြားစေတာ “ဥာဏ်”။ Read More »

ဥာဏ်ရည်အမျိုးမျိုးရှိတယ်

ဥာဏ်ရည်အမျိုးမျိုးရှိတယ်။ကျောင်းစာတစ်ခုတည်းနဲ့ တော်တယ်၊ မတော်ဘူးပြောလို့မရပါဘူး။ Multiple Intelligence (ဗဟုဉာဏ်ရည်) အကြောင်းနည်းနည်းပြောပြပါရစေ။ Multiple Intelligence (ဗဟုဉာဏ်ရည်) ဆိုတာ Harvard တက္ကသိုလ်က ပါမောက္ခ Howard Gardner က တီထွင်ခဲ့တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ လူတွေမှာ မတူညီတဲ့ ဉာဏ်ရည်အမျိုးအစားတွေ ရှိနိုင်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ Gardner ရဲ့ သီအိုရီအရ အဓိက ဉာဏ်ရည်အမျိုးအစား ၈ မျိုး ရှိပါတယ်: ၁။ ဘာသာစကားဆိုင်ရာ ဉာဏ်ရည် (Linguistic Intelligence) စကားပြောဆိုခြင်း၊ စာရေးခြင်းမှာ ကျွမ်းကျင်တယ်ဘာသာစကားတွေကို လွယ်ကူစွာ သင်ယူနိုင်တယ် ၂။ သင်္ချာနဲ့ယုတ္တိဆိုင်ရာ ဉာဏ်ရည် (Logical-Mathematical Intelligence) သင်္ချာပုစ္ဆာတွေ၊ ယုတ္တိရှိရှိ တွေးခေါ်မှုတွေမှာ တော်တယ်စနစ်တကျ စဉ်းစားတတ်တယ် ၃။ အမြင်အာရုံဆိုင်ရာ ဉာဏ်ရည်

ဥာဏ်ရည်အမျိုးမျိုးရှိတယ် Read More »

ဥာဏ်ပညာအမြော်အမြင်ဆိုတာ
ဥာဏ် + ပညာ က ဖြစ်လာတယ်။

ပညာမတတ်ရင် ပညာတတ်တွေနဲ့ချိပ်ဆက်လို့ အံဝင်ဂွင်ကျမဖြစ်ဘူး။ပညာတတ်တွေကို လွမ်းမိုးဖို့မလွယ်ဘူး။ ကိုယ့်စကားနားထောင်ပြီးကိုယ့်ဦးဆောင်မှုနောက်လိုက်ဖို့မလွယ်ဘူး။ဝေးဝေးမြင်နိုင်ဖို့မလွယ်ဘူး။ တကယ့်အပြောင်းအလဲကြီးလုပ်ခဲ့တဲ့သူအများစုကိုကြည့်ရင်ဥာဏ်ပညာအမြော်အမြင်ဆိုတာ ဥာဏ် + ပညာ က ဖြစ်လာတယ်။ ဒါကြောင့် ငယ်တုန်းငွေတစ်ခုတည်းမရှာဘဲ ပညာပါအချိန်ပေးသင်ဖို့လိုတာ။ ပညာမတတ်တဲ့သူတွေကြားမသိသာပေမယ့်တကယ့်ပညာတတ်တွေကြားဆို လူတောတိုးဖို့ ပညာကတော့ သင်ကြရတယ်။ ဒါကတော့ ကြုံဖူးမှသိမယ်လို့ထင်တယ်။ Phyo Paing @ Derek

ဥာဏ်ပညာအမြော်အမြင်ဆိုတာ
ဥာဏ် + ပညာ က ဖြစ်လာတယ်။
Read More »

ခေတ် + စနစ် + စကေး = နေရာ

တော်တိုင်း နေရာမရဘူး။ ဥာဏ်ကောင်းတိုင်း မချမ်းသာဘူး။ကြိုးစားတိုင်း မအောင်မြင်ဘူး။ ခေတ် + စနစ် + စကေး = နေရာ ကိုယ်လုပ်တဲ့ အလုပ်၊ကိုယ့်ကျွမ်းကျင်မှုက ခေတ်၊ စနစ်နဲ့ မကိုက်ရင်အံဝင်ဂွင်ကျဖြစ်မှာ မဟုတ်ဘူး။ခေတ်၊ စနစ်၊ စကေးကကိုယ်ရောက်နေတဲ့နေရာကိုဖော်ပြတယ်။ အခုခေတ်က ဘာခေတ်လဲ။ နေနေတဲ့နေရာက ဘာစနစ်လဲ။ ကိုယ့်မှာရှိသင့်တာက ဘာစကေးလဲ။ Phyo Paing @ Derek

ခေတ် + စနစ် + စကေး = နေရာ Read More »

ဥာဏ်ဆိုတာ

ဘဝဆိုတာ ဥာဏ်နဲ့ ဝိရိယပေါင်းပြီးကံကို ဖန်တီးတဲ့နေရာတစ်ခုဆိုလဲမှားမယ် မထင်ဘူး။ ဥာဏ်မရှိရင် ကံလဲအကြာကြီး ကိုယ်နဲ့ မရှိဘူး။ ဥာဏ်ဆိုတာ အဆိုးအကောင်း၊အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အသိ။ Phyo Paing @ Derek

ဥာဏ်ဆိုတာ Read More »

ခံစားမှုတွေမတူတဲ့အခါ
အရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။

အသိဥာဏ်ပေါ်မူတည်ပြီးအရသာခံတဲ့ အရာတွေမတူတော့ဘူး။အသိဥာဏ်ဆိုတာ အကြောင်းအရာတစ်ခုအပေါ်သဘောပေါက်နားလည်မှု။ သဘောပေါက် နားလည်မှုပေါ်မူတည်ပြီးအထင်အမြင်တွေမတူတော့ဘူး။ အထင်အမြင်တွေမတူရင်အကြောင်းအရာ၊ အဖြစ်အပျက်အပေါ်ထားတဲ့ခံစားမှုတွေ မတူတော့ဘူး။ ခံစားမှုတွေမတူတဲ့အခါအရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။ Tastes vary depending on intelligence. Intelligence is the understanding and comprehension of a subject. Based on this understanding, opinions and how we perceive things differ. When opinions differ, feelings towards events or phenomena change. When feelings differ, the ways of experiencing tastes also differ. Phyo

ခံစားမှုတွေမတူတဲ့အခါ
အရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။
Read More »