လောကကို အဓိပ္ပာယ်ဖွင့်ပုံတွေ မတူကြဘူး။
လူတွေခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်မတူရင်လောကအမြင်မတူဘူး။ ဒီအတွေးအခေါ်တွေက နှစ်ပေါင်းများစွာ အသွေးအသားထဲစီးဆင်းနေတဲ့ ဘိုးဘွားဘီဘင်တွေရဲ့ဒီအန်အေကတွေ လာတာဖြစ်နိုင်တယ်။ဒီအတွေးအခေါ်ယုံကြည်မှုဟာ လူအမျိုးအလိုက်ကွာနိုင်တယ်။ နောက်နေထိုင်တဲ့နေရာတစ်ခုရဲ့ယဥ်ကျေးမှုပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ နောက်ကိုးကွယ်ယုံကြည်မှု ဘာသာတရာကို “အဓိပ္ပာယ်”ဖွင့်ဆိုမှုပုံစံပေါ်မှာ မူတည်ပြီးလဲကွာနိုင်တယ်။ ပညာရေးပေါ်မူတည်ပြီးလဲကွာနိုင်တယ်။အဓိကအသုံးပြု လေ့လာဖတ်ရှုတဲ့ဘာသာစကားပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ ကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီးလဲကွာနိုင်တယ်။လူတွေကြားထဲ ရှင်သန်ဖို့ကြိုးစားတဲ့အခါနေရာတစ်ခုရဖို့ အသုံးပြုတဲ့ မဟာဗျူဟာcoping mechanism ပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ ဖတ်တဲ့စာ၊ လေးစားအားကျတဲ့သူတွေပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ အလုပ်အကိုင်ပေါ်မှာလဲ မူတည်တယ်။ ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်၊ယုံကြည်မှုနဲ့ အတွေ့အကြုံပေါ်မူတည်ပြီးလောကအမြင်တွေ မတူကြဘူး။လောကကို အဓိပ္ပာယ်ဖွင့်ပုံတွေ မတူကြဘူး။ Phyo Paing @ Derek
လောကကို အဓိပ္ပာယ်ဖွင့်ပုံတွေ မတူကြဘူး။ Read More »